Transparency Myanmar

transparency.myanmar@gmail.com

INTERNATIONAL MEDIA (2)
Document INTERNATIONAL MEDIA (2)

Snapshot of the item below:
INTERNATIONAL MEDIA (2)

နိုင်ငံတကာသတင်းများ (၂)

တရုတ်၏ ကုန်သွယ်မှုသည် မျှော်မှန်းထားသည်ထက် ပိုမိုမြန်ဆန်

(၈ မေလ ၂၀၁၃ ရက်စွဲပါ www.BBC News တွင်ပါရှိသော “China trade growth accelerates beating forecasts”ကို ဘာသာပြန်ဆိုပါသည်)

Photo Credit by BBC

ဧပြီလတွင် တရုတ်နိုင်ငံ၏ ကုန်သွယ်ရေးလျှင်မြန်စွာ တိုးတက်လာခြင်းသည် သုံးသပ်သူများ၏ မျှော်မှန်းချက်များကို ချေဖျက်ကာ တိုင်းပြည်၏ မခိုင်မာသော စီးပွားရေးနလံထမှုကို  ပြန်လည်အားကောင်းလာစေသော ကောင်းမွန်သည့် လက္ခဏာ တစ်ရပ်ဖြစ်ပါသည်။  လွန်ခဲ့သော တစ်နှစ်ကနှင့် နှိုင်းယှဉ်လျှင် ပို့ကုန်၏ တိုးတက်လာမှုသည် ၁၄.၇% ရှိခဲ့သည်။

မတ်လတွင် ၁၀% အထိတိုးတက်လာခဲ့သည်။ သွင်းကုန်ပမာဏသည်လည်း ၁၄.၁%   မှ ၁၆.၈%   သို့ မြင့်တက် လာခဲ့ပါသည်။

ယင်း အချက်အလက်များသည် မတ်လတွင် ဖြစ်ခဲ့သည့် တရုတ်၏ အံ့အားသင့်ဖွယ် ကုန်သွယ်ရေးလိုငွေပြမှု၏ ဆန့်ကျင်ဘက်အဖြစ် ကုန်သွယ်ရေးပိုငွေပြမှုကို ပြသနေသည်။

သို့သော်လည်း ယင်းအချက်အလက်များ၏ တိကျမှန်ကန်မူ နှင့် ပတ်သက်၍ အချို့လေ့လာ သူများအတွက် မေးခွန်းများဖြစ်ပေါ်စေခဲ့သည်။

ဟောင်ကောင် Nomura တွင်ရှိသည့် တရုတ် ထိပ်တန်းစီးပွားရေးခေါင်းဆောင်တစ်ဦးဖြစ်သူ Zhiwei Zhang က “ဒီအချက်အလက်တွေရဲ့ မှန်ကန်ခြင်း၊မမှန်ကန်ခြင်းအပေါ်မှာ ပြင်းထန်တဲ့ အရေးယူမှုမျိုး လုပ်မှာမဟုတ်ပါဘူး” ဟုပြောကြား ခဲ့သည်။

တရုတ်နိုင်ငံသည် မတ်လတွင် အံ့အားသင့်စရာကောင်းသည့်လိုငွေဖြစ်သော  ၈၈၄ ဒေါ်လာ  ရရှိပြီးနောက်တွင် ဧပြီလတွင် ၁၈.၂ ဘီလီယံဒေါ်လာသည် မျှော်မှန်းထားသည်ထက် ပိုလျှံသော ကုန်သွယ်မှုဖြစ်ခဲ့သည်။

မကြာသေးခင်ကာလက ပြင်ပဝယ်လိုအားများ တဖြည်းဖြည်းပြန်လည်ရရှိလာမှုသည် တရုတ်နိုင်ငံ၏ပို့ ကုန်အချက်အလက်များကို အပေါင်းလက္ခဏာဆောင်သော လက္ခဏာအဖြစ် ပြသနေ ပါသည်။

 သို့သော် ယင်းသည် တောင်ကိုးရီးယား၊ ထိုင်ဝမ် အစရှိသည့် အခြားသော အာရှပို့ကုန်နိုင်ငံများနှင့် တူမည် မဟုတ်ပေ။ ထိုနိုင်ငံများ၏ ပို့ကုန်ပမာဏများသည် ကမ္ဘာ့ဝယ်လိုအား နှေးကွေးကျဆင်း လာခြင်းနှင့်အတူ အားနည်း လာနေပါသည်။

အချို့သော လေ့လာဆန်းစစ်သူများက တရုတ်ပို့ကုန်လုပ်ငန်းရှင်အချို့သည် နိုင်ငံတွင်းသို့ ယင်းတို့ ယူဆောင်လာသော ငွေကြေးအရင်းအနှီးဆိုင်ရာ ကန့်သတ်ချက်များကို ကျော်လွှားရန် လုပ်ငန်းအခြေအနေများကို အလွန်အကြူး ဖော်ပြနေသည်ဟု သံသယ ရှိနေကြပါသည်။

