Transparency Myanmar

transparency.myanmar@gmail.com

International Media (2)
Document

Snapshot of the item below:
International Media (2)

နိုင်ငံတကာသတင်းများ (၂)

(10 Sept 2013 ရက်စွဲပါ Bangkok Post မှ F & N in dispute with Myanmar Partner ကိုဘာသာပြန်ဆိုသည်)

(10 September 2013 ရက်စွဲပါ UN News Centre မှ Myanmar: First UN aid convoy in 20 months reaches displaced in Kachin State ကို ဘာသာပြန်ပါသည်)


F & N နှင့် မြန်မာဦးပိုင် အငြင်းပွားလျက်ရှိ

(10 Sept 2013 ရက်စွဲပါ Bangkok Post မှ F & N in dispute with Myanmar Partner ကိုဘာသာပြန်ဆိုသည်)

ဘီလီယံနာ Charoen Sirivadhanabhakdi ပိုင်ဆိုင်သော Fraser & Neave (F & N) က ၄င်းသည် ပါတနာဖြစ်သော Myanmar Brewery ၏ ရှေ့နေများထံမှ ငြင်းချက်ထုတ် သမ္မာန်စာတစ်စောင် လက်ခံရရှိကြောင်း ပြောကြားခဲ့ပါသည်။

အဆိုပါနို့တစ်စာသည် အစောပိုင်းက F & N နှင့် ၁၈နှစ်ခန့် ဖက်စပ်လုပ်ကိုင်ခဲ့သူ မြန်မာ့စီးပွားရေးဦးပိုင်ထံမှ F & N ၏ ပိုင်ဆိုင်မှု ၅၅% ကို  Myanmar Brewery သို့ရောင်းချရန် တောင်းဆိုခဲ့ခြင်းနှင့် ဆက်စပ်နေမည် ဖြစ်ပါသည်။ F & N က ၄င်း၏ သြဂုတ်လ ၂၉ ရက်နေ့ထုတ်ပြန်သော ကြေညာချက်တွင် အဆိုပါတောင်းဆိုမှုသည် အခြေအမြစ် မရှိကြောင်း ပြောခဲ့ပါသည်။ F & N သည် Tiger ဘီယာထုတ်လုပ်သော ၄င်း၏ Asia Pacific Breweries ကို ပါတနာဖြစ်သူ Heineken Nv သို့ရောင်းချခဲ့ပြီး၊ Myanmar Double Story နှင့် Andaman Gold Beer ထုတ်လုပ်မှုသာ ကျန်ရှိပါသည်။

“ဒီကိစ္စကတော့ ကုမ္မဏီရဲ့ရှေ့နေတွေလက်ထဲမှာပဲ ရှိပါတယ်။” ဟု F & N က Singapore လဲလှယ်ရေးသို့ ထုတ်ပြန်သော ကြေညာချက်တွက် အင်္ဂါနေ့ကပြောကြားခဲ့ပါသည်။ အစောပိုင်းက ၄င်းသည် အဆိုပါကိစ္စနှင့် ပတ်သက်၍ အားသွန်ခွန်စိုက် ဆန့်ကျင်သွားမည်ဟု ဆိုပါသည်။

ပြီးခဲ့သည့်လက F & N ကပြောကြားရာတွင် ၄င်းသည် ယခုနှစ်ကုန်တွင် စင်္ကာပူ စတော့စာရင်းတွင် အချိုရည်နှင့် ပုံနှိပ် လုပ်ငန်းများ၌ ပါဝင်နေခြင်းအပြင် အခြေပစ္စည်းလုပ်ငန်းကိုလည်း စတင်လုပ်ကိုင်ရန် စီစဉ်နေကြောင်း ပြောကြား ခဲ့ပါသည်။


 

မြန်မာနိုင်ငံတွင် ကုလသမဂ္ဂ အကူအညီပေးရေးယာဉ်တန်း လပေါင်း ၂၀ အတွင်း ပထမဆုံးအကြိမ်အဖြစ် ကချင်ပြည်နယ်သို့ ရောက်ရှိ

(10 September 2013 ရက်စွဲပါ UN News Centre မှ Myanmar: First UN aid convoy in 20 months reaches displaced in Kachin State ကို ဘာသာပြန်ပါသည်)

မြန်မာနိုင်ငံ ကချင်ပြည်နယ်မှ အိုးမဲ့အိမ်မဲ့ဖြစ်ရသော ထောင်ပေါင်းများစွာသောလူများအတွက် နှစ်နှစ်အတွင်း ပထမ ဦးဆုံးအကူအညီပေးရေး ယာဉ်တန်းသည် အစားအသောက်၊ ဆေးဝါးနှင့် အခြားပစ္စည်းများ ဖြန့်ဝေခဲ့သည်ဟု ကုလသမဂ္ဂ ကယ်ဆယ်ရေးဌာနခွဲက ယနေ့သတင်းထုတ်ပြန်ခဲ့ပါသည်။

