Transparency Myanmar

transparency.myanmar@gmail.com

International Media (3)
Document

Snapshot of the item below:
International Media (3)

နိုင်ငံတကာသတင်းများ (၃)

လေ့လာမှုဆာဗေးအရ မြန်မာနိုင်ငံတွင် ဖုန်းဝန်ဆောင်မှု ဝယ်လိုအားကြီးမားခြင်းနှင့်အတူဈေး ကွက်မြန်ဆန်စွာ ကြီးထွားဖွယ်ရှိ

(Global Telecom Business မှ 16 Aug 2013 ရက်စွဲပါ “Myanmar Survey reveals a rapidly growing market with strong demand for telecoms services” သတင်းကို ဘာသာပြန်ဆိုသည်)

မနှစ်ကအထိ မြန်မာနိုင်ငံ၏ မိုဘိုင်းဖုန်း သုံးစွဲပျံနှံ့မှုသည် ၁၀% ပင်မပြည့်သော်လည်း ၂၀၁၇ တွင် မြို့ပေါ်သုံးစွဲမှုနှုန်း ၉၀% အပါအဝင် ပျမ်းမျှ ၅၀% ကျော်သွားဖွယ်ရှိသည်ဟု Analysys Mason လေ့လာမှုစစ် တမ်းအရ သိရှိရသည်။

သို့ရာတွင် နောက်ထပ်လေ့လာမှုများအရ မြန်မာဈေးကွက်သစ်သို့ ဝင်ကြမည့် အော်ပရေတာများအတွက် အခွင့်အလမ်းနှင့် စိန်ခေါ်မှုနှစ်မျိုးစလုံးစောင့်ကြိုနေသည်ဟု ဆိုသည်။ ပြီးခဲ့သောဇွန်လတွင် နော်ဝေ Telenor နှင့် ကာတာ Ooredoo တို့ကို အော်ပရေတာ လိုင်စင်တင်ဒါအောင်သူများအဖြစ် ရွေးချယ်ခဲ့သည်။

ယင်းသို့ လိုင်စင်များချပေးပြီးနောက်တွင် အဓိက မြို့ကြီးများ၌ မိုဘိုင်းဖုန်းသုံးစွဲနှုန်းတက်လာသော်လည်း ကျေးလက်ဒေသများတွင်မူ အနာဂတ်ရည်မှန်းချက် ပြည့်မှီနိုင်ခြင်း မရှိသေးပေ။

Analysys Mason လေ့လာမှုစစ်တမ်းကို အဓိက မြို့ကြီး ၅ မြို့ ရှိ စီးပွားရေးလုပ်ငန်း ၂၀၀ နှင့် သုံးစွဲသူ ၁၀၀၀ ခန့် ထံမှ ကောက်ယူခဲ့ခြင်းဖြစ်ပြီး၊ မိုဘိုင်းဖုန်းဝန်ဆောင်မှုများအပေါ် လက်ခံနိုင်မှု၊ သုံးစွဲမှုနှင့် သဘောထားတို့ကို မေးမြန်းခဲ့သည်။

ကျေးလက်ဒေသနေ မြန်မာပြည်သူများ ၆၅% မှာမူ ဆာဗေးတွင် ပါဝင်ခြင်းမရှိပေ။ ထို့အပြင် လူဦးရေ၏ ၁၃% အကြုံးမဝင်သော အသက် ၁၈ နှစ်မှ ၆၅ နှစ်ကြားရှိ လူများကိုသာ ဆာဗေးလုပ်ခဲ့ခြင်း ဖြစ်သည်။ ရရှိသော ကိန်းဂဏန်းများသည် အဓိကမြို့ကြီးများ ၌သာ ၁၁% ပျံနှံ့မှုကို ရည်ညွှန်း သည်။

လက်တွေ့လေ့လာမှုများအရ မြန်မာနိုင်ငံတွင် မိုဘိုင်းဖုန်း Station ပေါင်း ၁၂၀၀ မှ ၁၆၀၀ အတွင်း သာရှိပြီး၊ ကျေးလက်ဒေသများတွင် မရှိသလောက်ပင်ဖြစ်သည်ကို တွေ့ရှိရသည်။

စစ်တမ်းကောက်ယူခဲ့သော သုံးစွဲမှုထက်ဝက်ကျော်မှာ သုံးစွဲသည့် ကာလတစ်နှစ်ပင် မပြည့်သေးဟူသော အချက်က ဈေးကွက်အတွင်းတစ်နှစ်ပြီးတစ်နှစ် ကြီးထွားလာမှုကို ရည်ညွှန်းလျက် ရှိသည်။

