Transparency Myanmar
transparency.myanmar@gmail.com
26 - Oct – 2009  Saw Yan Naing / Irrawaddy
          အပစ်အခတ် ရပ်စဲထားသော လူမျိုးစု စစ်တပ်များအား နယ်ခြားစောင့်တပ်ဖွဲ့အဖြစ် ပြောင်းလဲရေးကိစ္စနှင့် ပတ်သက်၍ မြန်မာ့တပ်မတော်နှင့် ၀တပ်ဖွဲ့ (UWSA) တို့ ယာယီ အပေးအယူ ညှိနှိုင်းသဘောတူညီချက် တရပ် ရရှိရန်နီးစပ်နေပြီဖြစ်ကြောင်း သတင်းများအရ သိရသည်။
          တဖက်က စေ့စပ်ညှိနှိုင်းရေးများ လုပ်နေသော်လည်း အခြားတဖက်တွင် စစ်တပ် တပ်လုံး က စစ်ပြင်ဆင်မှုများ ပြုလုပ်နေသည်ဟု ဆိုပါသည်။
          အဆိုပါ တင်းမာနေသော ဒေသတွင် မြန်မာအစိုးရက တပ်ခွဲထားသည့် တပ်ရင်း ၅၀ ခန့် ကို ခိုင်မာအောင် အင်အားပြည့်တင်းနေပြီး အင်အား ၂၅၀၀၀ ရှိ ၀တပ်ဖွဲ့ကလည်း ကတုတ်ကျင်း များ တူးကာ ခံစစ်ပြင်ဆင်လျက်ရှိသည်။
          သတင်းများအရ ၀ခေါင်းဆောင်များသည် နယ်ခြားစောင့်တပ် ဖွဲ့စည်းရေး ဆုံးဖြတ်ချက်ကို ကြန့်ကြာစေရန် အချိန်ဆွဲနေခြင်း ဖြစ်သည်ဟုဆိုသည်။ အချို့သတင်းများကမူ ၀ခေါင်းဆောင်များ က ၎င်းတို့တပ်ဖွဲ့များသည် နယ်ခြားစောင့် တပ်အဖြစ် ဖွဲ့စည်းရန် အဆင်သင့် မဖြစ်သေးကြောင်း နှင့် လေ့ကျင့်ပေးရန် လိုအပ်နေသေးသည်ဟု မြန်မာတပ်မှူးများအား အကြောင်းပြန်ထားသည်ဟု ဆိုပါသည်။
          အချို့သော မြန်မာနိုင်ငံရေး လေ့လာသူများက မြန်မာနိုင်ငံ၏ အကြီးဆုံး စစ်တပ် ခု ကြား တွင် တိုက်ပွဲများ အနှေးနှင့် အမြန်ဖြစ်ပွားလာမည်ဟု မှန်းဆထားကြပါသည်။ အခြားလူမျိုးစု တပ်ဖွဲ့များက အပေးအယူလုပ်ညှိနှိုင်းမှုများ ပြုလုပ်နိုင်မည်ဟု ယုံကြည် နေကြသော်လည်း ၀တပ်ဖွဲ့ကမူ သေသည်အထိ တိုက်ခိုက်သွားလိမ့်မည်ဟု အချို့က မှတ်ချက်ပေးကြပါသည်။
          တရုတ်နိုင်ငံသည် နေပြည်တော်တွင် မြန်မာအာဏာပိုင်များနှင့် လည်းကောင်း တချိန်ထဲမှာပင် ခေါင်းဆောင်များနှင့် ပန်ဆိုင်း တွင်လည်းကောင်း၊ ဖက်စလုံးနှင့် ဆွေးနွေးနေသည်ဟု အများက နားလည်ထားပြီး မကြာသေးမီက ရှမ်းပြည်နယ် မြောက်ပိုင်းကိုးကန့်ဒေသ ပဋိပက္ခဖြစ်ပွားခဲ့ပြီးနောက် အကျပ်အတည်းများ ပြေလည်စေရန် အားထုတ်လာခြင်း ဖြစ်ပုံရပါသည်။ ၀တပ်ဖွဲ့များကို နယ်ခြား စောင့်တပ်ဖွဲ့အဖြစ် အသွင်ပြောင်းရေးကိစ္စတွင် တရုတ်က ဖိအားပေးကောင်း ပေးနိုင်သည်ဟု ဆိုပါသည်။