လိုင်ဇာမြို့ရှိ Woi Chyai စခန်းတွင် လူပေါင်း (၄၀၀၀) ကျော်သည် ကုလသမဂ္ဂအေဂျင်စီများနှင့် မိတ်ဖက်အဖွဲ့များထံမှ အစားအသောက်၊ ဆေးဝါး နှင့် အခြားပစ္စည်းများလက်ခံရရှိခဲ့ကြပါသည်။

Office for the Coordination of Humanitarian Affairs (OCHA) က ပြောကြားရာတွင် ယခုအကြိမ် သည် ၂၀၁၁ ခုနှစ် ဒီဇင်ဘာပြီးကတည်းက ပထမဦးဆုံးအကြိမ်ဖြစ်သည်ဟု ဆိုပါသည်။

“ကုလသမဂ္ဂနဲ့ မြန်မာနိုင်ငံက ကျွန်တော်တို့ရဲ့ မိတ်ဖက်တွေက ပြောပြတာကတော့ အဲ့ဒီဒေသက ပြည်သူတွေကို ကူညီဖို့ အခုယာဉ်တန်းဟာ ပထမဆုံးဖြစ်ပြီး များစွာလိုအပ်နေပါတယ်။” ဟု ဂျီနီဗာမှ ပြောရေး ဆိုခွင့်ရ ပုဂ္ဂိုလ် Jens Laerke ကပြောကြားခဲ့ပါသည်။ ထိုဒေသသည် အစိုးရ ထိန်းချုပ်ထားသောဒေသ မဟုတ်ဘဲ လူပေါင်း ၅၃၀၀၀ ခန့်သည်အကူအညီများ လိုအပ်နေသည်ဟု၎င်းက ပြောပါသည်။

OCHA ကပြောကြားရာတွင် ယခုကယ်ဆယ်ရေးပစ္စည်းများသည် ပြည်တွင်းအုပ်စုများနှင့် အခြားပတ်တနာ ပုံမှန်ပေးနေသော အကူအညီများကို ထပ်ဆောင်းပေးသည့် သဖွယ် ဖြစ်ရသည်ဟု ဆိုပါသည်။



Google Drive: create, share, and keep all your stuff in one place. Logo for Google Drive

International Media
Document

Snapshot of the item below:
International Media

ဘာသာပြန်သတင်းများ (၁)

နိုင်ငံလုံးကျွတ် အပစ်ရပ်ရန် မြန်မာပြင်ဆင်

( UPI မှ 10 September 2013 ရက်စွဲပါ “ Myanmar mulls national cease-fire” သတင်းကို ဘာသာပြန်ဆိုသည်)

မြန်မာလုပ်သားများကို မလေးရှားအစိုးရ အကူအညီပေးမည်

(The Star News မှ 11 Sept 2013 ရက်စွဲပါ “Government to help Myanmar Workers” သတင်းကို ဘာသာ ပြန်ဆို သည်)


နိုင်ငံလုံးကျွတ် အပစ်ရပ်ရန် မြန်မာပြင်ဆင်

( UPI မှ 10 September 2013 ရက်စွဲပါ “ Myanmar mulls national cease-fire” သတင်းကို ဘာသာပြန်ဆိုသည်)

တစ်မျိုးသားလုံး အပစ်ရပ်စဲရေး သဘောတူညီမှုအတွက် ရေးဆွဲထားသော အစီအစဉ်များကို လာမည့်လ တွင်ချပြရန် အစိုးရက စီစဉ်ထားကြောင်း မြန်မာအစိုးရ သမ္မတရုံးက ထုတ်ပြန်ပြောကြားလိုက်သည်။

တိုင်းရင်းသားလက်နက်ကိုင် အုပ်စု(၁၁)ဖွဲ့ စုစည်းထားသော United National Federal Council အဖွဲ့ဝင်များ သည် တစ်နိုင်ငံလုံး ငြိမ်းချမ်းရေးသဘောတူညီမှုရရှိရေးကိစ္စကို ဆွေးနွေးရန်အတွက် အစိုးရငြိမ်းချမ်းရေး ကိုယ်စားလှယ် သမ္မတ ရုံးဝန်ကြီး ဦးအောင်မင်းနှင့် တွေ့ဆုံခဲ့ကြသည်။

