Transparency Myanmar

transparency.myanmar@gmail.com

Q & C
Document

Snapshot of the item below:
Q & C

 

သတင်းဆောင်းပါးမှ ကောက်နှုတ်ချက်များ 

“အစိုးရနဲ့ ငြိမ်းချမ်းရေးဆွေးနွေးပွဲပြီးကတည်းက ဒေသခံဖွံ့ဖြိုးရေးအတွက် ပူးပေါင်းလုပ်ဖို့ပါပေမယ့် အခုထိ အကောင်အထည်မပေါ်သေးဘူး။ ကိုယ်ထူကိုယ်ထလုပ်ဖို့ကိုလည်း ပြောပေမယ့်သက်ဆိုင်ရာ ဒေသအာဏာပိုင်တွေက လက်မှတ်ကလေးတစ်ချက်ထိုးဖို့တောင် နှောင့်နှေးနေတယ်။ တိုင်းရင်းသားဒေသတွေက ဘယ်လိုဖွံ့ဖြိုး တိုးတက်တော့မှာလဲ။”

စက်တင်ဘာလ ၁၀ ရက်နေ့ထုတ် ရန်ကုန်တိုင်းမ် နေ့စဉ်ထုတ်သတင်းစာတွင် ပါရှိသော “တိုင်းရင်းသား လက်နက်ကိုင်များနှင့် ငြိမ်းချမ်းရေးမရနိုင်သေးသည့် အကြောင်းရင်းငါးချက် အစိုးရထံပေးပို့” သတင်းမှ KNU/KNLA (ငြိမ်း/ကောင်စီ) နိုင်ငံခြားရေးရာတာဝန်ခံ ဗိုလ်မှူးချုပ်ဒေါက်တာတင်မသီ၏ ပြောကြားချက်အားကောက်နှုတ်ချက်။


“တိုင်းပြည်ကို အုပ်ချုပ်နေရာမှာ အမိန့်နဲ့အုပ်ချုပ်တာမဟုတ်ဘူး။ ဥပဒေနှင့်အညီ အုပ်ချုပ်ရန်သာ ဖြစ်တယ်။ အဲဒါကြောင့် ဥပဒေအကြမ်းဖြစ်လာမယ့် အဆိုများကို လွှတ်တော်တွေမှာ တင်သွင်းမယ်ဆိုရင် ပြည်သူတွေအတွက်သာ စဉ်းစားပြီး တင်သွင်းသင့်တယ်။ ဒီမိုကရေစီစနစ်ကို ကျင့်သုံးရာမှာ တစ်ကမ္ဘာလုံးမှာ မတူညီတဲ့ အချက်တွေရှိနေတာကြောင့် မြန်မာနိုင်ငံအနေဖြင့် မိမိနိုင်ငံရဲ့ လမ်းစဉ်အတိုင်းသာ ကျင့်သုံးသွားမှာပါ။”

စက်တင်ဘာလ ၁၀ ရက်နေ့ထုတ် 7 Day Daily နေ့စဉ်ထုတ်သတင်းစာတွင် ပါရှိသော “ပြည်ထောင်စုလွှတ်တော် နာယက ထားဝယ်ရပ်မိရပ်ဖအသင်းအဖွဲ့များနှင့် တွေ့ဆုံ” သတင်းမှ ပြည်ထောင်စုလွှတ်တော် နာယက သူရဦးရွှေမန်း၏ ပြောကြားချက်အား ကောက်နှုတ်ချက်။


“ကတိတည်ဖို့လိုတယ်ဆိုတာမှာ နိုင်ငံရေးအကျဉ်းသားတွေ အကုန်လွှတ်ပေးမယ်လို့ ပြောပြီး၊ တကယ်တမ်းကျတော့ တစ်ဖက်က ပြန်ဖမ်းနေတာတွေ ပြည်သူတွေရဲ့ ရပိုင်ခွင့်တွေကို အပြည့်အဝမပေးတာတွေပေါ့။ ဒီတော့ ပြည်သူအနေနဲ့က မယုံရဲတော့ဘူး။ အပြန်အလှန်ယုံကြည်မှုရှိဖို့ဆိုတာ ပြည်သူကိုပေးတဲ့ကတိတည် ဖို့လိုတယ်။”

