Transparency Myanmar

transparency.myanmar@gmail.com

INTERNATIONAL MEDIA (2)
Document INTERNATIONAL MEDIA (2)

Snapshot of the item below:
INTERNATIONAL MEDIA (2)

နိုင်ငံတကာသတင်းများ (၂)

  1. ရန်ကုန်မြို့ဗလီမီးလောင်မှုကိုစုံစမ်းစစ်ဆေးရန် အီးယူကော်မရှင်နာမင်းကြီး အက်ရှ်တန် တိုက်တွန်း

(Euro News မှ 3 April 2013 ရက်စွဲပါ Ashton urges investigation သတင်းကို ဘာသာပြန်ဆိုသည်)


ရန်ကုန်မြို့ဗလီမီးလောင်မှုကိုစုံစမ်းစစ်ဆေးရန် အီးယူကော်မရှင်နာမင်းကြီး အက်ရှ်တန် တိုက်တွန်း

(Euro News မှ 3 April 2013 ရက်စွဲပါ Ashton urges investigation သတင်းကို ဘာသာပြန်ဆိုသည်)

မြန်မာနိုင်ငံ ရန်ကုန်မြို့တော်ရှိ ဗလီစာသင်ကျောင်းတစ်ခုတွင် အိပ်ဆောင်မီးလောင်မှုကြောင့် ကလေးငယ် ၁၃ ဦး သေဆုံးခဲ့ရခြင်းနှင့် ပတ်သက်၍ ကြေကွဲဝမ်းနည်းကြောင်း အီးယူကော်မရှင်နာမင်းကြီး ကက်သရင်းအက်ရှ်တန်က ထုတ်ဖော် ပြောဆိုလိုက်ပါသည်။ ဤကိစ္စသည် မတော်တဆမဟုတ်ဟု သံသယများထွက်ပေါ်နေသောကြောင့် အခင်းဖြစ်ရပ် ဖြစ်ပွားပုံ အကြောင်းရင်းများကို စုံစမ်းစစ်ဆေးရန် မြန်မာအာဏာပိုင်များကို သူမကတိုက်တွန်းခဲ့သည်။

အဆိုပါ ထုတ်ပြန်ကြေညာချက်တွင် ရန်ကုန်မြို့ရှိ ဗလီစာသင်ကျောင်းတစ်ခု မီးလောင်မှုကြောင့် ကလေးငယ် ၁၃ ဦး သေဆုံးခဲ့ရသည် ဟူသောသတင်းများကြောင့် ကော်မရှင်နာမင်းကြီးအနေဖြင့် အထူးပင်စိုးရိမ်သောကရောက်လျှက် ရှိကြောင်း၊ သူမ၏ ဝမ်းနည်းမှုကို သေဆုံးသူ၏ မိသားစုများကိုအသိပေး ပြောကြားလိုကြောင်း၊ ကြေကွဲဝမ်းနည်းဖွယ်ဖြစ်ရပ် ဖြစ်ပွားရသည့် အကြောင်းရင်းများကို သံသယမြူမှုန် ကင်းစင်သွားစေမည့် စုံစမ်းစစ်ဆေးမှုများ ဆောင်ရွက်ရန် အာဏာ ပိုင်များကို တိုက်တွန်းကြောင်း ဖော်ပြထားပါသည်။

သနားစရာကလေးငယ် ၁၃ ဦးသည် မီးခိုးများကြောင့် အသက်ရှူရပ်ကာ သေဆုံးရခြင်းဖြစ်သည်။ အဆောင်တွင် ထားသော မီးအားမြှင့်စက်မှာ အပူရှိန်လွန်ကဲမှုကြောင့် မီးလောင်မှုဖြစ်ခြင်းဖြစ်သည်ဟု ဒေသခံ မီးသတ်ဌာနက ပြောကြားပါ သည်။

မြန်မာအာဏာပိုင်များ၏ တရားဝင် ထုတ်ပြန်ကြေညာချက်အရ“အခင်းဖြစ်ရာ အဆောက်အဦး၏ လှေကားအောက် တွင်ထားသော မီးအားမြှင့်စက်အပူရှိန်လွန်ကဲ မီးလောင်မှုကြောင့် အပေါ်ထပ်တွင်အိပ်နေသော ကလေးများပိတ်မိသွား ကြောင်း၊ ထို့ကြောင့် ၁၂ နှစ်အရွယ် ကလေး ၁၃ ဦး သေဆုံးခဲ့ရကြောင်း” သိရှိရသည်။

သို့ရာတွင် မကြာသေးမီက မူဆလင်ဆန့်ကျင်ရေး အဓိကရုဏ်းများဖြစ်ပွားခဲ့ခြင်းကြောင့် ယခုဖြစ်ရပ်သည် တမင် ရည်ရွယ်၍ မီးရှို့မှုသာဖြစ်သည်ဟု မူဆလင်အချို့က ပြစ်တင်စွပ်စွဲထားသည်။

