Transparency Myanmar

transparency.myanmar@gmail.com

yangonchronicle2013 (1)
Document yangonchronicle2013 (1)

Snapshot of the item below:
yangonchronicle2013 (1)

၆.၃.၂၀၁၃

ဘာသာပြန်သတင်းများ

  1. ဂျပန်နိုင်ငံ၏ စားသုံးသူဈေးနှုန်းသုံးလဆက်တိုက် ကျဆင်း

(BBC News မှ Japan’s consumer prices fall for third straight monthကိုဘာသာပြန်ဆိုသည်။)

**********************************************************************

ဘာသာပြန်သတင်းများ

ဂျပန်နိုင်ငံ၏ စားသုံးသူဈေးနှုန်းသုံးလဆက်တိုက် ကျဆင်း

(BBC News မှ Japan’s consumer prices fall for third straight monthကိုဘာသာပြန်ဆိုသည်။)

ငွေကြေးဖောင်းပွမှုကို မြန်မြန်ဆန်ဆန် ဖြစ်ပေါ်လာရန် ကြိုးစားဆောင်ရွက်နေချိန်တွင် မူဝါဒချမှတ်သူများရင်ဆိုင်နေရသည့် စိန်ခေါ်မှု၏ အဓိက အကြောင်းအရင်းမှာဂျပန်နိုင်ငံ၏ စားသုံးသူ ကုန်ပစ္စည်းဈေးနှုန်းသုံးလတိုင်တိုင် ဆက်တိုက် ကျဆင်းနေခဲ့မှုဖြစ်သည်။ စားသောက်ကုန်မှ အပကျန် ကုန်စည်များမှာ  လွန်ခဲ့သည့် တစ်နှစ်ကထက်စာလျှင် ယခုနှစ် ဇန်နဝါရီလအတွင်း ၀.၂ ရာခိုင်နှုန်းကျဆင်းခဲ့ သည်။ ဂျပန်နိုင်ငံသည် ငွေကျုံ့မှုကို နှစ်ပေါင်း များစွာခက်ခက်ခဲခဲရင်ဆိုင်နေခဲ့ရသည်။ ဂျပန်နိုင်ငံ၏ စားသုံးသူများအနေဖြင့် နောင်အခါဈေးချိုလာမှ ဝယ်ယူမည်ဟုဆို  သောအခါ ပြည်တွင်း ဝယ်လို အားကိုထိခိုက်ခဲ့ရသည်။

စားသုံးသူဈေးနှုန်း မြန်မြန်ဆန်ဆန် မြင့်မားလာခြင်းသည် နှေးကွေးနေသောဂျပန်စီးပွားရေးကို ပြန် လည် ခိုင်မာအားကောင်းစေသည့် အဓိက အချက်ဖြစ်သည်ဟုဂျပန်အစိုးရကဆိုသည်။ စားသုံးသူဈေးနှုန်းနောက်တစ်ကြိမ် ပြန်မြင့်လာလျှင်စားသုံးသူများသည် များမကြာမီပင်(ရွေ့ဆိုင်းခြင်းထက်) ကုန်စည်များကို  ပြန်လည် ဝယ်ယူလာလိမ့်မည်ဟုမျှော်လင့်ရသည်။ (နောင်အခါ၌စားသုံးသူများသည် ကုန်စည်များအတွက် ကျသင့်တန်ဖိုး ကိုပိုမိုပေး အပ်နိုင်ဖွယ်ရှိပါသည်။)

