Transparency Myanmar

transparency.myanmar@gmail.com

Quote & Comment and News in brief
Document Quote & Comment and News in brief

Snapshot of the item below:
Quote & Comment and News in brief

သတင်းဆောင်းပါးကောက်နှုတ်ချက်များ

သတင်းဆောင်းပါးမှ ကောက်နှုတ်ချက်များ

“ကျွန်တော်တို့ပြောထားတာလွှတ်မယ်ဆိုရင်လည်း လက်ကျန်နိုင်ငံရေး အကျဉ်းသားလွှတ်တယ်ဆိုတဲ့ ခေါင်းစဉ်အောက်ကပဲ လွှတ်ဖို့ တိုက်တွန်းထားတာ။ အခုက ဘယ်သူမှ ကြိုတင်မသိဘဲလွှတ်တာတော့ ထူးဆန်းတယ်”

ဧပြီလ ၂၅ ရက်နေ့ထုတ် 7 Day News ဂျာနယ်တွင်ပါရှိသော “အကျဉ်းသားစုစုပေါင်း ၉၃ ဦးအား လွတ်ငြိမ်းချမ်းသာခွင့်ပြု” သတင်းမှ နိုင်ငံရေးအကျဉ်းသားဟောင်း ဦးဝင်းတင်၏ ပြောကြားချက်အား ကောက်နှုတ်ချက်။


“စစ်အစိုးရလက်ထပ်မှာရော အစိုးရအဆက်ဆက်မှာရော အစိုးရချင်း ဆက်ဆံရေးပဲပေါ့။ သူတို့ (တရုတ်) ကျင့် သုံးတဲ့ မူကအဲဒါပဲလေ။ အခုကျတော့ပြည်သူဗဟိုပြုတဲ့ ဒီမိုကရေစီခေတ်ကို တစ်ကယ်တမ်း ပြောင်းတော့မယ် ဆိုတော့ သူတို့နိုင်ငံတကာဆက်ဆံရေးမှာလည်း မြန်မာနိုင်ငံအပေါ် ပြောင်းလဲဆက်ဆံရမယ်ဆိုတာ သိမြင်လာတာပေါ့”

ဧပြီလ ၂၅ ရက်နေ့ထုတ်  7 Day News ဂျာနယ်တွင်ပါရှိသော “တိုင်းရင်းသားပါတီများအပါအဝင် ဒီမိုကရေစီ အင်အားစုပါတီများနှင့် ဆက်ဆံရေးကောင်းမွန်ရန် တရုတ်ကြိုးပမ်း” သတင်းမှ အမျိုးသားဒီမိုကရေစီ အင်အားစုပါတီ (NDF) ဥက္ကဋ္ဌ ဦးခင်မောင်ဆွေ၏ ပြောကြားချက်အားကောက်နှုတ်ချက်။


“ကချင်ပြည်နယ်ထဲမှာ INGO တွေကို ခွင့်ပြုပေးထားပါတယ်။ ဒါက ကျွန်တော်တစ်ယောက်တည်း ခွင့်မပြုပေး နိုင်ဘူး။ ပြည်ထောင်စုအစိုးရအဖွဲ့မှာပဲ ဒီအခွင့်အာဏာရှိတယ်။ အခု ခွင့်ပြုပေးထားမှုကလည်း ပြည်ထောင်စု အစိုးရအဖွဲ့ကပဲ ”

ဧပြီလ ၂၅ ရက်နေ့ထုတ် Popular News Journal တွင်ပါရှိသော “ကေအိုင်အို နယ်မြေမှ ဒုက္ခသည်များထံ ကုလအကူအညီ ရောက်မလာခြင်းအပေါ် မေးခွန်းထုတ်” သတင်းမှ သမ္မတရုံးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးစိုးသိန်း၏ ပြောကြားချက်အားကောက်နှုတ်ချက်။


မေး။          ။ နောက်တခုပါပဲ ၀န်ကြီး။ ၀န်ကြီးက ငြိမ်းချမ်းရေးကိစ္စတွေမှာလည်းပါတယ်။ အခု အင်္ဂလန်နဲ့ အိုင်ယာလန်မှာလည်း သူတို့ဆီက ငြိမ်းချမ်းရေး ရယူခဲ့ပုံတွေကို လေ့လာဆွေးနွေးခဲ့တယ် ဆိုတဲ့အခါကျတော့ ကျန်နေသေးတဲ့ တစ်နိုင်ငံလုံး အပစ်အခတ်ရပ်ပြီးတော့ ငြိမ်းချမ်းရေးရဖို့ အလားအလာနဲ့ပတ်သက်ပြီးတော့ ၀န်ကြီးအနေနဲ့ ဘယ်လောက်အထိ အကောင်းမြင်မျှော်လင့်ချက်ရှိထားပါပြီလဲခင်ဗျ။

