8th Nov 1009
Financial Times
ဘားရက်အိုးဘားမားအစိုးရအဖွဲ့သည် အီရန်၊ မြောက်ကိုရီးယားတို့နှင့် ဆွေးနွေးရန် အသင့်ရှိ နေပါသည်။ သယံဇာတကြွယ်ဝသော နိုင်ငံအား နှစ်ပေါင်းများစွာ တလွှဲအုပ်ချုပ်ခဲ့သော မြန်မာအစိုးရ ကို အထက်ပါနိုင်ငံများစာရင်းသို့ သွတ်သွင်းခြင်းသည် မှန်ကန်သော လုပ်ရပ်တစ်ခု ဖြစ်ပါသည်။ မြန်မာအစိုးရနှင့် တွေ့ဆုံဆွေးနွေးခြင်း၏ အကြောင်းအရင်းများမှာ အပ်ကြောင်း ထပ်နေသော်လည်း သင့် လျှော်မှန်ကန်သည်ဟု ဆိုရပါမည်။
ဆယ်စုနှစ် ၂ စုမျှ အရေးယူပိတ်ပင်မှု၊ ဖယ်ကျဉ်ထားမှုများမှာ ထိရောက်မှု မရှိခဲ့ပါ။ မြန်မာနိုင်ငံ ကို တရုတ်၏ မရိုးမဖြောင့်သော လက်ရုံးတဖက်အဖြစ် တွန်းပို့သော ကိစ္စများနှင့်ပတ်သက်၍ နောင်တ မရရလေအောင် မြန်မာခေါင်းဆောင်များအား ယခုအကြိမ်တွင် အခွင့်အရေးပေးသင့်ပါသည်။
ယခုအခါမြန်မာနိုင်ငံသည် နိုင်ငံရေးအရ ဂရုတစိုက်ကိုင်တွယ်ရမည့် အဆင့်သို့ ရောက်နေပါ သည်။ ၁၉၉၂ ကပင် နိုင်ငံကို အုပ်ချုပ်လာခဲ့သော အိုမင်းရင့်ရော်နေသည့် ခေါင်းဆောင်သည် နိုင်ငံ ရေးလှုပ်ရှားမှုများမှ အနားယူရန် ပြင်ဆင်နေပြီဖြစ်သည်။ လာမည့်နှစ်တွင် ရွေးကောက်ပွဲကျင်းပပေး မည်ဖြစ်ပြီး ၎င်းတို့၏ အာဏာကိုခိုင်မာစေမည့် ရယ်စရာအခြေခံဥပဒေကို ရေးဆွဲကာ ရွေးကောက်ပွဲကို အနိုင်ယူဦးမည်ဖြစ်သည်။ သို့ရာတွင် ရွေးချယ်ခံကိုယ်စားလှယ်တစ်ဦးခြင်းအပေါ်တွင် လုံးဝချုပ်ကိုင် ထားသည့် အခြေအနေမရှိတော့၍ ဒီမိုကရေစီလုပ်ငန်းစဉ်အတွက် အလင်းရောင်တန်းကလေး ပေါ်လာ သည်ဟု ဆိုရပါမည်။
၎င်းအပြင် မြန်မာအစိုးရသည် လူမျိုးစုလက်နက်ကိုင်တပ်ဖွဲ့များကို ၎င်းတို့ လက်အောက်သို့ သိမ်းသွင်းရန်အတွက် အရင်းအနှီးကြီးသည့် ကစားပွဲတစ်ခုကို ကစားနေပြီး အဆိုပါကိစ္စသည် တရုတ် နိုင်ငံကို စိတ်အနှောင့်အယှက် ဖြစ်စေပါသည်။
အထိန်းသိမ်းခံ အတိုက်ခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကလည်း နိုင်ငံတကာ ညှိနှိုင်း ဆွေးနွေးမှုများကို ထောက်ခံကြောင်း အရိပ်အယောင်ပြသခဲ့ပြီး တစ်ချိန်ထဲမှာပင် အနောက်နိုင်ငံများ၏ အရေးယူမှုများ ရုတ်သိမ်းရန် သင့်၊ မသင့်ကို ဝေခွဲမရ ရှုတ်ထွေးနေပုံရပါသည်။
