By Nehginpao Kipgen
From Khaleei Times Online
8th Nov 2009
Obama အစိုးရသည် မြန်မာနိုင်ငံနှင့် ပတ်သက်သော မူဝါဒကို ကိုးလကြာ ပြန်လည်သုံးသပ်ပြီး မူဝါဒသစ်ကို ထုတ်ပြန်ကြေညာ၍ တစ်လအကြာတွင် လက်ထောက်နိုင်ငံခြားရေးဝန်ကြီး Kurt Campbell နှင့် သူ၏ လက်ထောက်တို့သည် စစ်တပ်အုပ်ချုပ်သော မြန်မာနိုင်ငံသို့ နိုဝင်ဘာ ၃ ရက်နှင့် ၄ ရက်တို့တွင် လာရောက်ခဲ့ပြီး ဖြစ်ပါသည်။
Kurt Campbell နှင့် Scott Marciel တို့သည် စစ်အစိုးရ အဆင့်မြင့်အာဏာပိုင်များနှင့်လည်း ကောင်း၊ ဒေါ်အောင်ဆန်းစုကြည်အပါအဝင် အတိုက်အခံများနှင့်လည်းကောင်း၊ တိုင်းရင်းသား အဖွဲ့ အစည်းများမှ ကိုယ်စားလှယ်များနှင့် တွေ့ဆုံရန် ရည်ရွယ်၍ လာရောက်ခဲ့ခြင်း ဖြစ်ပါသည်။ အမေရိကန် အစိုးရသည် စက်တင်ဘာလ ၂၃ ရက်နေ့က မြန်မာနိုင်ငံအပေါ် အဆင့်မြင့်ပုဂ္ဂိုလ်များနှင့် တိုက်ရိုက်ဆက်ဆံမည့်အပြင် အရေးယူပိတ်ဆို့မှုများကို ဆက်လက်ထားရှိမည် ဖြစ်ကြောင်း မူဝါဒသစ်ကို ထုတ်ပြန်ခဲ့ပါသည်။ ယခု ခရီးစဉ်သည် အဆိုပါ မူဝါဒအသစ်အတွက် စမ်းသပ်မှုတစ်ခုပင် ဖြစ်ပါသည်။
အမေရိကန်ပြည်ထောင်စု၏ အဆင့်မြင့်ဆက်ဆံရေးမူဝါဒကို ဝေဖန်သုံးသပ်သူများက ယင်းကဲ့ သို့ ဆက်ဆံခြင်းသည် မိမိတိုင်းပြည်တွင်းရှိ ပြည်သူများကို ချေမှုန်းနေသော၊ နိုင်ငံရေးအကျဉ်းသား ၂၀၀၀ ကျော်ကို ဖမ်းဆီးထားသော စစ်အစိုးရကို တရားဝင်အသိအမှတ်ပြုသလို ဖြစ်လေမလားဟုဆို ကြပါသည်။
အမေရိကန်ပြည်ထောင်စု၏ မြန်မာနှင့် ဆက်ဆံရေးအဆင့် မြှင့်တင်လိုက်သည့် မူဝါဒကို ဝေဖန်သုံးသပ်သူများက ယင်းကဲ့သို့ ဆက်ဆံခြင်းသည် မိမိတိုင်းပြည်တွင်းရှိ ပြည်သူများကို ချေမှုန်းနေသော၊ နိုင်ငံရေးအကျဉ်းသား ၂၀၀၀ ကျော်ကို ဖမ်းဆီးထားသော စစ်အစိုးရကို တရားဝင်အသိအမှတ်ပြုသလို ဖြစ်လေမလားဟု ဆိုကြပါ သည်။ မူဝါဒသစ်ကို ထောက်ခံသူများကမူ ၁၉၆၁ ခုနှစ်ကတည်းက စစ်တပ်အုပ်ချုပ်မှုအောက် ရောက်ခဲ့ရသော နိုင်ငံအတွက် ဒီမိုကရေစီ ပြုပြင်ပြောင်းလဲမှုများအပေါ် အထောက်အကူ ဖြစ်စေကြောင်း ဆိုကြပါသည်။
အတိုက်အခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကလည်း အဆိုပါမူဝါဒကို ကြိုဆိုခဲ့ပါသည်။ စစ်အစိုးရ၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နှင့် တိုင်းရင်းသားအဖွဲ့များ တွေ့ဆုံဆွေးနွေးရေးကို တွန်း အားပေးမည့် ဆက်ဆံရေးမူဝါဒ ဖြစ်သောကြောင့်ဟုဆိုပါသည်။
