Transparency Myanmar

transparency.myanmar@gmail.com

From AFP, 10th Nov, 09

အမေရိကန်သမ္မတ Barack Obama သည် လာမည့်အပတ် အမေရိကန်နှင့် အရှေ့တောင်အာရှ နိုင်ငံများ ထိပ်သီးဆွေးနွေးပွဲတွင် ၎င်း၏ မိတ်ဆွေများရော၊ ရန်သူများပါ မခွဲခြားဘဲ ဆက်ဆံမှု ပြုလုပ်မည့် ယုံကြည်မှု အသစ်ကို စတင်အကောင်အထည် ဖော်မည် ဖြစ်ပါသည်။ မြန်မာနိုင်ငံ ဝန်ကြီးချုပ် ဗိုလ်ချုပ်ကြီးသိန်းစိန်အပါအဝင် အရှေ့တောင်အာရှနိုင်ငံများအသင်း (ASEAN) မှ ခေါင်းဆောင်များနှင့် အတူတကွ တွေ့ဆုံမည် ဖြစ်ပြီး ယခု ခရီးစဉ်သည် အိုဘားမား၏ ပထမဆုံး အာရှခရီးစဉ် ဖြစ်ပါသည်။

ပြီးခဲ့သည့် နှစ်များက ဝါရှင်တန်သည် ဒေါ်အောင်ဆန်းစုကြည်ကို ဒီမိုကရေစီ လှုပ်ရှားမှုကြောင့် ဖိနှိပ်ခဲ့သဖြင့် မြန်မာစစ်အစိုးရနှင့် တစ်စားပွဲတည်း ထိုင်ရန် ငြင်းပယ်ခဲ့ပါသည်။

သို့သော် အိုဘားမားသည် အမေရိကန်၏ နိုင်ငံခြားရေးမူဝါဒကို ပြောင်းလဲရန် ကြိုးစားနေရာ အာဆီယံနှင့် ပတ်သက်၍ တွက်ချက်မှုများကို ပြောင်းလဲပစ်ခဲ့ပါသည်။

အမေရိကန် မြန်မာဆက်ဆံရေးသည် အရှေ့တောင်အာရှ၏ အဓိက နိုင်ငံများနှင့် အမေရိကန်တို့၏ ပူးပေါင်းဆောင်ရွက်မှုကို များစွာ သက်ရောက်မှု ရှိခဲ့ပါသည်။ ထို့ကြောင့် စင်ကာပူနိုင်ငံတွင် ကျင်းပမည့် APEC ဆွေးနွေးပွဲ၏ အရန်ဆွေးနွေးမှု အဖြစ် တနင်္ဂနွေနေ့တွင် ထွက်ပေါ်လာမည့် အမေရိကန် - အာဆီယံ ထိပ်သီး တွေ့ဆုံမှုသည် အမေရိကန်၏ အလားအလာကောင်းသော ဒေသအပေါ် အာရုံပြုမှု အသစ်ကို ထုတ်ဖော်လိမ့်မည် ဖြစ်သည်။

ASEAN နိုးထလာမှု

အတိတ်ကာလများက အမေရိကန်အာဏာပိုင်များသည် အာဆီယံ၏ တိုးတက်မှုများအတွက် မူအားဖြင့်သာ ချီးကျူးခဲ့ကြပြီး၊ ဒေသတွင်း ပြည်တွင်းရေး ဝင်ရောက်မစွက်ဖက်ရေးကို အမေရိကန်က မနှစ်သက်သောကြောင့် အမေရိကန်- အာဆီယံ ဆက်ဆံရေးသည် နှောင့်နှေးခဲ့ရသည်။

သို့သော် ယခုအခါ ပင် - အာရှ ကုန်သွယ်မှု ချိတ်ဆက်များ အုပ်စုဖွဲ့မှုကို လုပ်ဆောင်နေပြီ ဖြစ်ပါသည်။ အပြန်အလှန်ဆွေးနွေးမှုများအရ အမေရိကန် ပြည်ထောင်စု ပါဝင်သည်ဖြစ်စေ၊ မပါဝင်သည် ဖြစ်စေ ပင် - ပစိဖိတ် (Pan – pacific) သို့မဟုတ် ပင် - အာရှ (Pan – Asian) အုပ်စုဖွဲ့မှုများကို တရားဝင် ပုံစံကျနစွာ ဖြစ်ပေါ်စေရန် ကြိုးပမ်းဆောင်ရွက်နေပြီ ဖြစ်ပါသည်။