ဗလီဝင်းအတွင်းရှိ အဆိုပါအိပ်ဆောင်တွင် အိပ်နေသောကလေးငယ် ၇၀ ခန့်ရှိပြီး မီးသတ်ဝန်ထမ်းများက အိပ်ဆောင်သော့ကိုဖျက်ကာ တံခါးဖွင့်ပေးလိုက်ခြင်းကြောင့် အသက်ရှင် လွတ်မြောက်ခဲ့ကြခြင်းဖြစ်သည်။ ယခုဖြစ်ရပ်တွင် အိပ်ဆောင် တံခါးသော့ဖွင့်၍ ကလေးများကိုလွှတ်ပေးရန် ပျက်ကွက်ခဲ့သော ဗလီဆရာမှာမူ ထွက်ပြေးတိမ်းရှောင်နေသည်ဟု သိရှိရသည်။

ယခုဖြစ်ရပ်သည် မတော်တဆမီးလောင်မှုသာ ဖြစ်သည်ဟူသော ကနဦးစုံစမ်းစစ်ဆေးမှုရလဒ်ကို မူဆလင်အသင်း အဖွဲ့တာဝန်ရှိသူ ခေါင်းဆောင်များက လက်ခံခဲ့ကြသည်ဟု သိရှိရသည်။



Google Drive: create, share, and keep all your stuff in one place. Logo for Google Drive

INTERNATIONAL MEDIA (1)
Document INTERNATIONAL MEDIA (1)

Snapshot of the item below:
INTERNATIONAL MEDIA (1)

နိုင်ငံတကာသတင်းများ

  1. မြန်မာတွင် ဆင်ဆာတည်းဖြတ်မှုအဆုံးသတ်ပြီးနောက် တရုတ်တွေကို မေးရမယ့်မေးခွန်းတစ်ခု

(South China Morning Post သတင်းစာမှ 2 April 2013 ရက်စွဲပါ “How much longer for us?” ask Chinese after Myanmar ends media censorship ကိုဘာသာပြန်ဆိုသည်)

  1. မြန်မာသည် ရိုဟင်ဂျာများသို့ အကူအညီပေးခြင်းကို ပိတ်ဆို့ထား

(29 March 2013 ရက်စွဲပါ The Nation မှ Myanmar accused of blocking aid to Rohingya ကို ဘာသာပြန်ဆိုသည်)

  1. မြန်မာနိုင်ငံတွင် မြေမြှုပ်မိုင်းများ ပြည့်နှက်နေ

(UPI news မှ 3 April 2013 ရက်စွဲပါ  Myanmar polluted with land mines သတင်းကို ဘာသာပြန်ဆိုသည်)


မြန်မာတွင် ဆင်ဆာတည်းဖြတ်မှုအဆုံးသတ်ပြီးနောက် တရုတ်တွေကို မေးရမယ့်မေးခွန်းတစ်ခု

Photo Credit By Online

(South China Morning Post သတင်းစာမှ 2 April 2013 ရက်စွဲပါ “How much longer for us?” ask Chinese after Myanmar ends media censorship ကိုဘာသာပြန်ဆိုသည်)

အိမ်နီးချင်း မြန်မာနိုင်ငံတွင် ပုဂ္ဂလိကပိုင်သတင်းစာများ ဆယ်စုနှစ်များစွာအတွင်း ပထမဆုံးအကြိမ် ထုတ်ဝေခွင့်ပြု လိုက်ပြီးနောက် တရုတ်နိုင်ငံမှ အင်တာနက်သုံးသူများမှာ မြန်မာနိုင်ငံအပေါ် အားကျမှုနှင့်စိတ်ဝင်စားမှုများ ရှိလာကြောင်း သိရသည်။

ဧပြီလ ၁ ရက်နေ့တွင် The Voice ၊ ရွှေနိုင်ငံ၊ ပြည်ထောင်စုနေ့စဉ်နှင့် စံတော်ချိန်အမည်ရသည့် ပုဂ္ဂလိက သတင်းစာလေးစောင် မြန်မာ့သတင်းမီဒီယာ လောကထဲသို့ နေ့စဉ်ထုတ် သတင်းစာအဖြစ် ဝင်ရောက်လာခဲ့သည်။

စစ်တပ်ဦးဆောင်သော မြန်မာအစိုးရသည် မီဒီယာဆင်ဆာ တည်းဖြတ်မှုများကို ယမန်နှစ်က ပယ်ဖျက်ပေးလိုက်ပြီး အစိုးရမဟုတ်သော သတင်းစာများလွတ်လပ်စွာ ထုတ်ဝေခွင့်လည်းပေးခဲ့သည်။ ယခင်ကဆိုလျှင် ပုဂ္ဂလိကစာစောင်များအနေ ဖြင့် ထုတ်ဝေရောင်းချမှုမပြုမီ ဆင်ဆာတည်းဖြတ်သည့်ဌာနသို့ ရက်အနည်းငယ်ကြိုတင် တင်ပြကြခဲ့ရသည်ဖြစ်ရာ နေ့စဉ် ထုတ် သတင်းစာထုတ်ဝေရေးမှာ မလွယ်ကူသောကိစ္စ ဖြစ်ခဲ့သည်။

