Transparency Myanmar

transparency.myanmar@gmail.com

INTERNATIONAL MEDIA (2)
Document

Snapshot of the item below:
INTERNATIONAL MEDIA (2)

နိုင်ငံတကာသတင်းများ (၂)

စွမ်းအင်ပြဿနာသည် မြန်မာနိုင်ငံအတွက် ဝန်ပိနေသော စိမ်ခေါ်မှုဖြစ်နိုင် 

( Channel News Asia မှ 7  June  2013  ရက်စွဲပါ “ Energy Seen as Pressing Issue  For Myanmar ”  သတင်းကို ဘာသာပြန်ဆိုသည်။  )


စွမ်းအင်ပြဿနာသည် မြန်မာနိုင်ငံအတွက် ဝန်ပိနေသော စိမ်ခေါ်မှုဖြစ်နိုင် 

( Channel News Asia မှ 17 June  2013  ရက်စွဲပါ “ Energy Seen as Pressing Issue  For Myanmar ”  သတင်းကို ဘာသာပြန်ဆိုသည် )

မြန်မာနိုင်ငံ၏ များများစားစားမထုတ်ယူရသေးသော ရေနံဓာတ်ငွေ့ကဏ္ဍတံခါး ဖွင့်လှစ်မှုကို နိုင်ငံတကာ စွမ်းအင် ကုမ္ပဏီကြီးများက စိတ်အားထက်သန်စွာ  မျှော်လင့်နေကြသည်။

မြန်မာနိုင်ငံသည် နိုင်ငံတကာရေနံကုမ္ပဏီကြီးများ၏ စိတ်ဝင်စားမှုကို ဆွဲဆောင်ခဲ့ပြီးနောက်တွင် ၄င်း၏ ကမ်းလွန် ရေနံဓာတ်ငွေ့လုပ်ကွက်သစ် ၃၀ အတွက် တင်ဒါခေါ်ယူနေပြီဖြစ်သည်။

သို့ရာတွင် မြန်မာအစိုးရအနေဖြင့် စွမ်းအင်ရင်းမြစ်များကို တံခါးဖွင့်ပေးလိုက်သည့်တိုင်အောင် ၄င်း၏ ပြည်သူများ အား ပုံမှန်ဓါတ်အားဖြည့်ဆည်းပေးရန် အာမခံဖို့ လိုအပ်ပါသည်။

လောလောဆယ်တွင် ရေတိုအနေဖြင့် လေအားလျှပ်စစ်နှင့်   နေစွမ်းအင်သုံးလျှပ်စစ်ကဲ့သို့သော ပြန်လည်ပြည့်ဖြိုးမြဲ စွမ်းအင်အသုံးပြုမှုသို့ ကူးပြောင်းရန်  အာရှဖွံ့ ဇြိုးရေးဘဏ်  ADB   ကအကြုံပြုထားသည်။

စီးပွားရေး ပြိုလဲ၊ လှောင်ပိတ်မိနေသော မြန်မာနိုင်ငံတွင် လူဦးရေ ၇၀ ရာခိုင်နှုန်းသည် ကျေးလက်ဒေသများတွင် နေထိုင်ကြပြီး ၊ လျှပ်စစ်ဓါတ်အားရရှိနိုင်မှုသည် ဇိမ်ခံပစ္စည်းသဖွယ်ဖြစ်နေသည်။

ထို့ကြောင့်ပင် စွမ်းအင်ကဏ္ဍကို မြန်မာနိုင်ငံအတွက် အကြီးမားဆုံး စိမ်ခေါ်မှုတစ်ခုအဖြစ်  ADB        အစီရင်ခံစာတွင် သတ်မှတ်ထားခြင်း ဖြစ်သည်။

သို့သော် မြန်မာနိုင်ငံတွင် လျှပ်စစ်စွမ်းအား ဖြည့်ဆည်းပေးရန် ပြည်စုံသော ဓါတ်အားလိုင်း ကွန်ယက်စနစ် မရှိသောကြောင့် အခြားရေတိုနည်းလမ်းများကို စဉ်းစားဖို့ လိုနေပါသည်။

 ADB   ၏ အရှေ့တောင်အာရှ ဒုတိယ ဥက္ကဋ္ဌ စတီဗင်ဂရော့ဖ်က “  ကျွန်တော် စဉ်းစားမိတဲ့ အရာကတော့ မိုဘိုင်း ဖုန်းနဲ့ ကြိုးဖုန်းသဘောတရားပါပဲ။ သမိုင်းကြောင်းအရ ခင်ဗျားရဲ့ တယ်လီဖုန်းအတွက် ကေဘယ်ကြိုး တစ်ချောင်း လိုခဲ့ပေ မယ့် မိုဘိုင်းဖုန်းနည်းပညာကို ခုန်ကူးနိုင်ခဲ့တာကို တွေ့ရပါလိမ့်မယ်။ ဒါကြောင့် မြန်မာနိုင်ငံရဲ့ စွမ်းအင်ပြဿနာကို ဖြေရှင်းတဲ့ အခါမှာလည်း ဒီလိုဖြစ်နိုင်ခြေ အလားအလာ မျိုးရှိတယ်လို့ ကျွန်တော်စဉ်းစားမိပါတယ် ”ဟု ပြောကြားသည်။

မြန်မာနိုင်ငံဒေသအချို့တွင် စမ်းသပ်နေသော နေစွမ်းအင်သုံး စွမ်းအင်စီမံကိန်းများသည် ရေရှည်အသုံးတဲ့ နိုင်ဖွယ် ရှိသည်ဟု အချို့က ဆိုပါသည်။ သို့သော် မြန်မာနိုင်ငံသည် အမြဲတမ်းစွမ်းအင်နည်းလမ်းများကို ပိုမိုလိုအပ်နေဆဲဖြစ် သော ကြောင့် အလယ်အလတ် အချိန်ကာလအတွက် မှီခိုရန် မဖြစ်နိုင်ပါ။

 KPMG        မှ အာရှပစိဖိတ် အကြီးအကဲ ဆာရာနာရာယမ် ရာမာမူသီက “ စီးပွားရေးရှုထောင့်က ကြည်ရင့် တွေ့မြင် ရမယ့်အမှန်တရားကတော့ ဒီလိုစွမ်းအင်ရင်းမြစ်တွေကို ပမာဏကြီးမားစွာ တပ်ဆင်တဲ့အခါ ရင်ဆိုင်ရမယ့် ကုန်ကျစရိတ် အခက်အခဲပဲ ဖြစ်ပါတယ်။ဒီလို့ ရင်းနှီးမြှုပ်နှံဖို့  လိုအပ်နေတဲကိစ္စကို ပမာဏအကြီးစား တပ်ဆင်တဲ့အခါမှာ ကုန်ကျစရိတ် ခံနိုင်ဖို့  လိုပါတယ်” ပြောကြားသည်။

