Transparency Myanmar

transparency.myanmar@gmail.com

Quote & Comment and News in brief
Document

Snapshot of the item below:
Quote & Comment and News in brief

သတင်းဆောင်းပါးမှ ကောက်နှုတ်ချက်များ

“ရင်းနှီးမြှုပ်နှံမယ့်သူတွေဟာ တည်ငြိမ်တဲ့နိုင်ငံတွေမှာ ရင်းနှီးမြှုပ်နှံချင်တယ်။ ပဋိပက္ခဖြစ်တဲ့နိုင်ငံတွေကို ရှောင်တယ်။ နောက်တစ်ခုက ရေရာဖို့ပဲ၊ ရေရာတယ်ဆိုတာကတော့ ဒီနိုင်ငံမှာ ခဏခဏ ပေါ်လစီပြောင်းလို့ မရဘူး။ ပေါ်လစီဆိုတာက အချိန်အကန့်အသတ်တစ်ခု ထိလိုတယ်။ ရင်းနှီးမြှုပ်နှံ မယ့်သူတွေကတော့ အဲဒီနှစ်ချက်ကိုပဲ ဦးစားပေး ရွေးချယ်ကြတယ်။”

ဇွန်လ ၇ ရက်နေ့ထုတ် မွန်းတည့်နေဂျာနယ် အတွဲ (၁) အမှတ် (၂၄) တွင် ပါရှိသော “ပဋိပက္ခများကြောင့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများ နောက်တွန့်သွားနိုင်” သတင်းမှ ဒေါက်တာ အောင်ထွန်းသက်၏ ပြောကြားချက် အားကောက်နှုတ်ချက်။


“လက်ရှိ အစိုးရလက်ထက်မှာ ဒေသန္တရ အမိန့်ထုတ်ပြန်ထားတာ မရှိသေးပါဘူး။ နောက်တစ်ခုက ကလေး နှစ်ယောက်ယူလို့ တရားစွဲဆိုထားတာလည်း မရှိဘူး။ ဒါ့ကြောင့် ဒီဥပဒေဟာ အခုထိမရှိသေးဘူး။ ဘယ်တုန်း ကထုတ်ပြန်ခဲ့သလဲ ဆိုတာကိုလည်း မသိဘူး။ ထုတ်ပြန်ခဲ့တယ်ဆိုရင် အရေးယူမှုရှိခဲ့ရမယ်။”

ဇွန်လ ၇ ရက်နေ့ထုတ် Eleven နေ့စဉ်ထုတ်သတင်းစာတွင် ပါရှိသော “ဘင်္ဂါလီများအနေဖြင့် ကလေး နှစ်ယောက်သာ ယူရမည်ဆိုသည့် ဒေသန္တရအမိန့်ကို ထုတ်ပြန်ထားခြင်း မရှိကြောင်း ရခိုင်ပြည်နယ် အစိုးရ ပြောကြား” သတင်းမှ ရခိုင်ပြည်နယ်အစိုးရအဖွဲ့၏ သတင်းထုတ်ပြန်ရေးနှင့် မှတ်တမ်းပြုစုရေး ဆပ်ကော်မတီ ဥက္ကဋ္ဌ ဦးလှသိန်း၏ ပြောကြားချက်အားကောက်နှုတ်ချက်။


 “အစိုးရရဲ့ ဦးဆောင်မှုနဲ့ ပြည်သူတွေအားလုံးပူးပေါင်းပါဝင်ပြီး သူတို့ရဲ့ပျောက်ဆုံးနေတဲ့ ဘဝတွေကို ပြန်ပြီးရရှိဖို့ စိတ်ဓါတ်ခွန်အားတွေ ပေးဖို့လိုတယ်။ နောက်ပြီးတော့ ဒီကိစ္စကို ပေါ့ပေါ့ဆဆ မလုပ်ရဘူး။ လေးလေးနက်နက် လုပ်ရပါမယ်။”

ဇွန်လ ၇ ရက်နေ့ထုတ် စံတော်ချိန်နေ့စဉ်ထုတ် သတင်းစာတွင်ပါရှိသော “ကချင်တိုက်ပွဲရှောင် ဒုက္ခသည်များအား စိတ်ဓါတ်မြှင့်တင်ရန် လုပ်ဆောင်သင့်” သတင်းမှ ပြည်ထောင်စုငြိမ်းချမ်းရေး ဖော်ဆောင်မှုလုပ်ငန်း ကော်မတီ ဝင် ဦးခက်ထိန်နန် ၏ ပြောကြားချက်အားကောက်နှုတ်ချက်။


