Transparency Myanmar

transparency.myanmar@gmail.com

ဂျပန်နိုင်ငံ တိုကျိုမြို့တွင် ကျင်းပခဲ့သော ဂျပန်နှင့် မဲခေါင်မြစ်ဝှမ်းဒေသ နိုင်ငံ ထိပ်သီးဆွေးနွေးပွဲ၌ ဂျပန်က မဲခေါင်ဒေသ နိုင်ငံကို အမေရိကန်ဒေါ်လာ . ဘီလီယံ ပမာဏရှိ ချေးငွေများ ထုတ်ချေးရန် ဂျပန်ဝန်ကြီးချုပ်သစ် ဟာတိုယာမ က ကတိပြုပြောကြားခဲ့သည်။

မဲခေါင်ဒေသသည် ဂျပန်နိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်မှု အကူအညီများ ပေးအပ်ရာတွင် အဓိက ဦးစားပေး ဧရိယာ ဖြစ်ကြောင်း သယံဇာတ ပေါကြွယ်ဝသော မဲခေါင်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးကို မြှင့်တင်ရန် ဂျပန်အနေဖြင့် ကြိုးပမ်းသွားမည် ဖြစ်ကြောင်း ဂျပန်ဝန်ကြီးချုပ်သစ်က ပြောကြားသည်။

ဂျပန်အနေဖြင့် မြန်မာ၊ ကမ္ဘောဒီးယား၊ လာအို၊ ဗီယက်နမ်နှင့် ထိုင်းနိုင်ငံတို့ ပါဝင်သော မဲခေါင်ဒေသ ပိုမိုဖွံ့ဖြိုးတိုးတက်ရေးအတွက် ဖွံ့ဖြိုးတိုးတက်ရေးအကူအညီ အဖြစ် အမေရိကန်ဒေါ်လာ . ဘီလီယံ (ယန်းငွေ ဘီလီယံ ၅ဝဝ) ကျော်ကို နောက်လာမည့် နှစ်အတွင်း ထုတ်ချေးသွားမည် ဖြစ်ကြောင်း ပူးတွဲကြေညာချက်တွင် ဖော်ပြထားသည်။

မဲခေါင်ဒေသတွင် နိုင်ငံများနှင့် ဂျပန်နိုင်ငံတို့ အနာဂတ် ဆက်ဆံရေး တိုးမြှင့်သွားရန် လိုအပ်ကြောင်း မဲခေါင်ဒေသ အမြင့်ဆုံး ဖွံ့ဖြိုးတိုးတက်မှု ရရှိရန် ပူးပေါင်းဆောင်ရွက်သွားမည် ဖြစ်ကြောင်း ယင်းကြေညာချက်တွင် ဖော်ပြထားသည်။

လူဦးရေ သန်း ၂၂ဝ ကျော် နေထိုင်သော မဲခေါင်ဒေသနိုင်ငံများအတွက် အာရှ အင်အားကြီးနိုင်ငံများ ဖြစ်သော ဂျပန်နှင့် တရုတ်နိုင်ငံတို့က အကူအညီများ အပြိုင်ပေးလျက်ရှိပြီး လွှမ်းမိုးရန် ကြိုးပမ်းလျက် ရှိသည်။

မဲခေါင်ဒေသတွင် တရုတ်၏ ပါဝင်ပတ်သက်မှုများသည် ဂျပန်နိုင်ငံအတွက် အားနည်းသွားစေကြောင်း ပြောကြားချက်များသည် မဟုတ်မှန်ကြောင်း၊ အဆိုပါ မဲခေါင်ဒေသနှင့် ပတ်သက်၍ ဂျပန်နှင့် တရုတ်နိုင်ငံတို့သည် ပူးပေါင်း၍ မူဝါဒများ ချမှတ်ထားကြောင်း ဂျပန်ဝန်ကြီးချုပ် ဟာတိုယာမ က ပြောကြားသည်။

ဂျပန်- တရုတ်နှင့် မဲခေါင်ဒေသနိုင်ငံများ ပူးပေါင်း၍ သုံးဦး သုံးဖလှယ် အကျိုးရှိအောင် ဖန်တီးရေးသည် အရေးကြီးကြောင်း ဂျပန်ဝန်ကြီးချုပ် ဟာတိုယာမက ပြောကြားသည်။

