Transparency Myanmar

transparency.myanmar@gmail.com

7th Nov 2009

By Dr. Tint Swe / Mizzima

          ယခု ရက်ပိုင်းတွင် ဒေါ်အောင်ဆန်းစုကြည်နှင့် အမေရိကန် မြန်မာဆက်ဆံရေးအကြောင်းကို  လူတိုင်းက မျှော်လင့်ချက် အနည်းအများကို မူတည်၍ ပြောဆိုနေကြပါသည်။ အမေရိကန်က မြန်မာ နိုင်ငံကို မမျှော်လင့်သော ဖြစ်ရပ်များ ဆောင်ကျဉ်းပေးလိမ့်မည်ဟု အများစုက အကောင်းမြင် မျှော်လင့် ထားပါသည်။

          သို့ရာတွင် ဒေါ်အောင်ဆန်းစုကြည်ကို VIP ပုဂ္ဂိုလ်တစ်ယောက်သဖွယ် အစိုးရ၏ ဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်းများကို စစ်ဆေးခွင့် ပေးခဲ့ပြီး နိုင်ငံပိုင် သတင်းစာနှင့် ရုပ်သံမှ ထုတ်လွှင့်ပြသခဲ့သည်ကို မှတ်မိကြဦးမည် ထင်ပါသည်။ ယင်းကိစ္စသည် ဆယ်စုနှစ်တစ်စုခန့် ကြာခဲ့ပြီဖြစ်၍ မည်သည့်ရလဒ်မှလည်း ထွက်ပေါ်ခဲ့ခြင်းမရှိပါ။ နိုင်ငံတကာသို့ ဝါဒဖြန့်ချိမှု သက်သက်သာဖြစ်သည်။

          ဒေါ်အောင်ဆန်းစုကြည်နှင့် နာရီကြာ တွေ့ဆုံဆွေးနွေးခဲ့သော အမေရိကန်သံတမန်များ သည် ၎င်းတို့၏ ပုဂ္ဂိုလ်ရေးအမြင်အရ အမှန်တရားနှင့် နီးစပ်ပုံရပြီး များစွာ မျှော်လင့်ထားပုံ မရပါ။ အမေရိကန်တို့က ၂၀၁၀ ရွေးကောက်ပွဲသည် နိုင်ငံရေးပါတီများ အားလုံး ကျယ်ပြန့်စွာ ပါဝင်ခွင့်ရှိရမည် ဖြစ်ကြောင်း အခိုင်အမာ ပြောကြားခဲ့သလို၊ အပေါ်ယံမဟုတ်ဘဲ အစစ်အမှန် ပြောင်းလဲတိုးတက်မှုကိုသာ လိုလားသည်ဟု ဆိုခဲ့ပါသည်။ မြန်မာအာဏာပိုင်များကလည်း ရွေးကောက်ပွဲသည် အခွင့်အလမ်းတစ်ခု ဖြစ်သည်ဟု ပြောဆိုခဲ့ပါသည်။ သို့ရာတွင် ၂၀၀၈ မေလ ခရီးစဉ်တွင် ဘန်ကီမွန်း ပြောကြားခဲ့သော အခွင့်အလမ်းမဟုတ်ဘဲ၊ တပ်မတော်အစိုးရ၏ အာဏာကို ဆက်လက်ချုပ်ကိုင်ထားမည့် အခွင့်အလမ်းသာ ဖြစ်ပါသည်။