“သမဝါယမအသင်းကို အသက်သွင်းတာ အခြေခံလူတန်းစားတွေရဲ့ဘဝပြေလည်ရေးအတွက် ဆောင်ရွက်ပေးမယ် ဆိုတော့ ဝမ်းသာစရာပါ။ အရင်က သမဝန်ထမ်းတွေရဲ့ အကျင့်ပျက်မှုတွေကိုလည်း သင်ခန်းစာယူ သင့်တယ်။ သမဝါယမအသင်းနဲ့ မူတွေက ကောင်းခဲ့တယ်။ ဒါပေမယ့် လူတွေမကောင်းခဲ့ဘူး။”

ဇွန်လ ၈ ရက်နေ့ထုတ် မြန်မာသံတော်ဆင့်ဂျာနယ် အတွဲ (၂) အမှတ် (၁၃) တွင်ပါရှိသော “သမဝါယမမူဝါဒ နှင့် ပြည်သူများ၏ လက်တွေ့ဘဝပေါင်းကူးနိုင်မှသာလျှင် သမဝါယမအသင်းပြန်လည်ရနိုင်” သတင်းမှ အမျိုးသား လွှတ်တော်ကိုယ်စားလှယ် ဦးအောင်ဆန်း၏ ပြောကြားချက်အားကောက်နှုတ်ချက်။

 


သမ္မတ မဖြစ်ချင်ပါဘူးလို့ပြောရင်၊ ပြည်သူအပေါ်လိမ်ညာရာရောက်မှာပေါ့။ သမ္မတနေရာအတွက် ဝင်ရောက် ယှဉ်ပြိုင်ပြီး ပြည်သူအတွက် ဦးဆောင်အလုပ်လုပ်ချင်ပါတယ်။ သမ္မတရာထူးရယူရုံနဲ့တင် ဖွဲ့စည်းပုံ အခြေခံဥပဒေကို ပြောင်းလဲလိုတာ မဟုတ်ပါဘူး။ ဒီမိုကရေစီ နည်းလမ်းမကျတဲ့ ဥပဒေတွေကို ပြောင်းလဲနိုင်ဖို့ အတွက်ပါ။

ဇွန်လ ၇ ရက်နေ့ထုတ် ပြည်မြန်မာ နေ့စဉ်ထုတ်သတင်းစာတွင် ပါရှိသော “သမ္မတရာထူးအတွက် ဝင်ရောက်ယှဉ် ပြိုင်မည်ဟု ဒေါ်အောင်ဆန်းစုကြည် အတည်ပြုပြောကြား” သတင်းမှ ဒေါ်အောင်ဆန်းစုကြည်၏ ပြောကြားချက် အားကောက်နှုတ်ချက်။


သတင်းတိုများ

အစိုးရငြိမ်းချမ်းရေးအဖွဲ့နှင့် KNPP တို့ ဇွန်လ ၂၀ ရက်နေ့ လွိုင်ကော်၌ တွေ့ဆုံမည်

မြန်မာနိုင်ငံ ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်း ဦးဆောင်သည့် ပြည်ထောင်စုငြိမ်းချမ်းရေး ဖော်ဆောင်ရေး အဖွဲ့နှင့် ကရင်နီအမျိုးသား တိုးတက်ရေးပါတီ KNPP တို့သည် လာမည့် ဇွန်လ ၂၀ ရက်နေ့တွင်လွိုင်ကော်မြို့၌ တွေ့ဆုံ ဆွေးနွေးရန် အစီအစဉ်ရှိကြောင်း သတင်းရရှိသည်။ အစိုးရနှင့် KNPP သည် ၂၀၁၂ မတ်လတွင် တစ်ကြိမ်၊ ဇွန်လတွင် တစ်ကြိမ် တွေ့ဆုံ ဆွေးနွေးခဲ့ပြီးရာ              ယခုအကြိမ်သည်                 သုံးကြိမ်မြောက် ဖြစ်သည်။ ယခု တွေ့ဆုံဆွေးနွေးပွဲတွင် နှစ်ဖက် တပ်စခန်းများ နေရာချထားရေးနှင့် နိုင်ငံရေးအရ ဆွေးနွေးမှုများ ဦးစားပေး ဆွေးနွေးသွားမည် ဖြစ်ကြောင်း KNPP ၏ နယ်စပ် ဆက်ဆံရေးရုံးခွဲ တာဝန်ခံ ဦးဒယ်နီရယ် ထံမှသတင်းရရှိသည်။


 နိုင်ငံတော်သမ္မတနှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ လာမည့်ဇူလိုင်လအတွင်းဆွေးနွေးမည်

တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများနှင့် ဦးသိန်းစိန်တို့ နေပြည်တော်တွင် လာမည့် ဇူလိုင်လအတွင်း တွေ့ဆုံဆွေးနွေးမည့် အလုံးစုံ အပစ်အခတ်ရပ်စဲရေး ဆွေးနွေးပွဲကို KIO အနေဖြင့်တက်ရောက်ရန် စိတ်ဝင်စားကြောင်း KIO  ဒုတိယစစ်ဦးစီးချုပ် ဗိုလ်ချုပ်ဂွမ်မော်မှ ပြောကြားခဲ့ကြောင်း သိရသည်။ ဗိုလ်ချုပ်ဂွမ်မော် မှ “အဓိပ္ပါယ်ရှိတဲ့ အစည်းအဝေးဆိုရင် နေပြည်တော်လည်းသွားရမှာပဲ” ဟု ပြောကြား ခဲ့သည်။ နိုင်ငံတော်သမ္မတနှင့် တွေ့ဆုံဆွေးနွေးမည့် အဆိုပါ ဆွေးနွေး ပွဲတွင် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့ဝင်များအားလုံး တက်ရောက်နိုင်ပြီး အားလုံးသဘောတူတဲ့ အစည်းအဝေးတစ်ရပ် ဖြစ်ကြောင်း သိရသည်။


အာဆီယံလေးနိုင်ငံအတွင်း လွတ်လပ်စွာခရီးသွားလာခွင့်ဗီဇာအတွက် ကမ္ဘာစီးပွားရေးဖိုရမ်တွင် သဘောတူလက်မှတ်ထိုး

နိုင်ငံတကာ ဆက်ဆံရေး မြန်မာ၊ အင်ဒို၊ ဖိလစ်ပိုင်နှင့် ကမ္ဘောဒီယားနိုင်ငံများအကြား အာဆီယံဒေသအတွင်း လွတ်လပ်စွာ သွားလာခွင့်ဗီဇာ အတွက် ဇွန်လ ၆ ရက်နေ့တွင်ကျင်းပလျက်ရှိသော ကမ္ဘာ့စီးပွားရေးဖိုရမ်တွင် လက်မှတ်ရေးထိုးခဲ့ကြောင်း သိရသည်။ အဆိုပါ ရေးထိုးခဲ့သော             စုပေါင်းဗီဇာစနစ် (Statement of Intent on SMART Visa) နားလည်မှု စာချွန်လွှာမှ ၂၀၁၃ ခုနှစ် ဇန်နဝါရီ ၁ ရက်နေ့တွင် ထိုင်းနိုင်ငံနှင့် ကမ္ဘောဒီးယားနိုင်ငံတို့အကြား စတင်ခဲ့သည့် ဗီဇာစနစ်ကို အခြေခံ သွား မည်ဖြစ်ကြောင်း သိရသည်။


ကမ္ဘာ့စီးပွားရေးဖိုရမ်တတိယနေ့တွင် Microsoft ကုမ္ပဏီ၏ ဒု-ဥက္ကဋ္ဌ ဝင်ရောက်ဆွေးနွေး

မြန်မာနိုင်ငံတွင် ကျင်းပပြုလုပ်သော ၂၂ ကြိမ်မြောက် ကမ္ဘာ့စီးပွားရေးဖိုရမ် တတိယနေ့ ဇွန်လ ၇ ရက်နေ့တွင် မြန်မာနိုင်ငံတွင် ICT ကဏ္ဍဖွံ့ဖြိုးတိုးတက်ရေး ခြေလှမ်းဘယ်လိုလှမ်းမလဲ ခေါင်းစဉ်ကို အမေရိကန်နိုင်ငံ မိုက်ခရိုဆော့ဖ် ကော်ပိုရေးရှင်း ဒုတိယဥက္ကဋ္ဌ၊ GLOBIS ကော်ပိုရေးရှင်း (ဂျပန်နိုင်ငံ) မှ ဥက္ကဋ္ဌနှင့် အမှုဆောင် ဒါရိုက်တာ Strategic & Emerging Bus-siness မိုက်ခရိုဆော့ဖ်ကော်ပိုရေးရှင်း(USA)မှဒုတိယဥက္ကဋ္ဌ Dan‘I Lewin၊  ဆက်သွယ်ရေးနှင့် သတင်း အချက်အလက် နည်းပညာဝန်ကြီးဌာနမှ ဒုတိယဝန်ကြီး          ဦးသောင်းတင်၊ Red Link ကုမ္ပဏီ မှ ဒုတိယဥက္ကဋ္ဌဖြစ်သူ ဦးရှိန်းသူအောင်နှင့် Huawaei ကုမ္ပဏီမှ ဥက္ကဋ္ဌနှင့် CEO (အရှေ့တောင်အာရှ) မှ Yang-Shu တို့က ဆွေးနွေးသွားမည် ဖြစ်ကြောင်းသိရသည်။



Google Drive: create, share, and keep all your stuff in one place. Logo for Google Drive

0 comments:

Post a Comment