ကျွမ်းကျင်ပညာရှင်များကမူ ဓါတ်ငွေ့ ရင်းမြစ်ကြွယ်ဝသော မြန်မာနိုင်ငံအနေဖြင့် ဓါတ်အားမလုံလောက်မှု ပြဿနာ ကို ဖြေရှင်းရာတွင် တိကျမှန်ကန်သော စည်းမျဉ်းစည်းကမ်းဘောင်ကို ရေးဆွဲကာ အမျိုးသားစွမ်းအင်မဟာဗျုဟာသစ်ကို အကောင်အထည်ဖော်ခြင်းဖြင့် ရိုးရိုးရှင်းရှင်း လုပ်ဆောင်နိုင်ကြောင်း သုံးသပ်ပြောဆိုပြောဆိုထားကြသည်။

 



Google Drive: create, share, and keep all your stuff in one place. Logo for Google Drive

INTERNATIONAL MEDIA (1)
Document

Snapshot of the item below:
INTERNATIONAL MEDIA (1)

ဘာသာပြန်သတင်းများ

  1. မြန်မာနိုင်ငံသား ၁၈၉ ဦးကို တရားမဝင် ဝင်ရောက်မှုဖြင့် တရားစွဲဆိုတော့မည်

(The Star News မှ 17 June 2013 ရက်စွဲပါ “189 to be charged with illegal entry” သတင်းကို ဘာသာ ပြန်ဆိုသည်)

  1. မန်မာနိုင်ငံ၏ မိတ်ဆွေဟောင်း တရုတ်ကတော့ စဉ်းစားရင်း ကျန်ခဲ့ပြီ

(17   June   2013   ရက်စွဲပါ  Financial   Times  မှ  Jamil Anderlini ရေးသားသော  Myanmar‘s Old Friend China   is Left Wondering Where it won’t wrong ကို ဘာသာပြန်ပါသည်)


မြန်မာနိုင်ငံသား ၁၈၉ ဦးကို တရားမဝင် ဝင်ရောက်မှုဖြင့် တရားစွဲဆိုတော့မည်

( The Star News မှ 17 June 2013 ရက်စွဲပါ “ 189 to be charged with illegal entry” သတင်းကိုသာပြန်ဆိုသည်။)

မြန်မာနိုင်ငံသား ၅၀ ခန့်သည် မလေးရှားသို့ တရားမဝင်ခိုးဝင်မှုနှင့် ဆီပန်းရှိတရားရုံး တွင် ယနေ့ တရားစွဲဆို ခံရဖွယ်ရှိပါသည်။

နောက်ထပ် ၁၃၉ ဦးကိုလည်း လူဝင်မှု ကြီးကြပ်ရေးဥပဒေ အခန်း ၆ - ၁ (ဂ)အရ အလားတူပြစ်မှုဖြင့် မနက်ဖြန် တရားစွဲဆိုမည်ဖြစ်သည်။ ၎င်းဥပဒေအရ ထောင်ဒဏ်အပြင် ဒဏ်ငွေ ရင်းဂစ် ၁၀,၀၀၀ နှင့်ကြိမ်ဒဏ် ၆ ချက်ပြစ်ဒဏ် ချမှတ်ခံရ နိုင်သည်ဟု သိရသည်။

၎င်း မြန်မာနိုင်ငံသား ၁၈၉ ဦးစလုံးကို ၎င်းတို့၏ ဇာတိနိုင်ငံသို့ ပြန်ပို့မည်ဟု ကွာလာလမ်ပူ လူဝင်မှုကြီးကြပ် ရေးအကြီးအကဲ ဂျိမ်းမူဆာဆီဂါ ကပြောကြားခဲ့သည်။

မြန်မာနိုင်ငံသားများအကြား လူမျိုးကွဲ (ဗမာနှင့်ရိုဟင်ဂျာ) ပဋိပက္ခရန်ပွဲများ ဖြစ်ပွား ခဲ့ခြင်းကြောင့် ဇွန်လ ၇ ရက်တွင် မြန်မာနိုင်ငံသား ၁၀၀၀ ခန့်ကို ရဲတပ်ဖွဲ့က ခေါ်ယူ စစ်ဆေးခဲ့သည်။

သို့သော် UNHCR ကဒ်ပြားအတုနှင့် အထောက်အထားအတု ကိုင်ဆောင်ကြောင်း သံသယရှိသူများကိုစာ ဆက်လက်ဖမ်းဆီးထားသည်။

“သူတို့ကို သီးခြားစီတရားစွဲဆိုဖို့ ကျွန်တော်တို့ ဆွေးနွေးနေပါတယ်။ ဒါပေမဲ့ ဒီနေရာ၊ ဟိုနေရာ ခွဲနေဖို့အကြောင်း မရှိဘူး။ ကျွန်တော်တို့ဥပဒေက ရှင်းလင်းပြတ်သားသလို၊ သူတို့ပြစ်မှုကလည်း ထင်ရှားနေပါတယ်။ ဒါကြောင့်သူတို့ကို တရားစွဲပြစ်ဒဏ်ချပြီး သူတို့နိုင်ငံကို ပြန်ပို့လိုက်မှာပါ” ဟု မူဆာဆီဂါ ကပြောကြားသည်။

UNHCR ပြောရေးဆိုခွင့်ရှိသူ ယမ်တီအစ္စမေးလ် က မိမိတို့ UNHCR ဌာနအနေဖြင့် ဥပဒေအကြံပေးများ စေလွှတ်၍ ၎င်းတို့တွင် တရားဝင်ဒုက္ခသည်အထောက်အထားရှိမရှိ စုံစမ်းစစ်ဆေးမည်ဟု ပြောကြားသည်။

