Transparency Myanmar

transparency.myanmar@gmail.com

From the Daily Finance (15 - Nov -2009)

အမေရိကန်ပြည်ထောင်စု သမ္မတ ဘားရက်အိုဘားမားသည် ပြီးခဲ့သည့် တနင်္ဂနွေနေ့က အာရှ ခေါင်းဆောင်များနှင့် တွေ့ဆုံရာတွင် မြန်မာခေါင်းဆောင်များကို ပြင်းပြင်းထန်ထန် ဝေဖန်ခဲ့ပါသည်။

မြန်မာစစ်အစိုးရသည် ကမ္ဘာပေါ်တွင် လူမုန်းအများဆုံးနိုင်ငံများထဲတွင် အပါအဝင်ဖြစ်ပြီး၊ မိမိတိုင်းပြည်တွင်းမှ လူများကို အာဏာပြ၍ ချုပ်ကိုင်ထားခြင်း၊ သတ်ဖြတ်ခြင်း၊ နှိပ်စက်ခြင်းများကို တရားဝင်သဖွယ် လုပ်ဆောင်လျက် ရှိနေပါသည်။ ၂၀ ရာစုက ကျဆုံးသွားပြီ ဖြစ်သော မာ့ခ်စ်ဝါဒလမ်းကြောင်းကို ပြန်လည် လျှောက်လှမ်းနေသော စစ်အစိုးရသည် ၎င်းတို့၏ အာဏာတည်မြဲရေးအတွက် တိုင်းပြည်၏ ကြီးစွာသော သဘာဝအရင်းအမြစ် ကြွယ်ဝမှုကို တည်မှီနေရသည်။

တရုတ်နှင့် အိန္ဒိယနိုင်ငံများနှင့် အပြန်အလှန် ကုန်သွယ်မှုများကြောင့် ဗိုလ်ချုပ်များသည် ငွေအရင်းအနှီး များစွာရရှိပြီး၊ ထိုချမ်းသာကြွယ်ဝမှုများကြောင့် အိုဘားမား၏ ပြုပြင် ပြာင်းလဲရေးအတွက် တောင်းဆိုမှုများကို လျစ်လျူ ပြုနိုင်လိမ့်မည် ဖြစ်ပါသည်။

Bloomberg အဆိုအရ ယမန်နှစ်က တရုတ်၏ မြန်မာနိုင်ငံနှင့် ကုန်သွယ်မှုမှာ ၂၆ %အထိ တိုးတက်ခဲ့ပြီး ဒေါ်လာ . ဘီလီယံရှိခဲ့ပါသည်။ ကွန်မြူနစ်ဝါဒကို တစ်ဝက်သာ သုံးသော နိုင်ငံမှ အကြီးဆုံး ကုမ္ပဏီဖြစ်သော China National Petroleum သည် မြန်မာနိုင်ငံမှ တရုတ်နိုင်ငံ အနောက်တောင်ဖက်သို့ မိုင် ၄၈၀ ရှည်သော ရေနံဓာတ်ငွေ့ ပိုက်လိုင်းကို တည်ဆောက်လျက် ရှိပါသည်။ တရုတ်၏ အကြီးဆုံး ကမ်းလွန် ရေနံရှာဖွေရေးကုမ္ပဏီဖြစ်သော CNOOC သည် မြန်မာနိုင်ငံတွင် ရေနံရှာဖွေလျက် ရှိပါသည်။