မြန်မာပြည်တွင် ထိုသို့ပုဂ္ဂလိကသတင်းစာ ထုတ်ဝေခွင့်ရရှိသည်ဟူသော အားတက်ဖွယ်ကောင်းသည့် သတင်းကို တရုတ်ပြည်တွင် သြဇာတက္ကမကြီးမားသော Beijing Times သတင်းစာက ရေးသားဖော်ပြခဲ့သလို Sina.com အမည်ရသည့် အွန်လိုင်း သတင်းဌာနတွင်လည်း ပြန်လည်ဖော်ပြခဲ့သည်။ ထိုသို့ဖော်ပြမှုကြောင့် တရုတ်စာဖတ်ပရိသတ်များထံမှ ထင်မြင် သုံးသပ်မှုများ ဖြစ်ပေါ်ခဲ့ကာ ဘေဂျင်းအစိုးရအတွက် ဂယက်ရိုက်ခတ်မှုများလည်း ဖြစ်ပေါ်ခဲ့ရသည်။

“ပုံစံကြည့်ရတာ တရုတ်နိုင်ငံဟာ မိတ်ဆွေတစ်ဦး လျော့ပါးသွားသလိုပါပဲ။ ကျွန်ုပ်တို့အနေနဲ့ မြောက်ကိုရီးယားမှာ မီဒီယာဆင်ဆာ တည်းဖြတ်မှု ရပ်ဆိုင်းပစ်လိုက်တဲ့အချိန်ထိ စောင့်ဆိုင်းသင့်ပါသလား”ဟူ၍ အင်တာနက်သုံးသူ ဘလော့ဂါ တစ်ဦးက ရေးသားသည်။

“ဒီလိုပုဂ္ဂလိကသတင်းစာတွေ လွတ်လပ်စွာထုတ်ဝေခွင့်ပြုလိုက်ပြီးနောက် မြန်မာနိုင်ငံမှာ ယမ်းပုံမီးကျအခြေအနေ တွေနဲ့အဓိကရုဏ်းတွေဖြစ်၊မဖြစ် စောင့်ကြည့်ကြရအောင်။ နောက်ဆုံးတော့မြန်မာပြည်ဟာ မိစ္ဆာလမ်းစဉ်အတိုင်းဦးတည်သွား နေတာပါ”ဟု နောက်ထပ်ဘလော့ဂါတစ်ဦးက ရေးသားပြန်သည်။ အဆိုပါမိစ္ဆာလမ်းစဉ်ဟူသည်မှာ တရုတ်သမ္မတ ဟောင်း ဟူဂျင်တောင် ပြောဆိုဖူးခဲ့သော မိန့်ခွန်းဖြစ်သည်။

၁၈ ကြိမ်မြောက် ပြည်သူ့ကွန်ဂရက်တွင် သမ္မတဟူဂျင်တောင်က တခါးပိတ် စနစ်ဟောင်းနှင့် လွတ်လပ်မှုပြုသော မိစ္ဆာလမ်းစဉ်နှစ်ရပ်စလုံးကို လက်သင့်မခံကြောင်း မိန့်ခွန်းပြောဖူးသည်။ ထိုအချိန်မှစ၍ တရုတ်ပြည်မှအင်တာနက် သုံးသူများ အကြား မိစ္ဆာလမ်းစဉ်ဟူသော အသုံးအနှုန်းကို အသုံးများလာကြသည်။

အခြားသောပုဂ္ဂိုလ်များကမူ တရုတ်နိုင်ငံသားများအနေဖြင့် တရုတ်နိုင်ငံ၏ ဖွဲ့စည်းပုံအခြေခံဥပဒေတွင် ဖော်ပြထား သည့်အတိုင်း သတင်းစာထုတ်ဝေခွင့်ရှိသည်ဟု မှတ်ချက်ပြုကြပြန်သည်။ သို့သော် ပကတိအနေအထားတွင် တရုတ် နိုင်ငံ သားများ သတင်းစာထုတ်ဝေခွင့်ကို ကန့်သတ်ပိတ်ပင်ထားပြီး ဖွဲ့စည်းပုံအခြေခံဥပဒေပါ  အခွင့်အရေးကိုလည်း ခံစားခွင့် မရ ရှိကြပေ။

“ယခုလို လွတ်လပ်စွာပုံနှိပ်ထုတ်ဝေခွင့်ဆိုတာ တရုတ်နိုင်ငံသားတွေရဲ့ စစ်မှန်တဲ့အိပ်မက်တစ်ခုပါပဲ”ဟု အင်တာနက် သုံးသူတစ်ဦးက ရေးသားသည်။

အဆိုပါ အိပ်မက်သည် တရုတ်ပြည်မှ Southern Weekly စာစောင်အယ်ဒီတာများ ဖော်ထုတ်ခဲ့သော အိပ်မက် တစ်ခုလည်းဖြစ်သည်။ တရုတ်နှစ်သစ်ကူး အချိန်ကာလတွင် ထုတ်ဝေခဲ့သော ယင်းစာစောင်၏ အယ်ဒီတာ့အာဘော်တွင် “ဖွဲ့စည်းပုံအခြေခံဥပဒေ ကျင့်သုံးရေးဟူသည့် တရုတ်တွေ၏အိပ်မက်မှာ ဆင်ဆာတည်းဖြတ်ခံခဲ့ရသည်။ ယင်းအိပ်မက်မှာ ကွန်မြူနစ်ပါတီကို ချီးမွမ်းထောပနာပြုစရာ အရာတစ်ခုအဖြစ် အစားထိုးအသုံးပြု ခံလိုက်ရသည်။ သူတို့အဆိုအရ ကျွန်ုပ်တို့ သည် ကျွန်ုပ်တို့၏ အိပ်မက်များနှင့် ယခင်ကထက်ပင် ပို၍နီးကပ်လာသည်ဟုဆိုသည်”ဟု ရေးသားဖော်ပြသည်။