ငွေကြေးနှင့်အရင်းအနှီးများ နိုင်ငံတွင်းသို့ စီးဝင်လာမှုနှင့်စီးထွက်သွားမှုတို့ကို တင်းကျပ်စွာ ချုပ်ကိုင်ထားဆဲဖြစ်သော တရုတ်သည် ယခုအခါ တရားမဝင် (ဥပဒေနှင့်ဆန့်ကျင်သော) အရင်းအနှီး စီးဝင်မှု တို့ကိုပါ ထိန်းချုပ်သွားမည်ဟု ကြေညာခဲ့သည်။

တနင်္ဂနွေနေ့တွင် တရုတ်နိုင်ငံ၏ နိုင်ငံခြားငွေထိန်းညှိရေးအဖွဲ့ ဖြစ်သည့်  ပြည်ထောင်စုနိုင်ငံခြားငွေလဲလှယ်မှု စီမံခန့်ခွဲရေးဌာန (SAFE) မှ ယင်းသည် ပို့ကုန် ဘောက်ချာများကို စစ်ဆေးပြီး ဒေတာများ များယွင်းပါက ပြင်းထန်စွာ အပြစ်ပေးသွားမည့် အစီအမံကို ပိုမိုအားဖြည့်ပေးမည် ဖြစ်ကြောင်း ပြောကြားခဲ့သည်။

လေ့လာဆန်းစစ်သူများက ဤ (အလေ့အကျင့်) လုပ်ဆောင်ချက် သည် ပို့ကုန်လုပ်ငန်းရှင် များ အတွက်  စိုးရိမ်ဖွယ် (အလေးထား စဉ်းစားစရာ) အချက်တစ်ခု ဖြစ်လာစေခဲ့သည်ဟု ဆိုသည်။

“တရုတ်ရဲ့ SAFE အဖွဲ့ဟာ ကုန်သွယ်မှုဆိုင်ရာ ငွေပေးချေမှု အဖြစ် အသွင်ပြောင်းထားတဲ့ အရင်းအနှီး စီးဝင်မှုများကို ဖြိုခွဲဖို့ စည်းမျဉ်းစည်းကမ်းအသစ်များ ကို များမကြာမီက ကြေညာခဲ့ပါတယ်” ဟု Mr Zhang က ပြောကြားခဲ့သည်။

တရုတ်နိုင်ငံဟာ မကြာခင်က ၎င်း၏ တိုးတက်မှုနှုန်းလျှော့သွားပြီးနောက်တွင် ၎င်း၏ စီးပွားရေး ပိုမိုတိုးတက်လာ စေရန် ကြိုးစားခဲ့ပါသည်။

ကမ္ဘာ့ရဲ့ ဒုတိယအကြီးဆုံးစီးပွားရေး အမြင်အရ ၂၀၁၂ ၏ နောက်ဆုံး ၃ လ၏ ၇.၉ ရာခိုင်နှုန်းနှင့် နှိုင်းယှဉ်ကြည့် လျှင် ဇန်နဝါရီလ မှ မတ်လလယ်အထိ ပုံမှန်တိုးတက်မှုနှုန်းသည် ၇.၇ ရာခိုင်နှုန်းသို့ ကျဆင်းသွားခဲ့ပါသည်။

သို့သော်လည်း လေ့လာသူများ၏ ပြောကြားချက်အရ ပြန်လည်ကောင်းမွန်လာရန် လက္ခဏာအချို့ ဖြစ်ပေါ်နေစဉ် အတွင်းမှာပဲ ကျိုးပျက်လွယ်နိုင်တဲ့အခြေအနေတစ်ခုကတော့ ဆက်လက်ကျန်ရှိနေ ပါသေးသည် ဟုဆိုပါသည်။

ပြီးခဲ့သည့် အပတ်က ထုထ်ပြန်သော ဝယ်ယူမှုမန်နေဂျာ ညွှန်းကိန်း ( PMI ) လေ့လာချက်များအရ ပို့ကုန်မှာယူမှု အသစ်များ နည်းသွားခြင်းကြောင့် ဧပြီလတွင် တရုတ်၏ ကြီးမားသောစက်ရုံကဏ္ဍ ကြီးထွားမှုနှုန်း နှေးကွေးသွားသည်ဟု ပြနေပါသည်။

တစ်ချိန်တည်းမှာပဲ ပထမကွာတား၏ ကြီးထွားမှုကိန်းဂဏန်းများသည် တင်ပို့သူများ၏ ကုန်တင်ပို့ ဘောက်ချာ ပိုမိုစာရင်းပြမှုများကြောင့်   ဖောင်းပွမှု ရှိနေလိမ့်မယ်လို့ သံသယများလည်း ရှိနေခဲ့ပါသည်။

လာမည့်လအနည်းငယ်အတွင်း   တရုတ်နိုင်ငံ၏ ကုန်သွယ်မှု ကြီးထွားနှုန်း တိုင်းတာချက်နှင့်နိုင်ငံ၏ စီးပွားရေးအခြေအနေ အားလုံးနှင့်ပတ်သက်၍ အချက်အလက်များသည် ပို၍တိကျလာလိမ့်မည်ဟု အချို့သော သုံးသပ်သူများက ပြောကြားသည်။


 

 

 


Google Drive: create, share, and keep all your stuff in one place. Logo for Google Drive

0 comments:

Post a Comment