Transparency Myanmar

transparency.myanmar@gmail.com

           မြန်မာနိုင်ငံသို့ နှစ်ရက်တာမျှသွား ရောက်ခဲ့သည့် အမေရိကန်အကြီးတန်း သံတမန်ကြီးများ၏ ခရီးစဉ်သည် ထူးခြားပြောင်းလဲမှု တစ်စုံတစ်ရာကို ဆောင်ကြဉ်းနိုင်ခဲ့ခြင်း မရှိပေ။ ဘန်ကောက်မြို့တော်တွင် ပြုလုပ်ခဲ့သော သတင်းစာရှင်းလင်းပွဲ၌ အာဆီယံဆိုင်ရာ အမေရိကန်သံအမတ်ကြီး (မြန်မာနိုင်ငံသို့ လက်ထောက် နိုင်ငံခြားရေးဝန်ကြီး ကတ်ကမ်းဘဲလ်နှင့်အတူ သွားရောက်ခဲ့သူ) စကော့မာစီယဲလ်က မြန်မာ့အရေး နှင့် ပတ်သက်၍ ထင်မြင်သုံးသပ်ချက်များ ပေးရာတွင်လည်းကောင်း၊ သတင်းအချက်အလက်များ ပေးရာတွင် လည်းကောင်း အလွန်အမင်း သတိထားပြောဆိုခဲ့သည် ကို တွေ့ရသည်။

          သိသာထင်ရှားသည့်အချက်မှာ စကော့မာစီယဲလ်သည် နိုင်ငံတကာအ သိုင်းအ၀ိုင်းအနေဖြင့် မြန်မာ့အရေးကိစ္စတွင် တိုးတက်ဖြစ်ထွန်းမှုများ ရှိနေပါ သည်ဟု လက်ခံယုံကြည်သွားမည်ကို မလိုလားသောကြောင့် ဖြစ်ဟန်ရှိသည်။ မြန်မာစစ်အစိုးရ၏ ဆန္ဒ သဘောထားကို မိမိအနေဖြင့် ထင်ကြေးပေး ပြောဆိုမှုများ ထပ်မံပြုလုပ်မည် မဟုတ်ကြောင်းသာ ထပ်ခါတလဲလဲ ပြောဆိုနေခဲ့သည်။ အမေရိကန် အကြီးတန်း သံတမန်များ၏ အဆိုပါခရီးစဉ်သည် ဒီမိုကရေစီအရေး လုပ်ဆောင်သူများနှင့် မြန်မာပြည်သူ အတော်များများ၏ အာရုံစိုက်မှု၊ မျှော်လင့်ချက်ထားမှုကို ရရှိခဲ့သည်။

          မည်သို့ပင်ဆိုစေ စကော့မာစီယဲလ်က မြန်မာစစ်အစိုးရနှင့် ပတ်သက်၍ အရေး ကြီးသော အချက်အချို့ကို သတင်းစာ ရှင်းလင်းပွဲတွင် အသေအချာ ထုတ်ဖော် ပြောဆိုခဲ့သည်။ စစ်အစိုးရအနေဖြင့် အရေးပါသော ကိစ္စများ အားလုံးကို အလေး အနက်ထား ထည့်သွင်းစဉ်းစားရန် လိုအပ်သည် ဟု သူက ဆိုသည်။ ပထမအချက် အနေဖြင့် လာမည့်နှစ် ၂၀၁၀ ရွေးကောက်ပွဲ မတိုင်မီ ဒီမိုကရေစီအရေးတွင် ပါဝင်မည့်သူများ အားလုံး ဒိုင်ယာလော့ခ် ပြုလုပ်သင့်သည်။ လက်ရှိအနေအထား တွင် ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်သည် သူမ၏ အမျိုးသားဒီမို ကရေစီပါတီမှ ထိပ်ပိုင်းခေါင်းဆောင် များနှင့် တွေ့ခွင့်မရရှိပေ။ အခြားသော တိုင်းရင်းသားခေါင်းဆောင်များလည်း ထိုနည်းလည်းကောင်းပင် ဖြစ်သည်။ ကရင်၊ ကချင်၊ ချင်း၊ မွန်၊ ရိုဟင်ဂျာနှင့် ရှမ်း တိုင်းရင်းသား ကိုယ်စားလှယ်များက မြန်မာစစ်အစိုးရ ရေးဆွဲထားသော ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေသည် ပြန် လည်ပြင်ဆင်ရန်လိုအပ်သည် ဟု အမေ ရိကန် သံတမန်ကြီးများကို ပြောဆိုခဲ့သည်။

