Transparency Myanmar

transparency.myanmar@gmail.com

CURRENT NEWS
Document CURRENT NEWS

Snapshot of the item below:
CURRENT NEWS

ပြည်တွင်း နိုင်ငံရေး၊ စီးပွားရေး သတင်းစဉ်

  1. နိုင်ငံရေးအကျဉ်းသား ၉၃ ဦးထပ်မံလွတ်မြောက်
  2. အခြေခံဥပဒေပြင်ဆင်ရန်မှာ အခြားပါတီများ၏တင်ပြချက်အပေါ်မူတည်ကြောင်း ဦးဌေးဦးပြောကြား
  3. လယ်ယာမြေကော်မရှင် အစီရင်ခံစာများ လာမည့်လွှတ်တော်တွင် အပြီးတင်မည်
  4. မြန်မာနိုင်ငံတွင် အခွန်ရှောင်တိမ်းခွင့် ရရှိထားသောကုမဏီ လုံးဝမရှိတော့ဟုဆို

နိုင်ငံရေးအကျဉ်းသား ၉၃ ဦးထပ်မံလွတ်မြောက်

နိုင်ငံတော်သမ္မတ ဦးသိန်းစိန်အမိန့်ဖြင့် ဧပြီလ ၂၃ ရက်နေ့တွင် လက်ရှိအကျဉ်းထောင်များအတွင်း အကျဉ်းကျခံ လျက်ရှိသော နိုင်ငံရေးအကျဉ်းသား ၅၉ ဦး၊ နိုင်ငံခြားသားအကျဉ်းသား ၃ ဦးနှင့် ကျန်ပြစ်မှုအမျိုးမျိုးဖြင့် အကျဉ်းကျခံရ လျက်ရှိသော အကျဉ်းသားအပါအဝင် စုစုပေါင်း ၉၃ ဦးအား လွတ်ငြိမ်းချမ်းသာခွင့်ပြုပေးလိုက်ကြောင်း သိရသည်။

အဆိုပါ လွတ်ငြိမ်းချမ်းသာခွင့်ပြုပေးခဲ့သည့် နိုင်ငံရေးအကျဉ်းသားများတွင် အင်းစိန်ဗပာိုအကျဉ်းဦးစီးဌာနမှ အကျဉ်း သား ၆ ဦး၊ မြင်းခြံထောင်မှ ၆ ဦး၊ ပခုက္ကူထောင်မှ ၁ ဦး၊ သရက်ထောင်မှ ၂ ဦး၊ မန္တလေးအိုးဘိုထောင်မှ ၂ ဦး၊ သာယာဝတီ ထောင်မှ ၂ ဦး စုစုပေါင်း ၁၉ ဦးနှင့်အတူ လက်နက်ကိုင်တိုင်းရင်းသားများအဖွဲ့မှ အကျဉ်းသား ၄၀ ဦးလည်း ပြန်လည် လွတ်မြောက်ခဲ့ကြောင်း သိရသည်။

ထိုသို့လွတ်ငြိမ်းချမ်းသာခွင့်ပြုပေးခဲ့သော်လည်း လက်ရှိအချိန်ထိတိုင် အကျဉ်းထောင်များအတွင်း ယုံကြည်ချက် ကြောင့် အကျဉ်းကျခံနေရသည့် နိုင်ငံရေးအကျဉ်းသားစုစုပေါင်း ၂၀၀ ကျော်ဆက်လက်ကျန်ရှိဆဲဖြစ်ကြောင်း နိုင်ငံရေး အကျဉ်းသားပောာင်းတစ်ဦးက ပြောကြားသည်။

ပြီးခဲ့သည့် မတ်လ ၁၄ ရက်နေ့တွင် ပြုလုပ်ကျင်းပခဲ့သည့် နိုင်ငံရေးအကျဉ်းသားအဓိပ္ပါယ်ဖော်ဆောင်မှု အလုပ်ရုံဆွေးနွေးပွဲတွင် အကျဉ်းထောင်များအတွင်း လက်ကျန်နိုင်ငံရေးအကျဉ်းသား ၄၂၀ ကျော်ကျန်ရှိနေသေးကြောင်း ထုတ်ပြန်ခဲ့သော်လည်း အစိုးရ၌ရှိသော အကျဉ်းထောင်များအတွင်းရှိ လက်ကျန်နိုင်ငံရေးအကျဉ်းသားစာရင်းနှင့်မူ ၁၀၀ ကျော် ကွာပာလျက်ရှိကြောင်း သိရသည်။