လက်ရှိအချိန်တွင် ရုတ်သိမ်းရန် မသင့်သေးပါ။ ယခုအချိန်တွင် လက်ထောက်နိုင်ငံခြားဝန်ကြီး Kurt Campbell မြန်မာနိုင်ငံသို့လာရောက်ပြီး တောတွင်းပုန်းအောင်းရာ မြို့တော်နေပြည်တော်တွင် တပ်မတော်ခေါင်းဆောင်များနှင့် တွေ့ဆုံခံခြင်းနှင့်ပင် လုံလောက်နေပါသည်။ ဝါရှင်တန်အနေဖြင့် အောင်ဆန်းစုကြည်နှင့် နိုင်ငံရး အကျဉ်းသားများ အကျဉ်းချ ချုပ်နှောင်ထားမှုကို အပြင်းအထန်ကန့် ကွက်ရမည်ဖြစ်သလို အကယ်၍မြန်မာအစိုးရက ၂၀၁၀ ရွေးကောက်ပွဲကို အားလုံအးတွက် တံခါးဖွင့် ပေးခဲ့လျှင် ပိတ်ဆို့မှုအချို့ရုတ်သိမ်းပေးရန် အသင့်ရှိနေရပါသည်။
မြန်မာအစိုးရ၏ အမှန်တကယ်ပြောင်းလဲမှုမှာ ပါးပါးလေးသာဖြစ်သည်။ ဗိုလ်ချုပ်မှူးကြီး သန်းရွှေ၏ နေရာမှ ကြည့်မည်ဆိုပါက သဘာဝဓာတ်ငွေ့များကို တရုတ်သို့ သွယ်တန်းရောင်းချရန် ကြိုးစားခြင်းသည် အလွန်ကောင်းမွန်သော လုပ်ရပ်တစ်ခုအဖြစ် ယူဆဖွယ်ရှိပါသည်။ သို့ရာတွင် နိုင်ငံရေးအခြေ အနေမှာ မမျှော်လင့်ဘဲ ပြောင်းလဲနိုင်သလို အခြားတပ်မတော်ခေါင်းဆောင်များ အာဏာရရှိရန် ဖြစ်နိုင်ချေမှာ ပါးပါးလေးသာရှိပါသည်။ အမေရိကန်နှင့် ဆက်ဆံရေးတိုးတက်ရန် ဆွဲဆောင်ကြိုးပမ်းမှုနှင့် တရုတ်နိုင်ငံအပေါ် ကြီးမားစွာမှီခိုမှု၏ အန္တရာယ်တို့ကို တွက်ဆ၍ ရှုမြင်ကြည့်ခြင်းဖြစ်ပါသည်။
လတ်တလောတွင် တွေ့ဆုံဆွေးနွေးမှုများကို ပြန်လည်စတင်နေပြီဖြစ်ပြီး ဒီမိုကရေစီနှင့် လူအခွင့်အရေးအခြေအနေများ သိသိသာသာ ပြောင်းလဲတိုးတက်မှုအပေါ် မူတည်၍ အရေးယူပိတ်ဆို့ မှုများ ဖြေးဖြေးမှန်မှန် ရုတ်သိမ်းမည့်အချက်ကို အနောက်နိုင်ငံ အာဏာပိုင်များ ကိုင်စွဲထားသင့်ပါသည်။ သို့ရာတွင် မြန်မာတပ်မတော် ခေါင်းဆောင်များမှာ အင်္ဂတေကျောက်ရုပ်များသဖွယ် တုန့်ပြန်မှုမရှိ သေးပါ။
--~--~---------~--~----~------------~-------~--~----~
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.
-~----------~----~----~----~------~----~------~--~---