          မြန်မာအစိုးရကို ဖိအားပေးခြင်း (သို့) ညှိနှိုင်းဆွေးနွေးခြင်း ခုအနက် မည်သည့် ချဉ်းကပ်မှုက မှန်ကန်သည် ဆိုသည်နှင့် ပတ်သက်၍ ယခုတိုင် ငြင်းခုံနေရဆဲ ဖြစ်ပါသည်။ နှစ်ဖက်စလုံးက ၎င်းတို့၏ ရပ်တည်မှုကို ကာကွယ် ထောက်ခံနေပါသည်။ ယခုအထိ မြင်တွေ့ရသည်မှာ အမေရိကန်၏ ချဉ်းကပ်မှုပုံစံသစ်သည် ကြောင်းကျိုးပေါ် အခြေခံသည်ကို တွေ့ရပါသည်။ မြန်မာလူထု၏ အမြင်တွင် ညှိနှိုင်း ဆွေးနွေးရေး ဘက်တော်သားနိုင်ငံများမှာ ၎င်းတို့၏ အကျိုးစီးပွားကိုသာ ကြည့်ပုံရပြီး ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေးအတွက် ရိုးသားသော ဆန္ဒ သဘောထား မတွေ့ရှိရ ဟုဆိုပါသည်။ အဆိုပါ နိုင်ငံများသည် ဒီမိုကရေစီပဲဖြစ်ဖြစ်၊ လူအခွင့်အရေးပဲဖြစ်ဖြစ် ဂရုစိုက်လိမ့်မည်ဟု ပြည်သူများက နားလည်ထားပါသည်။

          တောင်အာဖရိက၊ ဖိလစ်ပိုင်၊ နီပေါစသော နိုင်ငံများတွင် အရေးယူ ဒဏ်ခတ်မှုများကသာ အစိုးရများ၏ ပြောင်းလဲပြုပြင်မှုကို ဆောင်ကြဉ်းပေးနိုင်ခဲ့ပါသည်။ အရေးယူမှုများနှင့် ပြည်တွင်း ပြည်ပ ဖိအားပေးခြင်းတို့ကို ထိရောက်သော နည်းလမ်းအဖြစ် အသုံးပြုခြင်းသည်သာ ပြည့်စုံမှန်ကန်သည်ဟု ယူဆပါသည်။

          အမေရိကန် လက်ထောက်နိုင်ငံခြားရေးဝန်ကြီး Kurt Campbell နှင့် အာဆီယံဆိုင်ရာ အမေရိကန်သံအမတ် Scot Marciel တို့က ပြောကြားရာတွင် အစိုးရခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေက ၎င်းတို့အား တွေ့ဆုံခွင့်မပေးခဲ့လျှင် အမေရိကန်အစိုးရအနေနှင့် အရေးယူမှုများကို ချက်ခြင်းရုတ်သိမ်း ပေးမည် မဟုတ်ကြောင်း ထုတ်ဖော်ပြောကြားခဲ့ပါသည်။

          ဒီမိုကရေစီစနစ်တွင် ရွေးကောက်ပွဲသည် အခြေခံအချက် ဖြစ်သည်နှင့်အညီ ရွေးကောက်ပွဲ ကျင်းပရန် ကတိပေးခြင်းဖြင့် နိုင်ငံအများ၏ ထောက်ခံမှုကို ရရှိပါသည်။ ရန်ကုန်အခြေစိုက် သံတမန်များကမူ လာမည့်ရွေးကောက်ပွဲများသည်  လွတ်လပ်၍ တရားမျှတမည် မဟုတ်ဟု မှတ်ချက်ပေးပါသည်။ သို့ရာတွင် မည်သည့် လမ်းပင်ဖြစ်စေကာမူ ရောက်ဖို့သာ လိုအပ်ပါသည်။ ယခု အခြေအနေအတိုင်းဆိုလျှင် NLD က ပါဝင်ယှဉ်ပြိုင်မည် မဟုတ်ပါ။ ၎င်းတို့က ရွေးကောက်ပွဲသည် မှားယွင်း လွဲချော်နေသည်ဟု ဝေဖန် ရေးထားပါသည်။ သို့သော်လည်း ၁၉၉၀ ရွေးကောက်ပွဲ၏ အနာဂတ်ကို လျစ်လျူရှုရန် များစွာ အားထုတ်ခဲ့ခြင်းနှင့် လွတ်လပ်စွာ၊ မျှတစွာ ရွေးချယ်ခံခဲ့သော ပါတီများ၊ ကိုယ်စားလှယ်များစွာ နစ်နာ ခံစားခဲ့ရခြင်းကို သတိပြုရန် လိုပါသည်။ သစ္စာရှိသော တိုင်းရင်းသား နိုင်ငံရေးပါတီများမှာလည်း စခန်းသိမ်းရန် ဖိအားပေးခြင်း ခံခဲ့ရပါသည်။ ခေါင်းမာသော ရွေးချယ်ခံ ကိုယ်စားလှယ်များမှာ ထိန်းသိမ်းခံ၊ ထောင်ကျခံ၊ အသတ်ခံ (သို့) နိုင်ငံပြင်ပသို့ ထွက်ပြေးကြရပါသည်။