          မြန်မာအစိုးရ၏ နယ်ခြားစောင့်တပ် ဖွဲ့စည်းရေး အစီအစဉ်တွင် ပါဝင်ပူးပေါင်းရန် ကမ်းလှမ်းချက်ကို အောက်တိုဘာ လကုန် နောက်ဆုံးထား၍ ပြန်ကြားရန် မြန်မာ့စစ်တပ်က ၀ ခေါင်းဆောင်များကို ရာဇသံ ပေးထားသည်ဟု သိရသည်။
          စနေနေ့က တရုတ်ဝန်ကြီးချုပ်နှင့် မြန်မာဝန်ကြီးချုပ်တို့သည် ထိုင်းနိုင်ငံ၊ ချာအမ်းတွင် ကျင်းပနေသည့် အာဆီယံ ထိပ်သီးညီလာခံတွင် တွေ့ဆုံ၍ တရုတ်-မြန်မာ နယ်ခြားဒေသ တည်ငြိမ် အေးချမ်းရေး ကိစ္စနှင့် ပတ်သက်ပြီး ဆွေးနွေးခဲ့ကြပါသည်။
          "၀မ်" က "သိန်းစိန်" အား မြန်မာနိုင်ငံသည် တည်ငြိမ်အေးချမ်းရေး၊ အမျိုးသားပြန်လည် ပေါင်းစည်းရေး၊ ဖွံ့ဖြိုးတိုးတက်ရေးတို့ကို အောင်မြင်စွာ ဆောင်ရွက်နိုင်လိမ့်မည်ဟု ဘီဂျင်းက မျှော်လင့်ပါကြောင်း စသဖြင့် ပြောကြားခဲ့သည်ဟု တရုတ်နိုင်ငံခြားရေးဌာနသတင်းများအရ သိရသည်။
          အောက်တိုဘာ ၁၉ ရက်က မြန်မာအစိုးရ အတွင်းရေးမှူး ဗိုလ်ချုပ်ကြီး တင်အောင်မြင့်ဦး ခေါင်းဆောင်သော ကိုယ်စားလှယ်အဖွဲ့ တရုတ်နိုင်ငံသို့ တရားဝင်ခရီးစဉ် သွားရောက်ခဲ့ပါသည်။ နှစ်နိုင်ငံ အကျိုးစီးပွားအတွက် အခြေခံကျသည့် နယ်စပ်ဒေသ တည်ငြိမ်ရေး၊ အပြန်အလှန် ပူးပေါင်းဆောင်ရွက်ရေး ကိစ္စများကို တရုတ်၊ မြန်မာ အတူတကွ ကြိုးပမ်း အားထုတ်သွားကြမည်ဟု တရုတ် ဒုတိယ၀န်ကြီးချုပ် Li Keqiang က မြန်မာအတွင်းရေးမှူး() အား ပြောကြားခဲ့သည်ဟု Xinhua သတင်းများအရ သိရပါသည်။
          မြန်မာ့တပ်မတော်နှင့် ၀တပ်ဖွဲ့တို့၏ ညှိနှိုင်းသဘောတူညီမှုကို တရုတ်က မြင်တွေ့လို သည်ဟု ချင်းမိုင် အခြေစိုက် Shan Herald Agency for News အယ်ဒီတာချုပ် Khunsai Jaiyen က ဆိုပါသည်။
          UWSA နှင့် ၎င်းစစ်မဟာမိတ်များဖြစ်သော ကိုးကန့်တပ်ဖွဲ့နှင့် ကချင် ဒီမိုကရက်တစ် တပ်ဖွဲ့များသည် အောက်တိုဘာ ၂၀ မှစ၍ ပန်ဆိုင်းတွင် နေ့စဉ်ဆွေးနွေးခဲ့ကြပြီး အောက်တိုဘာ လကုန်တွင် နယ်ခြားစောင့်တပ် ဖွဲ့စည်းရေးကိစ္စနှင့် ပတ်သက်ပြီး နေပြည်တော်သို့ အကြောင်းပြန် ရန် စီစဉ်နေကြသည်ဟု Jaiyen က ဆက်လက် ပြောကြားပါသည်။
          မြန်မာစစ်တပ်က ထိန်းချုပ်မည့် နယ်ခြားစောင့် တပ်ဖွဲ့ကို ဆန့်ကျင်သည့်အနေဖြင့် မိမိတို့ တပ်ဖွဲ့များအား ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရှိသည့် ကချင်ဒေသ လုံခြုံရေးတပ်ဖွဲ့အဖြစ် အသွင်ပြောင်းလဲ မည့် KIO (Kachin Independent Organization) အစီအစဉ် လမ်းကြောင်းအတိုင်း လိုက်ပါ၍ ညှိနှိုင်း သဘောတူညီမှု ရယူရန် UWSA နှင့် ၎င်း၏မဟာမိတ်များက ကြိုးစားကြလိမ့်မည်ဟု အချို့ စောင့်ကြည့်သူများက မှတ်ချက်ပေးပါသည်။
