![]() | INTERNATIONAL MEDIA (2) |
နိုင်ငံတကာသတင်းများ (၂)
(28 May 2013 ရက်စွဲပါ RINF မှ Health of 1000s at risk in Myanmar ကို ဘာသာပြန်ဆိုသည်)
(28 May 2013 ရက်စွဲပါ BBC News မှ Burma Muslim-Buddhist Larhes crupt in Shan State ကိုဘာသာ ပြန်သည်)
(AFP သတင်းမှ 28 May 2013 ရက်စွဲပါ “UN envoy attends Myanmar talks with rebels” သတင်း ကို ဘာသာပြန်ဆိုသည်)
မြန်မာနိုင်ငံတွင် ရိုဟင်ဂျာထောင်ပေါင်းများစွာမှာ ကျန်းမာရေးနှင့်ပတ်သက်၍ အန္တရာယ်များရှိနေဟု ဆို
(28 May 2013 ရက်စွဲပါ RINF မှ Health of 1000s at risk in Myanmar ကို ဘာသာပြန်ဆိုသည်)
Photo Credit By Press TV
မြန်မာနိုင်ငံအနောက်ပိုင်းတွင် ရိုဟင်ဂျာမွတ်ဆလင်များအပေါ် မြန်မာအစိုးရကကန့်သတ်မှုများ ချမှတ်ထားခြင်း ကြောင့် ထောင်ပေါင်းများစွာမှာ ကျန်းမာရေးစောင့်ရှောက်မှုနှင့် အခြေခံဝန်ဆောင်မှု များမရရှိပဲ ဖြစ်နေရကြောင်း နိုင်ငံတကာ အုပ်စုဖြစ်သော Medicines Sans Frontieres (နယ်စည်းမခြားဆရာဝန်များ-MSF) ကပြောကြားခဲ့ပါသည်။
အင်္ဂါနေ့က နယုးယောက်မြို့တွင် ထုတ်ဝေခဲ့သော ကျေညာချက်တွင် အဆိုပါအကူအညီပေးရေးအုပ်စု၏ ရခိုင် ပြည်နယ်တွင် အရေးပေါ်အခြေအနေညှိနှိုင်းရေးမှူး Ronald Kermer ကပြောကြားရာတွင် အစိုးရသည် လူဦးရေ (၁၄၀၀၀၀) ခန့်ကို ယာယီစခန်းများတွင် ပိတ်လှောင်ထားသည်ဟု ဆိုပါသည်။
ထို့အပြင် မိမိနေအိမ်တွင်ပင် နေထိုင်ကြသူထောင်ပေါင်းများစွာ၏ ခရီးသွားလာမှုများကိုလည်း ပြင်းထန်စွာကန့် သတ် ထားသည်ဟု ၎င်းက ဖော်ပြထားပါသည်။
“MSF ဟာရွာလုံးကျွတ်အခြေခံဝန်ဆောင်မှုတွေ ဖြတ်တောက်ခြင်းခံထားရတဲ့ ဒေသတွေကနေ မကြာသေးခင် ကမှ ပြန်လာတာပါ” ဟု Kremer ကပြောပါသည်။
အမည်မဖော်လိုသူတစ်ဦးက အိုးမဲ့အိမ်မဲ့ ဖြစ်ရသူများအား တားမြစ်ထားမှုတွင် ဆေးရုံ သို့မဟုတ် စာသင်ကျောင်း သို့ပင်သွားခွင့်မပြုကြောင်းပြောခဲ့သည်ကို MSF က ကိုးကားဖော်ပြခဲ့ပါသည်။ ၎င်းတို့ကို ငါးဖမ်းရန်သော်လည်းကောင်း၊ ထင်းခွေရန်သော်လည်းကောင်း ခွင့်မပြုကြောင်း ဆိုပါသည်။ ၎င်းတို့မှာ စစ်သား အစောင့်အရှောက်ဖြင့် တစ်ကြိမ်တွင် နှစ်ဦး သုံးဦးသာ