Transparency Myanmar

transparency.myanmar@gmail.com

Quote & Comment and News in brief
Document Quote & Comment and News in brief

Snapshot of the item below:
Quote & Comment and News in brief

သတင်းနှင့် ဆောင်းပါးမှ ကောက်နှုတ်ချက်များနှင့် သတင်းတိုများ

သတင်းဆောင်းပါးမှ ကောက်နှုတ်ချက်များ

“လွှတ်တော်ကပဲ ဆုံးဖြတ်ရမှာပါ။ လွှတ်တော်က လုပ်ပါဆိုရင် လုပ်ရမှာပါ။ ပါတီတွေကိုခေါ်တာက ၂၀၁၅ ရွေးကောက်ပွဲမှာ မဲစာရင်းတွေကျန်တာမျိုး မထည့်လိုက်ရတာမျိုးနဲ့ ပြဿနာ တစ်ခုခုရှိလာမှာစိုးလို့ ပူးပေါင်းလုပ်ဆောင်ကြဖို့ ပြောတာပါ။ ဘယ်လိုပူးပေါင်းကြမလဲပေါ့။ ကွယ်လွန်စာရင်းတွေကျန်နေရင်လည်း လာပြော ဖျက်ပေးနိုင်ရမယ်။ မထည့်ရသေးတဲ့သူတွေရှိရင်လည်း တစ်ခါတည်းထည့်ဖို့ ရပ်ကျေးကော်မရှင်ကို ပေးပို့ထားမှာပါ။ အသန့်ရှင်းဆုံး ရွေးကောက်ပွဲဖြစ်စေချင်တယ်။ အပြောအဆိုမခံချင်ပါဘူး”

ဧပြီလ ၁၁ ရက်နေ့ထုတ် Popular News ဂျာနယ် အတွဲ(၅) အမှတ်(၁၅)တွင်ပါရှိသော “အချိုးကျကိုယ်စားပြု ရွေးကောက်ပွဲစနစ် လွှတ်တော်သဘောတူမှ အထမြောက်မည်” သတင်းမှ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ညွန်ကြားရေးမှူး၏ ပြောကြားချက်အား ကောက်နှုတ်ချက်။


                    “တိုင်းရင်းသားလုပ်ငန်းရှင်တွေမှာ လိုအပ်ချက်တွေအများကြီးရှိနေသေးတာကို ဖက်စပ်လုပ်ကိုင်ခွင့်ပေးလိုက်တယ်။ ပြည်တွင်းလုပ်ငန်းရှင်တွေကို အချိန်ပေးပါ။ ၁၅ နှစ်လောက် အချိန်ပေးသင့်တယ်”

ဧပြီလ ၁၁ ရက်နေ့ထုတ် Popular News ဂျာနယ် အတွဲ(၅) အမှတ်(၁၅)တွင်ပါရှိသော “တိုင်းရင်းသား လုပ်ငန်းရှင်များ အခြေခိုင်မှ ခရီးသွားကဏ္ဍ ပြည်ပရင်းနှီးမြှုပ်နှံမှုပေးသင့်”သတင်းမှ Nature Dream ခရီးသွားလုပ်ငန်းမှ ဒေါ်စံပယ်အောင် ၏ ပြောကြားချက်အား ကောက်နှုတ်ချက်။


                                “ဆွေးနွေးပွဲပျက်ရခြင်း အကြောင်းအရင်း အဓိကကတော့ တရုတ်ရဲ့ ကန့်ကွက်မှုကို ပြန်လည်ဖြေရှင်းဖို့အတွက် နှစ်ဖက်စလုံး က အဆင်သင့်မဖြစ်သေးဘူးဆိုတဲ့ သဘောပါပဲ။ တရုတ်ကတော့ ဘယ်တုန်းကမှ သူလုပ်တယ်လို့ ဝန်ခံရိုးထုံးစံမရှိပါဘူး။ အမှန်တကယ်ဖြစ်ရပ်ကို ကျွန်မတို့ လူမှုအဖွဲ့အစည်းတွေအနေနဲ့ အခိုင်အမာသိရှိထားလို့သာ သတင်းထုတ်ပြန်နိုင်တာ ဖြစ်ပါတယ်။ ဆွေးနွေးပွဲဘာကြောင့်ပျက်တယ်ဆိုတာ ပွင့်လင်းမြင်စွာ သတင်းထုတ်ပြန်ပေးဖို့ နှစ်ဖက်စလုံးကို တောင်းဆို ထားပါတယ်”

