Transparency Myanmar

transparency.myanmar@gmail.com

(by particle Kelly)

2-Nov-2009

                 ကချင်တိုင်းရင်းသား ကိုယ်စားလှယ်အဖွဲ့သည် အမေရိကန် လက်ထောက် နိုင်ငံခြားရေးဝန်ကြီး Kurt Campbell ဦးဆောင်သော အမေရိကန် ကိုယ်စားလှယ် အဖွဲ့နှင်တွေ့ဆုံဆွေးနွေးပွဲ တက်ရောက်ရန် ဗုဒ္ဓဟူးနေ့တွင် နေပြည်တော်သို့ သွားရောက်မည် ဖြစ်ပါသည်။ ဒုတိယကမ္ဘာစစ် ပြီးကတည်းက ကချင်တိုင်းရင်းသား ကိုယ်စားလှယ်များနှင်အမေရိကန်အစိုးရ တာန်ရှိသူများ တွေ့ဆုံခြင်းမှာ ယခုပထမဆုံး အကိမ်အဖြစ် မှတ်တမ်းဝင်မည် ဖြစ်ပါသည်။

               ငြိမ်းချမ်းရေး ယူထားသော ကချင်လွတ်မြောက်ရေးအဖွဲ့ (KIO)သည် အစောပိုင်းကပင် အဆိုပါ အစည်းအဝေးသို့ တက်ရောက်ရန် ဆန္ဒရှိကြောင်း ဖော်ပြခဲ့သော်လည်း စစ်အစိုးရက ငြင်းပယ်ခဲ့ပါသည်။           

              သို့သော် ပြန်လည်ညိနိင်း စီစဉ်မအရ  ကချင်ငြိမ်းချမ်းရေး အကျိုးဆောင် Rev  Dr. Lahtaw Saboi Jum နှင့် Dr. Manum Duga တို့သည်၎င်း တို့၏ ဖက်ဒရယ်စနစ်ကို အဆိုပြု တင်ပြမည် ဖြစ်ပြီး KIO တရားဝင် ရပ်တည်ချက်ကို ကိုယ်စားပြုမည် ဖြစ်ပါသည်။

                KIO ဒုတိယဦးစီးချုပ် ဗိုလ်ချုပ် Gun Maw က ကချင်ကိုယ်စားလှယ် နှစ်ဦးကို တိုင်းရင်းသား အဖွဲ့များကိုယ်စား ပြောကြားပေးပါရန် မေတ္တာရပ်ခံခဲ့ကြောင်း သိရပါသည်။

             Obama အစိုးရသည် ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေးနှင့် တိုင်းရင်းသား လူမျိုးစုများနှင့် စစ်အစိုးရတို့ ပဋိပက္ခပြီးဆုံးရေးကို ဆက်လက်၍ ဖိအားပေးမည်ဖြစ်ကြောင်း Campbell က ပြောကြားခဲ့ပါသည်။ Campbell က ၎င်းအနေဖြင့် မြန်မာအစိုးရဒီမိုကရက်တစ်အတိုက်အခံနှင့် တိုင်းရင်းသား လူမျိုးစုများကြား စစ်မှန်သော တွေ့ဆုံဆွေးနွေးမဖြစ်ပေါ်စေရေးကို ရှေ့ရလိမ်မည် ဖြစ်ကြောင်းလည်း ပြောပါသည်။

                အမေရိကန်အဖွဲ့သည် တိုင်းရင်းသား ကိုယ်စားလှယ်များ နှင့်လည်းကောင်း၊ စစ်အစိုးရ တာန်ရှိသူများနှင်လည်းကောင်း တစ်ဦးချင်း တွေ့ဆုံလိမ့်မည်ဖြစ်သည်။

ဒေါ်အောင်ဆန်းစုကြည်နှင့်သီးခြားတွေ့ဆုံနိုင်ရန်လည်းတောင်းဆိုထားပါသည်။

               အမေရိကန်အစိုးရ တာဝန်ရှိသူများက ၎င်းတို့သည် ဗိုလ်ချုပ်မှူးကြီးသန်းရွှေနှင့် တွေ့ဆုံလိမ့်မည်မဟုတ်ကြောင်း ဖော်ပြခဲ့ပါသည်


--~--~---------~--~----~------------~-------~--~----~
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/   upon their request.

-~----------~----~----~----~------~----~------~--~---

0 comments:

Post a Comment