Transparency Myanmar

transparency.myanmar@gmail.com

(By JA. SON DEAN) ASIA NEW
14 Oct 2009
မြောက်ကိုရီးယားနှင့်ဆွေးနွေးညှိနှိုင်းမှုပြုလုပ်ရာတွင်
တရုတ်နိုင်ငံ၏ပါဝင်ဆောင်ရွက်မှု ကဏ္ဍကို ချီးကျူးဂုဏ်ယူပါကြောင်း
ဝါရင့်အမေရိကန်သံတမန်တစ်ဦးက ပြောဆိုလိုက်ပါသည်။ တရုတ်ခေါင်းဆောင်၏
ပြီးခဲ့သော အလည်အပတ်ခရီးတွင် မြောက်ကိုရီးယားတို့က
နျူကလီးယားလက်နက်ဖျက်သိမ်းရေး အတွက် နိုင်ငံစုံဆွေးနွေးပွဲသို့ပြန်လာရန်
စိတ်အားထက်သန်မှုရှိကြောင်း ပြောဆိုမှုကို ရရှိခဲ့ပါသည်။
အရှေ့အာရှနှင့် ပစိဖိတ်ရေးရာ လက်ထောက်နိုင်ငံခြားရေးဝန်ကြီး Kurt
Campbell က ဗုဒ္ဓဟူးနေ့က Beijing သို့ရောက်ရှိစဉ် ပြောကြားချက်အရ
တရုတ်နိုင်ငံ၏အဆင့်မြင့်ခေါင်းဆောင် များက ပြီးခဲ့သောပြုံယမ်းသို့
ခရီးစဉ်တွင် မြောက်ကိုရီးယားအနေဖြင့် အမေရိကန်နှင့်နှစ်နိုင်ငံ
တွေ့ဆုံဆွေးနွေးမှုမှာ ၎င်းတို့ ယခုနှစ်ဆန်းက စွန့်လွှတ်ခဲ့သော
ခြောက်နိုင်ငံဆွေးနွေးပွဲသို့ ပြန်လည်ဝင်ရောက်မှုအပေါ်မူတည်ကြောင်း
ပြောခဲ့သည်ဟုဆိုပါသည်။
မြောက်ကိုရီးယားသည် အမေရိကန်ပြည်ထောင်စုနှင့်
သံတမန်ဆက်ဆံရေးထူထောင်ရန် လိုလားသည်မှာ ကြာပြီဖြစ်ပါသည်။ သို့သော်
အဆိုပါအထီးကျန်နိုင်ငံအနေဖြင့် ၎င်း၏ နျူကလီယာ လက်နက်ထုတ်လုပ်မှုကို
ပထမဦးစွာစွန့်လွှတ်ရန်လိုကြောင်း ၀ါရှင်တန်ကပြောပါ သည်။ ပြီးခဲ့သည့်အပတ်က
တရုတ်နိုင်ငံဝန်ကြီးချုပ် ၀မ်ကြားပေါင်သည် ပြုံယမ်းသို့သွားရောက်ခဲ့ ပြီး
ခေါင်းဆောင်ကင်ဂျုံအီနှင့်
ကျယ်ကျယ်ပြန့်ပြန့်ဆွေးနွေးမှုများပြုလုပ်ခဲ့ကြောင်းသိရှိရပါသည်။
အဆိုပါဆွေးနွေးချက်အရ မြောက်ကိုရီးယားသည်
ခြောက်နိုင်ငံဆွေးနွေးပွဲသို့ပြန်လာလိုကြောင်း၊ သို့သော်
အမေရိကန်ပြည်ထောင်စုနှင့် သီးသန့်ဦးစွာပထမဆွေးနွေးလိုကြောင်း
သိရှိရပါသည်။ ဤနေရာတွင်မေးရန်ရှိသည်မှာ ခြောက်နိုင်ငံဆွေးနွေးပွဲ
အမှန်တကယ်ပြန်လည်ဖြစ်မဖြစ်ဆိုသော ကိစ္စဖြစ်ပါသည်။
မြောက်ကိုရီးယားနှင့် အမေရိကန်တို့၏ သီးသန့်ဆွေးနွေးပွဲကို
ဝါရှင်တန်မှ လက်မခံနိုင် သေးကြောင်း Campbell က
တရုတ်နိုင်ငံတာဝန်ရှိသူများနှင့် တွေ့ဆုံရာတွင် ထပ်မံပြောကြားသွား ပါသည်။
သို့ရာတွင် ပထမဦးစွာ အမေရိကန်-မြောက်ကိုရီးယား
သီးသန့်ဆွေးနွေးပွဲဖြစ်နိုင်မည့် အချက်များကို အကြမ်းဖျင်းပြောခဲ့ပါသည်။
သို့သော် အရေးကြီးသောကိစ္စဖြစ်သည့် ခြောက်နိုင်ငံ ဆွေးနွေးပွဲအကြောင်းအရာ
ခေါင်းစဉ်အောက်မှာပင် ဆွေးနွေးမှာဖြစ်ကြောင်း ဆိုပါသည်။
