Transparency Myanmar

transparency.myanmar@gmail.com

By Usa Pichai

28th Oct, 09

ကချင်ပတ်ဝန်းကျင်ဆိုင်ရာ အဖွဲ့အစည်း၏ အင်္ဂါနေ့က ထုတ်ပြန်သော နောက်ဆုံး သတင်းတစ်ရပ်အရ မြန်မာနိုင်ငံမြောက်ပိုင်းတွင် ကချင်ပြည်နယ်၌ ဆည်တည်ဆောက်မည့်နေရာ ခုတွင်ရှိသော ရွာပေါင်း ၆ဝ ခန့်သည်  ဇွတ်အတင်း ပြောင်းရွှေ့ နေရာချထားခြင်းများနှင့် ကြုံတွေ့ နေရသည်ဟု ဆိုပါသည်။

ကချင်ပြည်နယ်ရှိ တိုးတက်သာ အဖွဲ့အစည်းများနှင့် အရပ်ဖက် လူမှုရေးအဖွဲ့များ၏ ကွန်ရက်တွင် ပါဝင်သော The Kachin Development Networking Group (KDNG) က Resisting the Flood  ဟူသော အစီရင်ခံစာကို အင်္ဂါနေ့က ထုတ်ပြန်ပါသည်။ ဧရာဝတီ မြစ်ဆုံဆည်နှင့် လုပ်ငန်းများ စတင်နေပြီဖြစ်သော အင်မိုင် မြစ်ပေါ်ရှိ ၂ဝဝဝ မဂ္ဂါဝပ် ထုတ်လုပ်ပေးမည့် ချီဖွေဆည် တို့၏ အကျိုးသက်ရောက်မှုနှင့် ဖြစ်ပေါ်ပြောင်းလဲမှုများကို စောင့်ကြည့်လေ့လာထားသည့် အစီရင်ခံစာ ဖြစ်သည်။ ဒေသခံလူပေါင်း ၁၅ဝဝဝ ခန့်နေထိုင်သည့် ရွာပေါင်း ၆ဝ ခန့်မှာ ကြိုတင်အသိပေး သဘောတူညီမှုမရှိဘဲ နေရာပြောင်းရွှေ့ရခြင်းဖြစ်သည်။ ယခုကဲ့သို့ နေရာရွှေ့ပြောင်းမှုကြောင့် အလုပ်အကိုင်နှင့် မြေပိုင်ဆိုင်မှုဆိုင်ရာ အငြင်းပွားမှုများ၊ အိမ်နီးချင်းနိုင်ငံများသို့ တရားမဝင် ရွှေ့ပြောင်းနေထိုင်မှုများ စသော နောက်ဆက်တွဲ လူမှုရေးပြဿနာများ ပေါ်ပေါက်လာမည် ဖြစ်ပြီး ၎င်းသက်ရောက်မှုများကို အမျိုးသမီးများက ပိုမိုခံစားရလိမ့်မည်ဟု အစီရင်ခံစာက ဖော်ပြထားပါသည်။

အဆိုပါ ပတ်ဝန်းကျင် ထိန်းသိမ်းရေးအဖွဲ့သည် တရုတ် စွမ်းအင်ရင်းနှီးမြှုပ်နှံမှု ကုမ္ပဏီသို့လည်း အိတ်ဖွင့်စာတစ်စောင် အင်္ဂါနေ့က ပေးပို့ခဲ့သည်။ ၎င်းစာတွင် ဆည် စီမံကိန်းနှင့် ပတ်သက် သက်ဆိုင်သော လူ့အခွင့်အရေးဆိုင်ရာ ချိုးဖောက်မှုများစွာတွင် ပါဝင်ပတ်သက်မှုကို ရှောင်ရှားသည့်အနေဖြင့် မြစ်ဆုံဆည်အပါအဝင် ကချင်ပြည်နယ်အတွင်း ဆည်တည်ဆောက်မှု လုပ်ငန်းများကို အမြန်ဆုံးရပ်ဆိုင်းရန် တိုက်တွန်းထားပါသည်။

