Transparency Myanmar

transparency.myanmar@gmail.com

INTERNATIONAL MEDIA (1)
Document INTERNATIONAL MEDIA (1)

Snapshot of the item below:
INTERNATIONAL MEDIA (1)

ဘာသာပြန်သတင်းများ

  1. အမေရိကန်က မြန်မာနိုင်ငံမှ သွင်းကုန်များအပေါ် အကောက်ခွန်ကင်းလွတ်ခွင့်ပြုရန် စီစဉ်နေ

(23 April 2013 ရက်စွဲပါ Hartford Courant မှ Reuters ၏ U.S could waive duties on imports from Myanmar ကို ဘာသာပြန်ပါသည်)

  1. အီးယူက အရေးယူမှုများ ရုတ်သိမ်းပေးပြီးနောက် မြန်မာနိုင်ငံက နိုင်ငံရေးအကျဉ်းသားများလွှတ်

(23 April 2013 ရက်စွဲပါ BBC News မှ Burma political prisoners freed after EU sanctions move ကို ဘာသာပြန်ပါသည်)

  1. မြန်မာနိုင်ငံတွင် မူဆလင်များအား သတ်ဖြတ်မှုကို ချက်ချင်းရပ်ဆိုင်းရန် အီရန် တောင်းဆို

(FNA မှ 23 April 2013 ရက်စွဲပါ Iran calls for immediate stop of Muslim massacre in Myanmar သတင်းကို ဘာသာပြန်ဆိုသည်)


အမေရိကန်က မြန်မာနိုင်ငံမှ သွင်းကုန်များအပေါ် အကောက်ခွန်ကင်းလွတ်ခွင့်ပြုရန် စီစဉ်နေ

(23 April 2013 ရက်စွဲပါ Hartford Courant မှ Reuters ၏ U.S could waive duties on imports from Myanmar ကို ဘာသာပြန်ပါသည်)

အမေရိကန်ပြည်ထောင်စုသည် မြန်မာနိုင်ငံမှ သွင်းကုန် အမယ်ပေါင်းများစွာအပေါ် သွင်းကုန်အပေါ် အခွန် ကောက်ခံမှု ရပ်ဆိုင်းရေးအတွက် မြန်မာနိုင်ငံနှင့် ကုန်သွယ်မှုဆက်ဆံရေးကို ပြန်လည်သုံးသပ်လျှက် ရှိပါသည်။ အမေရိကန် ကုန်သွယ်ရေးကိုယ်စားလှယ်အဖြစ် ခေတ္တတာဝန်ယူထားသူ Demetrios Marantis သည် ဗုဒ္ဓဟူးနေ့တွင် မြန်မာနိုင်ငံသို့ သွားရောက်လည်ပတ်မည်ဖြစ်ပါသည်။

ပြီးခဲ့သည့်အပတ်က Marantis ၏ အာရှခရီးစဉ် မစတင်မီကလေးတွင်ပင် အမေရိကန်ကုန်သွယ်ရေး ကိုယ်စားလှယ် ရုံးသည် ပြန်လည်သုံးသပ်မှုကို စတင်ခဲ့ရာ မြန်မာနှင့်လာအိုကို GSP (Generalized System of Preferences) စနစ်တွင် ထည်သွင်းရန် ပါဝင်ခဲ့သည်။ GSP စနစ်တွင် နိုင်ငံပေါင်း ၁၂၈ နိုင်ငံနှင့် နယ်မြေများမှ ပစ္စည်းအမျိုးအမည် ၅၀၀၀ ခန့် အခွန်ကင်းလွတ်ခွင့် ရရှိကြသည်။

Marantis သည် ရန်ကုန်နှင့် နေပြည်တော်တွင် အစိုးရတာဝန်ရှိသူများနှင့်လည်းကောင်း၊ စီးပွားရေး ဦးဆောင်ပုဂ္ဂိုလ်များနှင့်လည်းကောင်း တွေ့ဆုံမည်ဖြစ်ပါသည်။