“ဖမ်းဆီးမှုတွေ ပြုလုပ်ပြီးနောက်ပိုင်းမှာ UNHCR အထောက်အထားအတုကိုင်ဆောင် ထားတဲ့ မြန်မာနိုင်ငံ သားတွေနဲ့ တွေ့ခွင့်မရသေးပါဘူး။ တကယ်လို့ နိုင်ငံတကာ အကာ အကွယ်ပေးမှုကို လိုအပ်ကြောင်းတွေ့ရှိရတယ်ဆိုရင် ကြိမ်ဒဏ်နဲ့ ပြည်နှင်ဒဏ်ကို တားဆီးဖို့အတွက် ပြစ်ဒဏ်လျှော့ပေါ့အောင် ကျွန်တော်တို့ ဥပဒေအကြံပေးတွေက ကြိုးစားကြ မှာပါ” ဟု ယမ်တီအစ္စမေးလ် ကဆိုပါသည်။

“ကျွန်တော်တို့ရဲ့ လုပ်ထုံးလုပ်နည်းထုံးစံကတော့ တကယ်လို့ သူတို့အနေနဲ့ နိုင်ငံတကာ ကာကွယ်ပေးမှုကို လိုနေ တယ်။ ဒါပေမယ့် ကျွန်တော်တို့ဆီမှာ မှတ်ပုံမတင်ရသေးဘူး ဆိုရင် UNHCR ကသူတို့ လွှတ်မြောက်အောင် ဆောင်ရွက်မှာပါ။ ဒါကြောင့် သူတို့ရဲ့ ဒုက္ခသည်အထောက်အထားကို စုံစမ်းစစ်ဆေးရမှာ ဖြစ်ပါတယ်” ဟု ယမ်တီအစ္စမေးလ် က အီးမေးလ်ဖြင့် ရှင်းလင်းပြောကြားသည်။


မြန်မာနိုင်ငံ၏ မိတ်ဆွေဟောင်း တရုတ်ကတော့ စဉ်းစားရင်း ကျန်ခဲ့ပြီ

(17   June   2013   ရက်စွဲပါ  Financial   Times  မှ  Jamil Anderlini ရေးသားသော  Myanmar‘s Old Friend China   is Left Wondering Where it won’t wrong ကို ဘာသာပြန်ပါသည်)

မြန်မာနိုင်ငံ၏ ထူးဆန်းသောမြို့တော် နေပြည်တော်ရှိ တောက်ပသည့် ကွန်ဗက်ရှင်းစင်တာကို မတွေ့ဘဲ မျက်စိလျှမ်းသွားဖို့ မဖြစ်နိုင်ပေ။ ၄င်းကို လွန်ခဲ့သော နှစ်အနည်းငယ်က တရုတ်နိုင်ငံပိုင် ဆောက်လုပ်ရေး ကုမ္ပဏီတစ်ခုက စစ်အစိုးရသို့ နှစ်နိုင်ငံ ချစ်ကြည်ရေး အထိမ်းအမှတ်အဖြစ် ဆောက်လုပ်လှူဒါန်းခဲ့ခြင်း ဖြစ်ပါသည်။

သို့သော် ယခုလ အစောပိုင်းတွင် အဆိုပါစင်တာ၌ ကမ္ဘာတစ်ဝှမ်းမှ အမှုဆောင် ( ၉၀၀ )ကျော်သည် မြန်မာနိုင်ငံ၌ ပထမဆုံး ကျင်းပသော ကမ္ဘာ့စီးပွားရေးဖိုရမ်သို့ တက်ရောက်လာကြရာ တရုတ်မှတက်ရောက်ခြင်း မရှိသည်ကို အလွယ်တ ကူ တွေ့နိုင်ပါသည်။ တရားဝင်  WEF  စာရင်းအရ ၊ တရုတ်ပြည်မကြီးမှ ( ၁၆ ) ဦးသာ ပါဝင်သည်ကို တွေ့ရပါသည်။

တရုတ်ပြည်သူ သမ္မတနိုင်ငံ ထူထောင်ပြီးနောက် ဆယ်စုနှစ်များစွာ အမေရိကန်နိုင်ငံခြားရေးမူဝါဒတွင် အမြဲတစေ စဉ်းစားစေခဲ့သော မေးခွန်းမှာ “တရုတ်ကို မည်သူ ဆုံးရှုံးခဲ့သနည်း”ဟူသော မေးခွန်းဖြစ်ခဲ့ပါသည်။

ယနေ့အချိန်အခါတွင်  Beijing  အတွက် တရုတ်အရာရှိကြီးများနှင့် ကွန်မြူနစ်ပါတီ သြဇာရှိသူများမေးသော မေးခွန်းတစ်ခုမှာ “မြန်မာနိုင်ငံကို မည်သူဆုံးရှုံးခဲ့သနည်း” ဟူသောမေးခွန်းဖြစ်ပါသည်။

လွန်ခဲ့သည့်၂ နှစ်က တရုတ်၏ ဖောက်သည် အပယ်ခံအာဏာရှင်နိုင်ငံဖြစ်ခဲ့သော မြန်မာနိုင်ငံသည် တံခါးများဖွင့်ခဲ့ပြီး ၊ ပြောင်းလဲမှုများ၊ ပြုပြင်ပြောင်းလဲမှုများ အတွက် သက်သေများကို နေရာတကာတွင် တွေ့နိုင်ပါသည်။

အနောက်ပိုင်းနိုင်ငံများ၏ အရေးယူမှု အများစုလည်း ရုတ်သိမ်းသွားခဲ့ပြီး ၊ ကမ္ဘာအနှံမှ ရင်းနှီးမြှုပ်နှံသူများသည် ဆယ်စုနှစ်များစွာ ခေတ်နောက်ကျနေသော အခြေခံအဆောက်အဦနှင့်  သန်း(၆၀)ရှိသော စားသုံးသူများကို မြှင့်တင်မည့် ဈေးကွက်အတွက်  နေရာယူရန် စိုင်းပြင်းနေကြပါသည်။

ယခုလ WEF တွင် ယခင်ဗိုလ်ချုပ်ဟောင်းများသည် မြန်မာရိုးရာဝတ်စုံကို ဝတ်လျှက် ထိုင်း၊ ဗိီယက်နမ်၊ ဥရောပ၊ အမေရိကန်၊ ဂျပန်တို့မှ  အမှုဆောင်များနှင့် ပုခုံးချင်းယှဉ်၍ စကားပြောနေကြပါပြီ။