တရုတ်သတင်းစာဆရာများ၊ အယ်ဒီတာများနှင့် အင်တာနက်သုံးသူဘလော့ဂါများမှာ Southern Weekly စာစောင် နှင့် ပူးပေါင်းကာ ကွန်မြူနစ်ပါတီ၏ ဆင်ဆာတည်းဖြတ်မှုကို ကန့်ကွက်ဆန္ဒပြခဲ့ကြသည်။ သို့သော် နောက်ပိုင်းတွင် တရုတ် နိုင်ငံခြားရေးဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူတစ်ဦးက မီဒီယာဆင်ဆာတည်းဖြတ်မှုမှာ မည်သည့်အချိန်ကမျှ မရှိခဲ့ကြောင်း ငြင်းဆိုခဲ့သည်။

မြန်မာနိုင်ငံတွင် ဆင်ဆာတည်းဖြတ်မှု ဖျက်သိမ်းလိုက်ခြင်းကြောင့် အချို့သော ပြည်ပရောက် သတင်းဌာနများမှာ မြန်မာပြည်တွင်းသို့ တဖြည်းဖြည်းချင်း သတိကြီးစွာဖြင့် ပြန်လည်ဝင်ရောက်လာကြသည်။

မြန်မာသတင်းစာ ဆရာအများစုမှာ ရန်ကုန်မြို့တွင်နာမည်ဆိုးဖြင့် ကျော်ကြားနေသော အင်းစိန်အကျဉ်း ထောင်တွင်းနှစ်ပေါင်းများစွာ ဖမ်းဆီးချုပ်နှောင်ခံခဲ့ကြရသည်။ သို့အတွက်ကြောင့် အများစုမှာ အစိုးရနှင့်ပတ်သက်၍ အကောင်းမြင်သဘောမျိုး ပြောဆိုမှုများအပေါ် အလွန်သတိထားလျက်ရှိကြသည်။ မြန်မာပြည်သို့ ပြန်လာမည့် ကိစ္စကိုလည်း အလွန်အမင်း စိုးရိမ်လျက်ရှိကြသည်။ သို့သော် လတ်တလောဖြစ်ပေါ်နေသော ဖြစ်ရပ်များက ယင်းစိုးရိမ်ပူပန်မှုများကို လျော့ ကျစေလျက်ရှိသည်။ သတင်းသမားများအနေဖြင့် မြန်မာပြည်တွင်းမှ လွတ်လပ်စွာ သတင်းရေးသားပေးပို့ နိုင်သည်ဟု သတင်းစာဆရာ အတော်များများက ဆိုလာကြသည်။

စစ်အစိုးရဆန့်ကျင်ရေး သတင်းမီဒီယာတစ်ခုဖြစ်သော Irrawaddy မှာမူနှစ်ပေါင်း ၂၀ ကျော်ကြာ ပြည်ပတွင်အခြေ စိုက်ခဲ့ပြီးနောက် ယမန်နှစ် ဒီဇင်ဘာလကစတင်၍ မြန်မာနိုင်ငံတွင် သတင်းဌာနခွဲဖွင့်လှစ်ကာ သတင်းရေးသားမှုများ ပြုလုပ် ခဲ့သည်။

ပုဂ္ဂလိကသတင်းစာထုတ်ဝေခွင့် လိုင်စင်ရရှိထားသူ ဒါဇင်နှင့်ချီ၍ရှိသော်လည်း ဧပြီလ ၁ ရက်နေ့တွင် သတင်းစာ လေးစောင်သာထုတ်လုပ်မှုဆိုင်ရာ စိန်ခေါ်မှုများကိုရင်ဆိုင်ကာ ထွက်ရှိလာသည်။ သတင်းစာထုတ်ဝေမှုလုပ်ငန်းစဉ်မှာ အဆင် ပြေချောမွေ့မှုများစွာမရှိပေ။ အကြောင်းမှာ နိုင်ငံရေးအရဝင်ရောက် စွက်ဖက်မှုများမှာ လုံးလုံးလျားလျား ကွယ်ပျောက် သွားခြင်း မရှိသေးသောကြောင့်ဖြစ်သည်။

မြန်မာပြည်တွင်း ထင်ရှားသည့် သတင်းစာစောင်တစ်ခုဖြစ်သော Weekly Eleven က ပြီးခဲ့သည့် မတ်လအတွင်း နေ့စဉ်ထုတ် သတင်းစာအတွက် လိုင်စင်လျှောက်ထားခဲ့သော်လည်း ငွေကျပ် ၁၀၀ ပေးသွင်းရန် ပျက်ကွက်ခဲ့သည့် အတွက် ပယ်ချခံခဲ့ရသည်ဟု သတင်းများထွက်ပေါ်ခဲ့သည်။

