Transparency Myanmar

transparency.myanmar@gmail.com

China Post

Date: 11 - Nov - 2009

          အမေရိကန်ပြည်ထောင်စု သမ္မတ ဘားရက်အိုဘားမား၏ ပထမဆုံး အရှေ့တောင်အာရှ ခရီးစဉ်ကို ယခုအပတ်တွင် သွားရောက်မည်ဖြစ်၍ ၎င်းသည် အမေရိကန် နိုင်ငံခြားရေး မူဝါဒတွင် ဦးတည်ချက် အသစ်တစ်ခုရှိကြောင်း အတည်ပြုလိုက်ခြင်းပင် ဖြစ်သည်။

          ၎င်းသည် စင်္ကာပူတွင် ကျင်းပမည့် အာရှပစိဖိတ် စီးပွားရေး ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ APEC ထိပ်သီးညီလာခံသို့ တက်ရောက်မည်ဖြစ်ပြီး၊ အာဆီယံ (၁၀)နိုင်ငံမှ ခေါင်းဆောင်များနှင့် လည်း တွေ့ဆုံမည် ဖြစ်သည်။ အဆိုပါ အစည်းအဝေးတွင် ဝါရှင်တန်က အချိန်ကြာမြင့်စွာ ပစ်ပယ် ထားခဲ့သည့် မြန်မာနိုင်ငံပါဝင် တက်ရောက်ရန် ၎င်းက စီစဉ်ခဲ့ပါသည်။

          ထို့အပြင် အိုဘားမားသည် အရှေ့တောင်အာရှဒေသနှင့် ဆက်ဆံရေး ပိုမိုခိုင်မြဲစေရန် အတွက် အာဆီယံ (၁၀)နိုင်ငံမှ ခေါင်းဆောင်များအား လာမည့်နှစ်တွင် ဝါရှင်တန်သို့ ဖိတ်ခေါ်ရန် စီစဉ်ထားပါသည်။

          ပြီးခဲ့သော ဇူလိုင်လက ထိုင်းနိုင်ငံတွင် Treaty of Amity and Cooperation with ASEAN စာချုပ်ကို လက်မှတ်ရေးထိုးစဉ် နိုင်ငံခြားရေးဝန်ကြီး ဟီလာရီကလင်တန်၏ အရှေ့တောင်အာရှသို့ အမေရိကန် ပြန်လာပြီဖြစ်ကြောင်း ထုတ်ပြန် ကြေညာချက်ကို ယခု အတည်ပြု ဆုံးဖြတ်လိုက်ခြင်း ဖြစ်ပါသည်။

          ယခင်က အရှေ့တောင်အာရှဒေသကို အကြမ်းဖက် နှိမ်နင်းရေး စစ်ပွဲကိုသာ ကွက်၍ အာရုံ ကျနေသည့် ဘွတ်ရှ် အစိုးရက လျစ်လျူရှုထားခဲ့ပါသည်။

          ယခုကဲ့သို့ အရှေ့တောင်အာရှဒေသကို အမေရိကန်က အသစ်တဖန် ပြန်လည်စိတ်ဝင်စား လာမှုကို တရုတ်လွှမ်းမိုးမှု ကျယ်ပြန့်လာသည့် အဆိုပါဒေသက ဝမ်းမြောက်ဝမ်းသာ ကြိုဆိုခဲ့ပါ သည်။

          ဂျပန်နှင့်အိန္ဒိယ အပါအဝင် ကျန်အာရှနိုင်ငံများသည် လာမည့်နှစ် (၂၀) မှ (၃၀) အတွင်း မတန်တဆ ကြီးထွားလာမည့် တရုတ်ကို အင်အားနှင့် စွမ်းဆောင်ရည်အရ ယှဉ်ပြိုင်ရန် မဖြစ်နိုင် ကြောင်းနှင့် အဆိုပါ ဟန်ချက်မညီမျှမှုကို ထိန်းရန် အမေရိကန်ပြည်ထောင်စုကို မိမိတို့ လိုအပ်သည်ဟု စင်္ကာပူ၏ ဗိသုကာ လက်ရှိ ဝါရင့် ဝန်ကြီး လီကွမ်ယူက ဝါရှင်တန်တွင် ကျင်းပသည့် အမေရိကန်-အာဆီယံ စီးပွားရေးကောင်စီ အစည်းအဝေးတွင် ရှင်းလင်းစွာ ပြောကြားခဲ့ပါသည်။