WEF  တွင် တရုတ်တို့ လာရောက်မှု သိသာစွာ အားနည်းရခြင်းမှာ မြန်မာဝန်ကြီးနှင့် လွှတ်တော်အမတ်များ၏ ဆက်ဆံပုံ နည်းလမ်းကြောင့် ဖြစ်ပါသည်။၎င်းတို့သည် သူတို့၏ Beijing  မှ ရဲဘော်ရဲဘက်ဟောင်းများကို  အများရှေ့တွင် ဂရုပြု၍ ယဉ်ယဉ်ကျေးကျေးညွန်းဆိုသော်လည်း ၊ ပုဂ္ပလိက သိီးသန့်တွေ့ဆုံမှု များတွင် ပြင်းထန်စွာ ဝေဖန်မှုများ ရှိပါသည်။

“ကျွန်တော်တို့အနေနဲ့ တရုတ်ရဲ့ ကူညီမှုတွေကို ကျေးဇူးတင်တယ်လို့ ပြောလိုပါတယ်။ ဒါပေမယ့် အခုတော့ သွားပါတော့လို့ပဲ ပြောချင်ပါတယ်”ဟု မြန်မာဝန်ကြီးတစ်ဦး၏ အကြံပေးတစ်ဦးက ပြောပါသည်။

တရုတ်ဆောက်လုပ်ပေးခဲ့သော အဆောက်အဦး၌ ကျင်းပသော ဖိုရမ် ပထမနေ့တွင် သမ္မတ ဦးသိန်းစိန် အဖွင့်အမှာ စကားပြောကြားရာတွင် Beijing ၏  အိမ်နီးချင်းသေးငယ်ပြီး ဆင်းရဲသော နိုင်ငံများအပေါ် သြဇာလွှမ်းမိုးမှုကို ၄င်း၏ ပုဂ္ဂိုလ်ရေးခံစားချက်အရ ကြိုက်နှစ်သက်ခြင်း မရှိကြောင်း စာလုံးပါဝင်ခဲ့ပါသည်။ ဖိုရမ် ဒုတိယနေ့တွင် တရုတ်နိုင်ငံပိုင်  China  Mobile သည်    Vodafone  နှင့် ပေါင်း၍ မြန်မာနိုင်ငံတွင် တယ်လီဖုန်းဆက်သွက်ရေးအတွက် တင်ဒါဝင်ရောက် ယှဉ်ပြိုင်မှုကို မပြုလုပ်တော့ကြောင်း သတင်းများထွက်ပေါ်လာပါသည်။တရုတ်ကုမ္ပဏီမှာ တင်ဒါအောင်မြင်ရန် မျှော်လင့်ချက် မရှိကြောင်း သိရှိသွားသောကြောင့် ဖြစ်မည်။

Beijing  နှင့် နေပြည်တော်တွင် တရုတ်သည်နှစ်နိုင်ငံဆက်ဆံရေးကို ဆိုးရွားစွာ ကိုင်တွယ်ခဲ့သည်ဟု နားလည်အသိအမှတ်ပြု နေကြပါသည်။ အကြောင်းမှာ တရုတ်၏ မောက်မာမှု ၊ လှစ်လျူရှုမှုနှင့်တရုတ်ပြည်သူ့လွတ်မြောက် ရေးတပ်မတော် (PLA) ၏ အစိတ်အပိုင်းများက ဝင်ရောက်စွက်ဖက်ခြင်းများ ရောထွေးနေခဲ့မှုကြောင့် ဖြစ်ပါသည်။

PLA  သည်   မြန်မာနိုင်ငံတွင် သြဇာလွှမ်းမိုးမှု ကြီးမားပြီး စီးပွားရေးလုပ်ငန်းများတွင်လည်း ကြီးစွာ ပါဝင်ပတ် သက်လျှက်ရှိပါသည်။

နှစ်နိုင်ငံဆက်ဆံရေးအတွက် နေ့စဉ်ကိုင်တွယ်လုပ်ဆောင်မှုများကို ယူနန်ရှိ ပြည်နယ်အစိုးရနှင့် စစ်ဌာနချုပ်သို့ အာဏာရှင်အပ်နှင်းပေးထားပါသည်။ ယူနန်သည် မြန်မာနိုင်ငံနှင့် ရှည်လျားပြီး ဥပဒေစိုးမိုးမှု မရှိသည့် နယ်စပ် ပိုင်ဆိုင် ထားပါသည်။

ယခုအထိကြည့်ပါက မြန်မာနိုင်ငံနှင့် တရုတ်တို့၏ လေကြောင်းပျံသန်းမှုအားလုံးသည် ယူနန်ပြည်နယ်၏ မြို့တော် ကူမင်းမှ တဆင့်သာသွားကြရပါသည်။ မြန်မာနိုင်ငံသည် ရန်ကုန်မှ ဆိုးလ်၊ စင်ကာပူ၊ ဘန်ကောက်၊ ဟောင်ကောင်၊ ဟိုချီမင်း နှင့် အခြား မြို့ကြီးများသို့ တိုက်ရိုက်ပျံသန်းနေပါသည်။

မြန်မာဗိုလ်ချုပ်များ တဖြည်းဖြည်း ဆုံးဖြတ်ချက် ချခဲ့သော အချက်မှာ အဆင့်နိမ့်သော တရုတ်မာစတာများ၏ ကျေးဇူးကြီးမားနေသောကြောင့် အလျော့အတင်းလုပ်ရန် အကောင်းဆုံးမှာ မိမိတို့ အခြေပြုရမည့် မိတ်ဆွေပြောင်းလဲ ပစ်ရန်ဖြစ်ကြောင်း သဘောပေါက်လာသည့် အချက်ဖြစ်ပါသည်။

ဆိုလိုသည်မှာ ပြုပြင်ပြောင်းလဲရေး အစိုးရသည် Beijing  အပေါ်လုံးဝကျောခို်င်းလိမ့်မည်ဟု ပြောခြင်းတော့ မဟုတ်ပေ။

အချက်တစ်ချက်အားဖြင့်  ပိုက်လိုင်းသစ်သည်   မြန်မာနိုင်ငံမှ ဓါတ်ငွေ့များကို မကြာမီလများအတွင်း တရုတ် နိုင်ငံသို့ ပို့လွှတ်တော့မည် ဖြစ်ပါသည်။တရုတ်ကုမ္ပဏီများသည် အနောက်ပိုင်းနိုင်ငံများ၏ နှစ်ပေါင်းများစွာ  အရေးယူ မှုများကြောင့် များစွာ အသာစီးရခဲ့ပါသည်။

၎င်းတို့အနေဖြင့် အမေရိကန်၏ Fresno  မြို့ ( သို့မဟုတ် ) အင်္ဂလန်မှ   Bristol  မြို့ တစ်မြို့၏   GDP  နှင့် အတူတူသာ ရှိသည့် တိုင်းပြည်တစ်ခုကို သင်ကြားပေးရမည့်အချက်များစွာ ရှိပါသည်။