ယင်းမှာပြည်တွင်းစားသုံးမှု မြန်မြန်ဆန်ဆန် မြှင့်တင်ရာ၌ အကူအညီ ဖြစ်ပြီးဂျပန်၏ စီးပွားရေးဖွံ့ဖြိုးမှု ကိုမြှင့်တင်ရာရောက်ပါသည်။       ပြည်တွင်းဝယ်လိုအားသည် ကမ္ဘာဝယ်လိုအားကျဆင်းမှုကြောင့် ဒဏ်သင့်နေသည့် (လွန်ခဲ့သည် ဆယ်စုနှစ်များက ဂျပန်စီးပွားရေး ဖွံ့ဖြိုးမှုကို အကြီးမား ဆုံးမောင်းနှင်ခဲ့သည့်) ပို့ကုန်ကဏ္ဍနည်းတူဂျပန်၏ စီးပွားရေးအတွက် အလွန်အရေးပါသည်။ နာတာရှည် ဖြစ်စဉ် ပြီးခဲ့သည့် အထွေထွေရွေးကောက်ပွဲတွင် နှေးကွေးလေးလံနေသောဂျပန်၏ စီးပွားရေးကို ပြန်လည် အားကောင်းလာစေရန် ဆောင်ရွက်သွားမည်ဟုကတိကဝတ်ဖြင့် အနိုင်ရခဲ့သည့် ဂျပန်ဝန်ကြီး ချုပ် Shinzo Abe သည် ဗဟိုဘဏ်အားငွေကျုံ့မှု တိုက်ဖျက်ရေး ကိုပိုမိုလုပ်ဆောင်ရန် တောင်းဆိုထားသည်။

သူ၏ ရွေးကောက်ပွဲမဲဆွယ်ကာလတွင်တောင် ဗဟိုဘဏ်အား စားသုံးသူဈေးနှုန်း မြန်မြန်ဆန်ဆန် တိုးတက်  လာစေရန်ငွေကြေးကို အကန့် အသတ်မဲ့ရိုက် ထုတ်သင့်ကြောင်းအကြံပေးခဲ့သည်။ ဈေးကွက်ထဲငွေများများလိမ့်ဝင်သွားစေခြင်းဖြင့် စားသုံးသူများသည် သုံးစွဲဖို့ ငွေသားများပိုမိုရရှိလိမ့် မည်ဖြစ်ပြီး ၎င်းကပင် ဈေးကွက်ဝယ်လိုအားသာမကဈေးနှုန်းများကိုပါ ဆွဲတင်သွားမည်သဘောဖြစ်သည်။ Mr Abe ၏ ဖိအားအောက်မှာပင်ဂျပန် ဗဟိုဘဏ်သည်ယခု နှစ်အစောပိုင်းကာလက ၎င်း၏ ငွေဖောင်းပွမှုနှုန်းကို ၂ ရာခိုင်နှုန်းထိ မြှင့်တင်နိုင်ခဲ့သည်။ သို့သော် သုံးသပ်သူများက စားသုံးသူ ဈေးနှုန်းများဆက်လက်ကျဆင်းနေခြင်းဟာငွေဖောင်းပွမှု ၂ ရာခိုင်နှုန်းရဖို့ လွယ်လွယ်ကူကူနှင့် အောင်မြင်လိမ့်မည် မဟုတ်ကြောင်း ဖော်ပြနေသည်ဟု ဆိုသည်။

“အစိုးရဟာစားသုံးသူဈေးနှုန်း မြင့်မားလာမှုကိုတွေ့မြင်ချင်ကြသော်လည်းသတ်မှတ်စံနှုန်းကိုရရှိဖို့ ခက်ခဲရုံသာမကစီးပွားရေးနာတာရှည်ဖြစ်စဉ် ဖြတ်သန်းမှုကိုအောင်မြင်အောင် လုပ်ဆောင်ရမည်ဖြစ် ကြောင်းရှင်းရှင်းလင်းလင်းညွှန်ပြထားသည်။” ဟု Fujistu Research Institute မှ Martin Schulz က ပြောကြားသွားခဲ့သည်။ “လာမည့် လအနည်းငယ်အတွင်းတော့ ဘာမှဖြစ်လာဦးမှာမဟုတ်ပါဘူး” ဟု ၎င်းကဆိုသည်။ ဂျပန်စားသုံးသူများ သည် နောက်တစ်ကြိမ် သုံးစွဲမှုကိုစတင်နိုင်ရန်အတွက် သူတို့၏ လစာဝင်ငွေ မြင့်မားလာဖို့အပါအဝင် သူတို့၏ ပိုင်ဆိုင်မှုတန်ဖိုးများပါ တိုးမြှင့်လာဖို့ လိုအပ် ကြောင်း၊ ဒါမှသာသူတို့ဟာဘဏ္ဍရေးအရပိုမိုလုံခြုံမှုရှိတယ်လို့ ခံစားရမှာဖြစ်ကြောင်း ၎င်းက ရှင်းလင်းပြောကြားခဲ့သည်။