မြန်မာနိုင်ငံတွင် တရုတ်ဘာသာစကားပြောဆိုသူ ၂ သန်းမှ ၃ သန်းအထိရှိနေသော်လည်း ရွှေဇာမဏီအမည်ရသည့် တရုတ်ဘာသာဖြင့်ထုတ်ဝေသော အပတ်စဉ်ဂျာနယ်အနေဖြင့် သတင်းစာထုတ်ဝေမည်ဟု ကြေညာခြင်းမရှိသေးပေ။                  


မြန်မာသည် ရိုဟင်ဂျာများသို့ အကူအညီပေးခြင်းကို ပိတ်ဆို့ထား

(29 March 2013 ရက်စွဲပါ The Nation မှ Myanmar accused of blocking aid to Rohingya ကို ဘာသာပြန်ဆိုသည်)

Photo Credit By The Nation

ကြာသပတေးနေ့က နိုင်ငံတကာလူ့အခွင့်အရေး လေ့လာစောင့်ကြည့်ရေးအဖွဲ့က မြန်မာအစိုးရသည် စနစ်တကျ ဖြင့် လူသားချင်းစာနာမှု အကူအညီများကို တားမြစ်ခြင်းနှင့် ရခိုင်ပြည်နယ်တွင် ရိုဟင်ဂျာများအပေါ် ခွဲခြားဆက်ဆံထားသော မူဝါဒများ ချမှတ်ထားခြင်းများ ပြုလုပ်သည်ဟု စွပ်စွဲပြောဆိုခဲ့သည်။

နယူးယောက်အခြေစိုက် လူ့အခွင့်အရေးလေ့လာ စောင့်ကြည့်ရေးအဖွဲ့သည် မြန်မာအစိုးရအား ရိုဟင်ဂျာများသို့ လူသားချင်းစာနာမှုဆိုင်ရာ အေဂျင်စီများကပေးပို့မည့် အကူအညီများအား တားဆီးထားခြင်းများကို ခွင့်ပြုပေးရန်၊ ခွဲခြား သတ်မှတ်ပေးထားသော နေရာများအား အဆုံးသတ်ပေးရန်၊ ထိုသို့သောနေရာများသို့ ရွှေ့ထားခြင်းခံရသော ရိုဟင်ဂျာများ ကို မူလနေထိုင်ရာနေရာသို့ ပြန်လည်ပြောင်းရွှေ့ရန် အစီအစဉ်ချမှတ်ရှေ့ဆက် ဆောင်ရွက်ရန်တို့ကို တောင်းဆိုလိုက်သည်။

“မြန်မာအစိုးရရဲ့ ရိုဟင်ဂျာတွေအပေါ် အကူအညီတွေကို ကန့်သတ်ထားခြင်းဟာ မိုးတွင်းရောက်တဲ့အခါ ကပ်ဘေး ဆိုက်မှုတွေဖြစ်လာမယ့် လူသားဆိုင်ရာ အကျပ်အတည်းဒုက္ခများကို ဖန်တီးသလိုဖြစ်နေပါတယ်။” လူ့အခွင့်အရေး စောင့် ကြည့်ရေး မှ အာရှဆိုင်ရာ လက်ထောက်ဒါရိုက်တာ ဖီးလ်ရောဘတ်ဆန်က ပြောကြားခဲ့သည်။

“ပြဿနာကို ကိုင်တွယ်တဲ့နေရာမှာ မြန်မာခေါင်းဆောင်တွေဟာ ရိုဟင်ဂျာတွေကို နေရပ်ပြန်ဖို့ကို စီစဉ်ဖို့ထက် သူတို့ကို ခွဲခြားသတ်မှတ်ထားတဲ့ ဒုက္ခသည်စခန်းတွေမှာထားဖို့ ထက်သန်နေပုံရတယ်”ပာု ပြောကြားသည်။

၂၀၁၂ ဇွန်လက ရခိုင်လူမျိုးစုများ၏ အကြမ်းဖက်လှုပ်ရှားမှုများဖြစ်ပေါ်ခဲ့ပြီး ထိုအချိန်တည်းက လုံခြုံရေးဆိုင်ရာ အာဏာပိုင်အဖွဲ့အစည်းများနှင့် အစိုးရအရာရှိများအပါအဝင်က မြန်မာနိုင်ငံအနောက်ဘက် ရခိုင်ပြည်နယ်မှ ရိုဟင်ဂျာနှင့် ကမန် ၁၂၅၀၀၀ ခန့်အား ရွှေ့ပြောင်းထားခဲ့ကြသည်ဟု လူ့အခွင့်အရေးစောင့်ကြည့်ရေးအဖွဲ့မှ သိရသည်။ ရိုဟင်ဂျာသိန်း နှင့်ချီ၍ လူသားဆိုင်ရာအကူအညီများ လုံလောက်စွာမရှိဘဲ သီးသန့်ဖယ်ထုတ်ခံ လွန်စွာညစ်ပတ်နေသော ရွှေ့ခံထားရသည့် ဒုက္ခသည်စခန်းများထဲတွင် ကာကွယ်နိုင်သော သေဆုံးမှု မည်မျှရှိမှန်းမသိဖြစ်နေတော့သည်။