မြန်မာနိုင်ငံသည် ၂၀၁၀ အထွေထွေရွေးကောက်ပွဲများနှင့်အတူ စတင်ခဲ့သော နိုင်ငံရေးပြုပြင်ပြောင်းလဲမှု များကြောင့် နိုင်ငံတကာအသိုင်းအဝိုင်း၏ အသိအမှတ်ပြုချီးကျူးမှုကို လက်ခံရရှိနေသည်။ မြန်မာ့လူ့အခွင့်အရေးဆိုင်ရာ ကုလအထူး ကိုယ်စားလှယ် မစ္စတာသောမတ်စ်အိုဂျာကင်တားနားကလည်း ယခင်လနိုင်ငံအနှံခရီးစဉ်အတွင်း အပြုသဘောအပြောင်း အလဲများကို တွေ့ခဲ့သည်ဟု ပြောကြားထားသည်။

သို့ရာတွင် ကင်တားနားက မြန်မာနိုင်ငံ၏ လူမျိုးကွဲ ဘာသာကွဲများအကြား ပြိုင်ဆိုင်မှုများအပေါ် စိုးရိမ်မိ ပါကြောင်းနှင့် ပဋိပက္ခဘေးဒဏ်သင့် ရခိုင်ပြည်နယ်နှင့် ကချင်ပြည်နယ်တို့တွင် ပြန်လည်သင့်မြတ်ရေးအပေါ် ဂရုမစိုက်ကြခြင်းကို အားမလို အားမရဖြစ်မိပါကြောင်း ထုတ်ဖော်ပြောကြားထားပါသည်။

နိုင်ငံလုံးကျွတ်ငြိမ်းချမ်းရေးအတွက် အစီအစဉ်များကို စီစဉ်ရေးဆွဲနေဆဲဟု ဝန်ကြီးဦးအောင်မင်းက ပြောထားကြောင်း ထိုင်းနိုင်ငံအခြေစိုက် ဧရာဝတီသတင်းဌာနက ဖော်ပြသည်။

“တိုင်းရင်းသားလက်နက်ကိုင် အုပ်စုအားလုံးနဲ့ အပစ်အခတ်ရပ်စဲရေး သဘောတူညီမှု ရရှိပြီးပြီဆိုရင် တစ်နိုင်ငံ လုံးဆိုင်ရာ အပစ်အခတ်ရပ်စဲရေးသဘောတူစာချုပ်မှာ လက်မှတ်ရေးထိုးဖို့လိုပါတယ်။ အောက်တိုဘာလမှာ နိုင်ငံလုံး ကျွတ် အပစ်အခတ်ရပ်စဲရေး  သဘောတူညီမှုရရှိအောင် ကျွန်တော်တို့ စီစဉ်ဆောင်ရွက်နေပါတယ်”ဟု ဦးအောင်မင်း ကပြောကြား ကြောင်း သိရှိရသည်။

အောက်တိုဘာလ အစည်အဝေးတွင် တစ်စုံတစ်ရာ ရလဒ်ထွက်ပေါ်လာရန်မဖြစ်နိုင်ဟု UNFC ကပြော ကြားကြောင်း ဧရာဝတီ သတင်းဌာနက သတင်းတွင်ဖော်ပြထားသည်။


 

မြန်မာလုပ်သားများကို မလေးရှားအစိုးရ အကူအညီပေးမည်

(The Star News မှ 11 Sept 2013 ရက်စွဲပါ “Government to help Myanmar Workers” သတင်းကို ဘာသာ ပြန်ဆို သည်)

မလေးရှားတွင် အလုပ်လုပ်ဖို့ work permit ရရှိရန် သတ်မှတ်ချက်ပြည့်မှီသူ တရားမဝင် မြန်မာလုပ်သားများကို အကူအညီပေးသွားမည်ဟု မလေးရှားအစိုးရက တာဝန်ခံလိုက်ပါသည်။

မနေ့က မလေးရှားပြည်ထဲရေးဝန်ကြီး ဒါတွတ်ဆရီအာမတ်ဇာဟစ်ဟာမာဒီနှင့် မြန်မာဖက်မှ အလုပ်သမားနေရာ ချထားရေး နှင့် လူမှုဖူလုံရေးဝန်ကြီး  ဦးအေးမြင့်တို့အကြား ပြုလုပ်သော အစည်းအဝေးတွင် ၄င်းကိစ္စကို ဆွေးနွေး ခဲ့ကြခြင်းဖြစ်သည်။