မြန်မာနိုင်ငံသည် အစိုးရသစ်လက်ထက်မှစတင်၍ နိုင်ငံရေး၊ စီးပွားရေး ပြုပြင်ပြောင်းလဲမှုများကို လုပ်ဆောင်ခဲ့သည့်အပြင် နိုဘယ်ဆုရှင် ဒေါ်အောင်ဆန်းစုကြည်၊ မင်းကိုနိုင်၊ ဇာဂနာ၊ ကိုကိုကြီး၊ ကိုဂျင်မီ တို့အပါအဝင် နိုင်ငံရေးအကျဉ်းသားများအား လွတ်ငြိမ်းချမ်းသာခွင့်ပြုပေးခဲ့ကြောင်း သိရသည်။

YC


 

အခြေခံဥပဒေပြင်ဆင်ရန်မှာ အခြားပါတီများ၏တင်ပြချက်အပေါ်မူတည်ကြောင်း ဦးဌေးဦးပြောကြား

လက်ရှိ ရေးဆွဲထားသည့် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးမှာ အခြားနိုင်ငံရေးပါတီများ၏ တင်ပြချက်များအပေါ် မူတည်၍ စဉ်းစားမည်ဖြစ်ကြောင်း လက်ရှိလွှတ်တော်တွင်းအာဏာရပါတီတစ်ခုဖြစ်သည့် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ ဒုတိယဥက္ကဋ္ဌ ဦးဌေးဦးက ပြောကြားသည်။

လက်ရှိအချိန်တွင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်နိုင်ရန် ဖွဲ့စည်းပုံ အခြေခံ ဥပဒေလေ့လာ သုံးသပ်ရေးကော်မတီ၊ ကော်မရှင်များဖွဲ့စည်းပေးရေးအတွက် လာမည့် ဇွန်လတွင်ကျင်းပမည့် ပြည်ထောင်စုလွှတ်တော်အစည်းအဝေး၌ တင်ပြနိုင်ရန် ပါတီများ၏ တင်ပြချက်များအပေါ်မူတည်၍ တစ်ဦးတစ်ယောက်၊ အဖွဲ့အစည်းတစ်ခုတည်းအတွက်မပာုတ်ဘဲ နိုင်ငံနှင့် ပြည်သူ့အကျိုးဖြစ်ထွန်းစေမည့် ကိစ္စရပ်များအား ဖွဲ့စည်းပုံအခြေခံ ဥပဒေ၌ ပြင်ဆင်ပြောင်းလဲနိုင်ရန် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

ထို့ပြင် ပြီးခဲ့သည့် ၂၀၁၃ မတ်လ ၁၅ ရက်နေ့က ကျင်းပပြုလုပ်ခဲ့သော ပြည်သူ့လွှတ်တော်အစည်းအဝေးတွင် ၂၀၀၈ ခုနှစ်ဖွဲ့စည်းပုံအခြေခံဥပဒေ လေ့လာသုံးသပ်ရေး ကော်မတီ၊ ကော်မရှင်များ ဖွဲ့စည်းရေးတိုက်တွန်းကြောင်းအဆိုကို လွှတ်တော်ကိုယ်စားလှယ် သူရဦးအေးမြင့်က အရေးကြီးအဆိုအဖြစ်တင်သွင်းခဲ့သည်။

၂၀၁၂ ဖေဖော်ဝါရီလ ၂ ရက်နေ့၌ ရန်ကုန်မြို့ရှိ ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ်ရုံးတွင် ကျင်းပပြုလုပ်ခဲ့သော ပြည်သူ့လွှတ်တော် တရားစီရင်ရေးနှင့် ဥပဒေရေးရာကော်မတီ၊ မြန်မာနိုင်ငံ စာနယ်ဇင်းကောင်စီနှင့် ရှေ့နေများကွန်ရက်တွေ့ဆုံဆွေးနွေးပွဲတွင် ပြည်သူ့လွှတ်တော်တရားစီရင်ရေးနှင့် ဥပဒေရေးရာကော်မတီဥက္ကဋ္ဌ သူရဦးအောင်ကိုက ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေတွင် ပြင်ဆင်ရမည့်အချက်များ အများအပြားရှိနေပြီး အဆိုပါ ပြင်ဆင်ရမည့်အချက်များအား ပြန်လည်ပြင်ဆင်နိုင်ရန် စစ်တမ်းကောက်ယူထားပြီး အခွင့်သာသည့်အချိန်တွင် ပြင်ဆင်သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

