Transparency Myanmar

transparency.myanmar@gmail.com

By Barney Jopson and Jamil

9 Nov 2009

        တရုတ်ဝန်ကြီးချုပ်ဝမ်ကျားပေါင်က အာဖရိကနိုင်ငံများကို နောက်လာမည့် ခုနှစ် အတွင်း အမေရိကန်ဒေါ်လာ (၁၀) ဘီလီယံ ပမာဏရှိ အတိုးနှုန်းနိမ့်သော ချေးငွေများ ထုတ်ချေးသွားမည် ဖြစ်ကြောင်း ကတိပြုပြောကြားသည်။ ထို့ပြင် တရုတ်သည် အာဖရိက နိုင်ငံများ၏ ရေနံနှင့် သံ၊ ကြေး စသော သဘာဝ သယံဇာတများကို အမြတ်ထုတ်လျက် ရှိကြောင်း စွပ်စွဲပြောကြားချက်များကိုလည်း ကာကွယ် ပြောဆိုသွားသည်။

          အီဂျစ်နိုင်ငံတွင် ကျင်းပသော တရုတ်-အာဖရိကနိုင်ငံများ ထိပ်သီးဆွေးနွေးပွဲ၌ တရုတ်ဝန်ကြီးချုပ် ဝမ်ကျားပေါင်က ယင်းကဲ့သို့ ကတိပြု ပြောကြားလိုက်ခြင်းဖြစ်ပြီး၊ အခြေခံအားဖြင့် အမေရိကန် ဒေါ်လာငွေတန်ဖိုး တည်ငြိမ်မှု ရှိ၍ အမေရိက၏ လိုငွေပြနေမှုကို သင့်တော်သော အရွယ်ပမာဏ အတိုင်းအတာအထိ ထိန်းသိမ်းရန်လည်း အမေရိကကို ၎င်းက တိုက်တွန်းပြောကြားသည်။

          တရုတ်နိုင်ငံသည် အမေရိကန် ငွေချေးစာချုပ်များကို အများဆုံး ဝယ်ယူထားသော နိုင်ငံဖြစ်သည်။ လွန်ခဲ့သော မတ်လကလည်း အာဖရိက ကုန်သွယ်ရေး လိုငွေပြမှုကြောင့် တရုတ်လက်ဝယ်ရှိ အမေရိက ငွေချေးစာချုပ်များ၏ တန်ဖိုးများ ကျဆင်းသွားမည်ကို စိုးရိမ်ကြောင်း ပြောကြားထားသည်။

          တရုတ်သည် ၂၀၀၆ ခုနှစ်က အာဖရိကနိုင်ငံများကို အမေရိကန်ဒေါ်လာ() ဘီလီယံ ထုတ်ချေးခဲ့ပြီး ယခုအကြိမ်တွင် ယခင်ကထက် ငွေတန်ဖိုး ပိုမို၍ ထုတ်ချေးခြင်း ဖြစ်သည်။ ယခုထိပ်သီး ဆွေးနွေးပွဲသည် တရုတ်နိုင်ငံက ရေနံသယံဇာတ ကုန်ကြမ်းရှာဖွေခြင်းဟူသော အဓိပ္ပါယ်ထက် ပိုမိုကြောင်း တရုတ်နှင့် အာဖရိကခေါင်းဆောင်များက ပြောကြားသည်။

          တရုတ်၏ အာဖရိကနိုင်ငံများနှင့် ဆက်ဆံရေးထူထပ်ခြင်းနှင့် ပတ်သက်၍ ကိုလိုနီလက်သစ် ဝါဒကျင့်သုံး၍ တရုတ်သည် အာဖရိကန် သဘာဝသယံဇာတများကို အမြတ်ထုတ်လျက် ရှိကြောင်း အနောက်နိုင်ငံများ၏ စွပ်စွဲပြောကြားချက်များကိုမူ မိမိအနေဖြင့် လုံးဝ ခုခံနိုင်စွမ်း မရှိကြောင်း တရုတ်ဝန်ကြီးချုပ် ဝမ်ကျားပေါင်က ပြောကြားသည်။

