AP News
Date: 12 - Nov -2009
မြန်မာနိုင်ငံ၏ ဒီမိုကရေစီ ဖြစ်ထွန်းရေး လုပ်ငန်းစဉ်ကို တွန်းအားပေးရန် အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဟီလာရီ ရော့ဟမ် ကလင်တန်က တရုတ်နှင့် အိန္ဒိယအား တိုက်တွန်းလိုက်သည်။
၁၉၆၂ ကပင် စစ်ဖက်က အုပ်ချုပ်ခဲ့သော မြန်မာနိုင်ငံ၏ လက်ရှိအနေအထားကို ဖြေရှင်းရန် ဒေသတွင်း နိုင်ငံများ၏ ကျယ်ပြန့်စွာ ပူးပေါင်းဆောင်ရွက်မှု လိုအပ်သည်ဟု သူမက ပြောကြားခဲ့ သည်။
သူမသည် လာမည့် သီတင်းပတ်ကုန်တွင် ကျင်းပမည့် APEC ထိပ်သီးညီလာခံ အကြိုအဖြစ် ကျင်းပသော APEC နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေး တက်ရောက်ရန် စင်္ကာပူသို့ ရောက်ရှိ နေခြင်း ဖြစ်သည်။
တရုတ်နိုင်ငံသည် အရေးကြီးသော ကဏ္ဍမှ ပါဝင်ရန် အခွင့်အရေးများ ရှိနေသည်ဟု သူမက ဗုဒ္ဓဟူးနေ့တွင် သတင်းထောက်များအား ပြောကြားခဲ့သည်။
တရုတ်သည် မြန်မာနိုင်ငံ၏ အကြီးဆုံး မိတ်ဖက်နိုင်ငံဖြစ်၍ အာဆီယံကလည်း စစ်မှန်သော ဒီမိုကရေစီကို ခွင့်ပြုရေးအတွက် မြန်မာအစိုးရကို စည်းရုံးသိမ်းသွင်းရန် ကြိုးစားနေခဲ့ပါသည်။
၂၀၁၀ တွင် လွတ်လပ်၍ မျှတသော ရွေးကောက်ပွဲများ ကျင်းပရေးအတွက် မြန်မာအစိုးရကို အားလုံးက တိုက်တွန်း စည်းရုံးကြရမည်ဟု ကလင်တန်က ဆိုပါသည်။
--~--~---------~--~----~------------~-------~--~----~
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.
-~----------~----~----~----~------~----~------~--~---