မြန်မာနိုင်ငံတွင် ဘာသာစကားကွဲပြားမှုကအစ ကွဲပြားနေသော တိုင်းရင်းသားလူမျိုး ၁၃၅ မျိုး ၏ကွဲပြားခြားနားသော ပဋိပက္ခများ၏ သမိုင်းနောက်ခံအချက်အလက်များကို အမေရိကန်အစိုးရရော၊ နိုင်ငံတကာပလေယာ (Players) များကပါ သဘောပေါက်ရန် လိုအပ်ပါသည်။
၁၈၈၆ ဗြိတိသျှကိုလိုနီမတိုင်မီက တိုင်းရင်းသားလူမျိုးစုများ၏ နယ်မြေသည် မြန်မာဆိုသော အဝန်းအဝိုင်းတွင် မပါရှိခဲ့ပါ။ ဥပမာအားဖြင့် ရှမ်းပြည်တွင် ရှမ်းစော်ဘွားများက အုပ်ချုပ်ပါသည်။ ထို နည်းတူစွာ ကချင်၊ ချင်းတို့တွင်လည်း သက်ဆိုင်ရာ အုပ်စိုးသူများ ရှိကြပါသည်။ ၁၉၄၇ ခုနှစ် ပင်လုံစာချုပ်အရ ပြည်ထောင်စုမြန်မာနိုင်ငံဟု ဖွဲ့စည်းနိုင်မည့် အခြေခံမူကို ရယူခဲ့ပြီး ၁၉၄၈ ခုနှစ်တွင် ဗြိတိသျှထံမှ လွတ်လပ်ရေးကို ရယူခဲ့ပါသည်။
အတော်များများသည် မြန်မာနိုင်ငံတွင်း ဖြစ်ပွားနေသော ရှုပ်ထွေးသော ပဋိပက္ခများကို နားမ လည်ခဲ့ကြပေ။ ယခုအချိန်အထိပင် အများက မြန်မာနိုင်ငံတွင် ဖြစ်ပေါ်နေသော ပြဿနာမှာ စစ်အစိုးရ နှင့် အတိုက်အခံများကြားတွင် ဖြစ်ပေါ်နေသော ဒီမိုကရေစီတိုက်ပွဲသာ ဖြစ်သည်ဟု ထင်နေကြဆဲ ဖြစ် သည်။ ပဋိပက္ခ ကြီးထွားလာရခြင်း၏ အခြေခံမှာ အစိုးရအဆက်ဆက် ၁၉၄၇ ပင်လုံစာချုပ်အတိုင်း အကောင်အထည်မဖော်ခဲ့ခြင်းက စတင်ခဲ့ပါသည်။ ထို့နောက် မြန်မာလွှမ်းမိုးသော ဗဟိုအစိုးရနှင့် တိုင်း ရင်းသား လူမျိုးစုများအကြား နားလည်မှု လွဲမှားခြင်း၊ ယုံကြည်မှု ပျောက်ဆုံးခြင်းစသည်ဖြင့် ပြဿနာ ကြီးထွားလာခဲ့ပါသည်။ ၁၉၄၇ ကတည်းက တိုင်းရင်းသားများ တောင်းဆိုလာသော နောက်ဆုံးရည်မှန်းချက်မှာ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရရေးပင် ဖြစ်သည်။ သို့သော် ပင်လုံစာချုပ်၏ အခြေခံအကြောင်းအရာများကိုပင် ယနေ့တိုင် အကောင်အထည်ဖော်နိုင်ခြင်း မရှိပေ။
အဆိုပါ ပြဿနာအတွက် အောင်မြင်သော ဆုံးဖြတ်ချက်အဖြေရှာရန်မှာ သက်ဆိုင်သော အဖွဲ့ အစည်းများကြားတွင် သာတူညီမျှရေးကိုအခြေခံသော တွေ့ဆုံဆွေးနွေးမှုကို ဖန်တီးပေးနိုင်မှုအပေါ် တွင် မူတည်ပါသည်။ အဆိုပါ ဆွေးနွေးမှုတွင် တိုင်းရင်းသားများ၏ ရပိုင်ခွင့်များကို အသိအမှတ်ပြု လေးစားမှသာ ရလဒ်ကောင်း ထွက်ပေါ်လာမည်ဖြစ်ပါသည်။ မည်သည့် နိုင်ငံရေးနောက်ခံရှိစေ၊ မည်သည့် ဘာသာရေးကိုးကွယ်မှုရှိစေ၊ ၎င်းတို့၏ ပိုင်ခွင့်များကို လေးစားရမည်ဖြစ်ပါသည်။ အခြေခံဒီမိုကရေစီ ကျင့်စဉ်အရ ရပိုင်ခွင့်များ ညီတူညီမျှရှိစေရေး ဆိုသည့်အချက်မှာ ယနေ့မြန်မာလူ့အဖွဲ့အစည်းတွင် ပျောက်ဆုံးလျက်ရှိပါသည်။