အစိုးရ အာဏာပိုင်များကလည်း ဒုက္ခသည်စခန်းများအား စောင့်ကြပ်နေပြီး ဒုက္ခသည်များကို သူတို့၏ဘဝနေထိုင်မှု အပေါ် ဆိုးဝါးစွာသက်ရောက်မှုရှိနေသော ထိုစခန်းမှထွက်သွားခွင့်လည်း မပြုထားကြောင်း လူ့အခွင့်အရေး စောင့်ကြည့်ရေး အဖွဲ့က ပြောကြားသည်။

လူ့အခွင့်အရေး စောင့်ကြည့်ရေးအဖွဲ့သည် ရခိုင်ပြည်နယ်စစ်တွေမြို့နယ်မှ အဓိကကျသော ပြည်တွင်း ရွှေ့ပြောင်း ခံဒုက္ခသည်စခန်းများသို့ သွားရောက်လည်ပတ်ခဲ့သကဲ့သို့ ရေကြောင်းတစ်လျှောက်ရှိ ကမ်းရိုးတန်းနှင့် ကမ်းရိုးတန်းအတွင်း ပိုင်းမှ မှတ်ပုံတင်မထားသော မြောက်ဦးမြို့နယ် ရွှေ့ပြောင်းခံဒုက္ခသည် စခန်းများသို့လည်း ရောက်ရှိခဲ့ကြောင်း၊ ထိုနေရာ တွင်လည်း ဒုက္ခသည်ရိုဟင်ဂျာများစွာ ကျန်ရှိနေကြောင်း ယင်းအဖွဲ့ကဆိုသည်။ ရွှေ့ပြောင်းခံ ရိုဟင်ဂျာနှင့် ရိုဟင်ဂျာ မဟုတ်သောမူဆလင်များသည် ရခိုင်ပြည်အနှံ့ရှိ မြို့နယ် ၁၃ ခုတွင်ရှိနေကာ အဓိကစခန်းကြီး ၁၅ ခုမှာမူ ပြည်နယ်မြို့တော် စစ်တွေတွင်တည်ရှိသည်။

“ရခိုင်ပြည်နယ်က ဒုက္ခသည်စခန်းတွေရဲ့ ဆိုးဝါးတဲ့လူသားဆိုင်ရာ အခြေအနေတွေကို အစိုးရအနေနဲ့ အခက် မတွေ့သလိုနေနေပါတယ်။ ဒါပေမယ့် မလိုလားအပ်ဘဲ သေဆုံးမှုတွေအတွက်တော့ အစိုးရမှာ တာဝန်ရှိပါလိမ့်မယ်” ဟု ရောဘတ်ဆန်က ပြောသည်။ “မြန်မာအစိုးရအနေနဲ့ ဒီဒုက္ခအကျပ်အတည်းတွေကို ဖြေရှင်းဖို့ အစီအစဉ်တစ်ရပ်ချမှတ်ဖို့ကို သက်ဆိုင်ရာ အလှူရှင်နိုင်ငံတွေက တောင်းဆိုနေတယ်။ ဘာဖြစ်လို့လည်းဆိုတော့ ဒုက္ခရောက်နေတဲ့ အခြေအနေတွေဟာ ဒီအတိုင်းဆက်သွားရင် ပိုဆိုးဖို့ပဲ ရှိလို့ပါ”ပာု ၎င်းကဆက်လက်ပြောကြားသည်။

လူသားချင်းစာနာမှုဆိုင်ရာအေဂျင်စီများက ထပ်ခါတလဲလဲ တောင်းဆိုနေသော်လည်း မြန်မာအစိုးရက ရိုဟင်ဂျာနှင့် ကမန် မူဆလင်များအတွက် ပြန်လည်နေရာချထားရန် လုံလောက်သော မြေနေရာချပေးခြင်းကို ပိတ်ပင်နေဆဲဖြစ်သည်ဟု လူ့အခွင့်အရေး စောင့်ကြည့်ရေးအဖွဲ့ကဆိုသည်။ မတ်လ ၁၈ ရက်နေ့တွင် ဥရောပကော်မရှင်က လယ်ကွင်းများနှင့် သဲသောင်ပေါ်တွင် နေနေရသော ပြည်တွင်းရွှေ့ပြောင်းခံ ဒုက္ခသည်များအား ပိုမိုလုံခြုံစိတ်ချရသော နေရာများသို့ လာမည့် သီတင်းပတ်များအတွင်း မရွှေ့ပြောင်းပါက လူသားဆိုင်ရာ ကပ်ဘေးဒုက္ခနှင့် ရင်ဆိုင်ရဖွယ်ရှိသည်ဟု သတိပေးခဲ့သည်။

ထိုအချိန်တွင် မြန်မာသမ္မတ ဦးသိန်းစိန်က ကြာသာပတေးနေ့၌ပြင်းထန်သော ဗုဒ္ဓဘာသာ-မူဆလင် အဓိကရုဏ်း ၏ ရိုက်ခတ်မှုအပြီးတွင် ဘာသာရေးအစွန်းရောက်များအား ပြင်းထန်စွာတုံ့ပြန်မည်ဟု ယခင်စစ်အုပ်ချုပ်ရေး နိုင်ငံအတွင်း ကတိပြု ပြောကြားလိုက်သည်။

