Transparency Myanmar

transparency.myanmar@gmail.com

7th Nov 2009

By Thamas Fuller / New York Times

        တိုက်ပွဲသုံးလက်နက်များကို သယ်ဆောင်လာသော မူးယစ်ဆေးဝါး မှောင်ခိုရောင်းဝယ်သူ များသည် ညအချိန်တွင် အုပ်စုလေးများ ခွဲကာ နယ်စပ်ကို လျှင်မြန်စွာ ဖြတ်ကျော် ကြပြီး ပင့်ကူအိမ်သဖွယ် ယှက်သန်းနေသော လူသွားလမ်းလေးများနှင့် ဖုန်ထူသော လမ်းများတစ်လျှောက် ဝင်ရောက်သွားကြသည်။

          အထက်ပါစကားကို ပြောကြားခဲ့သူ ဂျာစောမှာ ပိန်သွယ်သော သူတစ်ဦးဖြစ်၍ လွန်ခဲ့သော နှစ်ခန့်က ၎င်း၏အဖွဲ့ဝင် ၂၀ နှင့်အတူ နယ်ခြားလမ်းများတွင် လှုပ်ရှားခဲ့သူဖြစ်သည်။ ဂျာစောသည် မူးယင်းဆေးဝါး မှောင်ခိုမှုဖြင့် ထိုင်းအကျဉ်းထောင်တွင် နှစ်ခန့် ပြစ်ဒဏ်ကျခံခဲ့ရပါ သည်။ ၎င်းသည် ယခုအခါ ထိုင်းစစ်တပ်တွင် လျှို့ဝှက်သတင်းပေးတစ်ဦး ဖြစ်နေပြီး သူ၏ဇာတိ မြန်မာနိုင်ငံတွင်းသို့ သတင်းထောက်လှမ်းရန် အခြားနာမည်တစ်ခုဖြင့် မကြာခဏ သွားရောက်လေ့ ရှိပါသည်။

          "ကျွန်တော့်ကို စပိုင်မှန်း သူတို့သိသွားခဲ့ရင် ချက်ချင်း သတ်လိမ့်မယ်" ဟု ၎င်းက မြန်မာနယ်ခြား နှင့် ကီလိုမီတာများစွာ ဝေးကွာသော နေရာတစ်ခုတွင် တွေ့ဆုံမေးမြန်းစဉ် ပြောကြားခဲ့သည်။

          ထိုင်းနိုင်ငံမြောက်ပိုင်း နယ်ခြားဒေသသည် မြန်မာပြည်မမှ လက်လှမ်းမမှီသော မြောက်ပိုင်းနယ်မြေများမှ ထုတ်လုပ်လိုက်သည့် ဥပဒေမဲ့ မူးယစ်ဆေးဝါး တန်ပေါင်းများစွာကို ကြားဖြတ်ဟန့်တားရာတွင် အရေးပါသော ခံစစ်စည်းဖြစ်သည်။ တိုကျို၊ ဟောင်ကောင်၊ ဆစ်ဒနီနှင့် အခြားဒေသတွင်း မြို့ကြီးများသို့ ဟီရိုးအင်း ဖြန့်ချိရာ လမ်းကြောင်းများ၏ အဓိကနိုင်ငံတကာထွက်ပေါက်မှာ ထိုင်းနိုင်ငံဖြစ်နေသည်ဟု မူးယစ်နှိမ်နင်းရေးအရာရှိများက ပြောကြားသည်။

          တရုတ်နိုင်ငံကိုဖြတ်သန်း၍ မူးယစ်ဆေးများ သယ်ဆောင်ခြင်းသည် ဟောင်ကောင်၊ တိုကျိုစ သော မြောက်ပိုင်းဒေသများသို့ ပို့ဆောင်ရန် ပထဝီဆိုင်ရာ တိုက်ရိုက်လမ်းကြောင်း ဖြစ်သော်လည်း မူးယစ်ဆေးဝါးအများစုသည် ထိုင်းနိုင်ငံကိုဖြတ်၍ တောင်ဖက်သို့ ဦးတည်သည်ဟု ထိုင်းနှင့် အမေရိကန် မူးယစ်အာဏာပိုင်များက ယုံကြည်ထားပါသည်။

          "ဒီလမ်းကြောင်းက ပိုပြီးလွယ်ကူတယ်" ဟုပြောကြားခဲ့သူမှာ နာမည်မဖော်လိုသော ထိုင်း အဆင့်မြင့်ရဲအရာရှိတစ်ဦး ဖြစ်ပါသည်။ ၎င်း၏ တွက်ချက်ခန့်မှန်းမှုအရ မြန်မာပြည်မြောက်ပိုင်းမှ ထုတ် လုပ်လိုက်သော မူးယစ်ဆေးဝါး ၉၀ % မှာ ထိုင်းနိုင်ငံကိုဖြတ်သန်းသွားပြီး တခါတရံ လာအိုကို ဖြတ်၍ မဲခေါင်မြစ်ကြောင်းအတိုင်း စုန်ဆင်းသည်ဟု ဆိုပါသည်။