မြန်မာနိုင်ငံမှ တိုင်းရင်းသား လူမျိုးစုများသည် ခွဲထွက်ရေးသမားလည်း မဟုတ်ကြပါ။ သီးခြား ရပ်တည်မည့်သူများလည်း မဟုတ်ကြပါ။ ပြည်ထောင်စုမြန်မာနိုင်ငံတွင်းမှာပင် ကိုယ့်သက်ဆိုင်ရာ နယ်မြေအလိုက် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရရေးကိုသာ တောင်းဆိုနေကြခြင်း ဖြစ်ပါသည်။ မိမိတို့၏ ကိုယ်ပိုင်ဆုံးဖြတ်ချက်ဖြင့်သာ မိမိတို့၏ ဓလေ့ထုံးစံများ၊ ဘာသာစကား၊ ယဉ်ကျေးမှုများကို ထိန်းသိမ်းနိုင်ခွင့်ရှိလိမ့်မည်ဟု တိုင်းရင်းသားများက ယုံကြည်ကြသည်။ လူဦးရေနည်းသည်များသည် မဟူ လူတိုင်းဥပဒေအရသာ တူညီမျှတသော အခွင့်အလမ်းများ ရရှိနိုင်မည့် ပတ်ဝန်းကျင်ရှိရန် လိုအပ်ပါသည်။ ၂၀၁၀ ရွေး ကောက်ပွဲမတိုင်မီ တိုင်းရင်းသားလူမျိုးစုများကို စစ်ဆင်ရေးများပြုလုပ်ရန် စစ်အစိုးရက ခြေလှမ်းပြင်လျက် ရှိပါသည်။ စစ်အစိုးရသည် တပ်အင်အား လေးသိန်းခန့်ရှိသည်ဖြစ်ရာ တိုင်းရင်းသားစစ်တပ်များကို လွယ်လွယ်လေး နှိမ်နင်းနိုင်ပါသည်။ ဆယ်စုနှစ်များစွာ ကြာမြင့်နေပြီဖြစ်သော ပဋိပက္ခကိုအဖြေရှာရန် အတွက်ဆိုလျှင် ရိုးသားမှု၊ ပွင့်လင်းမှုရှိရန်လိုအပ်ပြီး၊ တိုင်းရင်းသားအဖွဲ့အားလုံး ပါဝင်ရန်လိုအပ်ပါသည်။ တိုင်းရင်းသားအဖွဲ့အစည်းအမျိုးမျိုးကို မိမိကိုယ်ကိုယ်မိမိ ယုံကြည်မှုရှိလာစေရမည် ဖြစ်ပြီး၊ ၎င်းတို့၏ ဥပဒေအရ တောင်းဆိုမှုများကို ဖြေရှင်းပေးရမည် ဖြစ်သည်။
အမေရိကန်ပြည်ထောင်စုအနေဖြင့် ၎င်း၏ စီးပွားရေး၊ နိုင်ငံရေး၊ စစ်ရေးပါဝါတို့နှင့် မြန်မာစစ်အစိုးရရော အတိုက်အခံများကပါ လက်ခံထားမှုတို့ကြောင့် မြန်မာနိုင်ငံ၏ ဒီမိုကရေစီထွန်းကားရေးတွင် အကောင်းဆုံးသြဇာလွှမ်းမိုးမှု ရှိပေသည်။ မည်သည့် ဆုံးဖြတ်ချက်အဖြေမဆို တိုင်းရင်းသားများ၏ အခြေခံတောင်းဆိုမှု ဖြစ်သော ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရရေး အပါအဝင် တိုင်းရင်းသားလူမျိုးများ၏ လိုအပ်ချက်များကို ထင်ဟပ်နိုင်ရမည် ဖြစ်ပါသည်။
--~--~---------~--~----~------------~-------~--~----~
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.
-~----------~----~----~----~------~----~------~--~---