Transparency Myanmar

transparency.myanmar@gmail.com

မြန်မာက ဘင်္ဂလားဒေ့ရှ်နှင့် ကြီးမားသော ပြဿနာ ပြုလုပ်ရန် ပြင်ဆင်နေ

 
(Gulf Times) 12th Oct, 2009

 
        
ဘင်္ဂလားဒေ့ရှ်သည် ၎င်း၏အိမ်နီးချင်း မြန်မာနိုင်ငံ၏ ခြိမ်းခြောက်မှုကိုတုံ့ပြန်ရန် ပြင်ဆင်နေကြောင်း၊ မြန်မာတို့သည် နယ်စပ်ဒေသ တစ်လျှောက်တွင် စစ်တပ်အင်အား တိုးချဲ့ချထားပြီး၊ စစ်သင်္ဘောများကို အကြီးစား တိုက်ခိုက်မှုပြုလုပ်ရန် ပြင်ဆင်နေကြောင်း ပြောကြားပါသည်။

မြန်မာစစ်တပ်သည် တင့်ကားများ၊ အမြောက်များနှင့် စစ်သင်္ဘော (၁၃) စီးကိုနယ်စပ်သို့ တနင်္ဂနွေတွင် ပြောင်းရွှေ့ထားကြောင်း Daily Star သတင်းစာက ပြောကြားခဲ့သည်။ ဘင်္ဂလားဒေ့ရှ် ကလည်း မြန်မာတို့၏ ကျူးကျော်မှုကိုတွန်းလှန်းရန် Chittagong နှင့် Khula ဆိပ်ကမ်းများတွင် စစ်သင်္ဘော အစီး(၃၀) ကို အသင့်ပြင်ထားကြောင်း ဘင်္ဂလားဒေ့ရှ် ရေတပ်မှ ပြောကြားပါသည်။

မြန်မာတို့၏ နယ်ခြားဒေသတွင် ခြံစည်းရိုး ကာရံလာခြင်းကို ဒါကာအနေဖြင့်အကျယ်မချဲ့လိုကြောင်း တရားဝင် ပြောကြားခဲ့ပါသည်။ နိုင်ငံခြားရေး ဝန်ကြီးDipu Moni က မြန်မာတို့ စစ်အင်အားတိုးချဲ့၍ထားခြင်းသည် လုံခြုံရေးအဖွဲ့များ၏ လုပ်ရိုးလုပ်စဉ် တစ်ခုဖြစ်ကြောင်း အစီရင်ခံချက်ကိုလက်ခံခြင်း မပြုခဲ့ပါ။

 မြန်မာနိုင်ငံရှိ ဘင်္ဂလားဒေရှ် သံအမတ်ကြီးမှလည်းပုံမှန်လေ့ကျင့်မှု ဖြစ်ကြောင်း တင်ပြလာကြောင်း၊ သတင်းဌာနများသို့ပြောကြားပါသည်။ နိုင်ငံရေးရာ အတွင်း ဝန် Mijarul Quayes ကဒါကာရှိ မြန်မာသံအမတ် ကြီးကို ခေါ်ယူတွေ့ဆုံရာတွင်လည်း အလားတူသာ ပြောခဲ့ကြောင်းသိရှိရပါသည်။

သို့သော် ဒေသတွင်း အမှန်တကယ် ဖြစ်ပေါ်မှုက နိုင်ငံခြားရေးဝန်ကြီး၏ပြောဆိုချက်ကို အထောက်အကူမပြုကြောင်း အဆိုပါ သတင်းစာမှ ပြောပါသည်။ ဘင်္ဂလားဒေ့ရှ် စစ်တပ်အတွင်းရှိ အဖွဲ့အစည်းအသီးသီး၊ ဘင်္ဂလားဒေ့ရှ်ရိုင်ဖယ်တပ်ရင်း (BDR) နှင့် ထောက်လှမ်းရေးအဖွဲ့အစည်းများ၏ ပြောကြားချက်အရ နယ်စပ်ဒေသ တွင် တင်းမာမှုများ ရှိဆဲဖြစ်ကြောင်းပြောကြားပါသည်။

BDR ၏ ညွှန်ကြားရေးမှူးချုပ် Major General Mainul Islam ကလည်း နယ်စပ်ဒေသ အတွင်းတွင် အနေအထားများ တင်းမာလျက်ရှိကြောင်း ပြောကြားသည်။ ဒါကာအနေဖြင့် ပင်လယ်ပိုင်းတွင် ဖြစ်လာမည့် ပြဿနာအတွက်လည်းစိုးရိမ်နေပါသည်။

ရေတပ်အရာရှိတစ်ဦးက မြန်မာတို့၏ အမြောက်များ ပစ်ခတ်နိုင်သည့် အကွာအဝေးသည် စစ်တကောင်း (Chittagang) အထိ မှီကြောင်း သတင်းစာသို့ ပြောကြားသည်။ မြန်မာတို့သည် ဘင်္ဂလားဒေ့ရှ်ပိုင် ပင်လယ် နယ်နိမိတ်အတွင်းသို့ ကျူးကျော်ဝင်ရောက်လျက် ကြီးမားသော ပင်လယ်နယ်နိမိတ်တစ်ခုကို ၎င်းတို့၏ ပင်လယ်ရေပိုင်နက်အဖြစ် သတ်မှတ်လိုနေသည်ဟု မိမိတို့ သံသယရှိကြောင်း ရေတပ်အရာရှိတစ်ဦးမှပြောပါ သည်။

 ဘင်္ဂလားဒေ့ရှ်၊ မြန်မာနှင့် အိန္ဒိယတို့၏ပင်လယ်ပိုင်နက် နယ်နိမိတ်သည် သတ်မှတ်ထားခြင်း မရှိသေးသဖြင့် အဆိုပါဘင်္ဂလားပင်လယ်အော်ဒေသတွင် ရေနံထွက်ပစ္စည်း (Hydro Carbon) များကို
သက်ဆိုင်ရာ နိုင်ငံများက ရှာဖွေမှုသည် တင်းမာမှုများကို ဖြစ်စေသည့် အကြောင်းအချက် ဖြစ်နေပါသည်။

 


--~--~---------~--~----~------------~-------~--~----~
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/   upon their request.

-~----------~----~----~----~------~----~------~--~---

0 comments:

Post a Comment