Transparency Myanmar

transparency.myanmar@gmail.com

သိက္ခာရှိသောအာရှအခွင့်အရေးဆိုင်ရာအဖွဲ့ဖြစ်စေရန်

ကုလသမဂ္ဂကတိုက်တွန်းခြင်း

(Bangkok Post : 22 - 10 - 2009)

          ကုလသမဂ္ဂက အရှေ့တောင်အာရှဒေသများသည် ဒေသဆိုင်ရာ လူ့အခွင့်အရေးအဖွဲ့ အသစ်ကို ဖွဲ့စည်းရာတွင် သိက္ခာရှိသောအဖွဲ့အဖြစ်၊ ဖွဲ့စည်းရန် တိုက်တွန်းလိုက်ပါသည်။ အရှေ့တောင်အာရှနိုင်ငံများအဖွဲ့ (အာဆီယံ)က အဖွဲ့သစ်၏တရားဝင်ဖွဲ့စည်းမှုအတွက် ပြင်ဆင် နေချိန်တွင် ယခုကဲ့သို့ပြောကြားလိုက်ခြင်းဖြစ်ပါသည်။

          အဖွဲ့ဝင်နိုင်ငံများ၊ အထူးသဖြင့် စစ်တပ် အုပ်ချုပ်သော မြန်မာနိုင်ငံက ဆက်တိုက် ထပ်ခါ ထပ်ခါကျူးလွန်နေသောလူ့အခွင့်အရေးဖောက်ဖျက်မှုများသည် အာဆီယံအပေါ်လူထုအမြင်ကို တိမ်းစောင်းစေခဲ့ပါသည်။ (AICHR) The Asean Intergovernmental Commission on Human Rights (လူ့အခွင့်အရေးနှင့်ပတ်သက်သော အာဆီယံအစိုးရများဆိုင်ရာအဖွဲ့) သည် အာရှနှင့် ပစိဖိတ်ဒေသ၏ပထမဦးဆုံးသောအဖွဲ့ဖြစ်သည်။ အာဆီယံခေါင်းဆောင်များ သောကြာနေ့တွင် ထိုင်းနိုင်ငံအပန်းဖြေစခန်း Hua Hin တွင် နှစ်ပတ်လည်အစည်းအဝေးပြုလုပ်စဉ် အဆိုပါအဖွဲ့ကို ဖွဲ့စည်းမည်ဖြစ်ကြောင်း သိရသည်။

          AICHR သည် သိက္ခာရှိသောဒေသဆိုင်ရာအဖွဲ့တစ်ခုအနေဖြင့် ရပ်တည်နိုင်ရန် အထူး ကြိုးစားရမည်ဖြစ်ကြောင်း၊ လူ့အခွင့်အရေးကိစ္စရပ်များနှင့် ပတ်သက်ရာတွင် ပြောဆိုခြင်းနှင့် အမှန်တကယ်ဖြစ်ပွားနေမှုအကြားတွင် ကွာဟချက်ကိုလည်း ညှိပေးရန်လိုကြောင်း၊ ကုလသမဂ္ဂ လူ့အခွင့်အရေးကော်မရှင်ဒေသဆိုင်ရာကိုယ်စားလှယ် Homayoun Alizadeh က ပြောကြားခဲ့ သည်။ ယခုအချိန်ခါတွင် မှန်းဆချက်များနှင့်မျှော်လင့်ချက်များရှိနေကြောင်း၊ နိုင်ငံများက ဒေသဆိုင်ရာကိစ္စရပ်များအတွက် အပြောသက်သက်မဟုတ်ဘဲ ပိုမို၍ ပါဝင်ပတ်သက်မှုများကို ပြုလုပ်ရန်ရှိနေသောကြောင့် ဖြစ်ပါသည်။ အာဆီယံအပေါ်လူထုအမြင်မှာ လူ့အခွင့်အရေး ချိုးဖောက်မှုပြုလုပ်သောအဖွဲ့ဝင်နိုင်ငံများကြောင့် မကောင်းတော့ကြောင်းတွေ့ရှိရပါသည်။

          ယခုနှစ်ဦးပိုင်းတွင်လည်း ထိုင်းနိုင်ငံသည် မြန်မာနိုင်ငံမှထွက်ပြေးလွတ်မြောက်လာသော လူမျိုးစုရိုဟင်ဂျာလက်နက်ကိုင်များအပေါ် ဖိနှိပ်ဆက်ဆံမှုကြောင့် လူ့အခွင့်အရေးချိုးဖောက်မှု မြင်ကွင်းကို စောင့်ကြည့်ခံနေရကြောင်းလည်း သိရသည်။

          နိုင်ငံရေးလှုပ်ရှားသူများက အာဆီယံကို လူ့အခွင့်အရေးချိုးဖောက်သည်ဟု စွပ်စွဲခံနေရ သော မြန်မာနိုင်ငံကဲ့သို့သောနိုင်ငံများကို အထူးသတိပြုဆက်ဆံရန် တွန်းအားပေးလျက်ရှိပါ သည်။ အာဆီယံလူထုအခြေခံဆွေးနွေးပွဲကိုလည်း အာဆီယံအစည်းအဝေးနှင့် တိုက်ဆိုင်၍ ပြုလုပ်ရန်ရှိပါသည်။

          သံတမန်များက အင်္ဂါနေ့တွင်ပြောကြားရာ၌ အာဆီယံအဖွဲ့ဝင်နိုင်ငံများက ဒီမိုကရေစီ ခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်ကို လွတ်ငြိမ်းချမ်းသာခွင့်ပေးရန် အာဆီယံလူထု၏ တောင်းဆိုချက်ကို အာဆီယံထိပ်တန်းအစည်းအဝေးအတွင်း ထုတ်ပြန်မှုကို မြန်မာနိုင်ငံက နှစ်မြို့ ခြင်းမရှိခဲ့ဟု သိရှိရပါသည်။

          အသက် (၆၄) နှစ်ရှိပြီဖြစ်သော ဒေါ်အောင်ဆန်းစုကြည်သည် နှစ်(၂၀)တာကာလအတွင်း (၁၄)နှစ်ခန့်မှာ ဖမ်းဆီးထိန်းသိမ်းမှုခံခဲ့ရပြီး၊ သြဂုတ်လကလည်း သူမ၏ရေစပ်နေအိမ်သို့ အမေရိကန်လူမျိုးတစ်ဦးဖိတ်ခေါ်ခြင်းမရှိဘဲ ရောက်ရှိလာမှုကိစ္စကြောင့် နေအိမ်အကျယ်ချုပ် (၁၈) ထပ်မံအကျခံခဲ့ရပါသည်။


--~--~---------~--~----~------------~-------~--~----~
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/   upon their request.

-~----------~----~----~----~------~----~------~--~---

0 comments:

Post a Comment