Transparency Myanmar

transparency.myanmar@gmail.com

VOA News

Date: 11 - Nov -2009

          အဆင့်မြင့် အမေရိကန်သံတမန်တစ်ဦးသည် အပယ်ခံ မြောက်ကိုရီးယားနိုင်ငံသို့ သွားရောက်လိမ့်မည် ဖြစ်ကြောင်း အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဟီလာရီကလင်တန်က ပြောကြားခဲ့ပါသည်။ ယခုအပတ်တွင် ကိုရီးယားနှစ်နိုင်ငံကြား ရေတပ်ပြဿနာ ဖြစ်ပွားခဲ့ပါသည်။

          စင်္ကာပူနိုင်ငံတွင် ကျင်းပလျက်ရှိသော APEC ထိပ်သီးအစည်းအဝေး၏ အရန်ဆွေးနွေးပွဲ တစ်ခုတွင် ကလင်တန်က ဗုဒ္ဓဟူးနေ့က မှတ်ချက်ပေးခဲ့ခြင်း ဖြစ်ပါသည်။

          အမေရိကန်ပြည်ထောင်စုသည် အထူးကိုယ်စားလှယ် Stephen Bosworth ကို ခြောက်နိုင်ငံ နျူကလီးယားလက်နက် အစီအစဉ်အတွက် ဆွေးနွေးပွဲ ပြန်လည် ကျင်းပနိုင်ရေးအတွက် ပြုံယမ်းသို့ စေလွှတ်မည် ဖြစ်ကြောင်း အမေရိကန်နိုင်ငံခြားရေးဌာနမှ အင်္ဂါနေ့က ကြေညာခဲ့ပါသည်။ ပြုံယမ်းသည် ဧပြီလက ခြောက်နိုင်ငံဆွေးနွေးပွဲမှ ထွက်ခွာခဲ့ပါသည်။

          ကိုရီးယားကျွန်းဆွယ် အနောက်ဖက်ကမ်းရိုးတန်းတွင် ကိုရီးယားနှစ်နိုင်ငံ စစ်သင်္ဘောများ ပြီးခဲ့သည့် အင်္ဂါနေ့က အပြန်အလှန် ပစ်ခတ်ခဲ့ကြပါသည်။

          ကလင်တန်သည် ASEAN နိုင်ငံများအား စစ်တပ် အုပ်ချုပ်သော မြန်မာနိုင်ငံတွင် ဒီမိုကရေစီအတွက် ၂၀၁၀ တွင် ရွေးကောက်ပွဲ ဖြစ်မြောက်ရေးကို တွန်းအားပေးကြရန် တိုက်တွန်းခဲ့ပါ သည်။

          ပြီးခဲ့သည့် ရက်သတ္တပတ်က (၁၄) နှစ်အတွင်း ပထမဆုံးအကြိမ်အဖြစ် အမေရိကန် အဆင့်မြင့် အာဏာပိုင်နှစ်ဦးသည် မြန်မာနိုင်ငံသို့ သွားရောက်ကာ ဗိုလ်ချုပ်များနှင့်လည်းကောင်း၊ ထိန်းသိမ်းခံထားရသော အတိုက်အခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့်လည်းကောင်း တွေ့ဆုံခဲ့ပါသည်။


--~--~---------~--~----~------------~-------~--~----~
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/   upon their request.

-~----------~----~----~----~------~----~------~--~---

0 comments:

Post a Comment