Transparency Myanmar

transparency.myanmar@gmail.com

မြန်မာနိုင်ငံ၏ အဆင့်မြင့် ပညာရေးကဏ္ဍတွင် ပုဂ္ဂလိက ရင်းနှီးမြှုပ်နှံမှုများ ခွင့်ပြုရန်အတွက်  နှစ်လမ်းသွား ပညာရေးစနစ် ကျင့်သုံးရန် စီစဉ်နေကြောင်း ရန်ကုန်တက္ကသိုလ် အသိုင်းအဝိုင်းမှ သိရှိရသည်။

မြန်မာနိုင်ငံ၏ အဆင့်မြင့် ပညာရေးစနစ်တွင် နိုင်ငံတကာ စံနှုန်းဖြစ်သည့် ၁၁ တန်းနှင့် ၁၂ တန်း အတန်း နှစ်တန်း ပျောက်ကွယ်နေကြောင်း၊ ယခု အဆိုပါ အတန်း နှစ်တန်း ကို ပုဂ္ဂလိကသို့ လွဲပြောင်း လုပ်ကိုင်ခွင့်ပေးရန် စီစဉ်နေကြောင်း၊ ပညာရေးတက္ကသိုလ်မှ ဆရာတစ်ဦး၏ အဆိုအရ သိရှိရသည်။

စစ်အစိုးရ၏ ဘတ်ဂျက် ခွဲဝေမှုအရ ပညာရေးကဏ္ဍ တစ်ခုလုံးအတွက် GDP ရာခိုင်နှုန်းခန့်သာ သုံးစွဲခွင့် ရပြီး ဒုတိယကမ္ဘာစစ်ပြီးခါစက အရှေ့တောင်အာရှ ထိပ်တန်း ပညာရေးစနစ်ကို ပိုင်ဆိုင်ခဲ့သော မြန်မာနိုင်ငံသည် စစ်အစိုးရခေတ်တွင် ဘတ်ဂျက် မလုံလောက်မှု၊ မူဝါဒ မကြာခဏ ပြောင်းလဲမှု၊ မူဝါဒ လွဲမှားမှုများကြောင့် မြန်မာ့ ပညာရေးအဆင့် နိမ့်ကျခဲ့ရကြောင်း ၎င်းက သုံးသပ် ပြောကြားသည်။

"စစ်အစိုးရအနေနဲ့ လိုအပ်တဲ့ အတန်းတွေကို ငွေမရှိလို့ မဖွင့်နိုင်ရင် ပုဂ္ဂလိကကို လုပ်ခိုင်းသင့်တာပေါ့" ဟု ရန်ကုန်စီးပွားရေး တက္ကသိုလ်မှ အငြိမ်းစား ပါမောက္ခတစ်ဦး က ဆိုသည်။

နှစ်စဉ် ဘတ်ဂျက်လိုငွေ ပြနေသည့် စစ်အစိုးရသည် ယခု ၁၁ တန်းနှင့် ၁၂ တန်းကို ပုဂ္ဂလိကသို့ လွဲပြောင်း လုပ်ကိုင်ခွင့် ပေးသည်မှာ ငွေမရှိ၍ ဖြစ်ကြောင်း မြန်မာကျောင်းသား အများစုသည် ၁၀ တန်းအောင်ပြီး နိုင်ငံခြားသို့ သွားရောက် ပညာသင် ကြားလိုပါက SAT GCE စသည့် အတန်းများကို ပုဂ္ဂလိက သင်တန်းကျောင်းများတွင် ငွေသိန်းချီ အကုန်ခံ သင်တန်းတက်ကာ ဖြေဆိုရန် ကြိုးစားသူများ ရှိကြောင်း ယခု ပုဂ္ဂလိကမှ သက်သာစွာ တရားဝင်လုပ်ကိုင်ခွင့် ရှိလာလျှင် ပညာလိုလားသူများ တက်ရောက်ကြမည် ဖြစ်ကြောင်း ၎င်းက သုံးသပ် ပြောကြားသည်။



--
Posted By icypress to Sensible Rumour at 11/17/2009 06:48:00 AM

0 comments:

Post a Comment