အတိုက်အခံခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည် အကြံပြုဖော်ပြသော နိုင်ငံတကာဆက်ဆံရေးကို ညဏ်ကြီးကြီး ဖြင့် ကိုင်တွယ်ရန်များ ထွက်ပေါ်လာပြီဖြစ်၍ တရုတ်အပါအဝင်  မြန်မာနိုင်ငံတွင်  ရင်းနှီးမြှုပ်နှံရန်  ပြိုင်ဆိုင်သူ များသည် ကျွမ်းကျင်သော ဟန်ချက်ညီအောင် လုပ်ဆောင်နိုင်မှု ပါဝင်ရန် လိုအပ်ပါသည်။

“အခုကတော့ စိတ်လှုပ်ရှားစွာနဲ့ ပြိုင်ဆိုင်မှုတွေ ဖြစ်နေပါတယ်။ ဒါမျိုးတော့ သိပ်ဆွဲဆောင်မှု မရှိနိုင်ပါဘူး”ဟု ဒေါ်အောင်ဆန်းစုကြည်က နေပြည်တော်မှ ဖိုရမ်တွင်  သတင်းထောက်များအား ပြောကြားခဲ့ပါသည်။

Beijing  ၏ ပြိုင်ဆိုင်မှုကြားတွင် ပျောက်ဆုံးခဲ့ရသော မိမိ၏ သြဇာများ ပြန်လည် ရရှိရန် ကြိုးပမ်းမှုမှာ ၄င်း၏ ဖောက်သည် ဟောင်းကိုဖယ်ရှားရန် မည့်သို့ စီမံနိုင်သည် ဆိုသည်နှင့် တရုတ်အတွက် မြန်မာနိုင်ငံက ပေးသော တကယ်သင်ခန်းစာများမှာ မည့်သည်များဖြစ်သည် ဆိုသည့် အချက်များ၏ ထင်ဟပ်မှုပင် ဖြစ်လိမ့်မည်။

ကံမကောင်းသည့်အချက်တစ်ခုမှာ မြန်မာနိုင်ငံ၏ နိုင်ငံရေးပြုပြင်ပြောင်းလဲမှုများနှင့်ပတ်သက်၍  ထဲထဲဝင်ဝင်ဆွေးနွေးမှုများကို တရုတ်၏ အဓိက မီဒီယာများတွင် ပိတ်ပင်ထားပြီး ဟောလိဝုဒ်၏ ဒေါ်အောင်ဆန်းစုကြည်အကြောင်း  “  The Lady ”ရုပ်ရှင်ကို တရုတ် ပြည်မကြီး   တွင်ပြသခွင့်မရပါ။

နောက်ဆုံးတွင် တရုတ်ခေါင်းဆောင်များသည် ၄င်းတို့၏ အိမ်နီးချင်းအပေါ် လျော့ပါးသွားသော ၄င်းတို့၏ သြဇာ များနှင့်ပတ်သက်၍ စိုးရိမ်ပူပန်မှု လျော့ကျသွားသည်သဘောရှိပြီး ၊ မြန်မာဒီမိုကရေစီကို နိုးထစေသည်မြန်မာ့နွေဦး သည် နယ်စပ်ကိုကျော်၍တရုတ်နိုင်ငံ ရောက်မလာရေးကို ပိုမိုပူပန်လာနေပါပြီ ။


 

 

 


Google Drive: create, share, and keep all your stuff in one place. Logo for Google Drive

Quote & Comment and News in brief
Document

Snapshot of the item below:
Quote & Comment and News in brief

သတင်းဆောင်းပါးမှ ကောက်နှုတ်ချက်များ

“အစိုးရ အနေနဲ့ အပစ်အခတ် ရပ်စဲရေး ပြုလုပ်ခဲ့ပြီးဖြစ်ပါတယ်။ ဒီကနေ့ ငြိမ်းချမ်းရေး ဘယ်လိုလုပ်ကြမလဲ။ အခုကအသက် ရှူခွင့်သာ ရပါသေးတယ်။ အသက်ရှည်ခွင့်မရသေးဘူး။ တိုင်းရင်းသား အားလုံး စုပေါင်းညီညွတ်ဖို့ လိုပါတယ်”

ဇွန်လ ၁၈ ရက်နေ့ စံတော်ချိန် နေ့စဉ်ထုတ်သတင်းစာတွင် ပါရှိသော “ငြိမ်းချမ်းရေး အကြောင်း အဓိကထား၊ တိုင်းရင်း သားပေါင်းစုံ ဆွေးနွေး” သတင်းမှ D.K.B.A စစ်ဦးစီးချုပ် စောလားပွယ်၏ ပြောကြားချက်အား ကောက်နှုတ်ချက်။


 “မြန်မာနိုင်ငံမှာ တိုက်ပွဲတွေ၊ ပြည်တွင်းစစ်တွေ ဆက်ရှိဦးမယ်ဆိုရင် တိုင်းပြည်ဖွံ့ဖြိုးဖို့ နောက်ကျဦးမှာ ဖြစ်ပါတယ်။ နိုင်ငံ ရေးပုံစံဟာ ဖက်ဒရယ်ပုံစံပြောင်းမှသာ တိုင်းပြည်ဖွံ့ဖြိုးမှာ ဖြစ်ပါတယ်။ ဖက်ဒရယ် တောင်းတာ တိုင်းရင်းသားလူမျိုး တစ်မျိုး တည်းအတွက် သက်သက် မဟုတ်ပါဘူး။ ပြည်နယ်မှာ ရှိတဲ့ ပြည်သူပြည်သားတွေ အားလုံး အကျိုးခံစားရဖို့ ဖြစ်ပါတယ်”

ဇွန်လ ၁၈ ရက်နေ့ စံတော်ချိန် နေ့စဉ်ထုတ်သတင်းစာတွင် ပါရှိသော “ဖက်ဒရယ်ပုံစံ နိုင်ငံရေးမှ တိုင်းပြည်ဖွံ့ဖြိုးနိုင်မည် ဆို” သတင်းမှ မွန်ပြည်သစ်ပါတီ ဗဟိုအလုပ်အမှုဆောင် ဦးနိုင်တလည်ညီ၏ ပြောကြားချက်အား ကောက်နှုတ်ချက်။


