Transparency Myanmar

transparency.myanmar@gmail.com

BBC News

Date: 12 - Nov - 2009

          တရုတ်နိုင်ငံ သမ္မတ ဟူကျင်တောင်သည် ယခုအပတ် နှောင်းပိုင်းတွင် စင်ကာပူ နိုင်ငံတွင် ကျင်းပမည့် APEC ထိပ်သီးအစည်းအဝေး မတက်ရောက်မီ မလေးရှားနိုင်ငံ သို့ သွားရောက်မည် ဖြစ်ပါသည်။

          မစ္စတာဟူသည် (၁၅) နှစ်အတွင်း ပထမဆုံးအကြိမ် မလေးရှားသို့လာရောက် လည်ပတ်သော တရုတ်ခေါင်းဆောင် ဖြစ်ပါသည်။

          တရုတ်ဘဏ် ICBC သည် တရုတ်သမ္မတ လာရောက်သည့်ခရီးစဉ်အတွင်း မလေးရှားနိုင်ငံတွင် ဘဏ်ခွဲဖွင့်လှစ်ခွင့် လိုင်စင်ရရှိလိမ့်မည်ဟု မျှော်လင့်နေပါသည်။ ICBC သည် ဈေးကွက် တန်ဖိုးအရ ကမ္ဘာ့အကြီးဆုံးချေးငွေ ထုတ်ချေးသည့် ဘဏ်တစ်ခု ဖြစ်ပါသည်။

          ယခုကဲ့သို့ မလေးရှားနိုင်ငံတွင် နိုင်ငံခြားဘဏ် ဖွင့်လှစ်ခွင့်ပြုခြင်းသည် ကိုးနှစ် အတွင်း ပထမဦးဆုံးအကြိမ် ဖြစ်ပါသည်။

          တရုတ်နိုင်ငံသည် မလေးရှားအတွက် အရေးပါမှု တိုးတက်လာနေပြီ ဖြစ်ပါသည်။

          ယခုနှစ်တွင် တရုတ်နိုင်ငံသည် စင်ကာပူ၊ အမေရိကန်နှင့် ဂျပန်တို့ကို ကျော်၍ မလေးရှား၏ နံပါတ်တစ် ကုန်သွယ်ဖက်နိုင်ငံ ဖြစ်လာခဲ့ပါသည်။

          ပြီးခဲ့သည့် ဧပြီလက မလေးရှားနိုင်ငံ ဝန်ကြီးချုပ် Najib Abdul Razak က နိုင်ငံခြားဘဏ် () ခုထိ မလေးရှားနိုင်ငံတွင် ဖွင့်လှစ်ခွင့်ပြုရန် ကြေညာခဲ့ပါသည်။ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများ တိုးတက်လာစေရေးအတွက် ဘဏ်လုပ်ငန်းကဏ္ဍ၌ ကန့်သတ်ချက်များကို ဖြေလျော့ပေးခြင်း ဖြစ်ကြောင်း ပြောပါသည်။

          ICBC သည် အဆိုပါ ခွင့်ပြုမည့် နိုင်ငံခြားဘဏ် () ခုတွင် တစ်ခုအပါအဝင် ဖြစ်ပြီး၊ APEC ထိပ်သီးအစည်းအဝေး မတိုင်မီ ကြိုတင်ဆွေးနွေးမှုများလည်း ပြုလုပ် လိမ့်မည် ဖြစ်ပါသည်။

          APEC ညီလာခံတွင် ကုန်သွယ်ရေးကိစ္စသည် အဓိက အကြောင်းအရာ ဖြစ်လာမည်ဖြစ်ပြီး၊ အမေရိကန်၏ ကိုယ်ကျိုးစီးပွား ကာကွယ်သည့် မူဝါဒအရ ဒေသတွင်းသို့ ဝင်ရောက်ဆက်ဆံလာမှုအပေါ် တရုတ်၏ မကျေနပ်မှုကို ထောက်ခံမည့်သူများကို မဲဆွယ်လိမ့်မည် ဖြစ်သည်။ အမေရိကန်၏ ကိုယ်ကျိုးစီးပွား ကာကွယ်ရေးကို စောင့်ကြည့်ခြင်း မရှိပါက ကမ္ဘာ့ကုန်သွယ်ရေးတွင် အန္တရာယ် ရှိလာနိုင်သည်ဟု ဆိုပါသည်။


--~--~---------~--~----~------------~-------~--~----~
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/   upon their request.

-~----------~----~----~----~------~----~------~--~---

0 comments:

Post a Comment