ထိုအစီအစဉ်များထဲတွင် မြန်မာလုပ်သားများအား အလုပ်လုပ်ခွင့်အထောက်အထားများ ထုတ်ပေးရန်အတွက် one-stop center အဖြစ် ကွာလာလမ်ပူမြန်မာသရုံးကို ဆောင်ရွက်ခွင့်ပေးမည့်အစီအစဉ် ပါဝင်သည်ဟု ဝန်ကြီး အာမတ်ဇာဟစ်က  ပြောကြားသည်။

“မလေးရှားမှာ UNHCR ကဒ်ရှိတဲ့သူတွေနဲ့ ဘာအထောက်အထားမှ မရှိတဲ့သူတွေဆိုပြီးတော့ မြန်မာလုပ်သား နှစ်မျိုး နှစ်စား ရှိနေတဲ့အတွက် ကျွန်တော်တို့ရဲ့အစီအစဉ်ကို အထူးသတိထား ဆောင်ရွက်နေပါတယ်”ပာု ၎င်းက ဆက်လက်ပြောကြားသည်။

“ကျွန်တော်တို့အနေနဲ့ အလျှော့မပေးနိုင်တဲ့ အနေအထားကို ရင်ဆိုင်နေပါတယ်။ ဒါပေမယ့်လည်း တချို့ ကဏ္ဍတွေမှာ အလုပ်သမားလိုအပ်နေတာတို့၊ လူသားချင်းစာနာမှုနှင့် အာဆီယံစိတ်ဓာတ်တို့ကို အခြေခံစဉ်းစားပြီးတော့ ဒီအလုပ်သမား တွေ မှတ်ပုံတင်တဲ့ကိစ္စမှာ အထောက်အကူဖြစ်နိုင်မယ့် ဥပဒေပိုင်းဆိုင်ရာ အချက်အလက်တွေကို လူဝင်မှုကြီးကြပ်ရေး ဌာနက လေ့လာမှာဖြစ်ပါတယ်“ဟု ဦးအေးမြင့်နှင့် တွေ့ဆုံမှုအပြီးတွင်ပြုလုပ်သော သတင်းစာ ရှင်းလင်းပွဲ၌ ဝန်ကြီးအာမက် ဇာဟစ်က ပြောကြားသည်။

မလေးရှားနိုင်ငံတွင် မြန်မာလုပ်သား ၂၅၇,၀၀၀ ကျော်ရှိသည့်အနက် တရားဝင်အထောက်အထားရှိသူ ၁၁၃,၀၀၀ ခန့်သာ ရှိသည်ဟု ၄င်းကဆိုပါသည်။

မလေးရှားရှိ တရားဝင်လုပ်သားများအနက် အင်ဒိုနီးရှားနှင့် ဘင်္ဂလားဒေ့ရှ်တို့ပြီးလျှင် မြန်မာနိုင်ငံသားများမှာ တတိယ အများဆုံးအုပ်စု ဖြစ်သည်ဟု သိရှိရပါသည်။

ထို့အပြင် အလေးရှားနိုင်ငံတွင်ရောက်ရှိနေသော တရားမဝင်နိုင်ငံခြားသားများကို ရှင်းလင်းမောင်းထုတ်မည့် လတ်တလော စီမံချက်အတောအတွင်း နိုင်ငံခြားသားများထံမှ ငွေညှစ်ခြင်းမပြုကြရန် သက်ဆိုင်ရာအရာရှိများကို ဝန်ကြီး အာမက်ဇာဟစ် က သတိပေးလိုက်သည်။၏

စက်တင်ဘာ ၁ ရက်မှစတင်ခဲ့သော အဆိုပါစီမံချက်ကာလအတွင်း လူပေါင်း ၅၀၀၀ ကျော်ကို ဖမ်းဆီး ထိန်းသိမ်းခဲ့သည်ဟု လည်း သိရှိရသည်။

“နိုင်ငံခြားသားတွေဆီက ငွေတောင်းပြီး၊ အနိုင်ကျင့်တဲ့အရာရှိတွေရှိတယ်ဆိုတာကို အလုပ်ရှင်တွေဆီက တိုင်ကြားစာ အမြောက်အမြား လက်ခံရရှိထားပါတယ်။ တိုင်စာတွေမှာ သက်သေခံအထောက်အထားတွေ တွေ့ရှိရ တယ်ဆိုရင် ကျွန်တော်တို့ပြင်းပြင်းထန်ထန် အရေးယူဆောင်ရွက်သွားမှာပါ“ဟု ဝန်ကြီးအာမက်ဇာဟစ်က ဆက်လက်ပြောကြား သွားသည်။


 

 

 

 

                                                


Google Drive: create, share, and keep all your stuff in one place. Logo for Google Drive