ယင်းအဆင့်နှစ်ဆင့်စလုံး လက်တွေ့အကောင်အထည်ဖော်ဖို့ အချိန်ကြာမြင့်မည် ဖြစ်ကြောင်း နှင့် ရလဒ်အားဖြင့် စားသုံးသူဈေးနှုန်းများဂျပန်နိုင်ငံတွင် နောက်တစ်ကြိမ် စတင်မြင့်မားလာ ရန်အချိန်ကြာမြင့်မည်ဖြစ်ကြောင်းပြောကြားသွားခဲ့သည်။

************************************************************************************************

 

 

 

 

 


Google Drive: create, share, and keep all your stuff in one place. Logo for Google Drive

Yangon Chronicle(Quotes & Comments)
Document Yangon Chronicle(Quotes & Comments)

Snapshot of the item below:
Yangon Chronicle(Quotes & Comments)

 

*

*

၆.၃.၂၀၁၃

“စုံစမ်းစစ်ဆေးရေးအဖွဲ့ကို ဖွဲ့ထားပြီးပြီ၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးတစ်ပါးပါမယ်။ တိုင်းဥပဒေ ကျွမ်းကျင်တဲ့ ကိုယ်စားလှယ်ပါမယ်။ မအူပင်က အများလက်ခံတဲ့တောင်သူလယ်သမား အရပ်သားပုဂ္ဂိုလ် ပါမယ်။ မကြာခင်မှာ အဖွဲ့ကပေါ်လာပြီး စုံစမ်းစစ်မေးမြန်းတာတွေလုပ်ပါလိမ့်မယ်”

မတ်လ ၈ ရက်နေ့ထုတ် လူထုပုံရိပ် အတွဲ (၁) အမှတ် (၂၄) တွင်ပါရှိသော “မလက်တိုအရေး စုံစမ်းရေးကော်မရှင် ဖွဲ့ပြန်” သတင်းမှ ဧရာဝတီတိုင်းအမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးသက်လင်း၏ ပြောကြားချက်အားကောက်နှုတ်ချက်။

-------------------------------------------------------------------------

“ဒီနေ့မတ်လ ၄ ရက်နေ့နေ့လယ် တစ်နာရီမှာ ဆားလင်းကြီးမြို့နယ် တရားရုံးကို အမှုတင်တယ်။ မြို့နယ် တရားသူကြီးက အမှုမှာ စွပ်စွဲခံရသူက နိုင်ငံတော် ရဲ့ သမ္မတဖြစ်တဲ့အတွက် အထက်တရားရုံးအဆင့်ဆင့်ကို တင်ပြတောင်းခံပြီး အမှုလက်ခံသင့်၊ လက်မခံသင့်တာမျိုး ပြုလုပ်မယ်လို့ပြောပါတယ်။ လာမယ့် မတ်လ ၁၁ ရက်တနလာင်္နေ့မှာ အမှုလက်ခံတယ်၊ လက်မခံဘူး အဖြေကိုသိရှိရမယ်ဆိုပြီး ချိန်းဆိုခဲ့တယ်။ ကျွန်တော်တို့ တရားစွဲတာက အကြမ်းဖက်မှုမှာ အဓိကတာဝန်ရှိတဲ့သူကိုပါ၊ သမ္မတမှရယ် ဘာရယ် မဟုတ်ပါဘူး”

မတ်လ ၈ ရက်နေ့ထုတ် လူထုပုံရိပ် အတွဲ (၁) အမှတ် (၂၄) တွင်ပါရှိသော “သမ္မတဦးသိန်းစိန်ကို အကြမ်းဖက်မှုဖြင့်တရားစွဲပြီ” သတင်းမှ အကျိုးဆောင်ရှေ့နေ ဦးစောကျော်ကျော်မင်း၏ ပြောကြား ချက်အားကောက်နှုတ်ချက်။

--------------------------------------------------------------------------------

“ပြန်ကြားရေးက မီဒီယာကို ချုပ်ကိုင်ချင်တဲ့သဘောမှာတွေ့ရတယ်။ မမျှမတ ဖြစ်အောင်လုပ်တာပါ။ ဒီ ဥပဒေကြမ်းကို လွှတ်တော်က အတည်မပြုအောင် အားလုံးက ဝိုင်းပြီးကန့်ကွက်နေကြပါပြီ။ ပြည်သူတွေရဲ့ ဆန္ဒကို ဆန့်ကျင်ပြီးလွှတ်တော်ကသာ အတည်ပြုခဲ့ရင် ပြဿနာကြီးကြီးမားမားတွေ ဖြစ်လာ နိုင်ပါတယ်။ Negative Impact ရှိနိုင်ပါတယ်”

