Transparency Myanmar

transparency.myanmar@gmail.com

QUOTES AND COMMENTS
Document QUOTES AND COMMENTS

Snapshot of the item below:
QUOTES AND COMMENTS

သတင်းနှင့် ဆောင်းပါးကောက်နှုတ်ချက်များ

“ဒီဥပဒေကြမ်းဟာ ကျွန်တော်တို့ ပုံနှိပ်ထုတ်ဝေသူလုပ်ငန်းရှင်တွေအတွက် အများကြီး အကာအကွယ်ပေး ထားတယ်။ မီဒီယာ သမားတွေ ဝိုင်းဝန်းကန့်ကွက်လို့ပျက်သွားမှာကြောက်တယ်။ ဦးတို့ကတော့အင်မတန် လိုလားပါတယ်။ ဒီဥပဒေကြမ်းရဲ့ခေါင်းစဉ် ကိုက ပုံနှိပ်လုပ်ငန်းရှင်တွေအတွက်ပါ။ မီဒီယာသမားတွေ အတွက်က သီးခြားဆွဲနေပါတယ်။ မီဒီယာသမားတွေဆွဲတဲ့ ဥပဒေကြမ်း မှာလည်း ကောင်းတာမှန်သမျှကို ကန့်ကွက်မှာမဟုတ်ဘူး။ လက်ခံမှာပါ ”

မတ်လ ၁၄ ရက်နေ့ထုတ် Envoy Journal အတွဲ (၃) အမှတ် (၄၃) တွင်ပါရှိသော “ပုံနှိပ်ခြင်းနှင့် ထုတ်ဝေခြင်းလုပ်ငန်း ဥပဒေကြမ်းကို ပုံနှိပ်လုပ်ငန်းရှင်များလက်ခံ” သတင်းမှ ချမ်းသာပုံနှိပ်တိုက်မှ ဦးရဲမြင့် ၏ပြောကြားချက်အားကောက် နှုတ်ချက်။


“Competition (ယှဉ်ပြိုင်မှု) လုပ်တယ်၊ မလုပ်ဘူးဆိုတာက သူတို့ပါတီရဲ့သီးခြားအယူအဆ အဆုံးအဖြတ်ပဲ။ သူတို့ဘယ် အပေါ် မှာ အခြေခံလည်းမသိဘူး။ အဲ့ဒါကတော့ ခုနပြောသလိုပဲ ဒီမိုကရေစီအရေးနဲ့သိပ်အကျုံး မဝင်ဘူးလို့ ထင်ပါတယ်။ ဒါဟာ ဒီမိုက ရေစီနည်းကျကျ ဆုံးဖြတ်တာလို့ ကျွန်တော်တော့ မယူဆဘူး”

မတ်လ ၁၄ ရက်နေ့ထုတ် Envoy Journal အတွဲ (၃) အမှတ် (၄၃) တွင်ပါရှိသော “၂၀၁၅ ရွေးကောက်ပွဲတွင် တိုင်းရင်း သားဒေသများ၌ လူမျိုးစုတွေသာယှဉ်ပြိုင်လို” သတင်းမှ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ အတွင်းရေးမှူး ဦး ဥာဏ်ဝင်း၏ ပြောကြားချက်အားကောက်နှုတ်ချက်။


“နိုင်ငံသားတွေကို အားမကိုးတဲ့အစိုးရဆိုတာ ဒီမိုကရေစီအစိုးရမဟုတ်ပါဘူး။ နိုင်ငံသားတွေကို အားကိုးပြီး ဒီနိုင်ငံကိုတိုးတက် အောင်လုပ်ရမယ်ဆိုတာကို နားလည်မှ စစ်မှန်တဲ့ ဒီမိုကရေစီအုပ်ချုပ်ရေး စနစ်ပေါ်ပေါက် လာမှာပါ”