          ထိုင်းနိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်မှုများက မူးယစ်ဆေးမှောင်ခိုမှုများကို ပိုမိုလွယ်ကူ ချောမွေ့စေပါ သည်။ ဖွံ့ဖြိုးကြီးထွားနေသော နိုင်ငံတွင်း လမ်းကွန်ယက်များတစ်လျှောက် ရဲများကို ရှောင်ရှား၍ ဘန်ကောက်နှင့် မလေးရှား တောင်ဖက်ဒေသများသို့ သယ်ယူခြင်းသည် လွယ်ကူချောမွေ့သော လမ်းကြောင်း ဖြစ်နေသည်ဟု သိရပါသည်။

          မြန်မာနိုင်ငံမြောက်ပိုင်းရှိ လူမျိုးစုလက်နက်ကိုင်တပ်ဖွဲ့များ ဖြစ်သည့် နှင့် ကချင်တို့သည် အတိတ်က လက်နက်ခဲယမ်းအတွက် မှီခိုခဲ့ရပြီး ယခုအချိန်တွင် နယ်စပ် စီးပွားရေးလုပ်ငန်းများအရ မှီခိုနေရသော တရုတ်နိုင်ငံ၏ ရန်လိုလာသော အပြုအမူကို စိုးရွံ့ထိတ်လန့်နေကြပါသည်။

          ၁၉၉၀ ခုနှစ်များကပင် တရုတ်က "မင်းတို့ရဲ့အမှုန့်တွေ(ဟီရိုးအင်း)ကို ဘယ်နေရာပို့ပို့၊ ဒီဘက် ကိုတော့ မလာနဲ့"ဟူသော ပြင်းထန်သည့် ရာဇသံကို ထုတ်ပြန်ခဲ့သည်ဟု "Jane's Intelligence Review"စာအုပ်၏ စာရေးဆရာ "" အရေးကျွမ်းကျင်သူ Micheal Black က ပြောပါသည်။ လူမျိုးစု လက်နက်ကိုင်များသည် တရုတ်ကြီး စိတ်ဆိုးအောင် မလုပ်ရဲပါဟု ယင်းက ဆိုသည်။

          ၁၉၉၀ ခုနှစ်များနောက်ပိုင်းတွင် HIV ပြဿနာများ ကြီးထွားလာခြင်း၏ အကြောင်းအရင်းမှာ သွေးကြောတွင်း ဟီးရိုးအင်း ထိုးသွင်းသူများကြောင့် ဖြစ်ကြောင်း ကျယ်ပြန့်စွာ ဆွေးနွေးလာမှု၏ နောက်ဆက်တွဲအဖြစ် ပြည်မကြီးကိုဖြတ်၍ မူးယစ်ဆေးဝါးကုန်သွယ်ခြင်းကို ရပ်ဆိုင်းရန် တရုတ်က ကို ဖိအားပေးခဲ့ပါသည်။

          တရုတ်နယ်စပ်အနီးတွင် ထုတ်လုပ်လိုက်သော တရားမဝင် မူးယစ်ဆေးဝါးများကို ကွေ့ပတ် သော လမ်းကြောင်းဖြင့် သယ်ဆောင်ကြပြီး တပ်ဖွဲ့ UWSA တောင်ပိုင်းနယ်မြေတစ်လျှောက်မှ စုန်ဆင်းသွားပါသည်။ အမေရိကန်နှင့် ထိုင်းအစိုးရ၏ အဆိုအရ မြန်မာနိုင်ငံ မူးယစ်ဆေးဝါးထွက်ရှိမှု ပမာဏ၏ အများဆုံးထုတ်လုပ်သူအဖြစ် UWSA တွင် တာဝန်ရှိသည်ဟု ဆိုပါသည်။ တပ်ဖွဲ့စခန်းများကို တောင်ကုန်းထိပ်များတွင် ခံတပ်သဖွယ် တည်ဆောက်ထားပြီး နယ်စပ်၏ အခြားတဖက် ထိုင်းနိုင်ငံ တဖက်ခြမ်းမှပင် မြင်တွေ့နိုင်ပါသည်။ မူးယစ်ဆေးဝါးကုန်သွယ်ရေးသည် အတိအကျသတ်မှတ်ရန် ခက်ခဲသော ထိုင်းမြန်မာနယ်ခြားကို အန္တရာယ်ရှိသော လူသတ်ကွင်းအဖြစ် ပြောင်းလဲပစ်ခဲ့ပါသည်။