မတ်လ ၈ ရက်နေ့ထုတ် လူထုပုံရိပ် အတွဲ (၁) အမှတ် (၂၄) တွင်ပါရှိသော “ပုံနှိပ်ဥပဒေကြမ်း ကန့်ကွက်စာစာနယ်ဇင်းကောင်စီက လွှတ်တော်သို့တင်” သတင်းမှ စာနယ်ဇင်းကောင်စီအတွင်းရေးမှူး ဦးကျော်မင်းဆွေ၏ ပြောကြား ချက်အားကောက်နှုတ်ချက်။

--------------------------------------------------------------------------------------

“ခြောက်လအတွင်းမှာ ဝန်ကြီးဦးအောင်မင်းနဲ့ ကေအိုင်အေ တိုက်ရိုက်ညှိနှိုင်းမှုတွေဟာ ဒါပထမဦးဆုံးပါပဲ။ အရင်တုန်းကလိုမျိုး အခြားလူတွေခံပြီးတော့ ညှိနှိုင်းတာ မဟုတ်ဘဲနဲ့ ဝန်ကြီးဦးအောင်မင်းနဲ့ ကေအိုင်အို ခေါင်းဆောင်တွေနဲ့ တိုက်ရိုက်ကို သူတို့ညှိနှိုင်းနေတယ်”

မတ်လ ၇ ရက်နေ့ထုတ် ပြည်သူ့ခေတ်ဂျာနယ် အတွဲ (၃) အမှတ် (၁၃၆) တွင်ပါရှိသော “ကေအိုင်အိုနှင့် ဆွေးနွေးမည့်နေ့ရက် တိုက်ရိုက် ညှိနှိုင်းနေ” သတင်းမှ ငြိမ်းချမ်းရေးအကျိုးဆောင် ဦးလှမောင်ရွှေ၏ ပြောကြားချက် အားကောက်နှုတ်ချက်။

--------------------------------------------------------------------------------------

“ကျွန်တော်တို့လျှောက်ထားစဉ်က စာရွက်စာတမ်းမပြည့်စုံဘူးဆိုရင် အကြောင်းကြားနိုင်တဲ့အချိန်ရှိတယ်။ အဲဒါကို အကြောင်းကြားမှုမရှိခဲ့ဘူး။ အခုလို အဖက်ဖက်ကပြင်ဆင်ထားပါလျက် စာရွက်စာတမ်းမပြည့်စုံဘူးဆို တဲ့ အကြောင်းပြချက်က လုပ်ထုံးလုပ်နည်းနားမလည်တာပဲလား၊ သွေးရိုးသားရိုးလား ဆိုတာတော့ မပြောတက်ဘူး။ ကျွန်တော်တို့ကတော့ ထုတ်ဝေခွင့်ကို ထပ်ပြီးစာရွက်စာတမ်း အပြည့်အစုံနဲ့တင်သွားပါမယ်”

မတ်လ ၇ ရက်နေ့ထုတ် Independent Journal အမှတ် (၄၃) တွင်ပါရှိသော “အမှန်တကယ်ပြင်ဆင်ထားသူများ ခွင့်ပြုချက်မရ ထုတ်ဝေခွင့် ရသူများမှာ အဆင်သင့်မဖြစ်” သတင်းမှ Eleven Media မှ အယ်ဒီတာချုပ်ကိုဝေဖြိုး၏ ပြောကြားချက်အားကောက်နှုတ်ချက်။

********************************************************************

 

 

 

 

 

 

 


Google Drive: create, share, and keep all your stuff in one place. Logo for Google Drive

yangonchronicle 2013
Document yangonchronicle 2013

Snapshot of the item below:
yangonchronicle 2013

 