မြန်မာဈေးကွက်၏ ကြီးထွားလာနိုင်စွမ်းကို ကျယ်ကျယ်ပြန့်ပြန့် သိရှိထားကြပြီးဖြစ်ပါသည်။ သုံးစွဲခွင့်မရသေးသော လူဦးရေရာခိုင်နှုန်းမှာ အလွန်ကြီးမားနေသည်။ သာဓကအနေဖြင့် အိမ်နီးချင်း နိုင်ငံများတွင် ဈေးကွက်ဖြေလျှော့အပြီး ၅ နှစ်ခန့်အကြာတွင် ကမ္ဘောဒီးယား၌ ၆၅%၊ လာအို၌ ၄၁% သုံးစွဲမှုနှုန်းရှိလာခဲ့သည်ကို တွေ့ရသည်။

မြန်မာနိုင်ငံ၏ မိုဘိုင်းဖုန်းသုံးစွဲမှုပျံနှံမှုနှုန်းသည် ၂၀၁၇ တွင် ၅၀% ရှိလာမည်ဟု Analysys Mason ဆာဗေးက လေ့လာတွေ့ရှိသော အချက်အလက်များကို အခြေခံ၍ ခန့်မှန်းထားပါသည်။ ဈေးကွက်အလားအလာကြီးမားမှုကြောင့် အိမ်နီးချင်းနိုင်ငံများ၏ ဆက်သွယ်ရေးတိုးတက်မှု အချိန်ကာလကို ကျော်ဖြတ်နိုင်မည်ဟု မျှော်လင့်ရသည်။

သို့သော် မြို့ကြီးများပြင်ပတွင် အခြေခံအဆောက်အဦစနစ်များ မရှိခြင်းကြောင့် အစိုးရ၏ ၂၀၁၅ တွင် ၅၀% ပျံနှံ့ရေးရည်မှန်းချက်မှာမူ ဖြစ်နိုင်ချေမရှိပါ။

မြို့ပြဧရိယာတွင် ဖုန်းဝန်ဆောင်မှုအတွက် ငွေပေးရန်ဝန်မလေးကြသော်လည်း ကျေးလက်တွင်မူ မစမ်းသပ်ရသေးပါ။ မြို့ပြရှိဈေးကွက်အလားအလာမှာမူ မြန်ဆန်စွာကြီးထွားလျက်ရှိပြီး၊ စစ်တမ်းကောက်ယူခဲ့သော ဖုန်းမသုံးစွဲရသေးသူ ၄၀ ရာခိုင်နှုန်းက လာမည့်တစ်နှစ်အတွင်း မိုဘိုင်းဖုန်းပိုင်ဆိုင်သုံးစွဲရန် ရည်မှန်းထားကြကြောင်း တွေ့ရှိရသည်။

လတ်တလော SIM ကဒ်မဲဖောက်သော စနစ်ကြောင့် ဝင်ငွေနိမ့်အလွှာတွင် ဖုန်းသုံးစွဲမှု မြင့်တက်လာခဲ့သည်။ ထို့အတွက် SIM ကဒ်ပျမ်းမျှဈေးနှုန်းမှာ ၄၅ ဒေါ်လာ (၄၅,၀၀၀ ကျပ်) ခန့်ရှိနေပြီး အကျိုးသက်ရောက်မှု နည်းပါးခြင်း၊ ပြည်သူတို့၏ ဝယ်လိုအားမြင့်တက်နေခြင်း အချက်နှစ်ချက်စလုံးကို ရည်ညွှန်းပြသနေသည်။

အထက်ပါအကောင်းမြင် အပြုသဘော ထင်မြင်ချက်မှာ အခြားသော အကြောင်းအချက်များစွာကြာင့် လွဲချော်သွားနိုင်ပါသည်။ မြို့ပြဧရိယာရှိ အချို့သူများမှာ ဖုန်းဝန်ဆောင်မှုစနစ်အပေါ် လုံးဝစိတ်ဝင်စားခြင်း မရှိကြပါ။ ကျေးလက်ဒေသရှိ အလားအလာနှင့် လိုလိုလားလား ရှိမှုတို့ကိုလည်း မလေ့လာရသေးပါ။ ထို့အပြင် နယ်စပ်ဒေသများတွင် လုပ်ကိုင်မည့် အော်ပရေတာများအနေဖြင့် စောစောစီးစီး ခြေကုပ်ယူထားပြီးသော တရုတ်နှင့် ထိုင်းကုမ္မဏီများကို ယှဉ်ပြိုင်ရပါလိမ့်မည်။



Google Drive: create, share, and keep all your stuff in one place. Logo for Google Drive

0 comments:

Post a Comment