ယခုပြန်လည်သုံးသပ်ခြင်းသည် မြန်မာခေါင်းဆောင်များ၏ အလုပ်အကိုင်ဖန်တီးပေးမှုတွင် အိုဘားမားအစိုးရမှ ကူညီရန် ကြိုးပမ်းမှု၏ အဓိကအစိတ်အပိုင်းတစ်ခုဖြစ်သည်။ အမေရိကန်ပြည်ထောင်စုသည် မြန်မာနိုင်ငံ၏ နိုင်ငံရေးအရ ပြုပြင်ပြောင်းလဲမှုများအပေါ် ကာလကြာရှည်က ချမှတ်ထားသော စီးပွားရေးအရ အရေးပါမှုများ ဖယ်ရှားခြင်း၊ မြန်မာနိုင်ငံမှ သွင်းကုန်များ ပိတ်ပင်ထားမှုကို ဖြေလျော့ပေးခြင်းဖြင့် ဆုလဒ်များပေးခဲ့ပြီးဖြစ်ပါသည်။

နှစ်ဖက်သောအစိုးရများသည် မကြာသေးမီက GSP အစီအစဉ်နှင့်ပတ်သက်၍ စိတ်ဝင်စားမှုရှိကြောင်း ပြသခဲ့ကြပြီးဖြစ်သည်ဟု အမေရိကန်ကုန်သွယ်ရေးကိုယ်စားလှယ်အဖွဲ့က ဖက်ဒရယ်မှတ်ပုံတင်နို့တစ်စာတွင် ထည့်သွင်း ဖော်ပြခဲ့ပါသည်။ အဆိုပါနို့တစ်စာသည် ပြည်သူများမှတ်ချက်ပေးရန် တောင်းခံထားပြီး ဇွန်လအစောပိုင်းတွင် ကြားနာမှုပြုလုပ်ရန် စီစဉ်ထားပါသည်။

အမေရိကန်ပြည်ထောင်စုသည် သွင်းကုန်ပိတ်ပင်မှုများ မပြုလုပ်မီ ၂၀၀၃ ခုနှစ်က မြန်မာနိုင်ငံမှ အဝတ်အထည် အပါအဝင် အခြားပစ္စည်း ဒေါ်လာ ၂၇၅ သန်းဖိုး တင်သွင်းခဲ့ပါသည်။ ကန့်သတ်မှုများ ဖယ်ရှားခဲ့ပြီးနောက် ပြီးခဲ့သည့် ဇန်နဝါရီလက ဒေါ်လာတစ်သိန်းနှင့် ဖေဖော်ဝါရီလက ဒေါ်လာနှစ်သိန်းဖိုး စတင် တင်သွင်းခဲ့ပါသည်။


အီးယူက အရေးယူမှုများ ရုတ်သိမ်းပေးပြီးနောက် မြန်မာနိုင်ငံက နိုင်ငံရေးအကျဉ်းသား များလွှတ်

(23 April 2013 ရက်စွဲပါ BBC News မှ Burma political prisoners freed after EU sanctions move ကို ဘာသာပြန်ပါသည်)

photo credit by online

တနင်္လာနေ့က အီးယူသည် ကျန်ရှိသော အရေးယူပိတ်ဆို့မှုများကို ရုတ်သိမ်းရန် ဆုံးဖြတ်ပြီးနောက် မြန်မာနိုင်ငံတွင် နိုင်ငံရေးအကျဉ်းသား အနည်းဆုံး (၅၆) ဦးလွှတ်ပေးခဲ့ကြောင်း စည်းရုံးလှုံ့ဆော်သူများက ပြောပါသည်။

လွတ်မြောက်လာသူတစ်ဦးဖြစ်သည့် လှုပ်ရှားသူ ဇော်မိုးက ဘီဘီစီ မြန်မာပိုင်းအစီအစဉ်သို့ ပြောကြားရာတွင် ယခုလွှတ်ပေးမှုသည် အီးယူ၏လုပ်ဆောင်မှုနှင့် ဆက်စပ်နေသည်ဟု ဆိုပါသည်။

