Transparency Myanmar

transparency.myanmar@gmail.com

13 Nov 2009

Xinhua News

          မြန်မာနိုင်ငံသည် ဘာရိန်းနိုင်ငံနှင့် သံတမန်ဆိုင်ရာ ဆက်သွယ်မှုကို စတင်ထူထောင်လိုက်ပြီး သံအမတ်ကြီးအဆင့် ထားရှိမည်ဟု အစိုးရပိုင် မြန်မာ့အလင်းသတင်းစာက သောကြာနေ့တွင် ဖော်ပြ ထားပါသည်။

          သံတမန်ဆက်သွယ်ရေးထူထောင်ခြင်းဆိုင်ရာ ပူးတွဲသတင်းထုတ်ပြန်ချက်ကို ကုလသမဂ္ဂ ဆိုင်ရာ မြန်မာနှင့် ဘာရိန်းကိုယ်စားလှယ်များက နယူးယောက်တွင် အင်္ဂါနေ့က လက်မှတ်ရေးထိုးခဲ့ သည်ဟု သိရှိရပါသည်။

          မြန်မာနိုင်ငံသည် ယခုနှစ်အတွင်း အင်ဒိုရာ၊ ဇင်ဘာဘွေနိုင်ငံများ ပြီးနောက် ယခုဘာရိန်းနှင့် သံတမန်ဆက်ဆံခဲ့ခြင်းဖြစ်ပြီး ၁၉၄၈ ခု လွတ်လပ်ရေးရရှိစဉ်ကစ၍ ယခုအထိ ဆက်သွယ်မှုရှိသော နိုင်ငံပေါင်း ၁၀၀ ခန့်ရှိခဲ့ပြီးဖြစ်သည်။

          နိုင်ငံခြားရေး ဝန်ကြီးဌာနသတင်းများအရ မြန်မာနိုင်ငံသည် နိုင်ငံပေါင်း ၃၀ တွင် သံရုံးများ ထူ ထောင်ပြီး နယူးယောက်နှင့် ဂျီနီဗာတွင် အမြဲတမ်း ကိုယ်စားလှယ် ဦးထားရှိကာ တရုတ်ဟောင်ကောင်၊ ကူမင်း၊ နန်နင်းနှင့် အိန္ဒိယ ကာလကတ္တားတွင် ကောင်စစ်ဝန်များ ထားရှိသည်ဟု ဆိုပါသည်။

          မြန်မာနိုင်ငံတွင် သံရုံး ဖွင့်လှစ်ထားသော နိုင်ငံ၊ ၂၈ နိုင်ငံရှိပြီး ကောင်စစ်ဝန်များအနေနှင့် အိန္ဒိယနှင့် တရုတ်က မန္တလေးတွင်လည်းကောင်း၊ ဆွစ်ဇာလန်က ရန်ကုန်တွင် လည်းကောင်း၊ ဘင်္ဂလားဒေ့ရှ်က စစ်တွေတွင်လည်းကောင်း ထားရှိသည်ဟု ဆိုပါသည်။


--~--~---------~--~----~------------~-------~--~----~
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/   upon their request.

-~----------~----~----~----~------~----~------~--~---

0 comments:

Post a Comment