မြန်မာနိုင်ငံတွင် စွမ်းအင် ကဏ္ဍမှ နှစ်စဉ် ဝင်ငွေ ဒေါ်လာ ဘီလီယံခန့်မှာ နိုင်ငံတကာ အဆင့်တွင် ကြည့်ပါက ပြောပလောက်သော ပမာဏ မဟုတ်သော်လည်း စစ်အစိုးရအတွက် ၎င်းတို့စစ်တပ်ကို အင်အားတိုးချဲ့ရန်နှင့် စစ်တပ် ထိပ်ပိုင်းခေါင်းဆောင်များအတွက် ခြံဝင်းနှင့် အိမ်ကြီးများ ဆောက်လုပ်ရန်အတွက်မူ ကောင်းစွာ လုံလောက်ပါသည်။ စစ်အစိုးရသည် မြန်မာနိုင်ငံ အလယ်ပိုင်းတွင် လယ်ကွင်းများကို ရှင်းလင်းပြီး ဖက်ဆစ်စတိုင် အုတ်တံတိုင်းများဖြင့် နေပြည်တော်ကို ဒေါ်လာ  () ဘီလီယံ ခန့် အကုန်ကျခံကာ တည်ဆောက်ခဲ့ပါသည်။ အမေရိကန်ရေတပ် ကျူးကျော်ဝင်ရောက်မှုမှ ဝေးရာနေရာဟု ခပ်ကြောင်ကြောင် အတွေးများဖြင့် ယူဆ၍ တည်ဆောက်ခဲ့ဟန် တူပါသည်။

CIA ခန့်မှန်းချက်အရ မြန်မာနိုင်ငံ၏ GDP အရ ပျမ်းမျှ လူတစ်ဦးချင်း ဝင်ငွေသည် တစ်နှစ်လျှင် ဒေါ်လာ ၁၂၀၀ သာ ရှိပြီး တစ်ရက်ဝင်ငွေ ဒေါ်လာ အောက်တွင်သာ ရှိပါသည်။

Obama ခရီးစဉ်သည် အာရှတွင် အမေရိကန်၏ သြဇာလွှမ်းမိုးမှုကို ဆက်လက် ထိန်းသိမ်းလိုကြောင်း အချက်ပြလိုခြင်း ဖြစ်သည်။ အာရှတွင် တရုတ်၏ လွှမ်းမိုးမှု တိုးတက်လာခဲ့ရာ GDP တိုးတက်မှု ဂဏန်းနှစ်လုံးထိ ရှိလာပါသည်။ အမေရိကန်အနေဖြင့် မြန်မာနိုင်ငံနှင့် ကုန်သွယ်မှုပမာဏမှာ မရှိသလောက် ဖြစ်ပြီး ဒေါ်လာ ၁၀. မီလီယံသာ ရှိရာ၊ ဗိုလ်ချုပ်များအပေါ် သြဇာရှိမှုမှာ အကန့်အသတ်နှင့် ရှိနေပါသည်။ Bush အစိုးရ လက်ထက်က စစ်အစိုးရနှင့် ဆက်ဆံရေး မရှိသလောက်ပင် ဖြစ် သည်။

အမေရိကန်သည် စစ်အစိုးရအပေါ် ပြင်းထန်သော အရေးယူမှုပိတ်ဆို့မှုများ ပြုလုပ်ခဲ့သော်လည်း ဗိုလ်ချုပ်များသည် တရုတ်၊ အိန္ဒိယနှင့် အခြားနိုင်ငံများဖြင့် ကုန်သွယ်မှုများ တိုးတက်ပြုလုပ်လာခဲ့ရာ၊ ခွဲခြမ်း စိတ်ဖြာလေ့လာသူများက အမေရိကန်၏ အရေးယူမှုမှာ အသုံးဝင်မဝင် မေးခွန်းထုတ်လာ ကြပါသည်။

ယခုအခါ စစ်အစိုးရသည် ဒေါ်အောင်ဆန်းစုကြည်အား ထိန်းသိမ်းထားခြင်းကြောင့် နိုင်ငံတကာ၏ ဝေဖန်မှုများကို ရင်ဆိုင်နေရပါသည်။ ဗိုလ်ချုပ်များသည် လွန်ခဲ့သော နှစ်က နိုင်ငံတကာနှင့် ဆက်သွယ်ရေး လမ်းကြောင်းများကို ဖြတ်တောက်ပြီး ဒီမိုကရေစီလှုပ်ရှားမှုများတွင် ပါဝင်သော ဘုန်းတော်ကြီးများ၊ ကျောင်းသားများနှင့် အရပ်သားများကို ရက်ရက်စက်စက် နှိမ်နှင်းခဲ့သဖြင့် ဝေဖန်ရှုတ်ချမှုများကို ခံခဲ့ရပါသည်။

