Transparency Myanmar

transparency.myanmar@gmail.com

AFP :  10 - Nov - 2009

          အမေရိကန်ပြည်ထောင်စုအနေဖြင့် ၎င်းနှင့် မြန်မာနိုင်ငံတို့၏ ဆက်ဆံရေး အနေအထားကြောင့် အရှေ့တောင်အာရှနိုင်ငံများနှင့် ပူးပေါင်းဆောင်ရွက်ရန် ရပ်တံ့နေမှုအား ဆက်လက်ခွင့်ပြု တော့မည် မဟုတ်ကြောင်း တနင်္လာနေ့က ပြောကြားခဲ့ပါသည်။ သမ္မတ Barack Obama ဒေသတွင်း ပထမဆုံး တရားဝင်ခရီးစဉ်အတွက် အရှိန်မြှင့်တင်လိုက်ခြင်း ဖြစ်ပါသည်။

          Obama သည် လာမည့် တနင်္ဂနွေနေ့တွင် စင်္ကာပူနိုင်ငံတွင် ASEAN (၁၀) နိုင်ငံမှ ခေါင်းဆောင်များနှင့် ပထမဆုံးအကြိမ် တွေ့ဆုံမည်ဖြစ်ရာ မြန်မာနိုင်ငံဝန်ကြီးချုပ် ဗိုလ်ချုပ်ကြီးသိန်းစိန်လည်း ပါဝင်မည် ဖြစ်ပါသည်။

          ပြီးခဲ့သည့်နှစ်များအတွင်း အမေရိကန်ပြည်ထောင်စုအတွက် အတားအဆီးတစ်ခုမှာ မြန်မာနိုင်ငံအပေါ် ထားရှိသည့် မူဝါဒနှင့် ပတ်သက်၍ ဖြစ်ပါသည်။ အမေရိကန်သည် မြန်မာနိုင်ငံနှင့် အပြန်အလှန်ဆက်ဆံရေး မရှိသောကြောင့် နောက်ဆုံးတွင် ASEAN နှင့်ပါ အပြန်အလှန် ဆက်ဆံရေးဖြစ်ပေါ်စေမှုကို ဟန့်တားထားသကဲ့သို့ ဖြစ်ပေသည်ဟု Obama အာရှမူဝါဒဆိုင်ရာ ထိပ်တန်းအကြံပေး Jeffrey Bader က ပြောပါသည်။

          သို့ဖြစ်၍ ယခုအစည်းအဝေးတွင် မြန်မာနိုင်ငံအား ASEAN ကို အကာအကွယ်ယူ၍ လုပ်ချင်ရာ လုပ်ခွင့်မပြုရန် ကြေညာချက်ထုတ်ပြန်နိုင်ရေးအတွက် ဆွေးနွေးကြမည်ဖြစ်ပါသည်ဟု Bader ကပြောပါသည်။

          ယခုအစည်းအဝေးသည် နိုင်ငံပေါင်းစုံတွေ့ဆုံခြင်းဖြစ်သောကြောင့် Obama အနေဖြင့် မြန်မာခေါင်းဆောင်နှင့် နှစ်ဦးတည်းတွေ့ဆုံရန် မဖြစ်နိုင်ပါ။ သို့သော် လုံးဝတွေ့ဆုံရန်မရှိပါဟု ယတိပြတ်ပြော၍လည်းမရပါဟု Bader က ဆက်လက်ပြောကြားပါသည်။

          ယခုအစည်းအဝေးသည် နှစ်နိုင်ငံ ဆွေးနွေးပွဲမဟုတ်ပဲ ASEAN (၁၀) နိုင်ငံစလုံး ပါဝင်မည် ဖြစ်ရာ ကျန် () နိုင်ငံကိုလည်း မြန်မာကိစ္စအတွက် အပြစ်တင်လိမ့်မည် မဟုတ်ပါဟု ဆက်ပြောပါ မည်။

          မြန်မာကိစ္စသည် Obama အမေရိကန်၏ ရန်သူများကို ပြန်လည်ဆက်ဆံခြင်း မူဝါဒ အတွက် စမ်းသပ်မှုတစ်ခုလည်း ဖြစ်ပါသည်။ ရှေ့တွင် အမေရိကန်တာဝန်ရှိသူများသည် မြောက်ကိုရီးယား၊ အီရန်၊ ဆီးရီးယား၊ ကျူးဘားတို့နှင့် တွေ့ဆုံခဲ့ပြီး ဖြစ်ပါသည်။

          ပြီးခဲ့သည့်နှစ်များက အမေရိကန်-အာဆီယံခေါင်းဆောင်များ ထိပ်သီးဆွေးနွေးပွဲကို မျှော်လင့်ခဲ့ကြသော်လည်း ဝါရှင်တန်၏ ငြင်းပယ်မှုကြောင့် ဖြစ်ပေါ်လာခြင်း မရှိခဲ့ပါ။ မြန်မာနိုင်ငံတွင် ဒေါ်အောင်ဆန်းစုကြည်၏ ဒီမိုကရေစီ လှုပ်ရှားမှုများကို ဖိနှိမ်ခဲ့မှုကြောင့် မြန်မာစစ်အစိုးရ ခေါင်းဆောင်များနှင့် အတူထိုင်ရန် ငြင်းပယ်ခဲ့ကြခြင်း ဖြစ်သည်။

          မြန်မာနိုင်ငံသည် အမေရိကန်- အာဆီယံ ပူးပေါင်းဆောင်ရွက်မှုများအတွက် အမြဲတစေ အဟန့်အတားဖြစ်စေသော နိုင်ငံဖြစ်ပေသည်။ သို့သော် ပြီးခဲ့သည့်အပတ်က အမေရိကန်အစိုးရ သည် မြန်မာနိုင်ငံနှင့် နှစ်ပေါင်းများစွာ ရှောင်ဖယ်နေရာမှ ဆက်ဆံရေးကဏ္ဍသစ် ဖွင့်လှစ်ရန် ထိပ်တန်းအဆင့်မြင့် ကိုယ်စားလှယ်အဖွဲ့ကို မြန်မာနိုင်ငံသို့ စေလွှတ်ခဲ့ပါသည်။

          မြန်မာနိုင်ငံကို နှစ်ပေါင်း (၂၀) ခန့် အထီးကျန်ပြုစေရေးမူဝါဒသည် မအောင်မြင်သောကြောင့်၊ ယခုအချိန်တွင် ချဉ်းကပ်မှုအသစ်ကို ကြိုးစားခြင်းဖြစ်ကြောင်း Obama အစိုးရက အကြောင်းပြပါသည်။


--~--~---------~--~----~------------~-------~--~----~
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/   upon their request.

-~----------~----~----~----~------~----~------~--~---

0 comments:

Post a Comment