မတ်လ ၂၀ ရက်နေ့က လောလောလတ်လတ်ဖြစ်ပွားသော ဘာသာရေးအဓိကရုဏ်းတွင် အနည်းဆုံး လူ ၄၀ သေဆုံးကာ ဘာသာရေးအဆောက်အဦးများ မီးရှို့ခံရသည့်ဖြစ်စဉ် မြန်မာနိုင်ငံအလယ်ပိုင်းရှိ မြို့များတွင်ဖြစ်ပွားခဲ့ပြီး အစိုးရ က အချို့နေရာများ၌ အရေးပေါ်အခြေအနေနှင့် ညမထွက်ရ(ကာဖျူး)အမိန့်ကို ချက်ချင်းထုတ်ပြန်ခဲ့ရသည်။

“မွန်မြတ်တဲ့ ယုံကြည်ကိုးကွယ်မှုကို ခုတုံးလုပ်ပြီးအလွဲသုံးတဲ့ အယူသီးအစွန်းရောက် လုပ်ရပ်တွေ၊ မတူညီတဲ့ ဘာသာတရားတွေအကြား အမုန်းတရားတိုးပွားအောင် လုပ်ဆောင်မှုတွေ၊ ကိုယ်ကျိုးစီးပွားနဲ့ယှဉ်တဲ့ နိုင်ငံရေး၊ စီးပွားရေး အမြတ်ထုတ် လုပ်ဆောင်မှုတွေကို  သည်းခံမှာမဟုတ်ဘူးဆိုတာ ဘာသာရေးအစွန်းရောက်များနဲ့ နိုင်ငံရေးအမြတ်ထုတ် လိုသူတွေအားလုံးကို ကျွန်တော်သတိပေးချင်ပါတယ်”ဟု ဦးသိန်းစိန်က တိုင်းပြည်သို့ပြောသော မိန့်ခွန်းတွင် ပြောကြားခဲ့ သည်။ “ကျွန်တော့်အနေနဲ့ အင်အားသုံးဖြေရှင်းရတာတွေကို မနှစ်သက်ပါဘူး၊ ဒါပေမယ့် ပြည်သူလူထုရဲ့ အသက်အိုးအိမ် စည်းစိမ်ကိုထိပါးတဲ့ လုပ်ရပ်မှန်သမျှကိုတော့ လုံးဝလက်သင့်ခံမှာမဟုတ်ဘဲ လိုအပ်လျှင် မြို့ပြအင်အားအသုံးပြုပြီး ထိထိ ရောက်ရောက် တားဆီးနှိမ်နင်းသွားမှာ ဖြစ်ပါတယ်”ဟု ဗိုလ်ချုပ်ဟောင်းက ထပ်၍ပြောကြားသွားသည်။

“အကြမ်းဖက်မှု လုပ်ဆောင်သူတွေအားလုံးကို တရားဥပဒေစိုးမိုးမှုအောက်မှာ အပြည့်အဝအရေးယူ ဆောင်ရွက် သွားမှာဖြစ်ပါတယ်”ဟုလည်း ပြောကြားသွားသည်။

ယင်း အကြမ်းဖက်မှုမှာ ရွှေဆိုင်အရောင်းအဝယ်မှ အစပြုခဲ့ပြီး ဘာသာရေးအဓိကရုဏ်း အသွင်အရှိန်မြှင့်လာကာ ဘာသာရေး အဆောက်အအုံများ မီးရှို့ခံရပြီး အိမ်များလည်း ဖျက်ဆီးခံရကာ လမ်းပေါ်တွင် မီးကျွမ်းနေသော အလောင်းများ ကျန်နေခဲ့သည်။ မျက်မြင်သက်သေများကမူ အကြမ်းဖက်မှုအများစုမှာ ကောင်းစွာစီစဉ်ဖွဲ့စည်း ထားပုံရသည်ဟု ပြောကြားကြ သည်။

ဦးသိန်းစိန်က ပဋိပက္ခများသည် အမည်မသိလူတစ်စုက အခြေအနေများ ဆိုးဝါးစွာဖြစ်ပွားအောင် အကြမ်းဖက် မှုများကို နိုင်ငံ၏ အခြားနေရာများတွင် လျှို့ဝှက်ဆောင်ရွက်ရန် ကြိုးစားနေသည်ဟု ပြစ်တင်စွပ်စွဲခဲ့သည်။

လုံခြုံရေးများက ဗုဒ္ဓဟူးနေ့က အကြမ်းဖက်သူများအား ဖြိုခွဲရန်အတွက် သေနတ်ပစ်ဖောက်ခဲ့ရသည်။ လူတစ်ဒါ ဇင်ခန့်ကိုလည်း ထိန်းသိမ်းခဲ့သည်။ မူဆလင်ခေါင်းဆောင်များကမူ လုံခြုံရေးများသည် တိုက်ခိုက်မှုများရပ်တန့်အောင် မဆောင်ရွက်နိုင်ခဲ့ဟုဝေဖန်ခဲ့သည်။ “ကြီးမားတဲ့ပြစ်ဒဏ်နဲ့ ထိုက်တန်တဲ့မီးရှို့မှုတွေ ရက်စက်ကြမ်းကြုတ်စွာ သတ်ဖြတ်မှုတွေ ဒီအကြမ်းဖက်ပဋိပက္ခတွေမှာ ပါဝင်တယ်”ဟု Islamic Religious Affair Council နှင့် မြန်မာနိုင်ငံရှိ  မူဆလင်အဖွဲ့များစွာ တို့က သမ္မတဦးသိန်းစိန်ထံသို့ အိတ်ဖွင့်ပေးစာ ပေးခဲ့သည်။