          ယခုအခါ အမေရိကန်အပါအဝင် နိုင်ငံအတော်များများက ၂၀၁၀ ရွေးကောက်ပွဲကို အားလုံးပါဝင်ခွင့်ပြုရန်နှင့် ယုံကြည်လက်ခံထိုက်ကြောင်း သက်သေပြရန် လိုလားနေပါသည်။ ၁၉၉၀ ရွေးကောက်ပွဲတွင် ဒေါ်အောင်ဆန်းစုကြည်အား ကိုယ်စားလှယ်လောင်းအဖြစ် လျှောက်လွှာ တင်သွင်းခြင်းကို ပယ်ချခဲ့သည်ကို မှတ်မိကြပါလိမ့်မည။် NLD ပါတီ တစ်ခဲနက် အနိုင်ရရှိခြင်းနှင့်အတူ အစိုးရဘက်ကလည်း သူမကို အကျယ်ချုပ် ထိန်းသိမ်းလိုက်ပါသည်။ ယခုအခေါက်တွင်မူ ဤအခွင့်အရေးကို ပေးလိမ့်မည် မဟုတ်ပါ။ အောင်ဆန်းစုကြည်ကို ရွေးကောက်ပွဲတွင် ပါဝင်ခွင့်မပြုပါက မဲရွေးပွဲသည်လည်း လွတ်လပ်၍ မျှတမည် မဟုတ်ပါ။

          နိုင်ငံခြား တိုင်းပြည်အများစု မျှော်လင့်နေကြသော အရပ်ဖက်အစိုးရထံ ဖြေးဖြေးမှန်မှန် အာဏာ လွှဲပြောင်းသွားရေးသည် မြန်မာပြည်သူများကို ကျေနပ်ရောင့်ရဲခြင်းကို မပေးစွမ်းနိုင်ပါ။ တပ်မတော် သည် နောက်ထပ် ဆယ်စုနှစ် စုမျှ တရားဝင် အပြည့်အဝ အုပ်ချုပ်ခွင့် ရသွားပါလိမ့်မည်။ တပ်မတော်အတွင်း အယူအဆကွဲ၊ အုပ်စုကွဲများ ပေါ်ထွက်လာရန် မျှော်လင့်နေခြင်းသည် လုံးဝမဖြစ်နိုင်သောကိစ္စ ဖြစ်ပါသည်။

          အမေရိကန်နည်းတူပင် ဥရောပသမဂ္ဂကလည်း မြန်မာအစိုးရနှင့် စေ့စပ်ညှိနှိုင်းခြင်းကို မကြာမှီ ပြုလုပ်မည်ဖြစ်သည်။ နိုင်ငံတကာ ငွေကြေးအဖွဲ့အစည်းများဖြစ်သော ကမ္ဘာ့ဘဏ်၊ အိုင်အမ်အက်ဖ် (IMF)နှင့် အာရှဖွံ့ဖြိုးရေးဘဏ်များအပါအဝင် အမေရိကန်၊ ဥရောပ၊ ကနေဒါ၊ သြစတြေးလျတို့က ချမှတ် ထားသော ကွဲပြားသည့် အရေးယူပိတ်ဆို့မှုများကို ရုတ်သိမ်းရန် အလှမ်းဝေးနေပါသေးသည်။

          မည်သို့ပင်ဖြစ်စေ၊ အမေရိကန် - မြန်မာဆွေးနွေးမှုမှာမူ ခရီးနှင်လျက်ရှိပါသည်။ အာဆီယံ အဖွဲ့အတွင်း၌မူ ထိုင်းနှင့် ကမ္ဘောဒီယားတို့၏သံတမန်ဆိုင်ရာ ပြဿနာ ဖြစ်ပွားနေပါသည်။ တရုတ်နှင့် အိန္ဒိယတို့ကလည်း စောင့်ကြည့်လျက်ရှိပါသည်။ အမေရိကန် တစ်ကိုယ်တော် စွမ်းဆောင်နိုင်မည့် ကိစ္စ မဟုတ်ပါ။

