Transparency Myanmar

transparency.myanmar@gmail.com

International Media (2)
Document

Snapshot of the item below:
International Media (2)

နိုင်ငံတကာသတင်းများ (၂)

စစ်တပ်သည် နိုင်ငံခြားရေးမူဝါဒအတွက်အာဏာရှိဆဲ

(2 September 2013 ရက်စွဲပါ Bangkok Post မှ Army remain a foreign policy power ကို ဘာသာပြန်သည်။)

မြန်မာနိုင်ငံတွင် ပြောင်းလဲမှုများစွာ လုပ်ဆောင်လျှက်ရှိပါသည်။ နိုင်ငံရေးမြင်ကွင်းမှာ လျှင်မြန်စွာ ဖြေလျော့နေပါသည်။ နိုင်ငံရေးအကျဉ်းသားများ လွှတ်ပေးခဲ့ပါသည်။ ပြည်သူများဆန္ဒပြခြင်း၊ အလုပ်သမားများ ဆန္ဒပြခြင်းများကို တရားဝင်ဖြစ်စေခဲ့ပါသည်။ ဒေါ်အောင်ဆန်းစုကြည်မှာလည်း လွှတ်တော်သို့ရွေးချယ်ခံရပြီး စစ်အစိုးရလွန် ဖွဲ့စည်းပုံကို အလုပ်သမားများပိုမိုပါဝင်အောင် လုပ်ဆောင်လာပါသည်။ အနောက်နိုင်ငံ၏ အရေးယူမှုများ ပိုမိုရုပ်သိမ်းလာခဲ့ပြီးနောက်  ၂ နှစ်အတွင်း တရားဝင်သံတမန်ဆက်ဆံရေး အရေအတွက်သုံးဆခန့်မြင့်တက်လာပါသည်။

သို့သော် အသွင်ကူးပြောင်းရေးကာလ၏ အောင်မြင်မှုသည် တချိန်က အာဏာအားလုံး ပိုင်ဆိုင်ခဲ့သည့် တပ်မတော်က  စစ်တန်းလျားသို့ တဖြည်းဖြည်းပြန်သွားပြီး မူဝါဒချမှတ်ရေးကို အလုပ်သမားသို့ပေးရန် ဆန္ဒပြင်းပြမှုရှိ မရှိအပေါ်တွင် များစွာမူတည်နေပါသည်။

လက်ရှိအသွင်ကူးပြောင်းရေးသည် ရုတ်တရက် တော်လှန်ရေးကြောင့် ပေါက်ပေါက်လာခြင်းမဟုတ်ဘဲ စစ်တပ်ကိုယ်၌က အိုင်ဒီယာအဖွဲ့စည်းတွေ ပြင်ဆင်ကြီးကြပ်ခဲ့ခြင်းဖြစ်ပါသည်။ တပ်မတော်သည် ၄င်းကူညီပုံဖော်ခဲ့သော စစ်အစိုးရလွန်အနေအထားတွင်  ပါဝင်ပတ်သက်မှုရှိနေဆဲဖြစ်ပြီး နိုင်ငံရေးကို ဝင်ရောက်စွက်ဖက်ရန် တရားဝင် အခြေခံဥပဒေအရ  ခွင့်ပြုထားသောအစိတ်အပိုင်း ဖြစ်နေဆဲဖြစ်ပါသည်။ လာမည့်ဆယ်စုနှစ်များတွင်လည်း မူဝါဒချမှတ်ရေး လုပ်ငန်းစဉ်ကြီးတစ်ခုလုံးတွင် အရေးပါသော သြဇာလွှမ်းမိုးနေဦးမည်ဖြစ်ပါသည်။

ပြင်ပမှစောင့်ကြည့်လေလာသူများ အသိအမှတ်ပြုရန် သတိလက်လွတ်ဖြစ်နေသော အဓိကသော့ချက်ကျသော ကိစ္စရပ်တစ်ခုမှာ မြန်မာနိုင်ငံ၏နိုင်ငံခြားရေးမူဝါဒ ချမှတ်မှုတွင် စစ်တပ်၏ဆက်လက်ပါဝင်နေမှု အခန်းကဏ္ဍကို ဖြစ်ပါသည်။ ပြင်ပကမ္ဘာသည် ယခင်ကတည်းက ယခုထိ ဗိုလ်ချုပ်ကြီးဟောင်းများ ယူနီဖောင်းဝတ်ထားသောပုဂ္ဂိုလ်များက တဆင့်သာ မြန်မာနိုင်ငံနှင့်ဆက်ဆံရာတွင် ကြုံတွေ့ကြရပါသည်။ နောက်တွင်လည်း ထိုသို့သာ ဆက်လက်ဆက်ဆံ နေရဦးမည်ဖြစ်ပါသည်။

အမျိုးသားလက်နက်ကို်င်တပ်ဖွဲ့များသည် နိုင်ငံ၏နိုင်ငံခြားရေးမူဝါဒများ၏ သဘာဝအစိတ်အပိုင်းများဖြစ်ပါသည်။ Carlvon Clausewitz ၏ အဆိုအမိန့်တွင် စစ်တပ်များက ကျွမ်းကျင်သည့်စစ်ပွဲများသည် ဆက်ဆံရေးကို(diplomacy) ကို လောဂျစ်နည်းကျစွာချဲထွင်ခြင်းဖြစ်သည်ဟု ဆိုထားပါသည်။ စစ်သားများသည်။ အကြမ်းဖက်မှုကိုထိန်းသိမ်းပြီး တိုင်းပြည်ကို ကာကွယ်သူများဖြစ်သည်နှင့်အညီ အရပ်သားရေးထက်စာလျှင် တိုင်းပြည်လုံခြုံရေးကိုသာ ပိုမို၍ ပူပန်မှုရှိမည်ဟု မှတ်ယူရမည်ဖြစ်ပါသည်။ ထိုထက်ပို၍  ယနေ့နိုင်ငံတကာ  နိုင်ငံရေးတွင် စစ်တပ်နှင့်မဆိုင်သော ကိစ္စရပ်များကြား နယ်ပယ်သတ်မှတ်မှုမှာ  လွန်စွာတိတိကျကျ မသတ်မှတ်နိုင်တော့ကြောင်း သက်သေပြမှုများ ရှိလာပါသည်။ ထို့ကြောင့် နိုင်ငံတစ်ခု၏ ကာကွယ်ရေး၊ လုံခြုံရေးနှင့် နိုင်ငံခြားရေးမူဝါဒများသည် စစ်သားများ၏ ကျယ်ပြန့်သော အကျိုးစီးပွားအတွင်းသို့  ပုံမှန်အခြေအနေတစ်ခုသဖွယ် သက်ဆင်းခဲ့ရတော့သည်။

မြန်မာတပ်မတော်သည် ထိုအတိုင်း အတိအကျ၎င်း၏ အခန်းကဏ္ဍကို အဓိပ္ပယ်ဖွင့်ဆိုခဲ့ပြီး တိုင်းပြည်၏ အကျိုးစီးပွားတစ်ခုလုံးကို အကာအကွယ်ပေးသည့် အုပ်ထိန်းသူအဖြစ် နှစ်ပေါင်းများစွာ တာဝန်ယူခဲ့ပါသည်။

အမျိုးသားလု&