သတင်းထောက်များက ပြောကြားရာတွင်မူ ယခုလွတ်ငြိမ်းချမ်းသာခွင့်သည် မြန်မာနှစ်သစ်ကူးအစနှင့် ဆက်စပ်နေသည်ဟု ဆိုပါသည်။

သီးခြားတိုးတက်မှုတစ်ရပ်အနေဖြင့် အစိုးရသည် တိုင်းရင်းသား ဘာသာရပ်များ တိုးချဲ့သင်ကြားရေးကို ကြေညာခဲ့ပါသည်။

အစိုးရကျောင်းများမှ ကျောင်းသားများသည် ယခုအခါ ၎င်းတို့၏ မိခင်ဘာသာစကားကို ဒုတိယဘာသာစကားအဖြစ် သင်ကြားနိုင်တော့မည်ဖြစ်သည်။

ယခုအချိန်အထိမူ ကျောင်းသားများသည် မြန်မာဘာသာအပြင် အင်္ဂလိပ်ဘာသာကို ဒုတိယဘာသာအဖြစ် သင်ရပါသည်။ ထိုသို့ကန့်သတ်ထားခြင်းသည် ၎င်းတို့၏ ဘာသာစကားကို ပြောကြားနိုင်ခြင်းမရှိဟု အဓိပ္ပာယ်ဖွင့်ဆိုရ မည်ဖြစ်ပါသည်။

မြန်မာနိုင်ငံတွင် ရှမ်း၊ ကချင်၊ ကရင်နှင့် ရခိုင်အပါအဝင် တိုင်းရင်းသားဘာစကား ၁၀၀ ကျော် စကားပြောလျှက်ရှိပါသည်။ အချို့သောဘာသာစကားများမှာ ပျောက်ကွယ်သွားတော့မည့် အန္တရာယ်ရှိနေသည်ဟု လှုပ်ရှားသူများက ဆိုပါသည်။

နိုင်ငံရေး၏ သားကောင်များ

ယခုနောက်ဆုံးအကျဉ်းသားလွှတ်ပေးမှုကို လူ့အခွင့်အရေးအုပ်စုများက ကြိုဆိုခဲ့ပါသည်။ “ဒါပေမယ့် နိုင်ငံရေး အကျဉ်းသား ၂၀၀၀ လောက် ထောင်တွေထဲမှာ ရှိနေပါသေးတယ်”ဟု နိုင်ငံရေးအကျဉ်းသားများ အကူအညီပေးရေးအဖွဲ့ (AAPP)မှ ဘိုကြည်က AFP သတင်းဌာနသို့ ပြောပါသည်။

“နိုင်ငံရေးအကျဉ်းသားတွေကို နိုင်ငံရေးအကျဉ်းသားလို့ အသိအမှတ်ပြုပြီး ချွင်းချက်မရှိလွှတ်ပေးသင့်ပါတယ်” ဟု ၎င်းကဆိုပါသည်။ ယခုလွှတ်ပေးမှုတွင် မူးယစ်ဆေးဝါးရောင်းဝယ်မှုဖြင့် ဖမ်းဆီးထားသော ရှမ်းပြည်နယ်အရှေ့ပိုင်းမှ သူပုန်ဟောင်း ၄၀ ခန့်ပါဝင်သည်ဟု ဘိုကြည်က ပြောပါသည်။ ၎င်းတို့ကို နိုင်ငံရေး၏ သားကောင်များဟု သုံးနှုံး ဖော်ပြခဲ့ပါသည်။