မတ်လ ၁၃ ရက်နေ့ထုတ် Weekly Eleven Journal အတွဲ (၈) အမှတ် (၂၃) တွင်ပါရှိသော  “၂၅ နှစ်အတွင်း ပထမဆုံး အကြိမ်ပြုလုပ်သည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ ဗဟိုနိုင်ငံလုံးဆိုင်ရာ ညီလာခံပြီးစီး ဗဟိုအလုပ်အမှုဆောင် ၁၅ ဦးနှင့် အရန် ၅ ဦးရွေးချယ်ခဲ့ပြီး ဥက္ကဋ္ဌအဖြစ် ဒေါ်အောင်ဆန်းစုကြည်ကို ရွေးချယ် ခန့်အပ်” သတင်းမှ ဒေါ် အောင် ဆန်းစုကြည်၏ ပြောကြားချက်အားကောက်နှုတ်ချက်။


“နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုအနေနဲ့ နိုင်ငံတကာကို ကမ်းလှမ်းရတော့မှာဖြစ်တယ်။ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုအနေနဲ့ မြန်မာနိုင်ငံအတွင်းမှာ တရုတ်နဲ့အိန္ဒိယနယ်စပ်နဲ့နီးတဲ့နေရာမှာ အစားအသောက်နဲ့ပတ်သက်တဲ့ Product တွေကို အမေရိကန်နိုင်ငံက မြန်မာပြည်မှာ လာ ပြီး ရင်းနှီးမြှုပ်နှံမှာဖြစ်ပါတယ်။ အဲဒီလို ရင်းနှီးမြှုပ်နှံပြီးတဲ့ အခါကျတော့ သူတို့တွေက ကျွန်တော်တို့ဆီမှာ ပစ္စည်းရှိရင် ရှိသမျှ၊ ထုတ် လို့ရသမျှအကုန်ထုတ်မှာ ဖြစ်ပါတယ်”

မတ်လ ၁၃ ရက်နေ့ထုတ် Weekly Eleven Journal အတွဲ (၈) အမှတ် (၂၃) တွင်ပါရှိသော  “အမေရိကန်နိုင်ငံမှ မြန်မာ နိုင်ငံအတွင်း အစားအသောက်နှင့် ပတ်သက်သည့် စက်ရုံတည်ဆောက်မည်” သတင်းမှ မွေးမြူရေးနှင့် ကုသရေးဦး စီးဌာနမှ ဒေါက်တာမြင့်သန်း၏ ပြောကြားချက်အားကောက်နှုတ်ချက်။


“ကျွန်တော်တို့အရေးယူလို့ရတဲ့အပိုင်း တွေတော့ရှိတယ်။ ဒါပေမယ့် ပိုမိုထိရောက်အောင်လို့ ဥပဒေကို ပြင်ဆင် ရေးဆွဲနေပါတယ်။ ဒီထက်ပိုပြီးတော့ ထိရောက်တဲ့ပြစ်ဒဏ်တွေချမှတ်နိုင်အောင် ဥပဒေကို အမြန်ဆုံးပြင်ဆင် ရေးဆွဲနေကြပါတယ်။ ဒီလွှတ်တော်မှာ မမှီရင်တော့ ရှေ့လာမယ့် လွှတ်တော်မှာသေချာပေါက်ပါလာလိမ့်မယ် လို့ ထင်ရပါတယ်”

မတ်လ ၁၃ ရက်နေ့ထုတ် မြန်မာပို့စ်ဂျာနယ် အတွဲ (၅) အမှတ် (၁၁) တွင်ပါရှိသော “လုပ်ငန်းရှင်များကို ထောင်ဒဏ်အ ထိ အပြစ်ပေးနိုင်ရန် အလုပ်သမားဥပဒေ ပြင်ဆင်ရေးဆွဲမည်” သတင်းမှ ပြည်သူ့လွှတ်တော် ပြည်သူ့ရေးရာ ကော်မ တီ ဦးသန်းမောင် ၏ပြောကြားချက်အားကောက်နှုတ်ချက်။

 


                  


Google Drive: create, share, and keep all your stuff in one place. Logo for Google Drive

0 comments:

Post a Comment