ကီလိုမီတာ ,၈ဝဝ (မိုင် ၂၉၈ဝ) ရှည်လျားသော မဲခေါင်မြစ်ရိုးတစ်လျှောက် နိုင်ငံအများစုသည် နိုင်ငံရေး ပဋိပက္ခများ၊ စစ်ပွဲများကြောင့် သမိုင်းနှင့် ချီပြီး အထီးကျန်လျက် ရှိပြီး အခြား အရှေ့တောင်အာရှနိုင်ငံများထက် ပိုမိုဆင်းရဲလျက် ရှိသည်။

အာရှနိုင်ငံများကို ဥရောပသမဂ္ဂ ပုံစံဖော်ဆောင်ရန် ဆန္ဒရှိသော ဂျပန်ဝန်ကြီးချုပ်သစ် ဟာတိုယာမသည် မဲခေါင်ဒေသနိုင်ငံများ၏ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုကို မြှင့်တင်လိုပြီး အထူးသဖြင့် ကမ္ဘောဒီးယား၊ လာအို၊ ဗီယက်နမ်နိုင်ငံများကို အကူအညီများ တိုးချဲ့ပေးရန် ရည်ရွယ်ထားသည်။ ဂျပန်အစိုးရ၏ ယခုချေးမည့် အမေရိကန်ဒေါ်လာ . ဘီလီယံ ချေးငွေများထဲမှ ၈ဝ % မှာ အတိုးနှုန်းနိမ့် ချေးငွေများ ဖြစ်ပြီး ယင်းချေးငွေများကို ဒေသတွင်း အဝေးပြေးလမ်းမများ ဖောက်လုပ်ခြင်း၊ ရေကာတာများ၊ ဆည်များ ဖောက်လုပ်ခြင်းနှင့် နည်းပညာဆိုင်ရာ သင်တန်းများအတွက် ရည်ရွယ်၍ ပေးအပ်ခြင်း ဖြစ်ကြောင်း ဂျပန်အစိုးရ တာဝန်ရှိသူ တစ်ဦးက ဆိုသည်။

မဲခေါင် မြစ်ဝှမ်းဒေသ ဖွံ့ဖြိုးတိုးတက်မှုကို မြှင့်တင်ရန် လက်တွေ့လုပ်ဆောင်မှုများ ပြုလုပ်ရန်၊ မဲခေါင်မြစ်ဝှမ်းဒေသ သဘာဝပတ်ဝန်းကျင်ကို ကာကွယ်ရန်၊ "စိမ်းလန်းစိုပြေသော မဲခေါင်ဒေသ အဖြစ်သို့ ဆယ်နှစ်အတွင်း ရောက်ရှိရေး" ဟူသော ဆောင်ပုဒ်နှင့် အညီ ရာသီဥတု ပြောင်းလဲမှုကို တိုက်ဖျက်ရေး စသည့် ကိစ္စများကို ဂျပန်နှင့် မဲခေါင်မြစ်ဝှမ်းဒေသ နိုင်ငံခေါင်းဆောင်များ သဘောတူခဲ့ကြသည်။

ထို့အပြင် မြန်မာနိုင်ငံ၌ ၂ဝ၁ဝ တွင် ကျင်းပမည့် ရွေးကောက်ပွဲတွင် ပွင့်လင်းမြင်သာမှု ရှိရန် တိုက်တွန်းပြောကြားပြီး မြန်မာနိုင်ငံတွင် ဒီမိုကရေစီ ဖြစ်ထွန်းပေါ်ပေါက်ရေးအတွက် မြန်မာအစိုးရအနေဖြင့် ရှေ့ဆက်လုပ်ဆောင်ရန် ထိပ်သီးဆွေးနွေးပွဲ တက်ရောက်လာသူ ခေါင်းဆောင်များက တိုက်တွန်းပြောကြားသည်။

မဲခေါင်မြစ်ဝှမ်းဒေသ လက်တွေ့လုပ်ငန်းစဉ်များ လုပ်ဆောင်ရန် သဘောတူညီချက်အရ မြန်မာအစိုးရ အနေဖြင့် မြန်မာနိုင်ငံ ဒီမိုကရေစီ ဖော်ဆောင်ရေး လုပ်ငန်းစဉ်များအတွက် ပိုမို အပြုသဘောဆောင်သော ခြေလှမ်းများ လှမ်းလိမ့်မည်ဟု မျှော်လင့်ကြောင်း ထိပ်သီး ဆွေးနွေးပွဲ တက်ရောက်လာသူ ခေါင်းဆောင်များက ပြောကြားသည်။