          မြန်မာစစ်တပ် အာဏာပိုင်များ၏ တောင်းဆိုချက်အရ နယ်ခြားစောင့်တပ်ဖွဲ့တစ်ခုလျှင် တပ်ဖွဲ့ဝင် ၃၂၆ ဦးဖြင့် ဖွဲ့စည်းမည်ဖြစ်ပြီး၊ မြန်မာအရာရှိ ၃၀ ခန့်ကို တပ်ရင်း၏ အရေးပါသော စီမံခန့်ခွဲမှု နေရာများတွင် ခန့်ထားမည်ဟု ဆိုသည်။
          နယူးယောက်အခြေစိုက် လူ့အခွင့်အရေး စောင့်ကြည့် လေ့လာရေးအဖွဲ့မှ မြန်မာနိုင်ငံရေး ကျွမ်းကျင်သူ David Mathieson က မြန်မာစစ်တပ်နှင့် UWSA တို့သည် ပဋိပက္ခကိုရှောင်လွှဲ၍ ငြိမ်းချမ်းစွာ ဖြေရှင်းခြင်းက အဆိုပါဒေသရှိ အရပ်ဖက် ပြည်သူများအတွက် အကောင်းဆုံးဖြစ်လိမ့် မည်ဟု ပြောကြားလိုက်သည်။
          အကယ်၍ ဒေသတွင် တိုက်ပွဲများဖြစ်ပွားလာပါက အရပ်သားများအတွက် အလွန်ကြီးမား သော ဆိုးကျိုး သက်ရောက်မှုများ ဖြစ်ပေါ်စေပါမည်။
          မြန်မာအစိုးရစစ်တပ်နှင့် ၀တပ်ဖွဲ့တို့တိုက်ခိုက်ကြပါက ထိုင်းနိုင်ငံမြောက်ပိုင်း ချင်းမိုင်နှင့် ချင်းရိုင်ဒေသများသို့ စစ်ပြေး ဒုက္ခသည်ပေါင်း သိန်းခန့် ၀င်ပြေးလာနိုင်သည်ဟု ထိုင်းအမျိုးသား လုံခြုံရေးကောင်စီက လတ်တလော ထုတ်ပြန်လိုက်ပါသည်။
          သြဂုတ်လကုန်ပိုင်းက တရုတ်-မြန်မာနယ်စပ် ကိုးကန့်ဒေသ လောက်ကိုင် အနီးတ၀ိုက်တွင် ဖြစ်ပွားခဲ့သော တိုက်ပွဲများကြောင့် ကိုးကန့် စစ်ပြေးဒုက္ခသည်ပေါင်း ၃၇၀၀၀ ခန့် တရုတ်နိုင်ငံတွင်း သို့ ထွက်ပြေးခဲ့ပါသည်။
          မြန်မာနိုင်ငံရေး ကိစ္စများကို တစိုက်မတ်မတ် ရေးသားခဲ့သူ ဗြိတိသျှ စာနယ်ဇင်းသမား Larry Jagan က ဗိုလ်ချုပ်မှူးကြီး သန်းရွှေနှင့် ဒုတိယဗိုလ်ချုပ်မှူးကြီး မောင်အေးသည် အမျိုးသားရေး စိတ်ဓာတ် အလွန်ပြင်းထန်သူများဖြစ်ပြီး၊ မြန်မာနယ်မြေပေါ်တွင် လွတ်လပ်သော အခြားစစ်တပ်တခုကို ခွင့်ပြုရန် ကိစ္စနှင့် ပတ်သက်၍ အလွန်တင်းမာစွာ တုံ့ပြန်လိမ့်မည်ဟု ဆိုသည်။
          မြန်မာစစ်တပ်က ၀တပ်ဖွဲ့များကို ပြင်းထန်သော ထိုးစစ်ဆင်နွှဲမည့်ကိစ္စမှာ ဖြစ်နိုင်ချေ အရမ်းများသည်ဟု ၎င်းက မှတ်ချက်ပေးသည်။