ဧပြီလ ၁၂ ရက်နေ့ထုတ် Bi Weekly Eleven ဂျာနယ် အတွဲ(၆) အမှတ်(၂)တွင်ပါရှိသော “အစိုးရနှင့် ကေအိုင်အိုအကြား ဆွေးနွေးပွဲရွှေ့ဆိုင်းရခြင်းမှာ ထောက်ပံ့ပို့ဆောင်စီမံမှုများကြောင့်ပာု တရုတ်သံရုံးထုတ်ပြန်ထားသော်လည်း ဆွေးနွေးပွဲ ပြုလုပ်ရန် နေထိုင်သွားလာရေးကိစ္စများ စီစဉ်ထားပြီးဖြစ်ပာု ကချင်ငြိမ်းချမ်းရေးကွန်ရက်ပြောကြား”သတင်းမှ ကချင်ငြိမ်းချမ်းရေးကွန်ရက်မှ ဒေါ်ခွန်ဂျာ၏ ပြောကြားချက်အား ကောက်နှုတ်ချက်။


                               

“ကျွန်တော်တို့ပြန်ကြားရေးဝန်ကြီးဌာနကို နိုင်ငံခြားသားတွေက အကြီးမားဆုံးစိန်ခေါ်မှုက ဘာလဲလို့မေးတယ်။ အကြီးမား ဆုံးစိန်ခေါ်မှုက ပြန်ကြားရေးဝန်ထမ်းတွေက ၁၉၆၂ ခုနှစ်ကစပြီး စာပေကိုဖိနှိပ်တဲ့ အဖွဲ့အစည်းအဖြစ် ရပ်တည်ခဲ့ရတယ်။ အခုအချိန်ကျတော့ စာနယ်ဇင်းသမားတွေအနေနဲ့ ကျွန်တော်တို့ကို ဖိနှိပ်တယ်ဆိုတဲ့ အဖွဲ့ထက် လုပ်ဖော်ကိုင်ဖက်တွေအဖြစ် မြင်အောင်လုပ်ရတာပိုခက်ပါတယ်။ ပြီးတော့ လူတွေက မှတ်ပုံတင်အရာရှိကို မကောင်းဆိုးဝါးအဖြစ် မြင်နေကြတယ်”

ဧပြီလ ၁၂ ရက်နေ့ထုတ် Bi Weekly Eleven ဂျာနယ် အတွဲ(၆) အမှတ်(၂)တွင်ပါရှိသော “ပြန်ကြားရေးဝန်ကြီးဌာနအနေဖြင့် နှစ်ပေါင်း ၅၀ ကျော်ကြာ စာပေကိုဖိနှိပ်သည့်အဖွဲ့အစည်းအဖြစ် ရပ်တည်ခဲ့ရသည့် အတွက် လက်ရှိအချိန်တွင် စာနယ်ဇင်းသမားများက လုပ်ဖော်ကိုင်ဖက်အဖွဲ့အဖြစ် မြင်အောင်လုပ်ရန် အခက်ခဲဆုံး ဖြစ်နေသည်ပာု ဒုတိယဝန်ကြီးဦးရဲထွဋ်ပြောကြား”သတင်းမှ ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးဦးရဲထွဋ်၏ ပြောကြားချက်အား ကောက်နှုတ်ချက်။


                                “မြန်မာ့မြေကြီးကို ကြိုက်တဲ့နေရာကိုတူး သယံဇာတတွေရှိတယ်။ မရှိဘူးဆိုရင်တောင် ထုံးကျောက်တွေရှိတယ်။ ဒီသယံဇာတ တွေကို အကုန်ထုတ်ရင် ဘာဖြစ်မလဲဆိုပြီး တစ်ချို့က စိုးရိမ်နေကြတယ်။ တကယ်တော့ စနစ်တကျထုတ်မယ်ဆိုရင် တိုင်းပြည်အတွက် အကျိုးအများကြီးရှိတယ်။ ပတ်ဝန်းကျင်လည်း မပျက်စီးအောင် ဆောင်ရွက်လို့ရတယ်။ ဒီလောက် အဖိုးတန်တဲ့ သယံဇာတတွေကိုထုတ်မှ တိုင်းပြည်ချမ်းသာမယ်။ ဒါတွေကို ဖင်ခုထိုင်ပြီး ကမ္ဘာ့အဆင်းရဲဆုံး နိုင်ငံအဖြစ်နေသွားမှာလား။ ပတ်ဝန်းကျင်ထိခိုက်မှုအနည်းဆုံးဖြစ်အောင် ဆောင်ရွက်တဲ့ နည်းလမ်းတွေရှိပါတယ်”

