Transparency Myanmar

transparency.myanmar@gmail.com

28 Oct, 09
Reuters
၂ဝဝ၈ ခုနှစ်က ဆန်စပါးဈေးနှုန်းများ အလွန်အမင်း မြင့်တက်သွားခဲ့သော
ဈေးနှုန်းအကျပ်အတည်း ပြဿနာမျိုးနောက်ထပ်မဖြစ်ပွားအောင် တားဆီးရန်
ကမ္ဘာလုံးဆိုင်ရာ ဆန် သိုလှောင်မှုစနစ်တစ်ခုကို ကျင့်သုံးရန် ဖိလစ်ပိုင်က
တွန်းအားပေးလျက် ရှိသည်ဟု အဆင့်မြင့် အရာရှိတစ်ဦးက ဗုဒ္ဓဟူးနေ့က
ပြောကြားသည်။
မျှော်လင့်မထားသော ရာသီဥတု ပြောင်းလဲမှုများကြောင့် အဓိက ဆန်တင်ပို့သူ
အိန္ဒိယနိုင်ငံ၏ ထုတ်လုပ်မှု များစွာကျဆင်းသွားခဲ့ပြီး ကမ္ဘာ့ အကြီးဆုံး
ဆန်ဝယ်ယူသူ ဖိလစ်ပိုင်ကလည်း ၎င်း၏ ၂ဝ၁ဝ ဆန်လိုအပ်ချက်ကို ယခုကပင်
စတင်သိုလှောင် နေရပြီဖြစ်သည်။ "၂ဝဝ၈ ခုနှစ်က ပြဿနာမျိုး ပြန်လည်
ဖြစ်ပွားနိုင်သော အခြေအနေသည် အလှမ်းမဝေးတော့ဟု မိမိခံစားမိကြောင်း"
စိုက်ပျိုးရေးဝန်ကြီး Author Yap က အလယ်ပိုင်း စီဘူးပြည်နယ်တွင်
ကျင်းပသည့် နိုင်ငံတကာ ဆန်ကွန်ဖရင့်သို့ တက်ရောက်လာသော
ကိုယ်စားလှယ်များကို ပြောကြားခဲ့ပါသည်။
အိန္ဒိယကဲ့သို့သော ဆန်ထုတ်လုပ်သူများ၏ အိပ်စပို့ ထိန်းချုပ်မှုနှင့်
တိုင်ဖွန်းမကြာခဏ ကျရောက်တတ်သော ဖိလစ်ပိုင်ကဲ့သို့ နိုင်ငံများ၏
အကြီးစားဝယ်ယူမှုများကြောင့် ထိုင်းဆန် RI-THWHB-PI ၏ ဈေးနှုန်းသည် ၃
ဆတက်သွားခဲ့ပြီး တစ်တန်လျှင် ဒေါ်လာ ၁ဝ၈ဝ ဖြင့် ယခင်နှစ် ဧပြီလက
စံချိန်တင်ခဲ့ပါသည်။ ၂ဝဝ၉ ခုနှစ်တွင်လည်း ဝယ်လိုအား နည်းပါးသည့်ကြားမှပင်
ဈေးနှုန်းများမှာ ထက်ဝက်ကျော်ခန့် တက်သွားပါသည်။
"မုန်တိုင်း (ဆန်ဈေးနှုန်းပြဿနာ) ကတော့ လာနေပြီဗျ။ ဘယ်အချိန် တိုက်မလဲ
ဆိုတာတော့ မသိသေးဘူး။ ဘယ်အချိန် ဖြစ်မလဲဆိုတာနဲ့ ပတ်သက်ပြီး
သဘောထားအမျိုးမျိုး ကွဲနေပေမဲ့ ဖြစ်တော့မယ်ဆိုတာကိုတော့ အားလုံးက
နားလည်သိရှိထားပါတယ်" ဟု Yap က ဆက်လက် ပြောကြားပါသည်။
ကုလသမဂ္ဂ စားနပ်ရိက္ခာနှင့် စိုက်ပျိုးရေးအဖွဲ့ (UNFAO) ၏
ယခုလပြောကြားချက်အရ ကမ္ဘာ့ထိပ်တန်း ဆန်တင်ပို့သောနိုင်ငံများ၏ ၂ဝ၁ဝ
ဆန်သိုလှောင်မှုသည် ကျဆင်းခဲ့ပြီး တန်သန်း ၂ဝ ထက် လျော့နည်းဖွယ်
ရှိကြောင်းနှင့် ယခင်နှစ်က ဆန်သိုလှောင်မှုမှာ တန်သန်း ၃ဝ ရှိခဲ့ကြောင်း
သိရပါသည်။ ရာသီဥတု ပြောင်းလဲမှုများကြောင့် ယခုနှစ် ဆန်ထုတ်လုပ်မှု
ထိခိုက်ခဲ့သည်ဟု ဆိုပါသည်။
၂ဝဝ၈ ခုနှစ် အဖြစ်အပျက်မျိုး နောက်တစ်ကြိမ် အဖြစ်မခံနိုင်ပါ။ သို့ဖြစ်၍
ကမ္ဘာ့စားနပ်ရိက္ခာ အရံထားရှိမှု အခြေခံ စည်းမျဉ်းအရ ဆန်သိုလှောင်မှု
ပြုလုပ်ရန် တိုက်တွန်းနေရခြင်း ဖြစ်သည်ဟု Yap က ပြောပါသည်။
ဆန်ဈေးနှုန်းများ ကျနေချိန်တွင် ထုတ်လုပ်သူများက အရန်စားနပ်ရိက္ခာအဖြစ်
သိုလှောင်ထားလိုက်ပါက ဆန်ဈေးနှုန်းများ ကျဆင်းမှုကို တားဆီးနိုင်မည်ဟု
ဆိုပါသည်။
မိမိတို့ကဲ့သို့ စားသုံးသူ ဖောက်သည်များ အနေနှင့် သိုလှောင်မှု စနစ်ကို
အမြဲတမ်း ပြုလုပ်နိုင်ရမည် ဖြစ်ပြီး တည်ငြိမ်သေချာသော
တန်ဖိုးတစ်ခုဖြင့်သာ ဆန်ကိုဝယ်ယူလိုသည်ဟု ဖိလစ်ပိုင်
စိုက်ပျိုးရေးဝန်ကြီးက ပြောကြားခဲ့ပါသည်။

--~--~---------~--~----~------------~-------~--~----~
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.
-~----------~----~----~----~------~----~------~--~---

0 comments:

Post a Comment