အစိုးရတာဝန်ရှိသူတစ်ဦးက AFP သို့ ပြောကြားရာတွင် လွှတ်ပေးသူ ၉၃ ဦးတွင် နိုင်ငံရေးအကျဉ်းသားများ ပါဝင်ကြောင်း ထိုအထဲတွင် နိုင်ငံခြားသား သုံးဦးလည်း ပါဝင်သည်ဟု ဆိုပါသည်။ “အခုလွှတ်ပေးတဲ့သူတွေဟာ နိုင်ငံ တည်ဆောက်ရေးမှာ ပါဝင်ခွင့်ရဖို့ရယ်၊ လူသားချင်းစာနာမှုဆိုင်ရာအကြောင်းကို အခြေပြုပြီး လွှတ်ပေးခဲ့တာပါ”ဟု ၎င်းက ပြောပါသည်။

မြန်မာနိုင်ငံတွင် သမ္မတဦးသိန်းစိန် ၂၀၁၁ မတ်လ တာဝန်ယူပြီးသည့်နောက် နိုင်ငံရေးအကျဉ်းသား ရာနှင့်ချီ၍ လွှတ်ပေးခဲ့ပါသည်။ ထိုအချိန်အထိ နိုင်ငံရေးအကျဉ်းသားဟု အသိအမှတ်ပြုခြင်း မရှိခဲ့ပေ။ အစိုးရသည် နိုင်ငံရေးနှင့် ပတ်သက်သော အမှုများကို ပြန်လည်သုံးသပ်မည်ဟု ပြီးခဲ့သည့် နိုဝင်ဘာလက ကြေညာခဲ့ပါသည်။

ယခင်စစ်အစိုးရသည် နိုင်ငံရေးအရဆန့်ကျင်သူ သတင်းစာဆရာများအပါအဝင် ၂၀၀၀ ခန့်ကို မှားယွင်းစွာ ဖမ်းဆီးထောင်ချခဲ့သည်ဟု လူ့အခွင့်အရေးအုပ်စုများက စွပ်စွဲခဲ့ပါသည်။ ၂၀၁၁ မေလမှ ၂၀၁၂ နိုဝင်ဘာလအတွင်း နိုင်ငံရေးအကျဉ်းသား ၈၀၀ ကျော် လွတ်ငြိမ်းချမ်းသာခွင့် ပြုခဲ့ကြောင်း လှုပ်ရှားသူများက ဆိုပါသည်။


မြန်မာနိုင်ငံတွင် မူဆလင်များအား သတ်ဖြတ်မှုကို ချက်ချင်းရပ်ဆိုင်းရန် အီရန် တောင်းဆို

(FNA မှ 23 April 2013 ရက်စွဲပါ Iran calls for immediate stop of Muslim massacre in Myanmar သတင်းကို ဘာသာပြန်ဆိုသည်)

မြန်မာနိုင်ငံတွင် မူဆလင်အမြောက်အများ အသတ်ခံရမှုကို ချက်ချင်းရပ်ဆိုင်းရန် အီရန်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ရာမင်မီဟမ်းပါရတ် က ထပ်မံတောင်းဆိုလိုက်ပါသည်။

“မူဆလင်တွေ အသတ်ခံနေရတာကို ရပ်တန့်သွားအောင် မြန်မာအစိုးရအနေနဲ့ ချက်ချင်းအရေးယူ ဆောင်ရွက်ဖို့ လိုပါတယ်”ဟု ၎င်းက ထုတ်ဖော်ပြောကြားသည်။

မီဟမ်းပါရတ်က မြန်မာအစိုးရအား နိုင်ငံတွင်း လူမျိုးကွဲ ဘာသာကွဲများအကြား ပဋိပက္ခဖြစ်ပွားမှုကို အင်အားသုံးတားဆီးရန် တိုက်တွန်းတောင်းဆိုသည်။

ယခုအပတ်အစောပိုင်းကပင် လူ့အခွင့်အရေးအုပ်စုကြီးတစ်ခုက မြန်မာနိုင်ငံတွင် ရိုဟင်ဂျာမွတ်ဆလင်များအား လူမျိုးတုံး သန့်စင်ရှင်းလင်းမှု စီမံချက်ကို ပြုလုပ်နေကြောင်း အထောက်အထားများဖြင့် ကိုးကားကာ အစီရင်ခံစာ ထုတ်ပြန်ခဲ့သည်။