စက်တင်ဘာလ ၁၀ ရက်နေ့ထုတ် အင်ပါယာနေ့စဉ်ထုတ် သတင်းစာတွင်ပါရှိသော “အပြန်အလှန် ယုံကြည်မှုဖြင့်သာ ဒီမိုကရေစီကို ဖော်ဆောင်နိုင်မည်ဖြစ်ကြောင်း နိုင်ငံရေးလေ့လာစောင့်ကြည့်နေသူများ သုံးသပ်” သတင်းမှ ရန်ကုန်ပြည်သူ့အကျိုးဆောင်ကွန်ရက်မှ ကိုဝေဠု ၏ပြောကြားချက်အားကောက်နှုတ်ချက်။


“ကန်ရေပြင်ဧရိယာကျဉ်းမြောင်းလာတဲ့ ကိစ္စက သစ်တောတွေ ပြုန်းတီးလာလို့ပါ။ တောင်ပေါ်စိုက်ခင်းတွေ လွဲမှား မှုကြောင့်အနည်ကျနှုန်းတွေများလာပြီး အင်းလေးကန်တစ်ကြောကို နုန်းအနှစ်တွေစုပုံတဲ့အချက်တွေဟာ ထင်သာမြင်သာ ကျဉ်းကျုတ်လာစေတဲ့အချက်တွေပါ။ အင်းလေးကန်ရေပြင်ပေါ်မှာ စိုက်ခင်းတွေလုပ်ထားတာ၊ ကျွန်းမျောရိုင်း၊ ဗေဒါရိုင်းတွေ အဆမတန်တိုးပွားလာတာ၊ ဝင်လာတဲ့ရေတွေကို ရေဆယ်တဲ့ကန်သင်းကန် မရှိတော့ အောက်ဘက်မှာရှိတဲ့ မိုးဗြဲဆည်ထဲကို ရေစီးမြန်အောင် ရေစီးကြောင်းတွေ ပြုပြင်တိုးချဲ့လိုက်သလိုမျိုး ဖြစ်သွားတယ်။ ကန်ရေစီးထွက်အားပိုများသွားတဲ့အတွက် အင်းလေးကန်ရေပြင်ကြီးက တစ်နေ့တစ်ခြား ရေနည်းလာတယ်။ ရေထုထည်လည်းနည်းလာတာနဲ့အတူ ရေညစ်ညမ်းမှုတွေဖြစ်လာတော့ အဲ့ဒါတွေနဲ့ အဓိက ရင်ဆိုင်နေရပါတယ်။”

စက်တင်ဘာလ ၁၀ ရက်နေ့ထုတ် စံတော်ချိန်နေ့စဉ်ထုတ် သတင်းစာတွင်ပါရှိသော “အင်းလေးကန်ရဲ့ ရေအနက်ဆုံးနေရာက (၁၀) ပေ အထက် နည်းနည်းလေးပဲ သာတော့တယ်” အင်တာဗျူးမှ အင်းစာပေနှင့် ယဉ်ကျေးမှုမှ ဆရာဦးသာဒိုး ၏ ပြောကြားချက်အားကောက်နှုတ်ချက်။


“ကျွန်တော်တို့က လယ်ယာကဏ္ဍမှာ မူဝါဒကို ဘယ်လိုပြန်ပြောင်းရမလဲဆိုတော့ အရင်တုန်းကလုပ်ထုံးလုပ် နည်းအတိုင်း ကိုယ်စိုက်ချင်တာတွေစိုက် ကိုယ်ထုတ်ချင်တာတွေထုတ်နေလို့ မရတော့ဘူး။ ဈေးကွက်က ဘာတွေလိုနေသလဲဆိုတာ ကြည့်ရမယ်။ ဈေးကွက်က လိုတဲ့သီးနှံကို၊ လိုတဲ့ပစ္စည်းကို ကိုယ်ကထုတ်ရမယ်။ ဈေးကွက်လိုတဲ့ဟာကို ထုတ်ရမယ်ဆိုတော့ ခုနက supply-led (ရောင်းလိုအား ဦးဆောင်တဲ့မူဝါဒ) ကနေ- market-led (ဈေးကွက်က ဦးဆောင်တဲ့) demand-led (