          ယခုအကြိမ်တွင်မူ ဗိုလ်ချုပ်ကြီးများထံမှ မည်သည့် အသံမှ ထွက်မလာပါ။ တစ်ကိုယ်တော် အာဏာရှင်ကြီး နေပြည်တော်မှ ခေတ္တရှောင်ရှား၍ အမေရိကန်တို့၏ အသံကို နားစွင့်လေ့လာနေသော ကြောင့် ဖြစ်ပါသည်။ အမေရိကန်သံတမန်အဖွဲ့ မြန်မာမှ ပြန်လည်ထွက်ခွာပြီး နောက်တစ်ရက်တွင် နိုင်ငံခြားရေးဝန်ကြီးဟောင်း ဦးဝင်းအောင် ထောင်ထဲတွင် သေဆုံးသွားမှုကြောင့် ကမ္ဘာတစ်ဝှမ်းရှိ မြန်မာသံအမတ်များ ပါးစပ်ပင် မဟရဲအောင် ဖြစ်နေကြပါသည်။

          အမေရိကန် - မြန်မာဆက်ဆံရေး၏ နောက်ဆုံးတိုးတက်မှုကို ထုတ်လွှင့်ခဲ့သည့် ရုပ်သံသတင်း များတွင် NLD ဒု-ဥက္ကဌ ဦးတင်ဦး မပါဝင်သော NLD ဗဟိုအလုပ်အမှုဆောင် ကော်မတီဝင်များနှင့် တွေ့ဆုံရန် ငြင်းဆန်ခဲ့သည့် ဒေါ်အောင်ဆန်းစုကြည်ကို အပြစ်တင်ရန်  ကြိုးစားခဲ့ပါသည်။ အစိုးရက ပျော့ပြောင်းခဲ့သော်လည်း သူမက လိုက်လျောခြင်းမရှိဟု ပြောလိုပုံရပါသည်။ စစ်ဖက်အုပ်ချုပ်ရေးကို ဆယ်စုနှစ် စုမျှ အန်တုရင်ဆိုင်ခဲ့သည့် ဒေါ်အောင်ဆန်းစုကြည်သည် ခေသူမဟုတ်ကြောင်း ၎င်းတို့ ထပ်မံ သိရှိသွားခဲ့ခြင်း ဖြစ်သည်။

          ၁၉၉၀ ရွေးကောက်ပွဲတွင် အနိုင်ရခဲ့သော NLD နှင့် တိုင်းရင်းသား ပါတီများက ၂၀၀၈ အခြေ ခံဥပဒေကို ပြန်လည်ပြင်ဆင်ရန် တောင်းဆိုထားပါသည်။ အဆိုပါ အခြေခံဥပဒေအရ ဆိုရပါလျှင် ရွေး ကောက်ပွဲသည် ငြင်းခုံဆွေးနွေးခွင့်မရှိသည့် ပုတ်သင်ညိုကိုယ်စားလှယ်များကို မဲပေးသည့်ပွဲသာ ဖြစ်ပါလိမ့်မည်။ လွှတ်တော်တွင် အုပ်ချုပ်ခွင့်ရပါတီ (သို့) အတိုက်အခံပါတီလည်း ရှိလာမည် မဟုတ်ပါ။ အားလုံးသော ရွေးကောက်ခံ ကိုယ်စားလှယ်များသည် ကာကွယ်ရေးဦးစီးချုပ် လက်အောက်တွင် အလုပ်လုပ်ရပါမည်။

          နောက်ဆုံးတွင် လှောင်အိမ်တွင်းမှ နပမ်းပွဲများနှင့် သဏ္ဍာန်တူသည်ဟု ထင်မြင်ယူဆမိ ပါသည်။


--~--~---------~--~----~------------~-------~--~----~
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/   upon their request.

-~----------~----~----~----~------~----~------~--~---

0 comments:

Post a Comment