 “အခုလို ပူးပေါင်းလိုက်တာဟာ အမျိုးသားပါတီ တစ်ရပ်ကို တစ်မျိုးသားလုံးက တောင်းဆိုတယ်၊ ဒါ့အပြင် အမျိုးသားပါတီကြီး တစ်ရပ်ကို ထူထောင်ဖို့ လိုအပ်တယ်ဆိုတာကို ရွေးကောက်ပွဲတစ်လျှောက်လုံးမှာ ပြောလာပါတယ်၊ နောက်ပြီး မဲဆန္ဒနယ် တစ်ခုမှာ အချင်းချင်း ပြိုင်နေတာဟာလဲ ၂၀၁၅ အလွန်မှာ ခိုင်မာတဲ့ အစိုးရတစ်ရပ်ဟာ မပေါ်နိုင်ဘူးလို့ ယူဆတယ်၊ ဒါကြောင့် နှစ်ပါတီ ပူးပေါင်းပြီး အင်အားတောင့်တင်းတဲ့ အမျိုးသားပါတီကို တည်ထောင်တာဖြစ်တယ်”

ဇွန်လ ၁၈ ရက်နေ့ထုတ် ကုမုဒြာ ဂျာနယ်တွင် ပါရှိသော “နှစ်ပါတီ ပေါင်းလိုက်တဲ့ ရခိုင်အမျိုးသားပါတီ” သတင်းမှ ရခိုင် တိုင်းရင်းသားများ တိုးတက်ရေးပါတီမှ ဒေါက်တာအေးမောင်၏ ပြောကြားချက်အား ကောက်နှုတ်ချက်။


 “မြန်မာနိုင်ငံ အနေနဲ့ လယ်ယာလုပ်ငန်း အာမခံက မရှိမဖြစ် လိုအပ်ပါတယ်။ ဒါပေမဲ့ ဒီအာမခံစနစ် ပေါ်လာဖို့ အတွက်က အချိန်လိုတယ်။ ပုဂ္ဂလိက အာမခံကုမ္ပဏီတွေ အနေနဲ့ကလည်း ပေါ်ပေါက်လာတာ မကြာသေးတဲ့ အတွက် အခြေကျဖို့ လိုအပ် တယ်။ သူတို့ အခြေကျပြီဆိုရင်တော့ ပူးပေါင်းဆောင်ရွက်သွားမှာပါ။ နိုင်ငံခြားမှာ လုပ်နေတဲ့ လယ်ယာလုပ်ငန်း အာမခံကို မြန်မာနိုင်ငံက အခြေအနေတွေ၊ ရာသီဥတု အခြေအနေတွေနဲ့ ကိုက်ညီအောင် လုပ်ပြီးမှ လုပ်လို့ရမှာပါ”

ဇွန်လ ၁၈ ရက်နေ့ထုတ် Daily Eleven နေ့စဉ်ထုတ်သတင်းစာတွင် ပါရှိသော “မြန်မာနိုင်ငံတွင် လယ်ယာလုပ်ငန်း အာမခံ ပေါ်ပေါက်လာစေရန် ဂျပန်နိုင်ငံမှ နည်းပညာ အကူအညီပေးမည်” သတင်းမှ မြန်မာ့ အာမခံလုပ်ငန်း ဦးဆောင် ညွှန်ကြားရေးမှူး ဦးအေးမင်းသိန်း၏ ပြောကြားချက်အား ကောက်နှုတ်ချက်။


 “နိုင်ငံရေးမှာ ဆိုရင် အရင်တုန်းက တစ်ဦးတစ်ယောက်တည်း ချုပ်ကိုင်တာ လုပ်တယ်။ အာဏာရှင်စနစ်က အရမ်း ပြင်းလည်း ပြင်းပါတယ်။ ခံရတဲ့သူတွေ အများကြီး အနစ်နာခံရတာတွေရှိတယ်။ ဒါတွေအားလုံးက ကျွန်တော်တို့အတွက် အမွေဆိုး တွေပေါ့။ သို့သော်လည်းပဲ အာဏာရှင်စနစ်ကနေ ဒီမိုကရေစီဆိုတဲ့ တင်းပြည့်ကျပ်ပြည့် ပြီးပြည့်စုံတဲ့ နိုင်ငံတော်သစ်ကြီးကို ရောက်သွားမှာပေါ့။ အခု ပွင့်သွားပြီ။ ဒီမိုကရေစီ ရတော့မယ်။ ၂၀၁၅-၂၀၁၆ ဆို ရတော့မယ်။ သို့သော် အဲသည် ဒီမိုကရေစီ ခေတ်မှာ လာမယ့် အုပ်ချုပ်ရေး စနစ်က အာဏာရှင်လောက်တော့ မပြင်းထန်ပေမဲ့ အာဏာရှင်ကဲ့သို့ ချုပ်ကိုင်မှုတွေ အများ ကြီး ဖြစ်နိုင်မယ်။ အသစ်အဆန်းတွေ အများကြီးနဲ့ နည်းလမ်းသစ်တွေနဲ့ အခွင့်ကောင်းယူမယ့် ဟာတွေရှိတယ်။ အမြတ်ထုတ် မယ့် ဟာတွေရှိတယ်။”

ဇွန်လ ၁၈ ရက်နေ့ထုတ် ကုမုဒြာ ဂျာနယ်တွင် ပါရှိသော “နိုင်ငံတော်သမ္မတရဲ့ စီးပွားရေး အကြံပေး ဒေါက်တာဇော်ဦးနှင့် တွေ့ဆုံခြင်း” အင်တာဗျူးမှ နိုင်ငံတော်သမ္မတ၏ စီးပွားရေးအကြံပေး ဒေါက်တာဇော်ဦး၏ ပြောကြားချက်အား ကောက် နှုတ်ချက်။


သတင်းတိုများ

ဖက်ဒရယ်ကို ခွဲထွက်ခွင့် တောင်းဆိုခြင်းဟု မှားယွင်းစွာ လက်ခံမိခဲ့ကြောင်း သူရဦးရွှေမန်း ၀န်ခံ

