Transparency Myanmar

transparency.myanmar@gmail.com

11th Nov,09

The Sidney Morning Herald

အမေရိကန်သမ္မတသည်  မြန်မာတပ်မတော် အစိုးရ ခေါင်းဆောင်တစ်ဦးနှင့်အတူ တစ်ခန်းထဲတွင် ရှိနေခြင်းမှာ လွန်ခဲ့သော ဆယ်စုနှစ် နှစ်ခု ခန့်ကဆိုလျှင် မဖြစ်နိုင်သည့် အကြောင်းအရာ တစ်ခု ဖြစ်ပါလိမ့်မည်။

သမ္မတ ဘားရက် အိုဘားမားသည် အာရှသို့ မနက်ဖြန်သွားရောက်လိမ့်မည် ဖြစ်၍ အာဆီယံ ခေါင်းဆောင်များနှင့် တနင်္ဂနွေနေ့တွင် တွေ့ဆုံပါမည်။ ၎င်းသည် အာဆီယံအစည်းအဝေးသို့ တက်ရောက်သော ပထမဆုံးအမေရိကန် သမ္မတ ဖြစ်သည်။

ကမ္ဘာပေါ်တွင် စီးပွားရေးတိုးတက်မှု အလျှင်မြန်ဆုံးဒေသနှင့် ရေရှည်ဆွေးနွေးမှုများ ပြုလုပ်ရန် ကတိပေးခြင်းဖြင့် အိုဘားမားသည် သမ္မတဟောင်း ဂျော့ဘွတ်ရှ် နှင့် ခြားနားကြောင်း ပြသလိမ့်မည်ဟု အကြံပေးများက ပြောပါသည်။

ယခုအချိန်ထိ အမေရိကန် သမ္မတဟောင်းများသည် မြန်မာနိုင်ငံအဖွဲ့ဝင်အဖြစ် ပါဝင်နေသောကြောင့် အာဆီယံကို သတိပြု ရှောင်ရှားခဲ့ကြပါသည်။

သို့သော်လည်း လွန်ခဲ့သောလက အိုဘားမားအစိုးရသည် မြန်မာနိုင်ငံအပေါ် ထားရှိသော မူဝါဒကို ပြောင်းလဲခဲ့ပြီး တပ်မတော်အစိုးရနှင့် ညှိနှိုင်းဆွေးနွေးမည် ဖြစ်ကြောင်းနှင့် များမကြာမီ ဒီမိုကရေစီစနစ်ကို ရှေးရှုသော ပြောင်းလဲတိုးတက်မှုများ တွေ့မြင်ရတော့မည်ဟု ကြေညာခဲ့ပါသည်။

အရှေ့အာရှရေးရာ အမျိုးသားလုံခြုံရေးကောင်စီ အကြံပေး Jeffrey Bader က တနင်္လာနေ့တွင် ပြုလုပ်သော အိမ်ဖြူတော် သတင်းစာရှင်းလင်းပွဲတွင် အာဆီယံ၏ နောက်မြီးဆွဲအဖြစ် မြန်မာနိုင်ငံ လူလည်ကျနေခြင်းကို ဆက်လက် ခွင့်ပြုမည်မဟုတ်ကြောင်း၊ အစည်းအဝေး ခန်းမထဲတွင် မြန်မာနိုင်ငံ ရှိနေသောကြောင့် ကျန် ကိုးနိုင်ငံအား ပြစ်တင်ဝေဖန်မည် မဟုတ်ကြောင်းနှင့် အစည်းအဝေးသည် နှစ်နိုင်ငံ ဆွေးနွေးပွဲလည်း မဟုတ်ကြောင်း ပြောကြားရှင်းလင်းခဲ့ပါသည်။

အိုဘားမားသည် ၎င်း၏ အာရှ () ရက် ခရီးစဉ်တွင် အမေရိကန် ပြည်ထောင်စုသည် ပစိဖိတ်နိုင်ငံတစ်ခု ဖြစ်ကြောင်း၊ တွေ့ဆုံဆွေးနွေးညှိနှိုင်းရန် ဆုံးဖြတ်ထားကြောင်း၊ ဒေသတွင်းတွင် မဟာဗျူဟာမြောက် အနေအထားနှင့် ပါဝင်ရပ်တည်သွားမည် ဖြစ်ကြောင်း သတင်းစကားပါမည် ဖြစ်သည်။

အမျိုးသားလုံခြုံရေးကောင်စီ ဆက်သွယ်ရေး အကြံပေး Ben Rhodes က အိုဘားမားသည် အာရှ- ပစိဖိတ်ဒေသကို ဦးတည်လှုပ်ရှားသော ပထမဆုံး သမ္မတဖြစ်ပြီး ၎င်းသည် ဟာဝိုင်ယီနှင့် အင်ဒိုနီးရှားတွင်  ကြီးပြင်းခဲ့သောကြောင့် ဖြစ်သည်ဟု ဆိုပါသည်။

"သမ္မတကြီးက အခုခရီးစဉ်နဲ့ ပတ်သက်ပြီး အရမ်းကို တက်ကြွနေပါတယ်။ အမေရိကန်ပြည်ထောင်စုဟာ အာရှ ပစိတ်ဖိတ်ဒေသကို ထဲထဲဝင်ဝင် ထိတွေ့ဆက်ဆံသွားဖို့ ရည်ရွယ်ထားတဲ့အကြောင်း ကမ္ဘာကို အသိပေးမှာ ဖြစ်ပြီး ဒီဒေသမှာ မဟာဗျူဟာမြောက် ပါဝင်ယှဉ်ပြိုင်မယ်၊ ဒီဒေသရဲ့ ခေါင်းဆောင်ဖြစ်လာဖို့ ရည်ရွယ်ထားတယ်ဆိုတဲ့ အကြောင်း ရည်ညွှန်းမှာ ဖြစ်တယ်။" လို့ Ben Rhodes က ဆက်လက်ပြောကြားခဲ့ပါသည်။

