Transparency Myanmar

transparency.myanmar@gmail.com

From the Bangkok Post, 11th Nov, 2009

လာမည့် တနင်္ဂနွေနေ့ ထိပ်သီးအစည်းအဝေးတွင် အမေရိကန် သမ္မတ Barack Obama နှင့် မြန်မာတပ်မတော်အစိုးရ ဝန်ကြီးချုပ် ဗိုလ်ချုပ်ကြီးသိန်းစိန်တို့ ပါဝင်ကြမည် ဖြစ်ရာ အမေရိကန်နှင့် အာဆီယံ ဆက်ဆံရေးတွင် အရေးကြီးသော ဖြစ်ရပ်တစ်ခု ဖြစ်လိမ့်မည် ဖြစ်ကြောင်း စင်ကာပူက အင်္ဂါနေ့တွင် ပြောကြားလိုက်ပါသည်။

အမေရိကန်အနေဖြင့် ၎င်းတို့၏ ASEAN မူဝါဒကို မြန်မာနိုင်ငံနှင့် ပတ်သက်သော မူဝါဒကို ကြည့်၍ ဆုံးဖြတ်တော့မည် မဟုတ်ကြောင်း စင်ကာပူ နိုင်ငံခြားရေးဝန်ကြီး George Yeo က ပြောကြားပါသည်။

ယခင်က အမေရိကန်- အာဆီယံ ထိပ်သီးတွေ့ဆုံမှုများမှာ မြန်မာနိုင်ငံကြောင့် ပျက်ပြယ်ခဲ့ရပြီး ယခုကိစ္စမှာ သမိုင်းမှတ်တိုင် ထူလိမ့်မည် ဖြစ်ကြောင်း Yeo က ပြောပါသည်။

စင်ကာပူတွင် ကျင်းပနေသော APEC နှစ်ပတ်လည် အစည်းအဝေးတွင် George Yeo က သတင်းထောက်များကို နိုဝင်ဘာ ၂၁ ရက်  Obama နှင့် အာဆီယံခေါင်းဆောင်များ တွေ့ဆုံပွဲ၏ မှတ်တိုင်ထူမှုကို ပြောကြားခဲ့ခြင်း ဖြစ်ပါသည်။

ယခင်က ယခုကဲ့သို့ အမေရိကန်- အာဆီယံခေါင်းဆောင်များ တွေ့ဆုံမှုကို ဝါရှင်တန်က ပယ်ချခဲ့ပါသည်။ အာဆီယံ အဖွဲ့ဝင် မြန်မာနိုင်ငံသည် ဒေါ်အောင်ဆန်းစုကြည်နှင့် NLD ကို ဖိနှိပ်မှုများကြောင့် တပ်မတော်အစိုးရခေါင်းဆောင်များနှင့် တစ်စားပွဲတည်း ထိုင်ရန် ငြင်းပယ်ခဲ့ခြင်း ဖြစ်ပါသည်။

ယခုအခါ အမေရိကန် ပြည်ထောင်စုသည် မြန်မာနိုင်ငံနှင့် ဆက်ဆံရေးကို ပြန်လည်စတင်နေပြီး မြန်မာနိုင်ငံနှင့် အမြင်မတူ ခြားနားမှုများကြောင့် အာဆီယံနှင့် ဆက်ဆံရေး နှောင့်နှေးခဲ့ရမှုများကိုလည်း ရပ်တန့်ပစ်လိမ့်မည် ဖြစ်ကြောင်း အိုဘားမား၏ အကြံပေး Jeffrey Bader က ပြောပါသည်။

ယခု အစည်းအဝေးတွင် အာဆီယံကို အကာအကွယ်ယူ၍ မြန်မာနိုင်ငံ၏ လုပ်ဆောင်မှုများအတွက် ကြေညာချက် ထုတ်ပြန်နိုင်ရန် ကြိုးစားမည်ဖြစ်ကြောင်း Bader က ပြောပါသည်။

အာဆီယံသည် ယခင်ကတည်းက မြန်မာနိုင်ငံ၏ လူ့အခွင့်အရေး ချိုးဖောက်မှုများအတွက် အမြဲတစေ ပြစ်တင်ပြောကြားခဲ့ပါသည်။ အမေရိကန်သည် အာဆီယံနှင့် ခပ်ကင်းကင်းနေခဲ့သည့် အချိန်များအတွင်း တရုတ်နိုင်ငံသည် အလွန်တရာ တိုးတက်မှု မြန်ဆန်သော ဤဒေသတွင်းသို့ စီးပွားရေး အရသော်လည်းကောင်း သံတမန် နည်းအရ သော်လည်းကောင်း ခိုင်မြဲစွာ ခြေကုတ် ယူနိုင်ခဲ့ပါသည်။

APEC အစည်းအဝေးနှင့် အာဆီယံအစည်းအဝေး နှစ်ခုစလုံးကို လက်ခံကျင်းပခဲ့သော စင်ကာပူနိုင်ငံ၏ နိုင်ငံခြားရေးဝန်ကြီး Yeo က ယခုအခါ အမေရိကန်သည် မြန်မာနှင့် တိုက်ရိုက်ဆွေးနွေးစေပြီး အကြောင်းအရာ အသေးစိတ်ကို  ထုတ်ပြန်ဦးမည် မဟုတ်သေးကြောင်း ပြောပါသည်။