YC


လယ်ယာမြေကော်မရှင် အစီရင်ခံစာများ လာမည့်လွှတ်တော်တွင် အပြီးတင်မည်

တပ်မတော်မှ သိမ်းယူထားသည့် မြေယာများ၊ မြို့ပြနှင့် စက်မှုဇုန်များ တည်ဆောက်ရေးစီမံကိန်းအတွက် သိမ်းယူထားသည့် မြေယာများနှင့် သက်ဆိုင်သည့် အစီရင်ခံစာ (၂)စောင်ကို ပြည်ထောင်စုလွှတ်တော်သို့ တင်သွင်းထား ပြီးဖြစ်ရာ လယ်ယာမြေစုံစမ်းစစ်ဆေးရေး ကော်မရှင်အနေဖြင့် လက်ကျန်အစီရင်ခံစာများကို လာမည့် လွှတ်တော် အစည်းအဝေးကာလအတွင်း အပြီးသတ် တင်သွင်းသွားရန်ရှိကြောင်း သိရှိရသည်။

ပြည်ထောင်စုလွှတ်တော်သို့ တင်သွင်းပြီးဖြစ်သည့် အစီရင်ခံစာပါ အချက်များအပေါ် အစိုးရအဖွဲ့မှ ဖြေရှင်း ဆောင်ရွက်မှုများကို စောင့်ကြည့်၍ မသိရှိရသေးသော လယ်ယာသိမ်းယူမှုများနှင့်သက်ဆိုင်သည့် နစ်နာမှုများ ရှိလာပါက ဆက်လက်ဆောင်ရွက်ပေးနိုင်ရန် နည်းလမ်းများရှာဖွေသွားမည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး လယ်ယာမြေ စုံစမ်းစစ်ဆေးရေး အဖွဲ့(၁) မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးခိုင်မောင်ရည်က ပြောကြားခဲ့သည်။

လယ်ယာမြေစုံစမ်းစစ်ဆေးရေးကော်မရှင်၏ တင်ပြချက်များကို ပြည်ထောင်စုအစိုးရအဖွဲ့၊ လယ်ယာမြေ ကော်မတီမှ ဖြေရှင်းဆောင်ရွက်ပေးရာတွင် မသမာမှုများမရှိနိုင်စေရန် ဆောင်ရွက်ခဲ့သော်လည်း ပြီးခဲ့သည့်ရက်ပိုင်းအတွင်း မြို့နယ် အုပ်ချုပ်ရေးမှူးအဆင့်မှ အစ သြဇာအာဏာသုံး၍ မြေယာမသမာမှုများ လုပ်ဆောင်နေသည်ဟူသည့် တိုင်ကြားချက်များကို လက်ခံရရှိခဲ့ကြောင်း ၎င်းကထပ်မံပြောကြားခဲ့သည်။

လက်ကျန် အစီရင်ခံစာ နှစ်စောင်တွင် ဆောက်လုပ်ရေး၊ လမ်းဖောက်လုပ်ရေး၊ ပို့ဆောင်ရေး ၊ မြေယာသိမ်းဆည်း ခံရမှုနှင့် အထွေထွေကိစ္စရပ်များ ပါဝင်မည်ဖြစ်ကြောင်း သိရှိရသည်။

ထို့ပြင် ဒေါ်အောင်ဆန်းစုကြည်ဥက္ကဋ္ဌအဖြစ် တာဝန်ယူဆောင်ရွက်လျက်ရှိသည့် ပြည်သူ့လွှတ်တော် တရား ဥပဒေစိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းရေး ကော်မတီ၏ နှစ်ပတ်လည်အစီရင်ခံစာအား ပြည်သူ့လွှတ်တော်အား တင်သွင်းသွား မည် ဖြစ်ကြောင်း အဆိုပါကော်မတီ၏အတွင်းရေးမှူး ဦးဝင်းမြင့်က ပြောကြားခဲ့သည်။

တရားဥပဒေစိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းရေးကော်မတီအနေဖြင့် ကြားဖြတ်အစီရင်ခံစာ တစ်စောင်ကို နိုဝင်ဘာလ အတွင်း ကျင်းပခဲ့သည့် ပြည်သူ့လွှတ်တော်သို့ တင်သွင်းခဲ့ပြီး အဆိုပါအစီရင်ခံစာတွင် တရားစီရင်ရေး မဏ္ဍိုင်ကို ဝင်ရောက် စွက်ဖက်မှုကင်းရှင်းရန်နှင့် တရားဥပဒေစိုးမိုးရေးကို ထိခိုက်စေသော စီရင်ချက်များ ချမှတ်သည့် တရားသူကြီးများကို အပြစ်ပေးသင့်ကြောင်း အကြုံပြုချက်များ ပါဝင်သည်။

ကော်မတီအနေဖြင့် အစီရင်ခံစာများ တင်သွင်းခြင်း၊ ကွင်းဆင်းလေ့လာမှုများ၊ တိုင်စာ၊ အသနားခံစာများကို စိစစ်ဆောင်ရွက်ခဲ့သည့် ၈ လတာ ကာလအတွင်း သက်ဆိုင်ရာအဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်မှုများပြုလုပ်ခဲ့ပြီး ၎င်းတို့၏ ကွင်းဆင်းလေ့လာချက်များကို သက်ဆိုင်ရာအဖွဲ့အစည်းများသို့ အကြံပြုခြင်း၊ မှတ်ချက်ပြုခြင်း၊ ဥပဒေနှင့် ညီမညီ ဝေဖန်ထောက်ပြခြင်းများကို သက်ဆိုင်ရာအဖွဲ့အစည်းများကသာ လက်တွေ့ အကောင်အထည်ဖော် ဆောင်ရွက် လျက်ရှိကြောင်း အဆိုပါကော်မတီအတွင်းရေးမှူး ဦးဝင်းမြင့်က ပြောကြားခဲ့ကြောင်း သိရှိရသည်။

 YC


မြန်မာနိုင်ငံတွင် အခွန်ရှောင်တိမ်းခွင့် ရရှိထားသောကုမဏီ လုံးဝမရှိတော့ဟုဆို

အစိုးရသို့ အခွန်ထမ်းဆောင်ရာတွင် တရားဝင်အခွန်တိမ်းရှောင်ခွင့် ရရှိထားသည့် ကုမ္ပဏီများ ယခင်က ရှိခဲ့သော်လည်း ယခုအခါ လုံးဝမရှိတော့ကြောင်း ပြည်တွင်းအခွန်ညွှန်ကြားရေးမှူးတစ်ဦးက ပြောကြားခဲ့သည်။

ပြီးခဲ့သည့် ဧပြီလ ၉ ရက်က ကုန်သည်စက်မှုလက်မှုအသင်းချုပ်ရုံး၌ကျင်းပပြုလုပ်ခဲ့သည့် စီးပွားရေးလုပ်ငန်းရှင် အများစုနှင့် ပြည်သူ့ လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းတို့၏ တွေ့ဆုံပွဲတွင် ပြေကြားခဲ့သည့် စီးပွားရေးလုပ်ငန်းရှင်အချို့ အခွန် တိမ်းရှောင်ခွင့် ရရှိထားသည့်အပြင် အခွန်ကင်းလွတ်လျက်ရှိသော ကုမ္ပဏီများလည်းရှိနေသည်ဆိုခြင်းကို ပြည်တွင်း အခွန်များ ဦးစီးဌာနမှ ယခုကဲ့သို့ငြင်းဆိုခဲ့ခြင်းဖြစ်သည်။