          အမေရိကန် ရုပ်မြင်သံကြားအစီအစဉ်တွင် လီကွမ်ယူက ပစိဖိတ်ဒေသ၏ ဖွံ့ဖြိုးကြီးထွား လာမှုကြောင့် (၂၁)ရာစုတွင် အဆိုပါဒေသ၌ အထက်စီးရရန် ယှဉ်ပြိုင်မှုများကို တွေ့ရမည်ဖြစ်ပြီး၊ ပစိဖိတ်ဒေသတွင် ခြေကုတ်ယူထားခြင်းမရှိပါက ကမ္ဘာ့ခေါင်းဆောင် မဖြစ်နိုင်ကြောင်း အခိုင်အမာ ပြောကြားပါသည်။

          ဝါရှင်တန်ကလည်း လီကွမ်ယူနှင့် ထပ်တူထပ်မျှယူဆပါသည်။ အရှေ့တောင်အာရှဒေသ အထူးသဖြင့် အမေရိကန်က သပိတ်မှောက်ထားခဲ့သော မြန်မာနိုင်ငံတွင် တရုတ်၏လွှမ်းမိုးမှု ကြီးထွားနေခြင်းကို ၎င်းတို့လေ့လာတွေ့ရှိခဲ့ပြီး ဖြစ်ပါသည်။

          အမျိုးသားလုံခြုံရေးကောင်စီ အာရှရေးရာ ဒါရိုက်တာ Jeffrey Bader က Brookings Institute တွင် မြန်မာနှင့် တွေ့ဆုံ ဆွေးနွေးရေး မူဝါဒသစ်နှင့် ပတ်သက်၍ ရှင်းလင်း ပြောကြားခဲ့ပါ သည်။ ၎င်းက ပစ်ပယ် ခွဲခြားထားရေး မူဝါဒသည် ဆယ်စုနှစ် () စုအတွင်း အပေါင်းလက္ခဏာ ဆောင်သော ရလဒ်များ မရရှိခဲ့ကြောင်း၊ သို့ဖြစ်၍ မြန်မာနိုင်ငံနှင့် သံတမန်နည်းလမ်းအရ တိုက်ရိုက် ဆွေးနွေးရေးကို ဆက်လက် ဆောင်ရွက်သွားရမည်ဟု ပြောကြားခဲ့သည်။

          သို့ရာတွင် မြန်မာနိုင်ငံသည် အာရှဆိုင်ရာ အမေရိကန်မူဝါဒသစ်၏ တစ်ခုတည်းသော နမူနာပြစရာဖြစ်သည်။ အာရှနိုင်ငံများကလည်း အမေရိကန် လာရောက်စေရန် အကြောင်းပြချက် များရှိသလို အမေရိကန်လည်း ကိုယ့်အကြောင်းနှင့်ကိုယ် အာရှသို့ ရောက်ရှိရန် လိုအပ်ပါသည်။ ဤသည်မှာ အာရှ၏ ပိုမို အရေးပါလာမှုကို သွယ်ဝိုက် ရည်ညွှန်းခြင်းပင် ဖြစ်သည်။ လွန်ခဲ့သော ဆယ်စုနှစ်များအတွင်း ကြီးထွားလာသော အာရှသည် ဆန့်ကျင်ဘက် ပြဿနာများဖြင့် ကွဲပြဲနေသော အခြားကမ္ဘာ့ဒေသများလောက် မထင်ရှားခဲ့သော်လည်း ရေရှည်တွင်မူ ပိုမိုအရေးပါ အရာရောက်လာမည် ဖြစ်သည်ဟု Bader က ဆိုပါသည်။

          လီကွမ်ယူက ၎င်း၏ မိန့်ခွန်းတွင် ဥရောပကဲ့သို့ စီးပွားရေး အင်အားကြီးသည့် ကမ္ဘာသစ် တစ်ခုကို ရုပ်လုံးဖေါ်ပြခဲ့ပြီး၊ များမကြာမီ ကမ္ဘာ့မဟာဗျူဟာအရ အရေးပါသူဖြစ်လာမည်။ တရုတ်နိုင်ငံကလည်း ကမ္ဘာ့အင်အားကြီးနိုင်ငံအဖြစ် လွှမ်းမိုးလာလိမ့်မည်ဟု ဆိုပါသည်။

