Transparency Myanmar

transparency.myanmar@gmail.com

By Saw Yan Naing

From The Irrawaddy, 11th Nov, 09

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုအလုပ်အမှုဆောင် ကော်မတီသည် ဒေါ်အောင်ဆန်းစုကြည် ထုတ်ဖော်ခဲ့သည့် အရေးကြီးသော အကြောင်းအရာအတွက် တွေ့ဆုံဆွေးနွေးရန် တနင်္လာနေ့တွင် တွေ့ဆုံကြမည် ဖြစ်ကြောင်း၊ NLD ပြောခွင့်ရ ပုဂ္ဂိုလ် ဦးဉာဏ်ဝင်းက ဗုဒ္ဓဟူးနေ့က ပြောကြားလိုက်ပါသည်။

ဦးဉာဏ်ဝင်းက တနင်္လာနေ့က ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံရာတွင် အဆိုပါ ကိစ္စကို ဆွေးနွေးခဲ့ကြောင်း ပြောပါသည်။ ဆွေးနွေးခဲ့သော အကြောင်းအရာများကိုမူ ထုတ်ဖော် ပြောကြားခြင်း မရှိပါ။

NLD ဗဟို အလုပ်အမှုဆောင်အဖွဲ့သည် အဆိုပါ ကိစ္စကို ဆွေးနွေးကြမည် ဖြစ်ပြီး အင်္ဂါနေ့တွင် ကြေညာချက် ထုတ်ပြန်လိမ့်မည် ဖြစ်ကြောင်း ဦးဉာဏ်ဝင်းက ဆက်လက်ပြောကြားပါသည်။

ဒေါ်အောင်ဆန်းစုကြည် အဆိုပြုသော အကြံပြုချက်များသည် အရေးကြီးကြောင်း၊ အဘယ်ကြောင့်ဆိုသော် အဆိုပါ အကြံပြုချက်များသည် အကောင်းဖက်သို့ ဦးတည်ပြီး တိုင်းပြည်အတွက် အကျိုးအမြတ်ရရှိနိုင်ကြောင်း သူက ပြောပါသည်။

ဗုဒ္ဓဟူးနေ့က NLD ဌာနချုပ်တွင် ကျင်းပပြုလုပ်သော အမျိုးသားနေ့ အခမ်းအနားတွင် ပါဝင် တက်ရောက်ကြသော နိုင်ငံရေးသမားဟောင်းကြီးများ၊ တိုင်းရင်းသားခေါင်းဆောင်များ၊ သူ၏ NLD လုပ်ဖော်ကိုင်ဖက်များနှင့် သူမကို ထောက်ခံ ပံ့ပိုးပေးသူများ အားလုံးကို ဒေါ်အောင်ဆန်းစုကြည်က ကျေးဇူးတင်ပါကြောင်း ပြောကြားခဲ့သည်ဟု ဦးဉာဏ်ဝင်းက ပြောပါသည်။

NLD ဌာနချုပ်တွင် ပြုလုပ်သော အမျိုးသားနေ့ အခမ်းအနားတွင် လူ ၁ဝဝဝ ခန့် တက်ရောက်ခဲ့ပါသည်။

ဗုဒ္ဓဟူးနေ့က NLD ကြေညာချက်တစ်ခု ထုတ်ပြန်ရာတွင် ဒေါ်အောင်ဆန်းစုကြည်၊ NLD ဒုဥက္ကဋ္ဌ ဦးတင်ဦး၊ တိုင်းရင်းသားခေါင်းဆောင်များ ဖြစ်ကြသော ခွန်ထွန်းဦးနှင့် စိုင်းညွန့်လွင်တို့ကို လွှတ်ပေးရန် တောင်းဆိုထားပါသည်။

အဆိုပါ ကြေညာချက်တွင် စစ်အစိုးရအား အဖမ်းခံထားရသော နိုင်ငံရေး ခေါင်းဆောင်များ၊ ဘုန်းတော်ကြီးများနှင့် ဒီမိုကရေစီထောက်ခံသူများကို လွှတ်ပေးရန် တိုက်တွန်းထားပြီး ပိတ်ထားရသော ပါတီရုံးများ ဖွင့်ခွင့်ပေးရန်နှင့် တိုင်းရင်းသားပါတီများကို မှတ်ပုံတင်ခွင့်ပြုပြီး နိုင်ငံရေးလှုပ်ရှားမှုများ ပြုလုပ်ခွင့်ပြုရန် တောင်းဆိုခဲ့ပါသည်။

တစ်ချိန်တည်းတွင် စင်ကာပူနိုင်ငံတွင် ကျင်းပလျက် ရှိသောာ APEC ဝန်ကြီးများ အဆင့် အစည်းအဝေးတွင် အမေရိကန် နိုင်ငံခြားရေးဝန်ကြီး  ဟီလာရီကလင်တန်က ဗုဒ္ဓဟူးနေ့တွင် ပြောကြားရာ၌ မြန်မာအစိုးရအား ဒီမိုကရေစီ ပြုပြင်ပြောင်းလဲမှုများ တွန်းအားပေးရာတွင် မည်သည့် အခြေအနေ ကန့်သတ်မှုမျှ ထပ်မံပြုလုပ်မည် မဟုတ်ကြောင်း၊ သို့သော် ရှိရင်းစွဲ အရေးယူ ကန့်သတ်မှုများကိုမူ ခိုင်မာသော တိုးတက်မှုများ မပြုလုပ်နိုင်မချင်း ဆက်လက်ထားရှိမည် ဖြစ်ကြောင်း ထည့်သွင်း ပြောကြားသွားပါသည်။

ကျွန်ုပ်တို့ အနေဖြင့် နိုင်ငံတစ်ခုချင်း သော်လည်းကောင်း၊ ASEAN အဖွဲ့အနေဖြင့် သော်လည်းကောင်း မြန်မာအစိုးရကို မျက်ခြေမပြတ်စေလိုကြောင်း၊ ၂ဝ၁ဝ တွင် သိက္ခာရှိသော၊ လွတ်လပ်၍ တရားမျှတသော ရွေးကောက်ပွဲ ဖြစ်စေရေးအတွက် နားချဆွဲဆောင်ကြရန် ကလင်တန်က ပြောခဲ့သည်။

ထို့အတူ တရုတ်နိုင်ငံအနေဖြင့်လည်း ထိုင်း၊ အိန္ဒိယနှင့် အခြား အာဆီယံနိုင်ငံများ နည်းတူ မြန်မာနိုင်ငံအရေးတွင် အပေါင်းလက္ခဏာဆောင်သော နေရာ (positive role) မှ ပါဝင်လှုပ်ရှားရန် အခွင့်အရေး ရှိနေပါကြောင်း သူမက ပြောကြားခဲ့ပါသည်။


--~--~---------~--~----~------------~-------~--~----~
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/   upon their request.

-~----------~----~----~----~------~----~------~--~---

0 comments:

Post a Comment