ပြီးခဲ့သော ထိပ်သီးအစည်းအဝေးတွင် Obama က ဒေါ်အောင်ဆန်းစုကြည်အား လွှတ်ပေးရန် ဗိုလ်ချုပ်ကြီး သိန်းစိန်အား တောင်းဆိုခဲ့ပါသည်။

မြန်မာနိုင်ငံ၏ ရှေ့ဆက်လျှောက်ရမည့် လမ်းကြောင်းမှာ ရှင်းရှင်းလင်းလင်း ပြောရလျှင် ဒေါ်အောင်ဆန်းစုကြည် အပါအဝင် နိုင်ငံရေးအကျဉ်းသားများကို လွှတ်ပေးရန်၊ တိုင်းရင်းသား အဖွဲ့များနှင့် ပဋိပက္ခများ အဆုံးသတ်ရေးနှင့် အစိုးရ၊ ဒီမိုကရေစီ အတိုက်အခံများနှင့် တိုင်းရင်းသား အဖွဲ့များကြား စစ်မှန်သော တွေ့ဆုံမှုဖြစ်ပေါ်စေရေး တို့ဖြစ်ကြောင်း Obama က ပြောပါသည်။ ထို့အပြင် နိုင်ငံနှင့်အဝှမ်း လိုအပ်နေသော နိုင်ငံသားများအတွက် အခြေခံ လိုအပ်ချက်များကို ဖြည့်ဆည်းပေးရန် စစ်အစိုးရ သို့ တောင်းဆိုခဲ့ပါသည်။

ပြီးခဲ့သည့် APEC ထိပ်သီးအစည်းအဝေးမှ ကြေညာချက်ထုတ်ပြန်ရာတွင် ဒေါ်အောင်ဆန်းစု ကြည်နှင့် ပတ်သက်၍ ဖော်ပြထားခြင်း မရှိပါ။ သို့သော် ပြီးခဲ့သည့် Asean နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးမှ ဒေါ်အောင်ဆန်းစုကြည်အား လွှတ်ပေးရေးကို ဖော်ပြထားသော ကြေညာချက်ကို ညွှန်းထားခြင်းမှာ နားမလည်နိုင်အောင် ဖြစ်ရကြောင်း Dow Jones အဆိုအရ သိရှိရပါသည်။ ယခု ကြေညာချက်တွင် ၂၀၁၀ ရွေးကောက်ပွဲအား လွတ်လပ်၍ တရားမျှတပြီး အားလုံးပါဝင်သော မြင်သာ ထင်သာရှိသည့် ရွေးကောက်ပွဲဖြစ်ရန် ထည့်သွင်း ဖော်ပြထားပါသည်။

လူ့အခွင့်အရေး အဖွဲ့များက အဆိုပါ ကြေညာချက်တွင် ဒေါ်အောင်ဆန်းစုကြည် ကိစ္စထည့်သွင်း ဖော်ပြရန် ပျက်ကွက်သည့် ကိစ္စသည် နိုင်ငံတွင်း ဒီမိုကရေစီ လှုပ်ရှားမှုများအတွက် နောက်ထပ် စိတ်ပျက်ဖွယ် ကောင်းသော အဖြစ်အပျက်ဖြစ်ကြောင်း ပြစ်တင်ပြောကြားခဲ့ပါသည်။ အမေရိကန်တို့ အနေဖြင့် စစ်အစိုးရအား ယခုကဲ့သို့ အကြောင်းအရာများ ရှုပ်ထွေးပြီး၊ ဘာဆိုလိုမှန်း မသိသော သတင်းစကားများ မပေးသင့်ကြောင်း မိမိတို့ အကြိမ်ကြိမ် ပြောကြားခဲ့ပြီး ဖြစ်ကြောင်း ထိုင်းနိုင်ငံ အခြေစိုက် Forum for Democracy in Burma မှ ပြောခွင့်ရ ပုဂ္ဂိုလ် စိုးအောင်က ပြောပါသည်။


--~--~---------~--~----~------------~-------~--~----~
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/   upon their request.

-~----------~----~----~----~------~----~------~--~---

0 comments:

Post a Comment