AFP က ရရှိခဲ့သော ညီလာခံအပြီး ကြေညာစာတမ်းမူကြမ်းတွင် အာဆီယံခေါင်းဆောင်များက "မြန်မာနိုင်ငံနှင့် ညှိနှိုင်းမည့် အမေရိကန် မူဝါဒသစ်နှင့် ထိပ်တန်းအဆင့် တွေ့ဆုံမှုကို ကြိုဆိုပါကြောင်း" ဖော်ပြထားပါသည်။

ယခု ကြိုးပမ်းအားထုတ်မှုများသည် နိုင်ငံရေးနှင့် စီးပွားရေး ပြုပြင်ပြောင်းလဲမှုများကို ကျယ်ပြန့်စွာ ဖော်ဆောင်နိုင်မည် ဖြစ်ပြီး အနာဂတ်ကို အထောက်အကူပြုသည့် လုပ်ငန်းစဉ်ဖြစ်သည်ဟု အာဆီယံခေါင်းဆောင်များက မျှော်လင့်ထားကြောင်း အဆိုပါ မူကြမ်းတွင် ဖော်ပြထားပါသည်။

အမျိုးသားပြန်လည် ပေါင်းစည်းရေးသည် အရေးကြီးကြောင်း အလေးပေး ဖော်ပြလိုပြီး လာမည့်နှစ် ရွေးကောက်ပွဲသည် လွတ်လပ်ခြင်း၊ တရားမျှတခြင်း၊ အားလုံးပါဝင်နိုင်ခြင်း၊ ပွင့်လင်းမြင်သာခြင်းများ ရှိမှသာ ယုံကြည်လက်ခံနိုင်လိမ့်မည်ဟု ဆိုပါသည်။

ကြေညာချက်မူကြမ်းတွင် ဒေါ်အောင်ဆန်းစုကြည်နှင့် NLD ပါတီအကြောင်း ဖော်ပြထားခြင်း မရှိသော်လည်း လေးစားယုံကြည်ထိုက်သော ရွေးကောက်ပွဲ ဖြစ်လာရန် အခြေအနေများကို ဖန်တီးသည့် အနေဖြင့် နိုင်ငံရေးလှုပ်ရှားသူ အားလုံးနှင့် တွေ့ဆုံဆွေးနွေးကာ အားလုံးပါဝင်ခွင့် ရှိကြောင်း သက်သေပြနိုင်ရမည်ဟု ဆိုထားပါသည်။ ဩစတြေးလျ ကုန်သွယ်ရေး ဝန်ကြီး Simon Crean က မြန်မာနိုင်ငံအရေးကိစ္စနှင့် ပတ်သက်၍ အမေရိကန်၏ ကြိုးပမ်းမှုများကို ထောက်ခံအားပေးသွားမည်ဟု စင်ကာပူတွင် ပြောကြားသည်။

 ယခုကဲ့သို့ အမေရိကန်က ခက်ခဲသော အစပျိုးဆောင်ရွက်ချက်များကို စတင်နိုင်ခဲ့သည့်အတွက် ကြိုဆိုရန် အားပေးပါသည်ဟုလည်း Crean က ဆိုပါသည်။

အရေးယူမှုများသည် မြန်မာပြဿနာကို ပြေလည်စေမည်ဟု လုံးဝ မယူဆခဲ့ကြောင်း၊ အကြောင်းမှာ လူထုကိုသာ ထိခိုက်စေခဲ့သောကြောင့် ဖြစ်သည်၊ ယခု မိမိတို့သည် မရှိမဖြစ် လိုအပ်သော နိုင်ငံရေး ပြုပြင်ပြောင်းလဲမှုနှင့် လူ့အခွင့်အရေးဆိုင်ရာ ပြောင်းလဲမှုကို ရရှိရန် ကြိုးစားနေပြီး နိုင်ငံရေး ဖိအားအပါအဝင် အခြားနည်းလမ်းများဖြင့် ဖိအားပေးသွားမည်ဟု ၎င်းက ဆက်လက်ပြောကြားခဲ့ပါသည်။

မြန်မာအစိုးရက မပြောင်းလဲသေးသရွေ့ အမေရိကန်က အရေးယူမှုများကို ရုတ်သိမ်းဦးမည် မဟုတ်ပါ။ မကြာမီကအထိ ပြောင်းလဲတိုးတက်ရန် မျှော်လင့်ချက် မရှိသေးပါ။

အမေရိကန်က တောင်းဆိုထားသော ထိပ်ဆုံးအချက်မှာ အထိန်းသိမ်းခံ အတိုက်အခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို အမြန်ဆုံးလွှတ်ပေးရန် ဖြစ်ပါသည်။

 


--~--~---------~--~----~------------~-------~--~----~
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/   upon their request.

-~----------~----~----~----~------~----~------~--~---

0 comments:

Post a Comment