အမေရိကန်- အာဆီယံ ပူးပေါင်းဆောင်ရွက်မှုတွင် မြန်မာနိုင်ငံသည် အမြဲတစေ အနှောင့်အယှက် အဟန့်အတားသဖွယ် ဖြစ်ခဲ့ပါသည်။ သို့သော် အမေရိကန်သည် မြန်မာနိုင်ငံကို နှစ်ပေါင်းများစွာ ရှောင်ဖယ်နေခဲ့ရာမှ ပြီးခဲ့သည့်အပတ်က အမေရိကန် ထိပ်တန်းအာဏာပိုင်များကို တပ်မတော်အစိုးရထံသို့ တွေ့ဆုံမှု အသစ်များ စတင်နိုင်ရန် စေလွှတ်ခဲ့ပါသည်။

အာရှတိုက် မြို့တော်ကြီးများက ယခု စင်ကာပူ ထိပ်သီး ဆွေးနွေးပွဲကို ကြိုဆိုခဲ့ကြကြောင်း Carnegie Endowment for International Peace မှ Douglas Paal က ပြောပါသည်။

သို့သော် ၎င်းတို့သည် မြန်မာနိုင်ငံအပေါ် ဘာမျှ လုပ်မပြနိုင်သဖြင့် မကျေနပ်ကြကြောင်း Paal က ဆက်ပြောပါသည်။

ထိုကဲ့သို့ မြန်မာနိုင်ငံသည် အမြဲတစေ ပြဿနာများ ဖန်တီးနေမှုကြောင့် အာဆီယံကို အမေရိကန်နှင့် ဆက်ဆံရေး တိုးတက်မှုကို ကန့်သတ်ထားသလို ဖြစ်ရကြောင်း Paal က ဆက်ပြောပါသည်။

အမေရိကန်၏ မူဝါဒပြောင်းလဲမှု

အိုဘားမားသည် ၂ဝဝ၈ ခုနှစ် မဲဆွယ်စဉ်ကာလက ၎င်းသည် အမေရိကန်၏ ရန်သူများ ဖြစ်သော ဗင်နီဇွဲလား၊ အီရန်၊ မြောက်ကိုရီးယား၊ ကျူးဘားနှင့် ဆီးရီးယားတို့မှ ခေါင်းဆောင်များနှင့် တိုက်ရိုက်စကားပြောမည် ဖြစ်ကြောင်း ပြောခဲ့ပါသည်။

ယခု အချိန်ထိမူ ၎င်း၏ မဟာဗျူဟာသည် ရလဒ်အနည်းသာ ပြနိုင်ပါသည်။ ပြီးခဲ့သည့်အပတ်က အမေရိကန် အရာရှိများ စစ်အစိုးရခေါင်းဆောင်များနှင့် လည်းကောင်း၊ ဒေါ်အောင်ဆန်းစုကြည်နှင့် လည်းကောင်း တွေ့ဆုံခဲ့မှုသည် အမေရိကန်၏ သံတမန်ရေးရာ ကဏ္ဍသစ်ကို ကိုယ်စားပြုခဲ့ပါသည်။

သို့သော် အမေရိကန်တို့သည် မြန်မာနိုင်ငံမှ လက်ခံနိုင်သော ပြောင်းလဲမှု မရှိမချင်း အရေးယူပိတ်ဆို့မှုများကို ဆက်လက် ထားရှိမည် ဖြစ်ပြီး ရှေ့ဆက်၍ လှမ်းရန် ယာယီ စီစဉ်မှုများ ရှိနေပါသည်။

ယခု ချဉ်းကပ်မှုသည် ရလဒ် ထွက်ပေါ်လာရေးအတွက် အချိန်ယူရမည် ဖြစ်ကြောင်း၊ အမှန်တကယ်တွင်မူ ရလဒ်ကောင်းရမှုအတွက် အာမခံချက်မရှိကြောင်း အိုဘားမား၏ အရှေ့ အာရှရေးရာ ဝါရင့် ဒါရိုက်တာ Jeffrey Bader က ပြောပါသည်။ ကျွန်ုပ်တို့အနေဖြင့် မြန်မာနိုင်ငံ၏ နှစ်ငါးဆယ်ခန့် အာဏာရှင် သမိုင်းကြောင်းကို ပြောင်းပစ်ရန်၊ သည်းခံရန်နှင့် တစိုက်မတ်မတ် လုပ်ကိုင်ရန် လိုအပ်မည် ဖြစ်ကြောင်း Bader က ပြောပါသည်။