မြန်မာနိုင်ငံထဲတွင် နိုင်ငံသားခံယူနိုင်ခွင့် ငြင်းပယ်ခံခဲ့ရသော ရိုဟင်ဂျာများသည် သတ်ဖြတ်ခံရခြင်း၊ ညှင်းပန်းနှိပ်စက် ခံရခြင်း၊ နှင်ထုတ်ခံရခြင်း၊ ရွှေ့ပြောင်းခံရခြင်းအပါအဝင် လူသားမဆန်သော ရာဇဝတ်မှုများကို ရင်ဆိုင်နေရသည်ဟု နယူရောက်အခြေစိုက် Human Rights Watch က တနင်္လာနေ့တွင် ပြောကြားသည်။

မြန်မာတာဝန်ရှိသူများ၊ ရပ်ရွာခေါင်းဆောင်များ၊ ဗုဒ္ဓဘာသာဘုန်းတော်ကြီးများသည် အောက်တိုဘာလက ရခိုင်ပြည်နယ်တွင် မူဆလင်ကျေးရွာများကို စီစဉ်တိုက်ခိုက်ရန်အတွက် လုံခြုံရေးတပ်ဖွဲ့များ၏အားကိုးဖြင့် လူစုလူဝေးကို ဦးဆောင်စည်းရုံးလှုံ့ဆော်ခဲ့ကြသည်ဟု HRW ကဆိုပါသည်။

“မြန်မာနိုင်ငံမှာ ရိုဟင်ဂျာတွေကို လူမျိုးရေးရှင်းလင်းမှု စီမံချက် လုပ်ဆောင်နေတဲ့ မြန်မာအစိုးရဟာ လက်ရှိအချိန်မှာလည်း အသွားအလာကူညီထောက်ပံ့မှုတွေကို တားမြစ်ချုပ်ချယ်ခြင်းအားဖြင့် ဆက်လက်ပြုလုပ်နေပါ တယ်”ဟု HRW ၏ အရှေ့တောင်အာရှရေးရာ လက်ထောက်ဒါရိုက်တာ ဖီလ်ရောဘတ်ဆန်က ပြောကြားသည်။

“လူမျိုးတုံးသန့်စင်မှုဟူသော စကားလုံးမှာ တရားဝင်ဥပဒေကြောင်းအသုံးအနှုန်းမဟုတ်သော်လည်း လူမျိုးစု သို့မဟုတ် ဘာသာရေးအုပ်စုတစ်စုက အခြားအုပ်စုတစ်စုကို သက်ဆိုင်ရာနယ်မြေမှ အကြမ်းဖက်နည်းလမ်းသုံး၍ ဖယ်ရှားပစ်ရန် လက်ကိုင်ထားသော မူဝါဒဟု ယေဘုယျ သတ်မှတ်၍ရကြောင်း” HRW ကတင်ပြသည်။

အင်တာဗျူးပေါင်း ၁၀၀ ကျော်ကို အခြေခံရေးသားသော ၎င်းအစီရင်ခံစာတွင် “ရခိုင်ပြည်နယ်၌ အမြောက်အများ သေဆုံးသောနေရာ ၄ နေရာရှိကြောင်း ဖော်ထုတ်နိုင်ခဲ့ပြီး ရာဇဝတ်မှုဆိုင်ရာ အထောက်အထားများကို ဖျက်ဆီးရန် လုံခြုံရေးတပ်ဖွဲ့များက ကြိုးစားခဲ့သည်”ဟု HRW က စွပ်စွဲ တင်ပြထားသည်။


 

 

 


Google Drive: create, share, and keep all your stuff in one place. Logo for Google Drive

0 comments:

Post a Comment