ဂျပန်ဝန်ကြီးချုပ်သစ် ဟာတိုယာမသည် ထိပ်သီးဆွေးနွေးပွဲ အပြီး နှစ်နိုင်ငံချင်း ဆွေးနွေးကြရန်  မြန်မာဝန်ကြီးချုပ် ဗိုလ်ချုပ်ကြီးသိန်းစိန်နှင့် တွေ့ဆုံဆွေးနွေးခဲ့ကြသည်။ မြန်မာဝန်ကြီးချုပ်တစ်ဦး၏ ဂျပန် ခရီးစဉ်သည် ၂ဝဝ၃ ခုနှစ်နောက်ပိုင်း ပထမဆုံး ခရီးစဉ်ဖြစ်သည်။ ဂျပန်ဝန်ကြီးချုပ်သစ် ဟာတိုယာမသည် အခြားနိုင်ငံမှ ခေါင်းဆောင်များနှင့်လည်း သီးခြားစီ တွေ့ဆုံမည် ဖြစ်သည်။ ဂျပန်ဝန်ကြီးချုပ်နှင့် မြန်မာဝန်ကြီးချုပ်တို့၏ တွေ့ဆုံမှုနှင့် ပတ်သက်သော အသေးစိတ်အကြောင်းအရာများကိုမူ ထုတ်ပြန်ကြေညာခြင်း မရှိပေ။

ဂျပန်ဝန်ကြီးချုပ်သစ် ဟာတိုယာမသည် မြန်မာနိုင်ငံအပေါ် အကူအညီပေးရေး အစီအစဉ်များကို မြန်မာဝန်ကြီးချုပ် ဗိုလ်ချုပ်ကြီး သိန်းစိန်ကို ပြောကြားဖွယ် ရှိပြီး အတိုက်အခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို ဖမ်းဆီးထားခြင်း အပါအဝင် မြန်မာအစိုးရ၏ လူ့အခွင့်အရေး ချိုးဖောက်မှုများကို ဝေဖန်ပြောကြားဖွယ် ရှိသည်ဟု The Nikkei စီးပွားရေး နေ့စဉ်သတင်းစာတွင် ဖော်ပြထားသည်။

ထို့ပြင် အမေရိကန်၏ မြန်မာအစိုးရနှင့် ထိတွေ့ဆက်ဆံရန် ကြိုးပမ်းမှုကိုလည်း မဲခေါင်ဒေသ တစ်ခုလုံးအတွက် အကျိုးများသော လုပ်ရပ်အဖြစ် ဂျပန်ဝန်ကြီးချုပ်က ချီးကျူးစကားပြောဆိုခဲ့သည်။ မြန်မာအစိုးရအပေါ် ပိတ်ဆို့အရေးယူမှု ပြုလုပ်ခဲ့ခြင်းကြောင့် အကျိုးရလဒ်ကောင်းများ မရရှိခဲ့ခြင်းကြောင့် အမေရိကန်သမ္မတ အိုဘားမားသည် မြန်မာစစ်အစိုးရနှင့် ထိတွေ့ဆက်ဆံရေး မူဝါဒကို ပြောင်းလဲကျင့်သုံးခဲ့သည်။

အဆိုပါ ထိပ်သီးဆွေးနွေးပွဲ၌ ဂျပန်နှင့် မဲခေါင်မြစ်ဝှမ်းဒေသ နိုင်ငံခေါင်းဆောင်များ နှစ်စဉ်တွေ့ဆုံ ဆွေးနွေးကြရန် သဘောတူညီမှု ရရှိခဲ့ကြသည်။

မဲခေါင်မြစ်ဝှမ်းဒေသ နိုင်ငံ ပူးပေါင်းဆောင်ရွက်ခြင်း ဖြင့် စီးပွားရေး ဖွံ့ဖြိုးတိုးတက်ရန် ရည်ရွယ်သော်လည်း ပြည်ပြေး ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင်ကို ကမ္ဘောဒီးယားက စီးပွားရေးအကြံပေး အဖြစ် ခန့်အပ်လိုက်ပြီးနောက် ထိုင်း-ကမ္ဘောဒီးယားနှစ်နိုင်ငံ ဆက်ဆံရေး တင်းမာနေစဉ် အဆိုပါ ထိပ်သီးဆွေးနွေးပွဲ ကျင်းပခဲ့ခြင်း ဖြစ်သည်။

 


--~--~---------~--~----~------------~-------~--~----~
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/   upon their request.

-~----------~----~----~----~------~----~------~--~---

0 comments:

Post a Comment