ယခု ထိပ်သီး အစည်းအဝေးတွင် အိုဘားမားသည် မြန်မာကိုယ်စားလှယ် အဖွဲ့နှင့် တိုက်ရိုက်တွေ့ဆုံမှုမှာ မသေချာပါ။

အစည်းအဝေးတွင် အိုဘားမား၏ အာဆီယံနှင့် လေးနက်သော ပူးပေါင်းဆောင်ရွက်မှုအတွက် စိတ်အားထက်သန်မှုကို တစ်စိတ်တစ်ပိုင်းအားဖြင့် ရှင်းလင်းပြောကြားမည် ဖြစ်ပါသည်။ ဝါရှင်တန်အနေဖြင့် အရှေ့အလယ်ပိုင်း၏ ရှုပ်ထွေးသော အခြေအနေများ ရှိနေချိန်တွင် တရုတ်ကလည်း အာဆီယံဒေသတွင်းသို့ သူ၏ ချိတ်ဆက်များ ပိုမို ခြေကုတ်ယူမှုကို ပြုလုပ်လျက် ရှိပါသည်။

အရေးပါမှုကို လျှော့ချခြင်း

ယခုအခါ အချို့အမေရိကန် အာဏာပိုင်များသည် ဝါရှင်တန်ကို အာရှ၏ အဓိက ပါဝါအဖြစ် လုပ်ဆောင်လာမည်ကို စိုးရိမ်လျက် ရှိနေပါသည်။

အဆိုပါ အပြောင်းအလဲအတွက် ယခုနှစ် အစောပိုင်းက ပထမဆုံး လက္ခဏာ ပေါ်ထွက်ခဲ့ပါသည်။ နိုင်ငံခြားရေးဝန်ကြီး ဟီလာရီ ကလင်တန်သည် ဒေသတွင်း တရုတ်၏ ဩဇာလွှမ်းမိုးမှုကို ချိန်ခွင်လျှာ ညှိနိုင်ရန် ရည်ရွယ်၍ အရှေ့တောင်အာရှနိုင်ငံများနှင့် မှတ်တိုင်ထူမည့် ချစ်ကြည်ရေး စာချုပ်ချုပ်ဆိုခဲ့ခြင်း ဖြစ်ပါသည်။

ဒေသတွင်း အခြားအရေးကြီးသော အကြောင်းအရာမှာ ကူးသန်းရောင်းဝယ်ရေးကိစ္စ ဖြစ်ပါသည်။ အိုဘားမားအနေဖြင့် ကမ္ဘာ့ကူးသန်းရောင်းဝယ်ရေး ပြန်လည် သန်စွမ်း အသက်ဝင်လာရေး ကိစ္စတွင် ပါးစပ်ပြောထက် ပို၍ လုပ်ပြလိုဟန် ရှိပေသည်။

အာဆီယံနှင့် လွတ်လပ်စွာ ကုန်သွယ်ရေးကိစ္စ စကားပြောရန်အတွက် နိုင်ငံရေးအရ အုပ်စုနှစ်စု ကွဲနေသော ဝါရှင်တန်အနေဖြင့် အခက်အခဲ ရှိပါသည်။ လုပ်အားခ သက်သာသော အာရှဒေသ စီးပွားရေးတွင် အမေရိကန်တို့ အလုပ်အကိုင်ရရှိမှု အချိတ်အဆက်များ လျော့နည်းလာမှု အတွက်လည်း စကားပြောရန် ခက်ခဲပါသည်။

အိုဘားမားအနေဖြင့် အမေရိကန် ပြည်တွင်း၌ ဦးစားပေး လုပ်ဆောင်ရန် ကိစ္စများ ရှိနေရာ ယခုကိစ္စ အတွက် လုပ်သာကိုင်သာ အခွင့်အလမ်း အနည်းငယ်သာ ရနိုင်ဖွယ် ရှိပါသည်။

ယခု တွေ့ဆုံမှုမှ ရလဒ်ကြီးကြီးမားမား မမျှော်လင့်ရန် Center for Strategic and International Studies မှ Ernie Bower က ပြောပါသည်။

အိုဘားမားသည် သူငယ်စဉ်က အာဆီယံအဖွဲ့ဝင် အင်ဒိုနီးရှားနိုင်ငံတွင် နေထိုင်ခဲ့ရသဖြင့် အာဆီယံတွင် ဝင်ရောက်လှုပ်ရှားမည်မှာ အသေအချာပင် ဖြစ်ပါသည်။


--~--~---------~--~----~------------~-------~--~----~
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/   upon their request.

-~----------~----~----~----~------~----~------~--~---

0 comments:

Post a Comment