*

*

၆.၃.၂၀၁၃

နေ့စဉ်ထုတ်သတင်းလွှာ

  1. NLD ပါတီ၏ ညီလာခံကိုယ်စားလှယ် ၄ ဦးထုတ်ပယ်
  2. ၂၀၁၃-၂၀၁၄ ဘဏ္ဍာနှစ်တွင် ယခင်နှစ်ထက် အခွန် ၅ ရာခိုင်နှုန်း တိုးမြှင့်ကောက်ခံမည်
  3. လယ်ယာကဏ္ဍဆေးမြီးတိုဖြင့် ကုသ၍မရကြောင်း ဆန်လုပ်ငန်းရှင်များအသင်းချုပ်ဥက္ကဋ္ဌပြောကြား
  4. SSA နယ်မြေတွင် အစိုးရ ရဟတ်ယာဉ်ကွင်းတည်ဆောက်မည့် အစီစဉ်ဖျက်သိမ်း

**********************************************************************************

နေ့စဉ်ထုတ်သတင်းလွှာ 

NLD ပါတီ၏ ညီလာခံကိုယ်စားလှယ် ၄ ဦးထုတ်ပယ်

ကြားဖြတ်ရွေးကောက်ပွဲအနိုင်ရန် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီ၏ နိုင်ငံလုံးဆိုင်ရာညီလာခံကျင်းပရန် ရွေးချယ်ထားသည့် ညီလာခံ ကိုယ်စားလှယ် ၄ ဦးကိုထုတ်ပယ်လိုက်ကြောင်း မတ်လ ၅ ရက်နေ့ ရက်စွဲဖြင့် ကြေညာချက်ထုတ်ပြန်ခဲ့သည်။

NLD ပါတီအဖွဲ့ချုပ်အတွင်း ညီညွှတ်ရေးကို ပြိုကွဲပျက်စီးစေမည့် အပြုအမူ၊ အပြောအဆို၊ လှုပ်ရှားမှုများပြုလုပ်ခဲ့သည့်အတွက် ဦးခင်မောင်ဝင်း ဥက္ကဋ္ဌ(ဗပာိုညီလာခံကိုယ်စားလှယ်) NLD အလုပ်အမှုဆောင်အဖွဲ့ဝင် လမ်းမတော်မြို့နယ်၊ ဦးသန့်ဇင်(ဗပာိုညီလာခံကိုယ်စားလှယ်) ရွှေပြည်သာမြို့နယ်၊ ဦးခင်မောင်ရှိန် ဥက္ကဋ္ဌ(ဗပာိုညီလာခံကိုယ်စားလှယ်) NLD မြောက်ပိုင်းခရိုင် ရန်ကုန်တိုင်းဒေသကြီးနှင့် ဒေါ်မိမိကြီး ဗပာိုညီလာခံကိုယ်စားလှယ် NLD ကောလင်းမြို့နယ် စစ်ကိုင်းတိုင်းဒေသကြီးတို့ (၄)ဦးအား မတ်လ ၄ ရက်နေ့တွင် ကျင်းပပြုလုပ်ခဲ့သည့် ညီလာခံကျင်းပရေး ဗပာိုကော်မရှင် အစည်းအဝေး ဆုံးဖြတ်ချက်အရ ညီလာခံကိုယ်စားလှယ်အဖြစ်မှ ထုတ်ပယ်လိုက်ကြောင်း သိရသည်။

 အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)ပါတီ၏ နိုင်ငံလုံးဆိုင်ရာ ညီလာခံကို မတ်လ ၈ ရက်နေ့မှ ၁၀ ရက်နေ့ထိ ဗပာန်းမြို့နယ်၊ တော်ဝင်နှင်းဆီ ခန်းမတွင် ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။

 ထို့ပြင် NLD ပါတီ၏နိုင်ငံလုံးဆိုင်ရာ ညီလာခံမှာ လုံခြုံရေးတင်းကြပ်လျက်ရှိသည့်အတွက် အဆိုပါညီလာခံသို့ သတင်းတက်ရောက်လိုသူ မီဒီယာများ အနေဖြင့် ဖိတ်စာနှင့်တကွ လာရောက်ရမည်ဖြစ်ကြောင်း သိရသည်။