          အမှန်တရားရှာဖွေမည်ဟု ခေါင်းစဉ် တပ်ထားသော အမေရိကန်သံတမန်များ အဖွဲ့က မြန်မာနိုင်ငံတွင် အမျိုးသားပြန်လည် သင့်မြတ်ရေးနှင့် ပတ်သက်သော ဖြစ်စဉ် တစ်စုံတရာပင် မတွေ့ရပါ ဟု ပြောဆိုသည်။ လာမည့်နှစ် ၂၀၁၀ ရွေး ကောက်ပွဲ သည် သန့်ရှင်းလွတ်လပ်ပြီး မျှတမှုရှိသည်၊ နိုင်ငံရေးသမားများ အားလုံးပါဝင်ခွင့် ရရှိသည် ဟူသည်ကို နိုင်ငံတကာ အသိုင်းအ၀ိုင်းက အသိအမှတ်ပြု လက်ခံနိုင်ရေးမှာ ခက်ခဲသောကိစ္စရပ်တစ်ခု ဖြစ်နေပေလိမ့်မည် ဟု အမေရိကန်သံတမန်ကြီးများအဖွဲ့က ဆိုသည်။ တစ်နည်းအားဖြင့် ဆိုပါက မြန်မာစစ်အစိုးရသည် အမျိုးသားပြန်လည်သင့်မြတ်ရေး ပေါ်ထွန်းလာစေရေးအတွက် အရေးကြီးသည့် ဆောင်ရွက်ချက်များ၊ သိသာထင်ရှားသည့် အပြုအမူများ ထုတ်ဖော်ပြသရန် လိုအပ်လျက်ရှိသည် ဟူသည့် သဘောမျိုး ဖြစ်သည်။

          ဒုတိယအရေးကြီးသည့် ကိစ္စကို ဆိုပါက အမေရိကန်ပြည်ထောင်စုသည် မြန်မာနိုင်ငံ ပြုပြင်ပြောင်းလဲမှုများ ဖြစ်ပေါ်လာရေးအတွက် ဖိအားပေးမှုများ ထွက်ပေါ်လာရန် လိုက်လျောမှု အနည်းငယ် ဖွင့်ပေးလိုက်ခြင်း ဖြစ်သည်။ အမေ ရိကန်အစိုးရသည် သူကိုယ်တိုင် သတ်မှတ်ထားသော ကန့်သတ်ချက်များကြောင့် မြန်မာ့အရေးတွင် လွန်စွာသတိကြီးစွာဖြင့် ပြုမူဆောင်ရွက်နေရသည်။  သူ၏ အခန်းကဏ္ဍကို ကုလသမဂ္ဂနှင့် အီးယူသည်သော်လည်းကောင်း၊ ဒေသ တွင်း ပလေယာများ ဖြစ်ကြသည့် အာဆီယံ၊ တရုတ်နှင့် အီးယူသည်သော်လည်းကောင်း ၀င်ရောက်အစားထိုး၍ ရမည်မဟုတ်ပေ။ သို့သော် ၀ါရှင်တန်အနေဖြင့် လုပ်သင့်သည့်ကိစ္စမှာ  မြန်မာနိုင်ငံတွင် နိုင်ငံရေး သမားများ အားလုံးပါဝင်သည့် လွတ်လပ် မျှတသော ရွေးကောက်ပွဲ ဖြစ်မြောက်ရေး အတွက် အဆိုပါ ပလေယာများနှင့် အနီးကပ် ပူးပေါင်း ဆောင်ရွက်ရေးပင်ဖြစ်သည်။

ယခုဆိုလျှင် အမေရိကန် အကြီးတန်းအရာရှိကြီး များနှင့် မြန်မာစစ်အစိုးရ ခေါင်းဆောင် များ တွေ့ဆုံဆွေးနွေးမှု ပြုလုပ်ပြီးပြီဖြစ် ရာ ဒေသတွင်း ပလေယာ နိုင်ငံခေါင်း ဆောင်များအနေဖြင့် မြန်မာ့အရေးတွင် မည်သည့်ခြေလှမ်းကို လှမ်းရမည်၊ မည်သို့သော ဆောင်ရွက်ချက်များကို ပြုလုပ် သင့်သည် ဟူသောအချက်များကို သိရှိ ထားရန် လိုအပ်လာပြီဖြစ်ပါသည်။ နိုဝင်ဘာလ ၁၅ ရက်၊ စင်ကာပူနိုင်ငံတွင် ပြုလုပ်မည့် အာဆီယံ-အမေရိကန်ထိပ် သီးဆွေးနွေးပွဲ၌ မြန်မာစစ်အစိုးရ ၀န်ကြီးချုပ်သည် အမေရိကန်သမ္မတ ဘားရက် အိုဘားမားနှင့် ပထမဆုံးအကြိမ် လက်ဆွဲ နှုတ်ဆက်မှု ပြုလုပ်ရမည်ဖြစ်သည်။