ပြည်သူ့လွှတ်တော် သူရဦးရွှေမန်းက မြန်မာနိုင်ငံတွင် ဖက်ဒရယ်စနစ်ကို တည်ဆောက်ရမည်ဖြစ်ပြီး ယခင်က မိမိ သည် ဖက်ဒရယ်စနစ်ကို ခွဲထွက်ခွင့် တောင်းဆိုခြင်းဟုသာ မှားယွင်းစွာ လက်ခံမိခဲ့ကြောင်း ဇွန်လ ၁၆ ရက်နေ့ ဆန်ဖရန် စစ္စကိုမြို့ မြန်မာမိသားစုများနှင့် တွေ့ဆုံရာတွင် ပြောကြားသွားခဲ့သည်ဟု  RFA သတင်းဌာနတွင် ဖော်ပြထားချက်အရ သိရ သည်။


ပါတီခေါင်းဆောင်ပိုင်းက နိုင်ငံခြားငွေလက်ခံဟု စွပ်စွဲချက်မှာ နိုင်ငံရေးဥပဓိရုပ်ကို ရိုက်ချိုးခြင်းဟုဆို

အမျိုးသားဒီမိုကရေစီ အင်အားစုပါတီတွင် ပါတီခေါင်းဆောင်ပိုင်းက နိုင်ငံခြားငွေလက်ခံခြင်းဟု ပါတီဝင်များ၏ စွပ်စွဲချက်မှာ ပါတီ၏ နိုင်ငံရေး ဥပဓိရုပ်ကို ဘုန်းဘုန်းလဲကျအောင် ရိုက်ချိုးခြင်းဖြစ်ကြောင်း အဆိုပါ ပါတီ၏ ဥက္ကဋ္ဌ ဦးခင်မောင် ဆွေက စတုတ္ထအကြိမ် နိုင်ငံလုံးဆိုင်ရာ ဗဟိုကော်မတီ အစည်းအဝေးတွင် ပြောကြားသွားခဲ့သည်ဟု သိရသည်။ ထို့နောက် မိမိတို့ပါတီသည် ၂၀၁၄ ခုနှစ်မှ စတင်ကာ စည်းရုံးဖွဲ့စည်းရေးနှင့် ရွေးကောက်ပွဲ မဲဆွယ်စည်းရုံးရေးလုပ်ငန်းများကို လူငယ်များ နှင့် အားဖြည့်လုပ်ဆောင်သွားတော့မည် ဖြစ်ကြောင်း၊ ပါတီကို အမျိုးသမီးရေးရာ အင်အားများဖြင့် ပိုမိုခိုင်ခန့်အောင် တည်ဆောက်ကာ တိုင်းနှင့် ပြည်နယ် စည်းရုံးရေးကော်မတီများကလည်း ပြည်သူနှင့် ထိတွေ့ပြီး လူထုအစည်းအဝေးပွဲများ ပြုလုပ်ကာ စည်းရုံးရေး လမ်းကြောင်းများ မြှင့်တင်ဖော်ဆောင်သွားမည် ဖြစ်ကြောင်း ၎င်းက ဆက်လက် ပြောကြားသွား ခဲ့သည်ဟု သိရှိရသည်။


အစိုးရနှင့် လတ်တလော အပစ်အခတ် ရပ်စဲထားခြင်းသည် အသက်ရှုခွင့်မျှသာ ဖြစ်ကြောင်း DKBA စစ်ဦးစီးချုပ်ဆို

အစိုးရနှင့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့များ လတ်တလော ရရှိထားသည့် အပစ်အခတ် ရပ်စဲရေး သဘော တူညီချက်များသည် အသက်ရှုခွင့်သာ ရရှိထားသည့် အနေအထား တစ်ရပ်မျှသာ ဖြစ်ကြောင်း၊ ငြိမ်းချမ်းရေးရရှိရန်အတွက် ယုံကြည်မှုသည် အဓိက အရေးကြီးဆုံးတစ်ခု ဖြစ်ကြောင်း၊ ဒီမိုကရေစီကို ပြောနေရုံနှင့်မရဘဲ တိုင်းရင်းသားများအနေဖြင့် စည်းစည်းလုံးလုံး နှင့် အရေးဆိုကာ လက်တွေ့ အကောင်အထည် ဖော်သွားရမည်ဖြစ်ကြောင်း ကလိုထူးဘော အခြေချ စစ်ဗျူဟာမှူး DKBA စစ်ဦးစီးချုပ် ဗိုလ်ချုပ်စောလားဘွယ်က ဇွန်လ ၁၅ ရက်နေ့ DKBA ဌာနချုပ်၌ ကျင်းပခဲ့သည့် ပြည်ထောင်စုတိုင်းရင်းသားပေါင်းစုံ နှီးနှောဖလှယ်ပွဲတွင် ပြောကြားသွားခဲ့သည်ဟု သိရသည်။


ရခိုင် နှစ်ပါတီ ပူးပေါင်း၍ အမျိုးသားပါတီအဖြစ် ဖွဲ့စည်း

ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီနှင့် ရခိုင် ဒီမိုကရေစီ အဖွဲ့ချုပ်တို့သည် တစ်ပါတီတည်း အဖြစ် ပူးပေါင်းရေး အတွက် သဘောတူညီခဲ့ပြီးနောက် ရခိုင်အမျိုးသားပါတီ (Arakan National Party- ANP) အဖြစ် အမည်ပြောင်းလဲကာ ဖွဲ့စည်းဆောင်ရွက်သွားမည် ဖြစ်ကြောင်း ဇွန်လ ၁၆ ရက်နေ့ တရားဝင် ဆုံးဖြတ်ချက်အရ သိရသည်။

အဆိုပါ ရခိုင်အမျိုးသားပါတီ (ANP)ကို နှစ်ပါတီ ကိုယ်စားလှယ်ပေါင်း ၁၂ ဦးပါဝင်သော အဖွဲ့ဖြင့် ဇွန် ၁၅ ရက်နှင့် ၁၆ ရက် နှစ်ရက် ဆွေးနွေးခဲ့ပြီးနောက် ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်။


၈၈ ကျောင်းသား ခေါင်းဆောင်များ ဗြိတိန်သို့သွားမည်

၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင်များသည် ဇွန်လ ၁၈ ရက်မှ ၂၅ ရက်အထိ ဗြိတိန်နိုင်ငံသို့ အလည်အပတ် ခရီး သွားရောက်ကြမည်ဖြစ်ကြောင်းသိရသည်။ အဖွဲ့ဝင်ရှစ်ဦးပါသည့် အဆိုပါ အဖွဲ့ကို ဒီမိုကရေစီအရေး တက်ကြွလှုပ်ရှား သူ၊ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂ ဥက္ကဋ္ဌဟောင်း ဦးမင်းကိုနိုင် နှင့် ဦးကိုကိုကြီးတို့က ဦးဆောင်မည်ဖြစ်ပြီး အဖွဲ့ဝင် များအဖြစ် ကိုမြအေး၊ ကိုဌေးကြွယ်၊ မသင်းသင်းအေး၊ ကိုမင်းဇေယျ၊ ကိုကျော်ကျော်ထွေးနှင့် မနီလာသိန်း တို့ ပါဝင်သည်ဟု သိရသည်။

