9 Nov 2009
Radio Australia News
မြန်မာအစိုးရက အထိန်းသိမ်းခံ အတိုက်အခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို မကြာမီ လွှတ်ပေးဖွယ်ရှိပြီး လာမည့်နှစ် အထွေထွေရွေးကောက်ပွဲတွင် သူမပါဝင်နိုင်လိမ့်မည်ဟု အကြီးတန်း မြန်မာသံတမန်တစ်ဦးက ပြောဆိုလိုက်ပါသည်။
သူမကို လွှတ်ပေးရန် အစီအစဉ်ရှိပြီး သူမ၏ ပါတီကို စုစည်း ဆောင်ရွက်နိုင်လိမ့်မည်ဟု မြန်မာ သံတမန် ဦးမင်းလွင်က ပြောကြားကြောင်း AP သတင်းဌာနက သတင်းထုတ်ပြန်ပါသည်။
ဦးမင်းလွင်က အသေးစိတ် ပြောကြားရန် ငြင်းဆန်ခဲ့ပြီး ဒေါ်အောင်ဆန်းစုကြည် ရွေးကောက်ပွဲ ပါဝင်ယှဉ်ပြိုင်ခွင့် ရှိ၊ မရှိကိုမူ ရှင်းလင်းစွာ မသိရသေးဟုဆိုပါသည်။
မနီလာမှ မထွက်ခွာမီ နိုင်ငံခြားရေးဝန်ကြီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမင်းလွင်က အထက်ပါအတိုင်း ပြောကြားခဲ့ခြင်းဖြစ်သည်။
ဦးမင်းလွင်သည် အမေရိကန်နှင့် အာဆီယံ သံတမန်များ၏ ၂ ရက်ကြာ အစည်းအဝေးကို တက်ရောက်ရန် ဖိလစ်ပိုင်မြို့တော်သို့ ရောက်ရှိနေခြင်းဖြစ်ပြီး လာမည့် သီတင်းပတ်အကုန်တွင် ကျင်းပမည့် အမေရိကန် သမ္မတ အိုဘားမားနှင့် အာဆီယံခေါင်းဆောင်များ၏ ပထမအကြိမ် ညီလာခံအတွက် ကြိုတင် ပြင်ဆင်နေကြခြင်းဖြစ်သည်။
အမေရိကန် - အာဆီယံ အစည်းအဝေးကို စင်ကာပူတွင် ကျင်းပမည်ဖြစ်၍ မြန်မာဝန်ကြီးချုပ်လည်း တက်ရောက်ပါလိမ့်မည်။
--~--~---------~--~----~------------~-------~--~----~
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.
-~----------~----~----~----~------~----~------~--~---