အမေရိကန်နှင့် တန်းတူညီတူ ဆက်ဆံရေးကို လိုလားသည့် ဂျပန်ဝန်ကြီးချုပ် ယူကီယို ဟာတိုယာမနှင့် အိုဘားမားတို့၏ ပထမဆုံးအကြိမ် တွေ့ဆုံမှုကို ယခုခရီးစဉ်တွင် ထည့်သွင်းထားပြီး သောကြာနေ့တွင် တိုကျို၌ ရှေးဦးစွာ ရပ်နားပါလိမ့်မည်။

ယခု ဦးတည်ချက်အတိုင်း မိမိတို့ဆောင်ရွက်သွားရန် ပြင်ဆင်ထားသည်ဟု Rhodes က ဆိုပါသည်။

သို့ရာတွင် ထိတွေ့ဆက်ဆံရေးကို စစ်ရေးကဏ္ဍထက် ပိုမိုဦးစားပေးမည့် အမေရိကန်၏ သဘောထားတွင် အိုကီနာဝါရှိ အမေရိကန် စစ်စခန်းများ၏  အနာဂတ်အရေးက ရှောင်ရှားရန် ခက်မည့် အဟန့်အတားတစ်ခု ဖြစ်လာပါလိမ့်မည်။

ဟာတိုယာမက အိုကီနာဝါကျွန်း ငှားရမ်းခြင်းကို သက်တမ်းတိုးရန် ဆုံးဖြတ်ချက်အား ဆိုင်းငံ့ထားလိုသည်ဟု ဆိုခဲ့ပြီး ထို့အတွက် အမေရိကန်၏ အမြင်တွင် ဆန့်ကျင်ဘက် အင်အားစုများအတွက် မလွဲမရှောင်သာ အချိန်ပေးလိုက်ရသည်ဟု ထင်မြင်သွားနိုင်ကြောင်း ပြောကြားခဲ့ပါသည်။

အိုဘားမားသည် တရုတ်နိုင်ငံတွင်လည်း ရက်တာ အချိန်ဖြုန်းမည်ဖြစ်၍ ရာသီဥတု ပြောင်းလဲခြင်းဆိုင်ရာ ကိစ္စများ၊ ကမ္ဘာလုံးဆိုင်ရာ စီးပွားရေး၊ အီရန် မြောက်ကိုရီးယား အရေးများ၊ နှစ်နိုင်ငံ ဆက်ဆံရေးကိစ္စများ အားလုံးကို စုပေါင်းဆွေးနွေးမည် ဖြစ်ပြီး တရုတ်၏ လှပဆန်းကြယ်မှုများကိုလည်း ကြည့်ရှု ခံစားဦးမည် ဖြစ်သည်။

အမေရိကန်သမ္မတသည် တရုတ်၏ မဟာတံတိုင်းကြီးနှင့် တားမြစ်မှုအချို့(နိုင်ငံရေး) ရှိနေသော ဘီဂျင်းကို သွားရောက်လည်ပတ်ရန် မျှော်လင့်ထားပြီး တရုတ်နိုင်ငံတွင် နေထိုင်သော အဖေတူ အမေကွဲ အစ်ကို Mark နှင့်လည်း တွေ့ဆုံဖွယ် ရှိပါသည်။ ( Mark သည် ဖခင် Barack Senior နှင့် ၎င်း၏ ဘဝဇာတ်ကြောင်းကို ထုတ်ဝေထားသူ ဖြစ်သည်)

အိုဘားမားနှင့် ဟူဂျင်တောင်းတို့ နှစ်ဦးသည် ဖန်လုံအိမ် ဓာတ်ငွေ့လျှော့ချရေးဆိုင်ရာ သဘောတူညီချက်များကို နှစ်သက်ပုံမရသော်လည်း ၎င်းတို့၏ နိုင်ငံများတွင် ပြန်လည်ပြည့်ဖြိုးမြဲ စွမ်းအင်ကို လက်ခံအသုံးပြုနိုင်မည့် အစိမ်းရောင်နည်းပညာများ မျှဝေ သုံးစွဲရေးကိုမူ သဘောတူထားကြပါသည်။

ကိုရီးယားတွင် တစ်ထောက်နားသည့် အချိန်တွင်မူ မြောက်ကိုရီးယားဆိုင်ရာ နိုင်ငံ ဆွေးနွေးပွဲ ကိစ္စနှင့် ရပ်တန့်နေသော လွတ်လပ်စွာ ကုန်သွယ်ရေး သဘောတူညီချက်ကို ဦးစားပေးဆွေးနွေးဖွယ် ရှိပါသည်။ လွတ်လပ်စွာ ကုန်သွယ်ရေးနှင့် ပတ်သက်သော အမေရိကန်၏ သဘောထားကို အားလုံးက စောင့်ကြည့်လေ့လာနေပြီး အိုဘားမားအစိုးရ၏ ကတိကဝတ်များကို တိုင်းထွာစစ်ဆေးနေကြခြင်း ဖြစ်ပါသည်။

 


--~--~---------~--~----~------------~-------~--~----~
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/   upon their request.

-~----------~----~----~----~------~----~------~--~---

0 comments:

Post a Comment