YC

                                        *******************************************************************

၂၀၁၃-၂၀၁၄ ဘဏ္ဍာနှစ်တွင် ယခင်နှစ်ထက် အခွန် ၅ ရာခိုင်နှုန်း တိုးမြှင့်ကောက်ခံမည်

လာမည့် ၂၀၁၃-၂၀၁၄ ဘဏ္ဍာနှစ်တွင် နိုင်ငံတွင်း စီးပွားရေးလုပ်ငန်းများ၊ သယံဇာတလုပ်ငန်းများနှင့် ပြည်သူများထံမှ အခွန်ငွေ ဘီလံ ၂၃၉၅ ကျော်ရရှိနိုင်စေရန် ယခင်ဘဏ္ဍာနှစ်အခွန်ကောက်ခံငွေထက် ၅ ရခိုင်နှုန်း ပိုမိုကောက်ခံသွားမည်ဖြစ်ကြောင်း ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာန ပြည်ထောင် စုဝန်ကြီး ဦးဝင်းရှိန်က မတ်လ ၅ ရက်နေ့တွင် ကျင်းပပြုလုပ်ခဲ့သော ပြည်ထောင်စုလွှတ်တော် ပုံမှန်အစည်းအဝေးတွင် ပြောကြားသည်။

ပြီးခဲ့သည့် ၂၀၁၂-၂၀၁၃ ဘဏ္ဍာနှစ်တွင် နိုင်ငံတွင်းစီးပွားရေးလုပ်ငန်းများနှင့် ပြည်သူများထံမှ ဝင်ငွေခွန် ကျပ်သန်းပေါင်း ၆၈၅၃၇၂ ဒဿမ ၃၈၂ (ကျပ်ငွေဘီလီယံ ၆၈၅)ကျော် ကောက်ခံရရှိခဲ့သည့်အတွက် လာမည့်ဘဏ္ဍာနှစ်တွင် ဝင်ငွေခွန် ကျပ်သန်းပေါင်း ၁၀၆၄၉၃၂ ဒဿမ ၇၂၉ (ကျပ်ငွေဘီလီယံ ၁၀၆၄ ကျော်)ရရှိနိုင်စေရန် အခွန်ကောက်ခံသွားမည်ဖြစ်ကြောင်း သိရသည်။

သို့သော် ထိုသို့ အခွန်တိုးမြှင့်ကောက်ခံရာတွင် ဝင်ငွေခွန်ကောက်ခံမှုအတိုင်းအတာ သတ်မှတ်ချက် အတိအကျမရှိသေးသည့်အတွက် အငယ်စား နှင့် အလတ်စားစီပွားရေး လုပ်ငန်းရှင်များနှင့် အခြားအခြေခံ အလုပ်သမားများအပေါ် ဝန်ထုပ်ဝန်ပိုးဖြစ်စေနိုင်ကြောင်း သိရသည်။ ထို့ပြင် ယခင်အစိုးရ လက်ထက်ကတည်းကပင် အခွန်ကောက်ခံမှု ရှင်းလင်းတိကျခြင်းမရှိခဲ့သော စွမ်းအင်ဝန်ကြီးဌာနနှင့် သတ္တုတွင်းဝန်ကြီးဌာနများကိုလည်း ယခုလာမည့် အခွန်အကောက်ဖွဲ့စည်းပုံတွင် ထည့်သွင်းသွားမည်ဖြစ်ကြောင်း သိရသည်။

လက်ရှိ မြန်မာနိုင်ငံအတွင်း အခွန်ကောက်ခံရရှိမှု နည်းပါးရခြင်းမှာ အချို့နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများနှင့် ပို့ကုန်၊ သွင်းကုန်လုပ်ငန်းများအပေါ် အခွန် ကင်းလွတ်ခွင့်ပြုခြင်း၊ စီးပွားရေးလုပ်ငန်းရှင်ကြီးများမှ လက်ရှိအစိုးရသစ်လက်ထက်ထိတိုင် အခွန်တိမ်းရှောင်လျက်ရှိနေခြင်းနှင့် ပြည်သူထံတွင် အခွန် ဆိုင်ရာ အသိပညာများ ပြည့်ဝမှုမရှိခြင်းများကြောင့်ဖြစ်ကြောင်း သိရသည်။