မြစ်ဆုံဆည် တည်ဆောက်ရန် စီစဉ်ထားသော နေရာတွင်ရှိသော ထန်ပရီရွာ ဒေသခံများသည် အဆိုပါဆည်ကို ကန့်ကွက်ကြောင်း အိတ်ဖွင့်ပေးစာကို အောက်တိုဘာ ရက်နေ့က မြောက်ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှူး၏ လက်သို့ တိုက်ရိုက် ပေးအပ်ခဲ့သည်ဟု အစီရင်ခံစာအရ သိရသည်။

အာဏာပိုင်များက ဒေသခံများအား ပြောင်းရွှေ့ရန် လသာ အချိန်ရမည်ဟု ဩဂုတ်လက ပြောကြားခဲ့သည်။ အောက်တိုဘာ ၁ဝ ရက်နေ့က တိုင်းမှူးနှင့် ပြုလုပ်သော အစည်းအဝေးတွင် ထန်ပရီရွာ အိမ်ရှင်မများ၏ ကိုယ်စားလှယ်အမျိုးသမီးက မိမိပြောင်းရွှေ့သွားလျှင် မိမိတို့၏ လယ်ယာမြေများ ပါလာမည်မဟုတ်ကြောင်း ပြောကြားခဲ့သည်ဟု ဆိုပါသည်။

"ကျွန်ုပ်တို့ မပြောင်းရွှေ့လိုပါ။ အစိုးရမှ ပြန်လည် စဉ်းစားနိုင်ရန်အတွက် ကျွန်ုပ်တို့၏ စိုးရိမ်ပူပန်နေမှုများကို နေပြည်တော်သို့ တင်ပြပေးပါရန် တိုင်းမှူးအား မေတ္တာရပ်ခံပါသည်" ဟု ပေးစာတွင် ဖော်ပြထားသည်။

ထိုနေ့မှာပင် ဒေသခံ ၃ဝဝ ခန့်သည် ဧရာဝတီမြစ်ဆုံတွင် စုဝေး၍ သဘာဝမြစ်ကြောင်းကို ကာကွယ်ရန် လူထုဆုတောင်းပွဲ အခမ်းအနားကို ကျင်းပခဲ့ပါသည်။ မြစ်ဆုံဆည်ဆောက်လုပ်ပြီးပါက သမိုင်းဝင် ဘုရားရှိခိုးကျောင်းများစွာ ရေအောက်သို့ နစ်မြုပ်သွားမည်ဖြစ်ပြီး သစ်တောဧရိယာ များကိုလည်း ရေဖုံးလွှမ်းသွားမည် ဖြစ်ပါသည်။

ယင်းအချက်သည် ကမ္ဘာပေါ်တွင် လူပြောများနေသော ခေါင်းစဉ်တစ်ခုဖြစ်သည့် ဇီဝရင်းမြစ်များ ပြိုကွဲခြင်းဖြစ်ပြီး မြစ်ကြောင်းဆိုင်ရာ ဂေဟစနစ်ကို ပြောင်းပြန် ဖြစ်သွားစေမည်ဖြစ်သည်။ ဤသည်မှာ ဧရာဝတီလင်းပိုင်များအတွက် အန္တရာယ်ကြီးပြီး ဆန်စပါးထုတ်လူပ်မှု စုစုပေါင်း၏ ၆ဝ % ထွက်ရှိသော  မြစ်ဝကျွန်းပေါ်ဒေသကို ထိခိုက်စေမည် ဖြစ်သည်။

ယခု စီမံကိန်းသည် ပတ်ဝန်းကျင်ဆိုင်ရာကဏ္ဍ၊ လူမှုရေးနှင့် ကျန်းမာရေးကဏ္ဍများတွင် မည်သည့်အထောက်အကူမျှ ပေးစွမ်းနိုင်မည် မဟုတ်ကြောင်း၊ ဒေသခံများကိုလည်း တိုင်ပင် ညှိနှိုင်းခြင်း မရှိကြောင်း၊ စိုးရိမ်ပူပန်သည့် သဘောထားများ အပေါ်တွင်လည်း လျစ်လျူရှုခြင်းဖြင့် တုန့်ပြန်ကြောင်း စသဖြင့် KDNG ပတ်ဝန်းကျင်ထိန်းသိမ်းရေး အဖွဲ့က လူသိရှင်ကြား ထုတ်ပြန်ကြေညာလိုက်သည်။