 

ဖြေ။           ။ “ကျနော့်ဘက်က ကျနော်ဟာ ငြိမ်းချမ်းရေးမှာ ထဲထဲဝင်ဝင် ဆောင်ရွက်နေတဲ့ ပုဂ္ဂိုလ်ဖြစ်တယ်။ ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေး ဖော်ဆောင်ရေး ကော်မတီဝင်လည်းဖြစ်တယ်။ မြန်မာ့ ငြိမ်းချမ်းရေး peace center ရဲ့ အဖွဲ့ဝင်လည်းဖြစ်တယ်။ နောက် ကျနော်ကိုယ်တိုင်လည်း အထူးသဖြင့် ကရင်ပြည်နယ်မှာ ထဲထဲဝင်ဝင် ဆောင်ရွက်နေတာ ဖြစ်တဲ့အတွက်ကြောင့် ကျနော့်ရဲ့ သဘောဆိုတာ တကယ့် မြေပုံမှာ တွေ့တဲ့ဟာတွေပါ။ ကျနော်တို့ ငြိမ်းချမ်းသွားပါပြီ။ အဓိကကျတဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်း ၁၁ ဖွဲ့ထဲက ကျနော်တို့ ၁၀ ဖွဲ့နဲ့က ကျနော်တို့ အပစ်အခတ် ရပ်စဲနိုင်တဲ့ အဆင့်ရောက်ပြီ။ ကျနော်တို့ KIA/KIO နဲ့ကလည်း ၂ ကြိမ် ဆွေးနွေးပြီးပြီ။ မြေပြင်မှာလည်း တိုက်ပွဲတွေ မရှိတော့ဘူး။ အခု ဒီကပြန်သွားရင်လည်း ဦးအောင်မင်းတို့အဖွဲ့က ထပ်ပြီး ဆွေးနွေးဖို့ ကမ်းလှမ်းကြပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် ဒါလည်း ကျနော်တို့က ကျိမ်းသေ အောင်မြင်မယ့်ကိစ္စ ဖြစ်ပါတယ်။ ကျနော့်ရဲ့သဘော၊ ပြည်သူပြည်သားတွေရဲ့ သဘောကို ကိုယ်စားပြုပြောရမယ်ဆိုရင်ကျနော်တို့ထာဝရငြိမ်းချမ်းရေးကိုကျိမ်းသေရပါမယ်။”

ဗီအိုအေသတင်းဌာနတွင်ပါရှိသော “မြန်မာအစိုးရကိုယ်စားလှယ်အဖွဲ့ အမေရိကန်ခရီးစဉ်” သတင်းမှ လူဝင်မှုကြီးကြပ်ရေး ပြည်သူ့အင်အားဝန်ကြီးဌာနမှ ပြည်ထောင်စုဝန်ကြီး ဦးခင်ရီနှင့် အင်တာဗျူးမှ ကောက်နှုတ်ချက်။


 “ဒေါ်စုနဲ့ သံအမတ်ယန်းတို့ တွေ့တဲ့အခါလက်ရှိ မြန်မာနိုင်ငံရေးကို ဆွေးနွေးခဲ့တယ်။ နှစ်နိုင်ငံပါတီ အချင်းချင်း ဆွေးနွေးပူးပေါင်းဆောင်ရွက်မှု ဆက်လက်ဖွံ့ဖြိုးဖို့အတွက် နှစ်ဦးနှစ်ဖက်သဘောတူခဲ့တယ်။ ဒီလို ပူးပေါင်း ဆောင်ရွက်မှုဟာ နှစ်နိုင်ငံပြည်သူတွေအတွက် အကျိုးပြုနိုင်ပါတယ်။ ဒေါ်စုက သင့်တော်တဲ့အချိန်မှာ တရုတ် နိုင်ငံကိုလာမယ်လို့ တရုတ်အစိုးရကယုံကြည်ထားပါတယ်”

ဧပြီလ ၂၆ ရက်နေ့ထုတ် လူထုပုံရိပ်ဂျာနယ် အတွဲ (၁) အမှတ် (၃၀) တွင်ပါရှိသော “တရုတ်ကွန်မြူနစ်ပါတီနှင့် NLD နှစ်ပါတီ ပူးပေါင်းဆောင်ရွက်မည်” သတင်းမှ တရုတ်သံရုံးမှ ပြောခွင့်ရပုဂ္ဂိုလ် မစ္စတာရှုံး၏ ပြောကြားချက် အားကောက်နှုတ်ချက်။


 


Google Drive: create, share, and keep all your stuff in one place. Logo for Google Drive

0 comments:

Post a Comment