ရန်ကုန် ဗြိတိသျှသံရုံးနှင့် ဗြိတိသျှကောင်စီတို့ ပူးတွဲစီစဉ်ပေးသည့် အဆိုပါ ခရီးစဉ်အတွင်း၊ နိုင်ငံခြားရေးနှင့် ဓနသဟာယရုံး၏ ဗြိတိသျှဝန်ကြီးများနှင့် တွေ့ဆုံမှု အပါအ၀င် မြန်မာနိုင်ငံမှ ဒီမိုကရေစီရေး အတွက် ဗြိတိသျှပါလီမန် အောက်လွှတ်တော်မှ ပါတီအားလုံး၏ ပါလီမန်ဆိုင်ရာ အဖွဲ့နှင့်လည်း တွေ့ဆုံကာ ဆွေးနွေးပွဲများ  ကျင်းပသွား မည်ဖြစ် ကြောင်း သိရသည်။

ညီနောင်တိုင်းရင်းသား ပါတီများ ဖက်ဒရယ်ရှင်းသည် အသစ်တည်ထောင်မည့် ပါတီ၏ လုပ်ငန်းများကိုသာ ဦးစား ပေးလုပ်ဆောင်သွားမည် ဖြစ်ခြင်းကြောင့် ဒီမိုကရေစီ မိတ်ဆွေ ၁၀ ပါတီတွင် ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ အနေဖြင့် ပါဝင်တော့မည် မဟုတ်ကြောင်း SNDP ပါတီ၏ အတွင်းရေးမှူးက ပြောဆိုသွားခဲ့သည်။


မလေးရှားမှ ပြန်လာမည့် မြန်မာများကို အလုပ်အကိုင်များ ပေးသွားမည်ဟု အလုပ်သမားဝန်ကြီးပြော

မလေးရှားနိုင်ငံတွင် ဖြစ်ပွားနေသည့် ပဋိပက္ခများကြောင့် မြန်မာနိုင်ငံသို့ ပြန်လာကြမည့် မြန်မာနိုင်ငံသားများအား အလုပ်အကိုင်များ ပေးသွားမည်ဖြစ်ကြောင်း အလုပ်သမား ၊ အလုပ်အကိုင်နှင့် လူမှုဖူလုံရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မြင့်က ပြောကြားသွားခဲ့သည်ဟု သိရသည်။


KNPP နှင့် ပြည်ထောင်စု အဆင့် ဆွေးနွေးပွဲတွင် တပ်မတော်ပါဝင်မည်

ဒုတိယအကြိမ်မြောက် ကရင်နီ ပြည်သူ့တိုးတက်ရေးပါတီ (KNPP) နှင့် ပြည်ထောင်စုအဆင့် ဆွေးနွေးပွဲတွင် တပ်မတော်ဘက်မှ တိုင်းမှူးအဆင့်ပါ တက်ရောက်ဆွေးနွေးမည် ဖြစ်ကြောင်း မြန်မာငြိမ်းချမ်းရေးစင်တာမှ တာဝန်ရှိသူ တစ်ဦး ၏ ပြောကြားချက်အရ သိရသည်။ ကရင်နီ ပြည်သူ့တိုးတက်ရေးပါတီနှင့် ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေးဖော်ဆောင်ရေး အဖွဲ့တို့သည် ပြည်တွင်းတွင် တစ်ကြိမ် တွေ့ဆုံခဲ့ပြီး ဇွန်လ ၁၉ ရက်နှင့် ၂၀ ရက်နေ့တို့တွင် လွိုင်ကော်မြို့တွင် တွေ့ဆုံခြင်း သည် ပြည်ထောင်စုအဆင့်ဖြင့် ဒုတိယအကြိမ် တွေ့ဆုံခြင်းဖြစ်ကာ နှစ်ကုန်တွင် ကျင်းပရန်ရည်မှန်းထားသည့် နိုင်ငံရေး တွေ့ဆုံဆွေးနွေးရေး အတွက်လည်း အစပျိုးဆွေးနွေးမည်ဟု သိရှိရသည်။


သယံဇာတ စီမံခန့်ခွဲမှု အမေရိကန်နှင့် မြန်မာ ပူးပေါင်းဆောင်ရွက်မည်

သံတမန်ဆက်ဆံရေး ပုံမန် ပြန်လည်ရောက်ရှိလာသော မြန်မာနိုင်ငံနှင့် အမေရိကန်အစိုးရတို့သည် မြန်မာနိုင်ငံ၏ သယံဇာတ ထုတ်ယူသုံးစွဲရေး စီမံခန့်ခွဲမှုများအတွက် ပူးပေါင်းဆောင်ရွက်သွားမည် ဖြစ်ကြောင်း ဇွန်လ ၁၅ ရက်နေ့ အမေရိ ကန်အစိုးရ ပြောရေး ဆိုခွင့် အရာရှိ၏ ထုတ်ပြန်ကြေညာချက်အရ သိရသည်။

သယံဇာတများ ထုတ်ယူရာတွင် ပွင့်လင်းမြင်သာပြီး ကောင်းမွန်စွာ စီမံခန့်ခွဲနိုင်ရန်အတွက် အမေရိကန် အစိုးရက ယင်းသို့ ပူးပေါင်းဆောင်ရွက်ခြင်းဖြစ်ပြီး လူ့အခွင့်အရေး ချိုးဖောက်မှုများ၊ အကာအကွယ် ပေးနိုင်ခြင်း၊ ဒေသခံ ပြည်သူများနှင့် သယံဇာတများ ခွဲဝေအသုံးပြုနိုင်ခြင်းတို့အပြင် ပဋိပက္ခလျှော့ချရေး လုပ်ငန်းစဉ်များ  အတွက်ပါ အထောက်အကူ ဖြစ်စေ နိုင်မည်ဖြစ်ကြောင်း အဆိုပါ ထုတ်ပြန်ချက်တွင် ဖော်ပြထားချက်အရ သိရှိရသည်။


 

 

 


Google Drive: create, share, and keep all your stuff in one place. Logo for Google Drive