"တရုတ်အနေဖြင့် မြောက်ကိုရီးယားများကို ၎င်းတို့၏သဘောထားကို
ရှင်းရှင်းလင်းလင်း ပြသထားပြီးဖြစ်တယ်" ဟု Campbell က
သတင်းထောက်များသို့ပြောကြားပါသည်။ တရုတ်တို့က မြောက်ကိုရီးယားတို့ကို
ရှင်းလင်းပြောပြခဲ့သည်မှာ အမေရိကန်တို့အနေဖြင့်
ခြောက်နိုင်ငံဆွေးနွေးပွဲပြန်လည်ကျင်းပပြုလုပ်ရေးအတွက်ကိုသာရည်ရွယ်၍
အမေရိကန်-မြောက်ကိုရီးယားနှစ်နိုင်ငံ ဆွေးနွေးပွဲကို
ပြုလုပ်ရန်ပြင်ဆင်နိုင်လိမ့်မည်ဖြစ်ကြောင်းပင်ဖြစ်သည်ဟု Campbell က
ဆက်ပြောခဲ့ပါသည်။ Campbell ကဆက်လက်၍ ၎င်းနှင့်တရုတ်နိုင်ငံအစိုးရတာဝန်
ရှိသူများတွေ့ဆုံရာတွင် တရုတ်တို့က မြောက်ကိုရီးယားအနေဖြင့်
အထက်ပါသတ်မှတ်ထားသော မူကို လက်ခံရန် ပြင်ဆင်နေသည်ဟု
ကြားသိရကြောင်းပြောပါသည်။ သို့ရာတွင် မိမိတို့အနေဖြင့်
ယင်းအချက်မည်မျှအထိမှန်သည်ကိုမူ ထဲထဲဝင်ဝင်
စစ်ဆေးပို့လိုလိမ့်မည်ဖြစ်ကြောင်း တရုတ်တို့ကပြောသည်ဟု Campbell က
ဆိုပါသည်။
အမေရိကန်-မြောက်ကိုရီးယား နှစ်နိုင်ငံဆွေးနွေးပွဲကိစ္စတွင်
တရုတ်နိုင်ငံသည် မည်သည့် ကဏ္ဍတွင်ရှိသည်ကိုမူ မသိနိုင်ပေ။
ဝန်ကြီးချုပ်ဝမ်ကြားပေါင်က ခြောက်နိုင်ငံဆွေးနွေးပွဲပြန်လည်
ကျင်းပရေးအတွက် လမ်းခင်းပေးမည့် အပြုသဘောဆောင်သော လေးနက်သည့် နှစ်နိုင်ငံ
ဆွေးနွေးပွဲဖြစ်စေရန် အမေရိကန်နှင့်မြောက်ကိုရီးယားတို့ကို စနေနေ့က
တိုက်တွန်းလိုက် ပါသည်။ ထို့အပြင် ၀မ်က တွေ့ဆုံဆွေးနွေးမှုအတွက်
အခွင့်အရေးများသည် မျက်စိတမှိတ် အတွင်းမှာပင်
ထွက်ပြေးပျောက်ဆုံးသွားနိုင်သည်ဟု ပြောသွားပါသည်။
မြောက်ကိုရီးယားအရေး အပေါ်
အမေရိကန်နှင့်တရုတ်တို့ပူးပေါင်းဆောင်ရွက်မှုမှာ အလွန် အားကောင်းကြောင်း
Campbell ကပြောပါသည်။ ဤကိစ္စကို ယခုထက်ပို၍ကောင်းမွန်သော
အမေရိကန်နှင့်တရုတ်ကြား ညှိနှိုင်းဆောင်ရွက်မှု
နောက်ထပ်ရှိလိမ့်မည်မဟုတ်ကြောင်း Campbell က
ချီးမွမ်းပြောကြားလိုက်ပါသည်။ မြောက်ကိုရီးယားအရေးနှင့်ပတ်သက်၍
မိမိတို့နှစ်နိုင်ငံကြား ပြောဆိုဆွေးနွေးမှုများမှာ အသေးစိတ်ပြည့်စုံပြီး၊
ရိုးသားစွာအမြင်ခြင်းဖလှယ်ခဲ့ကြကြောင်း Campbell က
ဖြည့်စွက်ပြောကြားပါသည်။ ခြောက်နိုင်ငံဆွေးနွေးပွဲနှင့်ပတ်သက်၍
မိမိတို့နှစ်နိုင်ငံ ကြား အမြင်ခြင်းညှိနှိုင်းရာတွင် ဤကိစ္စနှင့်ပတ်သက်၍
မိမိတို့အား စိုးရိမ်မှုများ လျော့နည်းစေခဲ့ပါ သည်။
အမေရိကန်နှင့် တရုတ်နှစ်နိုင်ငံ
အစိုးရတာဝန်ရှိသူများဆွေးနွေးနေချိန်မှာပင်