“ဒါပေမယ့်လည်း ဒီအခြေအနေတွေကို အာဏာပိုင်တွေက သူတို့ရှေ့မှာ ဒီလိုအကြမ်းဖက်သမားတွေက ဆူပူ သောင်းကျန်းနေတာတွေကို မြန်မြန်ဆန်ဆန် ထိထိရောက်ရောက် အရေးယူဆောင်ရွက်ဖို့ ပျက်ကွက်ခဲ့တယ်”ဟု ၎င်းက ထပ်၍ ပြောကြားခဲ့သည်။


 

မြန်မာနိုင်ငံတွင် မြေမြှုပ်မိုင်းများ ပြည့်နှက်နေ

(UPI news မှ 3 April 2013 ရက်စွဲပါ  Myanmar polluted with land mines သတင်းကို ဘာသာပြန်ဆိုသည်)

မြန်မာနိုင်ငံမှ နေရပ်စွန့်ခွာဒုက္ခသည် ၅၀၀,၀၀၀ ခန့်မှာမြေမြှုပ်မိုင်းများ၏ ခြိမ်းခြောက်မှုအန္တရာယ်ကြောင့် ၎င်းတို့၏ နေအိမ် များသို့ ပြန်ဖို့ မဖြစ်နိုင်သေးဟု ကုလသမဂ္ဂဒုက္ခသည်အေဂျင်စီက ပြောကြားလိုက်ပါသည်

နိုင်ငံမြောက်ပိုင်းနှင့် အရှေ့တောင်ပိုင်းဒေသများတွင် မြေမြှုပ်မိုင်းများ ရှိနေသောကြောင့် အိမ်မပြန်နိုင်သော ဒုက္ခ သည်များနှင့် ပြည်တွင်း အိုးမဲ့အိမ်မဲ့ဖြစ်သူအရေအတွက် လေးသိန်းခွဲကျော်သည်ဟု ကုလသမဂ္ဂဒုက္ခသည်ဆိုင်ရာ မဟာ မင်းကြီးရုံးက ခန့်မှန်းပြောကြားသည်။

“မြေမြှုပ်မိုင်းရှိနေတဲ့ ဧရိယာကိုပွင့်ပွင့်လင်းလင်း ရှင်းရှင်းလင်းလင်း မသတ်မှတ်နိုင်သေးသရွေ့တော့ ဒုက္ခသည်တွေ အိမ်ပြန်အောင် တက်တက်ကြွကြွ တိုက်တွန်းအားပေးမှုတွေ ရှိလာမှာမဟုတ်ပါဘူး”ဟု UNHCR protection office မှ မာဂျာ လာဇစ်က ဆိုပါသည်။

တိုင်းရင်းသားလက်နက်ကိုင် ၁၇ ဖွဲ့နှင့် တပ်မတော်အကြား နှစ်ပေါင်းရှည်ကြာ ပဋိပက္ခသည် မြန်မာနိုင်ငံကို မြေမြှုပ် မိုင်းများ ပြည့်နှက်သွားစေသည်ဟု ကုလသမဂ္ဂက ပြောကြားသည်။

ယခုအခါ မြန်မာနိုင်ငံသည် တပ်မတော် အစိုးရဟောင်း၏ ဆိုးမွေကိုပယ်ဖျက်ရန် ကြိုးစားနေပါသည်။ ၂၀၁၀ ရွေးကောက်ပွဲများအပြီး စတင်ခဲ့သော ပြုပြင်ပြောင်းလဲမှုများသည် နိုင်ငံတကာ အသိအမှတ်ပြုကြိုဆိုမှုကို ရရှိနေသော်လည်း လတ်တလော ဗုဒ္ဓဘာသာ-မူဆလင် အဓိကရုဏ်းက အစိုးရသစ်၏ ပြုပြင်ပြောင်းလဲမှုများကို လောင်းရိပ်မိုးလျှက်ရှိသည်။

ကုလသမဂ္ဂက မြန်မာနိုင်ငံတွင် အမျိုးသားလုံခြုံရေးကို အာမခံနိုင်ခြင်း မရှိသေးပါက မြေမြှုပ်မိုင်းများကို ရှင်းလင်း ရန် မဖြစ်နိုင်သေးဟု ပြောကြားပါသည်။

မြေမြှုပ်မိုင်းချထားမှု အတိုင်းအတာကိုမသိခင် နှစ်ပေါင်းတော်တော်ကြာသွားနိုင်သည်ဟု မိုင်းရှင်းလင်းရေးအဖွဲ့များ က ဆိုပါသည်။

“မိုင်းရှင်းလင်းရေး လုပ်ငန်းစဉ်ဟာ ပဋိပက္ခအုပ်စုတွေအားလုံးရဲ့ သဘောတူညီမှု၊ ပူးပေါင်းဆောင်ရွက်မှု၊ ထောက်ခံ အားပေးပံ့ပိုးမှုတွေကို လိုအပ်ပါတယ်”ဟု လာဇစ်က ပြောကြားသည်။


 


Google Drive: create, share, and keep all your stuff in one place. Logo for Google Drive