Transparency Myanmar

transparency.myanmar@gmail.com

အောက်တိုဘာ၂၅

အမေရိကန်ပြည်ထောင်စု နယူးယောက်မြို့တွင် ပြီးခဲ့သည့်လကုန်ပိုင်းက ကျင်းပခဲ့သော ကုလသမဂ္ဂ အထွေထွေညီလာခံသို့ တက်ရောက်သတင်းရယူခဲ့သော စစ်အစိုးရရှယ်ယာပိုင် မြန်မာတိုင်းမ်အပတ်စဉ်ထုတ် သတင်းစာစောင်မှ ကိုထင်ကျော်အမည်ရ အယ်ဒီတာ တစ်ဦးမှာ ယနေ့အထိ မြန်မာနိုင်ငံသို့ ပြန်လာခြင်း မရှိသေးကြောင်း ရန်ကုန်သတင်းထောက် အသိုင်းအ၀ိုင်းမှ စုံစမ်းသိရှိရသည်။

ထိုညီလာခံအပြင် G-20 အစည်းအဝေးသို့လည်း မြန်မာပြည်တွင်း မီဒီယာများမှ သတင်းသမား ၄ ဦး သွားရောက် သတင်းရယူခဲ့ပြီး ယင်းအနက်မှ အထက်ပါပုဂ္ဂိုလ် မှာ ကနေ့အထိ မြန်မာနိုင်ငံသို့ ပြန်မရောက်သေးသဖြင့် အမေရိကန်တွင် ခုံလှုံခွင့် တောင်းခံကာ နေထိုင်လိုက်ပြီ ဟု ပြည်တွင်းသမားအများစုက ယူဆနေကြသည်။

"အခုထိပြန်မရောက်တော့ပါဘူး"ဟု မြန်မာတိုင်မ်းက သတင်းထောက်တစ်ဦး ကလည်း အောက်တိုဘာ နောက်ဆုံးပတ်အတွင်း က ပြောကြားခဲ့ပါသည်။

မွတ်စလင်ဘာသာ ကိုးကွယ်သူ တစ်ဦးဖြစ်ပြီး ခြေတဖက်မသန်သူ ကိုထင်ကျော်မှာ မြန်မာသတင်းလောက သို့ Ever Win Media တွင် ဘာသာပြန်မှ တဆင့် ၀င်ရောက်ခဲ့ခြင်းဖြစ်သည်။ ထို့နောက် မြန်မာတိုင်းမ် သတင်းစာစောင်တွင် ပြီးခဲ့သည့်၂ နှစ်ခန့်တွင်မှ သတင်းထောက်အဖြစ် ၀င်ရောက် အလုပ်လုပ်ကိုင်ခဲ့ပြီး စီးပွားရေးအယ်ဒီတာ အဖြစ်အချိန်တိုအတွင်း ရာထူးတိုးမြှင့်ပေးခံခဲ့ရသူ ဖြစ်သည်။

နိုင်ငံရပ်ခြား တိုင်းပြည်များတွင် သင်တန်းများ မကြာခဏ တက်ရောက်ခဲ့ဖူးသူ ဖြစ်ပြီး ပြီးခဲ့သည့်လပိုင်းကလည်း အင်္ဂလန်နိုင်ငံတွင် သင်တန်းတစ်ခု သွားရောက်တက်ရောက်ခဲ့သေး သည်။

၎င်း၏ထိုကဲ့သို့သော အပြုအမူကို ပြည်တွင်းသတင်းသမားအချို့ ရှုတ်ချခဲ့ပြီး နောက်ပိုင်းတွင် မြန်မာသတင်းသမားများ သွားရောက်သတင်းရယူနိုင်သည့် အခွင့်အလမ်းကို ထိခိုက်နိုင်ကြောင်း ပြောဆိုကြသည်။

စစ်အစိုးရ လက်ထက်တွင် ပုဂ္ဂလိက သတင်းမီဒီယာအချို့ ပေါ်ပေါက်လာပြီး ယခုနှစ်ပိုင်းတွင် ယင်းမီဒီယာများမှာ နိုင်ငံရပ်ခြားသို့ သွားရောက်သတင်းရယူမှုကို ပိုမိုတွေ့ရှိလာသည်။

အထက်ပါ အစည်းအဝေးများသို့ သွားရောက်သတင်းရယူခဲ့သော ပြည်တွင်းပုဂ္ဂလိက မီဒီယာများမှာ Living Color Media, 7 day News, Yangon Times နှင့် Myanmar Times တို့ဖြစ်သည်။

စစ်အစိုးရလက်ထက် သတင်းမီဒီယာများကို နှိပ်ကွပ်လေ့ရှိသဖြင့် မီဒီယာသမား အများအပြားမှာ ချင်းမိုင်နှင့် ဘန်ကောက်အခြေစိုက် စစ်အစိုးရကိုဆန့်ကျင်သော မီဒီယာအများအပြားတွင် သွားရောက်လုပ်ကိုင်ကြသည်။

--
Posted By icypress to Sensible Rumour at 10/25/2009 11:04:00 PM

0 comments:

Post a Comment