          ယခုနှစ်တွင် မူးယစ်ဆေးဝါးကုန်သွယ်မှု တိုးမြင့်လာသည်နှင့်အမျှ မြန်မာစစ်တပ်နှင့် တပ်ဖွဲ့ တို့အကြားတွင် တင်းမာမှုများ ဖြစ်ပွားခဲ့ပြီး "ပန်ဆိုင်း" ဒေသတခုထဲတွင်ပင် မူးယစ်ဆေးရောင်းဝယ်သူများ ဟု သံသယရှိသူ ၁၅ ဦးခန့်သေဆုံးခဲ့ပါသည်။ အသတ်ခံရသူများမှာ စစ်တပ်ယူနီဖောင်းများ ဝတ်ဆင်ထားသည်ဟု Plainclothes မူးယစ်နှိမ်နင်းရေးအဖွဲ့ဝင် Somsak Taengorn က ပြော ကြားပါသည်။

          မူးယစ်ဆေးဝါးများကို နယ်စပ်အနီးတဝိုက်တွင် သိုလှောင်ထားပြီး ပါဆယ်ထုတ်များအဖြစ်ခွဲ ခြားထုတ်ပိုးပါသည်။ သို့ရာတွင်ပြိုင်ဖက်အဖွဲ့များက လုယက်ခိုးယူခြင်းခံရမည်ကို စိုးရိမ်သော မူးယစ် ကုန်သည်များသည် ထူးထူးဆန်းဆန်း နည်းလမ်းများဖြင့် သိုလှောင်သိမ်းဆည်းလေ့ရှိပါသည်။ "တခါတလေ ကျင်းတူးပြီး မြှုပ်ထားတတ်တယ်" ဟု  Somsak Taengorn က ဆိုပါသည်။

          မူးယစ်ဆေးဝါးရောင်းဝယ်ခြင်းသည် အကျိုးအမြတ်များစွာ ဖြစ်ထွန်းစေသောအလုပ်ဖြစ်၍ ဆင်း ရဲသော နယ်စပ်ဒေသမှ မိသားစုများစွာမှာ ပစ်ကပ်ကားအသစ်စက်စက်များနှင့် အိမ်ကြီးအိမ်ဟောင်း များကို ပိုင်ဆိုင်လာကြပါသည်။

          လွန်ခဲ့သော နှစ်က ဂျာစောသည် ထိုင်းစကားဖြင့် "ယာဘ"ဟု ခေါ်သော မီသိုင်းအင်ဖက်တာမင်းဆေးပြား သောင်း သယ်ယူပေးသည့်အတွက် ဘတ် သောင်း(ဒေါ်လာ ၃၀၀) ရရှိပါသည်။ သည် ထိုင်းကျေးရွာတခုသို့ မူးယစ်ဆေးများ သယ်ပို့ခဲ့ပြီး အပြန်တွင် ၎င်းအား ငွေချေလေ့ရှိသည်ဟု ဆိုပါသည်။ ခေါက်မြောက်ခရီးတွင်မူ ထိုင်းတပ်မတော်နှင့်တွေ့ပြီး ဖမ်းဆီးခြင်း ခံခဲ့ရပါသည်။

          ထိုင်းနိုင်ငံတွင်းသို့ သယ်ယူလာသော မူးယစ်ဆေးဝါးများကို ဘန်ကောက်၊ အပန်းဖြေကျွန်း ဖူးခက်မှ ရွက်လှေများ အသုံးပြု၍ ပြည်ပသို့ ဦးတည်သည့်နေရာနှင့် မလေးရှားနှင့် နယ်နိမိတ်ချင်းထိစပ်နေသော ပြည်နယ်များ စသဖြင့် နေရာပေါင်းစုံသို့ ပို့ဆောင်ပါသည်။

          မူးယစ်ဆေးဝါးများကို နည်းပေါင်းစုံဖြင့် သယ်ဆောင်ကြပြီး အချို့မှာ တီထွင်ဆန်းသစ်၍ အချို့ မှာ ပုံမှန်းလမ်းကြောင်းများဖြင့်သာ သယ်ယူကြသည်။ များသောအားဖြင့် ပြောင်းဖူး ဆလပ်ရွက်စသော လယ်ယာထွက်ကုန် ပစ္စည်းများအတွင်း ထည့်သွင်းထုတ်ပိုးလေ့ရှိပါသည်။

          ၂၀၀၈ မေလက Sgt.Somsak ဖမ်းဆီးရမိသည့် ထောင်နှင့်ချီသော မီသိုင်းအင်ဖက်တာမင်း ဆေးပြားများမှာ condoms(ကွန်ဒုံး) များအတွင်း ထည့်သွင်းထုတ်ပိုး၍ တောင်ပေါ်မျိုးနွယ်စုဝင် အမျိုး သမီး ယောက်၏ မိန်းမအင်္ဂါအတွင်း ထည့်သွင်းသယ်ဆောင်လာခြင်း ဖြစ်သည်ဟု ဆိုပါသည်။ ၎င်းတို့ လေကြောင်းခရီးဖြင့် ဘန်ကောက်သို့ သွားရန် ကြိုးစားနေချိန်တွင် Sgt.Somsak က ဖမ်းဆီးနိုင်ခဲ့ ခြင်းဖြစ်ပါသည်။


--~--~---------~--~----~------------~-------~--~----~
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/   upon their request.

-~----------~----~----~----~------~----~------~--~---

0 comments:

Post a Comment