          မည်သို့ပင်ဖြစ်စေ အနာဂတ်ကာလ မြန်မာနိုင်ငံတွင် သိသာထင်ရှားသော နိုင်ငံရေးတိုးတက်မှုများ မရှိပါက အဆိုပါ လက်ဆွဲနှုတ်ဆက်မှုသည် အမှန်တကယ် ချစ်ကြည်ရင်းနှီးမှုရှိပြီး နွေးထွေးသော နှုတ်ဆက်မှုမျိုး ဖြစ်လိမ့်မည်မဟုတ်ပေ။   ဒေါ်အောင်ဆန်းစုကြည်အား သူမ၏ လုပ်ဖော်ကိုင်ဘက် ပါတီခေါင်းဆောင် များနှင့် တွေ့ဆုံခွင့်ပေးရေး၊ နိုင်ငံရေး အကျဉ်းသားများအား လွှတ်ပေးရေး စသည့်ကိစ္စများ ပြုလုပ်ရာတွင် မြန်မာ စစ်အစိုးရက အချိန်ဆွဲရန် ကြိုးစား ကောင်းကြိုးစားလာနိုင်သည်။ အမေရိ ကန်အစိုးရက သူသာမက အာဆီယံအဖွဲ့ မှ မြန်မာနှင့် အဆင့်တူနိုင်ငံများအနေ ဖြင့် စစ်အစိုးရအပေါ် ဖိအားပေးလာ နိုင် ရန် ယခုထိကြိုးပမ်းနေဆဲဖြစ်သည်။

          ဤသို့သောအချိန်မျိုးတွင် အာဆီယံ အနေဖြင့်လည်း မိမိကိုယ်ကို မေးခွန်း တစ်ခု ထုတ်သင့်သည်။ ယင်းမှာ အမေရိကန်အစိုးရက မြန်မာစစ်အစိုးရအား သဘောထား ပျော့ပျောင်းအောင် လုပ်နိုင်သလို မိမိတို့က အဘယ့်ကြောင့် မပြုလုပ်နိုင်ဘဲ ဖြစ်နေသနည်း ဟူ၍ပင်။  ယခုအချိန်အထိ ဖြစ်ပေါ်နေသော အာဆီယံ၏ အားနည်းချက်မှာ မြန်မာ့အ ရေးကို အားလုံးတူညီစွာ ပူးပေါင်းမဖြေရှင်းနိုင်ခြင်းပင် ဖြစ်သည်။  မြန်မာ့အရေး နှင့်ပတ်သက်ပြီး အာဆီယံအဖွဲ့ဝင်နိုင်ငံတိုင်းသည် မတူညီသော အမြင်မျိုးဖြင့် ရှုမြင်လျက် ရှိကြသည်။ အဖွဲ့ဝင်နိုင်ငံသစ်များ ဖြစ်ကြသော ဗီယက်နမ်၊ ကမ္ဘောဒီယားနှင့် လာအို အစရှိသောနိုင်ငံများကမူ စစ်အစိုးရကိုပင် ထောက်ခံလျက် ရှိကြသည်။ အာဆီယံတွင် ပါဝင်သော အဖွဲ့ဝင်ဟောင်းများနှင့်အဖွဲ့ဝင်သစ်များ အကြား တူညီ ပေါင်းစည်းသော အမြင် နှင့် ရပ်တည်မှုတို့ မထွက်ပေါ်သေးသရွေ့ မြန်မာပြည်တွင်း အပြောင်းအလဲ များ ထွက်ပေါ်လာအောင် မည်သို့မျှ ကြိုးပမ်း၍ ရမည်မဟုတ်ကြောင်း ရေးသား လိုက်ရပေသည်။

 

The Nation သတင်းစာ၏ ၇.၁၁.၂၀၀၉ ရက်နေ့ ခေါင်းကြီးဖြစ် သော US will only help if Burma shows the results ကို ဆီလျော်အောင် ဘာသာပြန်ထားခြင်း ဖြစ်သည်။

         

 


--~--~---------~--~----~------------~-------~--~----~
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/   upon their request.

-~----------~----~----~----~------~----~------~--~---

0 comments:

Post a Comment