ယခင်က တပ်မတော်ရှိကြီးများ ပိုင်ဆိုင်သည်ဆိုသော မြန်မာ့စီးပွားရေးဦးပိုင်လီမိတက် ကုမ္ပဏီကို ၂၀၁၅ ခုနှစ်မှ စတင်၍ ကုန်သွယ်လုပ်ငန်းခွန်နှင့် ပတ်သက်ပြီး တရားဝင်အကောင်ခွန် ကင်းလွတ်ခွင့်ပေးခဲ့သော်လည်း ယခုအရပ်သား အစိုးရသစ်လက်ထက် ၂၀၁၂ ခုနှစ် ဧပြီလ ၁ ရက်နေ့မှစတင်၍ ဦးပိုင်ကုမ္ပဏီအား အခြားစီးပွားရေးလုပ်ငန်းရှင်များနည်းတူ ပြန်လည် အခွန်ထမ်းဆောင်စေခဲ့သည်ဟု ပြည်တွင်းအခွန်များဦးစီးဌာန ညွှန်ကြားရေးမှူးတစ်ဦးမှ ပြောကြားခဲ့သည်။

ထိုကဲ့သို့ တန်းတူညီမျှအခွန်ဆောင်ရန် သတ်မှတ်လိုက်ခြင်းအားဖြင့် ပြည်တွင်းစီးပွားရေးလုပ်ငန်းရှင်များအချင်းချင်း မျှတစွာ ယှဉ်ပြိုင်နိုင်မည်ဖြစ်သကဲ့သို့ ဒေသတွင်းကုန်ထုတ်စွမ်းအားနှင့် အရည်အသွေးများလည်း တိုးတက်မြင့်မား လာနိုင်မည်ဖြစ်ကြောင်း ၎င်းကထပ်မံပြောကြားခဲ့သည်။

ထို့ပြင် လက်ရှိအသေးစား၊ အလတ်စားစီးပွားရေးလုပ်ငန်းများနှင့် ကုန်စည်ပို့ဆောင်ရေးလုပ်ငန်းများတွင် ကောက်ခံနေသော အခွန်နှုန်းထားများမှာ ခေတ်စနစ်နှင့်ကိုက်ညီခြင်းမရှိဘဲ နှုန်းထားများကြီးမြင့်နေခြင်း၊ ကောက်ခံသည့် ပုံစံ မမျှတခြင်းများ ဖြစ်ပေါ်လျက်ရှိသည့်အတွက် လာမည့် ၂၀၁၄ ခုနှစ်တွင်ပေါ်ပေါက်လာမည့် အာဆီယံလွတ်လပ်သော ကုန်သွယ်မှုစနစ်(AEC)တွင် ပြည်ပလုပ်ငန်းရှင်များအနေဖြင့် ယှဉ်ပြိုင်ရန် အခက်အခဲရှိမည်ဖြစ်ကြောင်း စက်မှုလက်မှု ကုန်သည်များ အသင်းချုပ်မှ လုပ်ငန်းရှင်တစ်ဦးက ပြောကြားခဲ့သည်။

အခွန်ကောက်ခံမှုစနစ်နှင့် ပတ်သက်၍ စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် မျှမျှတတစဉ်းစားပေးရန်လိုအပ်ပြီး နိုင်ငံသားတိုင်းသည်လည်း အကောက်အခွန်ဆိုသည်မှာ မိမိတို့အတွက် ကောက်ခံနေခြင်းဖြစ်သည်ကို သိရှိရန် လိုအပ်ကာ အစိုးရအနေဖြင့်လည်း အကောက်အခွန်များကို ပွင့်လင်းမြင်သာမှုရှိစွာ ကောက်ခံသင့်ကြောင်း အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းနှင့် လုပ်ငန်းရှင်များ တွေ့ဆုံပွဲတွင် တိုက်တွန်းပြောကြားခဲ့ကြောင်း သိရှိရသည်။

နှစ်အလိုက်ပြည်တွင်းအခွန်ဦးစီးဌာနမှ အခွန်ကောက်ခံရရှိမှုသည် ၂၀၁၁ - ၂၀၁၂ ခုနှစ် ဘဏ္ဍာနှစ်တွင် ကျပ်သန်းပေါင်း ၁၅၀,၀၀၀ ကျော်ရရှိခဲ့ပြီး ၂၀၁၂ - ၂၀၁၃ ဘဏ္ဍာနှစ်တွင် ကျပ်သန်းပေါင်း ၂၅၀၀,၀၀၀ နီးပါးရရှိခဲ့ကြောင်း ပြည်တွင်းအခွန်ဦးစီးဌာန၏ ထုတ်ပြန်ချက်အရ သိရှိရသည်။

YC


 

 

 


Google Drive: create, share, and keep all your stuff in one place. Logo for Google Drive

0 comments:

Post a Comment