          မြန်မာ့စစ်တပ်က ဒေသကို တိုက်ခိုက်မည့် အရိပ်အယောင်များ ပြနေခြင်းသည် မူးယစ် ဆေးဝါး ရောင်းဝယ်ရေးနှင့် တရားမ၀င် လက်နက်စက်ရုံများကိစ္စတွင် UWSA ပါဝင်ပတ်သက်မှု နှင့် သက်ဆိုင်နေပြီး လွတ်လပ်သော ပြည်နယ်ထူထောင်မည့် ၀တို့၏ရည်မှန်းချက်ကို တန်ပြန် လိုက်ခြင်းဖြစ်သည်ဟု နိုင်ငံရေး လေ့လာသူများက သုံးသပ်ပါသည်။
          ပြီးခဲ့သော နှစ်များအတွင်း ""အုပ်စုသည် မူးယစ်ဆေးဝါး ရောင်းဝယ်မှုကို အပြည့်အ၀ ပြုလုပ်လာခဲ့ပြီး ၎င်းမှရသော ရန်ပုံငွေဖြင့် လက်နက်များ ၀ယ်ယူခဲ့သည်ဟူသော စွပ်စွဲချက်များ ခိုင်မာစွာ ထွက်ပေါ်လာပါသည်။ လွန်ခဲ့သော နှစ်က UWSA သည် မူးယစ်ဆေးဝါး တရားမ၀င် ရောင်းဝယ်သော ရာဇ၀တ်မှုကျူးလွန်သည့် အဖွဲ့အစည်းဖြစ်သည်ဟု အမေရိကန်တရားရုံးမှ ဆုံးဖြတ်ခဲ့ပြီးနောက် အမေရိကန်ပြည်ထောင်စုက ၀ခေါင်းဆောင် ယောက်ကို မူးယစ်ဆေးဝါးမှု ဖြင့် စွဲချက်တင်ထားပါသည်။ UWSA ဘဏ္ဍာရေးတာဝန်ခံ ဝေဆွပ်ကိုင်သည် အမေရိကန်နှင့် ထိုင်းက အလိုရှိနေသော မူးယစ်ရာဇာတစ်ဦးဖြစ်သည်။
          ထိုင်းနိုင်ငံ မူးယစ်ဆေးဝါး နှိမ်နင်းရေးဌာန၏ ထုတ်ပြန်ချက်အရ ယခုနှစ်ထိုင်းနိုင်ငံ မြောက်ပိုင်းတွင် ဖမ်းဆီးရမိသော ဟီးရိုးအင်းပမာဏမှာ ယခင်နှစ်ကထက် အဆ ၂၀ ခန့် များပြား ခဲ့သည်ဟုဆိုပါသည်။ ယခင်နှစ်က ဟီးရိုးအင်း ဖမ်းဆီးရမိမှု ပမာဏမှာ ၅၇ ကီလိုဖြစ်၍ ယခုနှစ် ဖမ်းဆီးရမိမှု ပမာဏမှာ ၁၂၆၈ ကီလို ဖြစ်ပါသည်။
          ဧပြီလ ၁၇ ရက်က ပန်းဆိုင်းတွင်ပြုလုပ်သော UWSA အနှစ် ၂၀ ပြည့် အခမ်းအနားတွင် ၀ခေါင်းဆောင် ဦးပေါက်ယူချန်းက ပိုမိုကြံ့ခိုင် တောင့်တင်း၍ စည်းလုံးညီညွတ်သော ပြည်နယ်ကို ထူထောင် တည်ဆောက်မည်ဟု တရားဝင် ထုတ်ဖော်ပြောကြားခဲ့ပြီး မြန်မာ အမျိုးသားရေးဝါဒီများ၏ ကြားတွင် စိုးရိမ်သောက ရောက်စေမည့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ပြည်နယ် ထူထောင်ရန် သံနိဌာန် ချထားသည်ဟု ၎င်းကဆိုပါသည်။
          မိမိတို့ UWSA အနေနှင့် ယခုကိစ္စကို ငြိမ်းချမ်းစွာ ဖြေရှင်းလိုသော်လည်း မြန်မာအစိုးရ အပေါ်တွင် များစွာမူတည်နေကြောင်း ၎င်းကဆက်လက်ပြောကြားခဲ့ပါသည်။
--~--~---------~--~----~------------~-------~--~----~
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/   upon their request.
-~----------~----~----~----~------~----~------~--~---
0 comments:
Post a Comment