ထို့ကြောင့် လာမည့်ဘဏ္ဍာနှစ်မှစတင်၍ နိုင်ငံတွင်း အခွန်တိုးမြှင့်ကောက်ခံ၍ နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးကဏ္ဍများတွင် သုံးစွဲနိုင်စေရန် စစ်တပ်ပိုင် မြန်မာ့စီးပွားရေးဦးပိုင်လီမီတက်၊ မြန်မာ့စီးပွားရေးကော်ပိုရေးရှင်း၊ စီးပွားရေးအဖွဲ့အစည်းများနှင့် ယခင်တပ်မတော်အစိုးရလက်ထက်ကတည်းကပင် အခွန် တိမ်းရှောင်လျက်ရှိနေသည့် ခရိုနီစီးပွားရေးလုပ်ငန်းကြီးများကို အခွန်တိုးမြှင့်ကောက်ခံသွားတော့မည်ဖြစ်ကြောင်း သိရသည်။

YC

                                        *****************************************************

လယ်ယာကဏ္ဍဆေးမြီးတိုဖြင့် ကုသ၍မရကြောင်း ဆန်လုပ်ငန်းရှင်များအသင်းချုပ်ဥက္ကဋ္ဌပြောကြား

မြန်မာ့လယ်ယာကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆေးမြီတိုဖြင့် ကုသ၍ မရနိုင်ကြောင်း  မြန်မာနိုင်ငံဆန်စပါး လုပ်ငန်းရှင်များ အသင်းချုပ် ဥက္ကဋ္ဌ ဦးချစ်ခိုင်က မတ်လ ၂ ရက်နေ့တွင် ရန်ကုန်မြို့ မရမ်းကုန်းမြို့နယ် မင်းဓမ္မလမ်းရှိ မြန်မာ ကွန်ဗန်ရှင်းစင်တာ(MCC) ခန်းမ၌ ကျင်းပသည့် လယ်ယာ ထွက်ကုန် တန်ဖိုးမြှင့်ပြပွဲ ၂၀၁၃ တွင် ပြောကြားခဲ့သည်။

နိုင်ငံတွင်း တတိယအဆင့် ပြုပြင်ပြောင်းလဲမှုများအား ဆက်လက်လုပ်ဆောင်နိုင်ရန် ပြည်သူ့ဝန်ဆောင်မှု စွမ်းဆောင်ရည်အကဲဖြတ်အဖွဲ့ကို ဖွဲ့စည်းထားပြီး အဆိုပါအဖွဲ့မှ ပြည်သူအသံ နားထောင်အကဲဖြတ်၍ ပြုပြင်ပြောင်းလဲမှုများအတွက် ဆက်လက်လုပ်ဆောင်သွားရမည်ဖြစ်ကြောင်း သိရ သည်။

ထို့ပြင် မြန်မာနိုင်ငံဆန်စပါးလုပ်ငန်းရှင်များအသင်းချုပ်အနေဖြင့် လယ်ယာကဏ္ဍအောက်ခြေအဆင့်တွင် ဖြစ်ပွားလျက်ရှိသော ပြဿနာများ အပေါ် ရိုက်ခတ်လာသည့် အသံများကို စုစည်းကာ နိုင်ငံတော်သို့ မှန်ကန်စွာတင်ပြရမည်ဖြစ်ပြီး ထိုသို့တင်ပြခြင်းဖြင့် ပုဂ္ဂိလိကစီးပွား ထိခိုက်လာနိုင်မည် ဖြစ်သော်လည်း အနာဂါတ်လယ်ယာကဏ္ဍ ဖွံ့ဖြိုးတိုးတက်လာမည် ဖြစ်သည့်အပြင် တောင်သူများ၏စီးပွားရေးလည်း ပိုမို တိုးတက်လာမည် ဖြစ်ကြောင်း ၎င်းကဆက်လက်ပြောကြားသည်။

ထို့အပြင် ပြည်ထောင်စုဝန်ကြီး ကုန်သည်စက်မှုလက်မှုအသင်းချုပ်တို့နှင့် နီးစပ်သော အများပိုင်ကုမ္ပဏီနှင့် ပုဂ္ဂလိကမှ ဖွဲ့စည်းထားသော အများပိုင်ကုမ္ပဏီအချို့တို့မှာ ရသင့်ရထိုက်သည့် အခွင့်ရေးထက်ပိုမိုရရှိနေကြောင်း ၎င်းက ထပ်မံပြောကြားခဲ့သည်။

