Transparency Myanmar

transparency.myanmar@gmail.com

ဘိုကလေး နယ်ခံများကို နိုင်ငံရေးပါတီဝင်ရန် မက်လုံးပေးဆွဲဆောင်

အောက်တိုဘာ ၂၅


စစ်အစိုးရ ကျော ထောက်နောက်ခံ ပြုထားသော အမျိုးသားနိုင်ငံရေး ဘောဂဗေဒ ကျောင်းတော်သားများအဖွဲ့က အသင်းဝင်သူတိုင်းကို သွတ်မိုးပျဉ်ထောင်အိမ် ဆောက်ပေးမည်ဟု ဆိုကာ မက်လုံးပေး ဆွဲဆောင်လျှက်ရှိကြော်င်း ဘိုကလေးဒေသခံ အချိုထံမှသိရသည်။

ယင်းကဲ့သို့ ဆွဲဆောင်ရာတွင် ပေါ်ပေါ်ထင်ထင် မဟုတ်ဘဲ သိုသိုသိပ်သိပ် ဆွဲဆောင်နေခြင်းဖြစ်ကြောင်း၊ ဒေသခံတော်တော်များမှာ စိတ်ဝင်စားမှု မရှိသော်လည်း ဆင်းရဲသားအချို့မှာ အသင်းဝင်ရန် စိတ်ပါဝင်စားမှု ရှိကြကြောင်း ၎င်းတို့က ဆက်လက်ပြောကြားသည်။

ဘိုကလေးဒေသ ကျွန်းသာယာရွာသို့ ရန်ကုန်မြို့မှ စစ်တမ်းသွားရောက် ကောက်ယူခဲ့သူ တစ်ဦးကလည်း အထက်ပါသတင်းကို မှန်ကန်ကြောင်း အတည်ပြုပြောဆိုခဲ့သည်။

"သွတ်မိုး၊ပျဉ်ထောင်ဆိုတာ နည်းတာမှ မဟုတ်ဘဲ ၀င်ကြမှပေါ့။ သင်တန်းတွေ ပေးတာမျိုးတော့ မရှိပါဘူး။ အသင်းဝင်အတွက် သက်သက်ပါပဲ"ဟု ဘိုကလေးမြို့နယ်အပိုင် ကျေးရွာတစ်ရွာမှ လယ်သမားတစ်ဦးက ပြောဆိုပါသည်။

အထက်ပါအဖွဲ့သည် စစ်အစိုးရ၀န်ကြီးတစ်ဦးဖြစ်သော ဦးအောင်သောင်း၏ ထောက်ပံ့ မှုဖြင့် ရပ်တည်လျှက်ရှိကြောင်း ရန်ကုန် နိုင်ငံရေးအသိုင်းအ၀ိုင်း ကဆိုသည်။

--
Posted By icypress to Sensible Rumour at 10/25/2009 10:42:00 PM

0 comments:

Post a Comment