ဧပြီလ ၉ ရက်နေ့ထုတ် ရွှေနိုင်ငံသစ် သတင်းစာ အတွဲ(၁) အမှတ်(၀၀၉)တွင်ပါရှိသော “မြန်မာ့သယံဇာတတွေကို ဖင်ခုထိုင်ပြီး အဆင်းရဲခံမှာလား။ မြန်မာ့မြေရဲ့ ၄၉ ရာခိုင်နှုန်းက သယံဇာတတွေဖြစ်နေတယ်”သတင်းမှ သတ္တုနှင့် သယံဇာတရေးရာကော်မတီမှ အတွင်းရေးမှူး ဦးလှရွှေ၏ ပြောကြားချက်အား ကောက်နှုတ်ချက်။


                                           

သတင်းတိုများ

 စာချုပ် လိုက်နာမှုမရှိသည့် အလုပ်ရှင်နှင့် အလုပ်သမားများအား တရားစွဲဆိုမည်

အလုပ်ရှင်နှင့် အလုပ်သမားကြား ချုပ်ဆိုထားသော စာချုပ်များအား လိုက်နာမှုမရှိသူများကို အလုပ်ရုံနှင့် အလုပ်သမားဥပဒေ စစ်ဆေးရေး ဦးစီးဌာနမှ စစ်ဆေးတရားစွဲဆို အရေးယူမှုများပြုလုပ်သွားမည်ဖြစ်ကြောင်း မြောက်ပိုင်းခရိုင် အလုပ်ရုံနှင့် အလုပ်သမားဥပဒေ စစ်ဆေးရေးဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။ လက်ရှိအချိန်တွင် အလုပ်ရုံနှင့် အလုပ်သမားဥပဒေ စစ်ဆေးရေးဦးစီးဌာနမှ အလုပ်ရှင်၊ အလုပ်သမား သဘောတူစာချုပ် ချုပ်ဆိုထားသော စက်ရုံများသို့ လိုက်လံစစ်ဆေးမှုများ ပြုလုပ်လျက်ရှိကြောင်း သိရသည်။

 

နောင်လာမည့် လွှတ်တော်၌ အခွန်ဥပဒေပြဋ္ဌာန်းနိုင်ရေးဆွေးနွေး

လာမည့်လွှတ်တော်တွင် မျှတသည့် အခွန်ဥပဒေ ပြဋ္ဌာန်းနိုင်ရေးအတွက် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းနှင့် လွှတ်တော်ကိုယ်စားလှယ် ဒေါ်အောင်ဆန်းစုကြည်၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ စီးပွားရေးဆိုင်ရာအသင်းအဖွဲ့များ၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များနှင့်လုပ်ငန်းရှင်တို့၏ တွေ့ဆုံဆွေးနွေးပွဲကို ဧပြီလ ၉ ရက်နေ့တွင် ရန်ကုန်မြို့ရှိ UNFCCI ရုံးချုပ်တွင် ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။

အဆိုပါ ဆွေးနွေးပွဲတွင် ပြည်သူများသက်သာစွာဖြင့် အခွန်ထမ်းဆောင်နိုင်ရန်အတွက် အများပြည်သူ၏လက်ရှိ ရရှိနေသော ဝင်ငွေဖြင့် ကိုက်ညီသည့် အခွန်နှုန်းထားများ ပြင်ဆင်သတ်မှတ်ရန်၊ အခွန်ဆောင်လုပ်ငန်းရှင်များနှင့် အခွန် ရှောင်တိမ်းလျက်ရှိသော လုပ်ငန်းရှင်ကြီးများအကြားကွာပာချက်နှင့် နစ်နာမှုဆိုင်ရာများ၊ မြန်မာနိုင်ငံအတွင်း အကောက်ခွန် ယဉ်ကျေးမှုတစ်ခုတည်ထောင်၍ လိုအပ်သည့် အခွန်အကောက်များကို အားထားသည့် နိုင်ငံတစ်နိုင်ငံအဖြစ်ပြောင်းလဲရန်နှင့် ကိုယ်တိုင်အခွန်ကြေညာကာ ကိုယ်တိုင်အခွန်ထမ်းဆောင်သည့်စနစ်သို့သွားရန် ကိစ္စရပ်များအားဆွေးနွေးခဲ့ကြောင်း သိရသည်။

 