YC

********************************************************

SSA နယ်မြေတွင် အစိုးရ ရဟတ်ယာဉ်ကွင်းတည်ဆောက်မည့် အစီစဉ်ဖျက်သိမ်း

ရှမ်းပြည်နယ်တိုးတက်ရေးပါတီနှင့် တပ်မတော်(SSPP/SSA)မြောက်ပိုင်းနယ်မြေတွင် ဖေဖော်ဝါရီလ တတိယအပတ် တိုက်ပွဲငယ် အချို့ဖြစ်ပွား ပြီးနောက် အစိုးရမှ အဆိုပါနယ်မြေအတွင်း ရဟတ်ယာဉ်ကွင်းတည်ဆောင်မည့်အစီစဉ်ကို ဖျက်သိမ်းလိုက်ကြောင်း SSA တပ်မတော် ပြောခွင့်ရပုဂ္ဂိုလ် ဗိုလ်မှူး စိုင်းလက ပြောကြားခဲ့သည်။

ရှမ်းပြည်နယ်အတွင်းရှိ SSA နယ်မြေဖြစ်သည့် လွယ်လန်းတောင်၌ စိုက်ပျိုးထားသော ဘိန်းစိုက်ခင်းများကို အမေရိကန်မူးယစ်ဆေးဝါး တိုက်ဖျက်ရေးအဖွဲ့(DEA)မှ လာရောက်စီစစ်ရာတွင် ရပ်နားနိုင်ရန် လေယာဉ်ကွင်း ၅ ကွင်းတည်ဆောက်ရာ၌ အစိုးရတပ်အလုံးအရင်းဖြင့် ဝင်ရောက်လာ သည့်အပြင် SSA အဖွဲ့များကိုလည်းကြိုတင်အကြောင်းကြားခြင်းမရှိသည့်အတွက် ဖေဖော်ဝါရီလ ၁၉ ရက်နေ့မှစတင်၍ အစိုးရတပ်မတော် နှင့် SSA အဖွဲ့များ တိုက်ပွဲများပြန်လည်ဖြစ်ပွားရခြင်းဖြစ်ကြောင်း သိရသည်။

ရှမ်းပြည်နယ်မြောက်ပိုင်း တန့်ယန်းမြို့နယ်အပြင်ဘက် လွယ်လန်းတောင်တစ်ဝိုက်တွင် ဖေဖော်ဝါရီလ ၂၃ ရက်နေ့ထိတိုင် တိုက်ပွဲငယ်များ ဖြစ်ပွားခဲ့သော်လည်း ဖေဖော်ဝါရီလ ၂၄ ရက်နေ့မှစတင်၍ တိုက်ပွဲများ ဆက်လက် ဖြစ်ပွားတော့ခြင်းမရှိကြောင်း SSPP/SSA တပ်မတော်မှ ပြောခွင့်ရ ပုဂ္ဂိုလ် ဗိုလ်မှူး စိုင်းလ ကပြောကြားခဲ့သည်။

အစိုးရ၏ငြိမ်းချမ်းရေးဖော်ဆောင်ရေးအဖွဲ့နှင့် SSPP/SSA တို့သည် ပြီးခဲ့သည့် ၂၀၁၂ ခုနှစ် ဇန်နဝါရီလ၌ ငြိမ်းချမ်းရေးတွေ့ဆုံ ဆွေးနွေးမှုများ ကိုပြုလုပ်ခဲ့ပြီး နှစ်ဖက်အပစ်အခတ်ရပ်စဲရေး သဘောတူညီခဲ့သော်လည်း ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၄ ရက်နေ့တွင် အစိုးရနှင့် ကချင်လွတ်မြောက်ရေး တပ်မတော် KIO တို့တရုတ်နိုင်ငံ၊ ရွှေလီမြို့၌ နိုင်ငံရေး တွေ့ဆုံ ဆွေးနွေးနေစဉ်ကာလအတွင်း SSA အဖွဲ့များနှင့် တပ်မတော်တို့တိုက်ပွဲပြန်လည်ဖြစ်ပွား ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

YC

 

 

**********************************************************

 

 

 

 

 

 

 

 

 

 

 

 

 

                        

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

       


Google Drive: create, share, and keep all your stuff in one place. Logo for Google Drive