Transparency Myanmar

transparency.myanmar@gmail.com

From Earthtimes.org

11th Nov, 09

မြန်မာ အတိုက်အခံ ပါတီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်သည် လာမည့် အပတ်တွင် အရေးကြီးပြီး အကောင်းဘက်သို့ ရှေးရှုသော ကြေညာချက်တစ်ခု ထုတ်ပြန်လိမ့်မည် ဖြစ်ကြောင်း သူမ၏ ရှေ့နေ ဦးဉာဏ်ဝင်းက ဗုဒ္ဓဟူးနေ့တွင် ပြောကြားပါသည်။ ဒေါ်အောင်ဆန်းစုကြည်သည် အဆိုပါကြေညာချက်ကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) အနေဖြင့် နိုဝင်ဘာ ၁၇ ရက်နေ့တွင် ထုတ်ပြန်မည် ဖြစ်ကြောင်း၊ ပါဝင်မည့် အကြောင်းအရာများကိုမူ ဦးဉာဏ်ဝင်းက ပြောကြားခြင်း မရှိပါ။

သူမအနေဖြင့် NLD ပါတီ ကြေညာချက်အဖြစ် ထုတ်ပြန်ရန် သဘောတူပြီး ဖြစ်ကြောင်း၊ အရေးကြီးပြီး အကောင်းဘက်သို့ ဦးတည်သည်ဟု သူမက ထင်မြင်ကြောင်း ဦးဉာဏ်ဝင်းက ဂျာမန်သတင်းဌာန dpa သို့ ပြောကြားခဲ့သည်။ သူမသည် ဦးဉာဏ်ဝင်းနှင့် တက္ကသိုလ်ရိပ်သာလမ်း နေအိမ်တွင် အမျိုးသားနေ့က တွေ့ဆုံခဲ့ပါသည်။

ထိုသို့ တွေ့ဆုံစဉ် ဗိုလ်ချုပ်မှူးကြီးသန်းရွှေထံ ပေးစာတစ်စောင်ကိုလည်း ဦးဉာဏ်ဝင်းကို ပေးခဲ့ပါသည်။ အဆိုပါစာတွင် ပါဝင်သည့် အကြောင်းအရာများကိုမူ ဖော်ပြခဲ့ခြင်း မရှိပါ။ အစိုးရသည် သူမအား ပြီးခဲ့သည့်အပတ်က Campbell ဦးဆောင်သော အမေရိကန် ကိုယ်စားလှယ်အဖွဲ့နှင့် တွေ့ဆုံခွင့် ပြုခဲ့ပါသည်။

အမေရိကန် ကိုယ်စားလှယ်အဖွဲ့သည် စစ်အစိုးရအား ဒေါ်အောင်ဆန်းစုကြည်နှင့် သူမ၏ ပါတီ အမှုဆောင်များနှင့် မကြာခဏတွေ့ဆုံခွင့် ပြုရန် တိုက်တွန်းခဲ့ပါသည်။ သူမ၏ NLD ပါတီသည် လာမည့်နှစ် ရွေးကောက်ပွဲတွင် ပါဝင်ရန် မဆုံးဖြတ်ရသေးပါ။


--~--~---------~--~----~------------~-------~--~----~
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/   upon their request.

-~----------~----~----~----~------~----~------~--~---

0 comments:

Post a Comment