          "လီ"က ဆက်လက် သတိပေးသည်မှာ တရုတ်စစ်တပ်သည် လာမည့်နှစ် ဆယ်စုနှစ် ()စု၊ ()စု အတွင်း အဆင့်မြင့်နည်းပညာများ သုံးလာမည်ဖြစ်၍ ပြည်ပလေယာဉ်တင် သင်္ဘောအုပ်စု သည် ပြည်မကြီးနှင့် ထိုင်ဝမ်ကြားတွင် ကြားဖြတ် ဟန့်တားနိုင်မည်မဟုတ်ဟု ဆိုပါသည်။

          တရုတ်နိုင်ငံနှင့် ဗီယက်နမ်၊ ဖိလစ်ပိုင်၊ မလေးရှား၊ ဘရူနိုင်းစသည့် အရှေ့တောင်အာရှနိုင်ငံ ငယ်များအတွင်း ပိုင်နက်ဆိုင်ရာ အငြင်းပွားမှုများကို ကိုးကားပြောကြားရာတွင် မစ္စတာလီက တရုတ်ကင်းလှည့် ရေယာဉ်များ စေလွှတ်ခဲ့ခြင်းကို ဥပမာပေးခဲ့ပြီး၊ နောင်တွင် ရေတပ်ကြီးတစ်ခု စေလွှတ်လိမ့်မည်ဟု မှတ်ချက်ပေးပါသည်။

          အမေရိကန်ကို အာဆီယံအဖွဲ့ဝင်အားလုံးက လိုလားပါသည်။ အရှေ့အာရှဒေသတွင် အစားထိုး၍ မရသူအဖြစ် ဆက်လက် ရပ်တည်နေပါသလားဟု မေးခွန်းထုတ်ခဲ့ပါသည်။

          အရှေ့တောင်အာရှဒေသတွင် ကြီးမားသောကဏ္ဍမှ ပါဝင်ရပ်တည်ရန် ဆုံးဖြတ်ခဲ့ခြင်း၏ အကြောင်းရင်းသည် တရုတ်၏ ကြီးထွားလာမှုကြောင့် ဖြစ်ကြောင်း အမေရိကန်က ပွင့်လင်းစွာ ထုတ်ဖေါ်ပြောကြားခြင်း မရှိသော်လည်း အိုဘားမား၏ ယခုခရီးစဉ်သည် အဓိပ္ပါယ်များစွာ ဆောင်နေပါသည်။

          စင်္ကာပူ APEC အစည်းအဝေးသို့ တရုတ်သမ္မတ ဟူကျင်းတောင်လည်း တက်ရောက်မည် ဖြစ်သည်ဟူသည် စင်္ကာပူနှင့် မလေးရှားသို့ တရားဝင်ခရီးစဉ်အဖြစ် လာရောက်မည် ဖြစ်ပါသည်။

          အမေရိကန်နှင့် တရုတ်သမ္မတ ()ဦးသည် ၎င်းတို့ အထူးမျှော်လင့်ထားသော အရှေ့တောင်အာရှ ခရီးစဉ်အပြီး၊ ဘီဂျင်း၌ လာမည့်အပတ်တွင် တွေ့ဆုံကြမည်ဖြစ်ပြီး၊ အိုဘားမား၏ ပထမဆုံး တရုတ်ခရီးစဉ်ဖြစ်ပါသည်။ ဝါရှင်တန်တွင် ပြောကြားခဲ့သော လီကွမ်ယူ၏ မှတ်ချက်များကို တရုတ်က တရားဝင် တုန့်ပြန်ခြင်း မရှိသေးပါ။

          သို့ရာတွင် အင်တာနက်ပေါ်တွင် တရုတ်နိုင်ငံသားများ၏ အသံများဖြင့် ဆူညံနေပါသည်။ စင်္ကာပူသည် တရုတ်အား ရင်ဆိုင်မည့် အမေရိကန်၏ နယ်ရုပ်ကလေးဖြစ်ကြောင်း လီကွမ်ယူက ပြောကြားသည်ဟု သရော်ထားပါသည်။ သေချာသည်မှာ အမေရိကန်နှင့်တရုတ်သည် ကမ္ဘာ့ ငွေကြေး အကျပ်အတည်းကဲ့သို့သော ပြဿနာများကို  ပူးပေါင်းဖြေရှင်းရင်းဖြင့် အာရှဒေသကို လွှမ်းမိုးနိုင်ရန် အပြိုင်ကြိုးစားကြပါလိမ့်မည်။


--~--~---------~--~----~------------~-------~--~----~
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/   upon their request.

-~----------~----~----~----~------~----~------~--~---

0 comments:

Post a Comment