မြောက်ကိုရီးယား၏အကြီးဆုံးသတင်းစာတစ်စောင်ဖြစ်သော Rodong Shinmun က
၎င်းတို့၏ နျူကလီးယားလက်နက်ထုတ်လုပ်မှု အဆုံးသတ်စေရေးအတွက် ဘက်ပေါင်းစုံမှ
ကြိုးပမ်းနေမှုကို ဝေဖန်သွားခဲ့ပါသည်။ အဆိုပါ သတင်းစာက အမေရိကန်အပေါ်
အလေးအနက် ဝေဖန်သွားခဲ့ရာတွင် ၎င်းတို့အပေါ်
လက်နက်ဖျက်သိမ်းရေးကြိုးပမ်းမှုလုပ်ရန်ကို အရှက်မရှိသော လုပ်ရပ်
(Shameless) ဟု ဝေဖန်ခဲ့ပါသည်။ ၎င်းတို့အား နျူကလီးယားဖျက်သိမ်းရေးအတွက်
တွန်းအားပေးသူမှာ အမေရိကန်သာလျှင်ဖြစ်ကြောင်း အဆိုပါသတင်းစာက အစိုးရပိုင်
Korea Central News Agency ၏ ထုတ်ပြန်ချက်ကို ကိုးကား၍ရေးသားပါသည်။
Campbell က တရုတ်အစိုးရတာဝန်ရှိသူများနှင့် တွေ့ဆုံရာတွင်
အမေရိကန်သမ္မတ Obama ၏ လာမည့်လ တရုတ်ပြည်ခရီးစဉ်ကိစ္စ အပါအ၀င်
အခြားအကြောင်းအရာများကိုလည်း ဆွေးနွေးခဲ့ပါသည်။
Campbell နှင့် သူ့၏အဖွဲ့သည် တရုတ်သံတမန်အဖွဲ့ကို
အာဖဂန်နစ္စတန်ကိစ္စနှင့် ပတ်သက်၍ ပူးပေါင်းဆောင်ရွက်နိုင်ရေးကိစ္စအား
ဆွေးနွေးနိုင်ရန် ၀ါရှင်တန်သို့လာရောက်ရေး
ဖိတ်ကြားခဲ့ကြောင်းသိရှိရပါသည်။ တရုတ်နိုင်ငံသည် အာဖဂန်နစ္စတန်နိုင်ငံတွင်
သတ္ထုတွင်းကဏ္ဍ၌ စိတ်ဝင်စားမှုများစွာရှိနေပါသည်။
အီရန်၏နျူကလီးယားအစီအစဉ်ကို
မည်သို့ကိုင်တွယ်ရမည်ဆိုသည့်နှင့်ပတ်သက်၍မူ
ထူးထူးခြားခြားတိုးတက်မှုမရှိခဲ့ကြောင်း Campbell က ဆိုပါသည်။ အဆိုပါ
အီရန်ကိစ္စကို ထိပ်တန်းအဆင့်မြင့်ခေါင်းဆောင်အဆင့်တွင်
ပိုမိုအသေးစိတ်ဆွေးနွေးရန် လိုအပ်မည်ဖြစ်ကြောင်း ပြောပါသည်။
တရုတ်နိုင်ငံသည် အနောက်နိုင်ငံများမှ အီရန်အပေါ် ပြင်းထန်သောအရေးယူ
ပိတ်ဆို့မှုများချမှတ်ရန် အရေးကိစ္စကို အစဉ်တစိုက်ဆန့်ကျန်ခဲ့ပါသည်။
Campbell က တရုတ်၏အိမ်နီးချင်းအထီးကျန်နိုင်ငံတစ်ခုဖြစ်သော
မြန်မာနိုင်ငံနှင့် ပတ်သက်၍လည်း ဆွေးနွေးခဲ့သည်ဟုဆိုပါသည်။
မြန်မာနိုင်ငံနှင့်ပတ်သက်၍ ဆွေးနွေးမှုမှာ ပုံမှန် ဆွေးနွေးမှုမဟုတ်သောလည်း
တိုးတက်မှု မယ်မယ်ရရ ရရှိခဲ့ကြောင်း Campbell က မဖော်ပြခဲ့ပေ။
မြန်မာနိုင်ငံ၏ကိစ္စမှာ အဓိကဆွေးနွေးရမည့် အကြောင်းအရာဖြစ်ကြောင်း၊
၎င်းကသဘောပေါက် ပြီး၊ ယခုတွေ့ဆုံခြင်းမှာ ပထမဆုံးတွေ့ဆုံခြင်းဖြစ်ကြောင်း
Campbell က ထည့်သွင်းပြောကြား သွားပါသည်။

--~--~---------~--~----~------------~-------~--~----~
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.
-~----------~----~----~----~------~----~------~--~---

0 comments:

Post a Comment