          တရုတ်နိုင်ငံနှင့် အာရိကနိုင်ငံများ၏ ကုန်သွယ်မှုပမာဏသည် ၂၀၀၀ ပြည့်နှစ်ကထက် ဆယ်ဆပိုမိုခဲ့ပြီး ၂၀၀၈ ခုနှစ်က အမေရိကန်ဒေါ်လာ ၁၀ ဘီလီယံ ပမာဏရှိခဲ့သည်။ တရုတ်၏ ယခုချေးငွေသစ်သည် တရုတ် - အာဖရိကကုန်သွယ်မှုကို ဆက်လက် တိုးပွားစေဖွယ် ရှိသည်။

          သို့သော် တရုတ်နိုင်ငံ၏ ယခုကဲ့သို့ နိုင်ငံရေး ကန့်သတ်ချက်များ မထားဘဲ ငွေချေးခြင်းသည် ဇင်ဘာဘွေ၊ ဆူဒန်ကဲ့သို့သော ဆိုးဝါးသော စနစ်ဖြင့် အုပ်ချုပ်သော နိုင်ငံများတွင် လာဘ်ပေးလာဘ်ယူမှုများ တိုးပွားစေပြီး ယင်းနိုင်ငံများ၏ စနစ်ဆိုးများကို ကာကွယ်ပေးသကဲ့သို့ ဖြစ်နေကြောင်း အနောက်နိုင်ငံများက ဝေဖန်ပြောကြားသည်။

          အာဖရိကနိုင်ငံများနှင့် ဆက်ဆံရေး ကောင်းမွန်ခိုင်မာအောင် ပြုလုပ်ရန် အဓိက ကိုင်စွဲသော မူဝါဒမှာ အာဖရိကဒေသရှိ ပြည်သူများ၏ စားဝတ်နေမှုဘဝ တိုးတက်ကောင်းမွန်စေရန် ရည်ရွယ်လုပ်ဆောင်ခြင်း ဖြစ်ကြောင်း၊ အာဖရိကနိုင်ငံများနှင့် ကိုယ်ကျိုးမဲ့ ဆက်ဆံရေး ထူထောင်ခြင်းပင် ဖြစ်ကြောင်း တရုတ်ဝန်ကြီးချုပ် ဝမ်ကျားပေါင်က ဆိုသည်။

          တရုတ်နိုင်ငံထံမှ ချေးငွေအမြောက်အမြား ချေးယူထားခြင်းနှင့် ပတ်သက်၍ အာဖရိကအစိုးရများအပေါ် လွန်စွာ စိုးရိမ်ကြောင်း အပြည်ပြည်ဆိုင်ရာ ငွေကြေးရန်ပုံငွေအဖွဲ့က ပြောကြားသော်လည်း အာဖရိကရှိ ကြွေးမြီ အပိဆုံးနိုင်ငံများနှင့် ဆင်းရဲသော နိုင်ငံများထံမှ ကြွေးများကို တရုတ်က လျှော်ပစ်မည် ဖြစ်ကြောင်း ၎င်းက ဆိုသည်။

          တရုတ်နိုင်ငံ၏ အာဖရိကနိုင်ငံများအပေါ် ချေးငွေပေးအပ်ခြင်းနှင့် ပတ်သက်၍ ဇင်ဘာဘွေ သမ္မတ ရောဘတ်မူဂါဘီ၊ ဆူဒန်သမ္မတ အိုမာဟတ်ဆန်ဒယ်လ်ဘတ်ရှာ အပါအဝင် အာဖရိက ခေါင်းဆောင်များက ချီးကျူးပြောကြားကြသည်။

          သို့သော် တရုတ်ချေးငွေများကို အသုံးချ၍ နိုင်ငံဖွံ့ဖြိုးတိုးတက်မှုတည်ဆောက်ရန်မှာ အာဖရိကနိုင်ငံများအနေဖြင့် ကိုယ်တိုင်ကြိုးပမ်းသွားရမည် ဖြစ်ကြောင်း ထိပ်သီးဆွေးနွေးပွဲတက် ရောက်လာသူ ကိုယ်စားလှယ်အများစုက ဆိုသည်။

          တရုတ်နှင့် ပူးပေါင်းဆောင်ရွက်ခြင်းအားဖြင့် မိမိနိုင်ငံများ ဖွံ့ဖြိုးတိုးတက်မှုရရှိရန်မှာ မိမိတို့၏ တာဝန်သာ ဖြစ်ကြောင်း ရဝမ်ဒါ သမ္မတပေါလ်ကတ်ဂိမ်းက ပြောကြားသည်။


--~--~---------~--~----~------------~-------~--~----~
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/   upon their request.

-~----------~----~----~----~------~----~------~--~---

0 comments:

Post a Comment