အဆိုပါ အစီရင်ခံစာက ဆက်လက်၍ မြန်မာနိုင်ငံ၏ ဖွံ့ဖြိုးရေးစီမံကိန်းများသည် တပ်မတော်၏ ပါဝင်စွက်ဖက်မှု မြှင့်တက်လာခြင်းနှင့် မတရားစေခိုင်းမှုများ၊ မုဒိန်းမှုများ အပါအဝင် လူ့အခွင့်အရေး ချိုးဖောက်မှုများ စသဖြင့် နောက်ဆက်တွဲ ဆိုးကျိုးများ ဖြစ်ပေါ်လေ့ရှိသည်ဟု ဖော်ပြထားပါသည်။

၎င်းအပြင် ဆည်တည်ရှိရာဒေသသည် လုံခြုံမှုမရှိကြောင်း အဘယ်ကြောင့်ဆိုသော် အပစ်အခတ်ရပ်စဲထားသော မတည်ငြိမ်သည့် ဒေသဖြစ်ကြောင်း တိုက်ပွဲများဖြစ်ပွားလာပါက ဒေသခံပြည်သူများ၊ စီမံကိန်းနှင့် ငွေကြေးမြှုပ်နှံသူ တရုတ်နိုင်ငံတို့အတွက် အန္တရာယ်များကြောင်း အဓိက ပြတ်ရွေ့ကြောကြီးရှိသော ငလျင်ဇုံနှင့် ကီလိုမီတာ ၁ဝဝ အတွင်းတည်ရှိသောကြောင့် ငလျင်အန္တရာယ်လည်း ကြုံတွေ့ရနိုင်ကြောင်း စသဖြင့် ပြည့်စုံစွာ ဖော်ပြထားသည်။

တရုတ်နိုင်ငံ စွမ်းအင်ရင်းနှီးမြုပ်နှံမှု ကုမ္ပဏီလည်း ဧရာဝတီနှင့် ၎င်း၏ မြစ်လက်တက် နှစ်ခုပေါ်တွင် ဆည် ခု တည်ဆောက်ရန် လျာထားပြီး ရေအားလျှပ်စစ်မှ ရရှိသော ဓာတ်အား အများစုကို တရုတ်နိုင်ငံသို့ ပို့လွှတ်မည် ဖြစ်သည်။

မေခ၊ မလိခနှင့် ဧရာဝတီမြစ်ဆုံဒေသရှိ ရေအားလျှပ်စစ်စီမံကိန်း တည်ဆောက်ခြင်း၊ အကောင်အထည်ဖော်ခြင်းနှင့် လွှဲပြောင်းခြင်းနှင့် ပတ်သက်သော မြန်မာနိုင်ငံ ရေအားလျှပ်စစ် လုပ်ငန်းများ အကောင်အထည်ဖော်ရေးဌာနနှင့် တရုတ်စွမ်းအင်ဆိုင်ရာ ရင်းနှီးမြှုပ်နှံမှု ကော်ပိုရေးရှင်း တို့အကြာ သဘောတူညီမှုဆိုင်ရာ နားလည်မှုစာချွန်လွှာကို တရုတ်နိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးသိန်းလွင်နှင့် တရုတ် CPI ဥက္ကဋ္ဌ Mr. Lu Qizhou တို့က ၂၀၀၉ ခုနှစ် ဇွန်လ ၂၁ ရက်နေ့တွင် လက်မှတ်ရေးထိုးခဲ့ပါသည်။


--~--~---------~--~----~------------~-------~--~----~
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/   upon their request.

-~----------~----~----~----~------~----~------~--~---

0 comments:

Post a Comment