တောင်သူကာကွယ်ဥပဒေရေးဆွဲရေး ညှိနှိုင်းဆွေးနွေးပွဲကျင်းပမည်

မြန်မာနိုင်ငံအတွင်းရှိ တောင်သူများ၏ အခွင့်အရေးများကို ကာကွယ်စောင့်ရှောက်သည့် ဥပဒေရေးဆွဲရေး ညှိနှိုင်းအစည်းအဝေးကို ဧပြီလ ၁၀ ရက်နေ့တွင် ရန်ကုန်မြို့၊ မင်းရဲကျော်စွာလမ်းရှိ UMFCCI အသင်းချုပ်ရုံးခန်းမ၌ ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါ ဆွေးနွေးပွဲသို့ ဥပဒေရေးရာနှင့် အထူးကိစ္စရပ်များ လေ့လာဆန်းစစ် သုံးသပ်ရေးကော်မရှင် အဖွဲ့ဝင်များ၊ စိုက်ပျိုးရေး နှင့် မွေးမြူရေးလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေး ကော်မတီဝင်များ၊ စီးပွားရေးနှင့် ကုန်သွယ်လုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေး ကော်မတီဝင်များနှင့် တောင်သူလယ်သမား၊ အလုပ်သမားနှင့် လူငယ်ရေးရာ ကော်မတီဝင်များ တက်ရောက်မည်ဖြစ်ကြောင်း သိရသည်။

 

လက်ပံတောင်းတောင်ကြေးနီစီမံကိန်းဖျက်သိမ်းရေး ဆန္ဒထုတ်ဖော်မှု ဆက်လက်ပြုလုပ်

လက်ပံတောင်းတောင်ကြေးနီစီမံကိန်း လုံးဝဖျက်သိမ်းရေးအတွက် ဧပြီလ ၉ ရက်နေ့ မွန်းလွဲ ၂ နာရီတွင် မုံရွာဒေသခံ လယ်သမားများက ဆက်လက်ဆန္ဒထုတ်ဖော်မှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။

ထိုသို့ ဆန္ဒပြရာတွင် ကြေးနီစီမံကိန်းလုံးဖျက်သိမ်းရေး၊ တိုင်းပြည်ကို လက်ညိုးထိုးရောင်းစားနေသော ဦးပိုင်ကုမ္ပဏီအလိုမရှိ၊ ကျွန်ဇာတ်သွင်းနေသော မြန်မာ-ဝမ်ပေါင်ကုမ္ပဏီချက်ချင်းထွက် စသည့်ပိုစတာများ၊ ကြွေးကြော်သံများဖြင့် ပြုလုပ်ခဲ့ကြောင်း သိရသည်။

 

မြန်မာ့အခွန်အကောက်များမှုကြောင့် AFTA အတွက်စိုးရိမ်

မြန်မာနိုင်ငံအတွင်း ကုန်ပစ္စည်းများ ထုတ်လုပ်ရာတွင် အစိုးရသို့ပေးသွင်းနေရသည့် အခွန်အခငွေများမှာ များပြားနေသည့်အတွက် လာမည့် ၂၀၁၅ တွင်ပေါ်ပေါက်လာမည့် အာဆီယံဒေသတွင်း လွတ်လပ်စွာကုန်သွယ်ခွင့် (AFTA) တွင် နိုင်ငံတွင်းသို့ လာရောက်ရင်းနှီးမြှုပ်နှံမည့် လုပ်ငန်းရှင်များ အခက်အခဲများစွာ တွေ့ကြုံရမည်ဖြစ်ကြောင်း စီးပွားရေး လုပ်ငန်းရှင်တစ်ဦးက ပြောကြားသည်။

မြန်မာနိုင်ငံနေဖြင့်လည်း လာမည့် ၂၀၁၅(AFTA)ထိတိုင် ယခုနှုန်းထားများအတိုင်း အခွန်ဆက်လက်ကောက်ခံနေပါက AFTA တွင်ပြည်တွင်းလုပ်ငန်းရှင်များအနေဖြင့် နိုင်ငံခြားသားလုပ်ငန်းရှင်များကို ယှဉ်ပြိုင်နိုင်ရန်မှာလည်း မဖြစ်နိုင်ခြင်း ဧပြီလ ၉ ရက်နေ့တွင် ရန်ကုန်မြို့ UMFCCI ၌ပြုလုပ်ကျင်းပခဲ့သည့် မျှတသည့်အခွန်ဥပဒေပြဋ္ဌာန်းနိုင်ရေး ဆွေးနွေးပွဲတွင် လုပ်ငန်းရှင်တစ်ဦးက ပြောကြားသည်။


 

 


Google Drive: create, share, and keep all your stuff in one place. Logo for Google Drive

0 comments:

Post a Comment