By Linda Mottram , Singapore
From Radio Australia News
12 Nov 2009
သြစတြေးလျအစိုးရသည် မြန်မာနိုင်ငံကို လက်ရှိပေးနေသော လူသားချင်း စာနာ ထောက်ထားသည့် အကူအညီများအပြင် ဖွံ့ဖြိုး တိုးတက်ရေးအတွက် အကူအညီများ ပေးရေးအတွက် စဉ်းစားလျက်ရှိကြောင်း သြစတြေးလျ နိုင်ငံခြားရေးဝန်ကြီး Stephen Smith က ပြောကြားလိုက်ပါသည်။
အမေရိကန်ပြည်ထောင်စုက မြန်မာနိုင်ငံကို ချဉ်းကပ်မှုအသစ်ကြောင့် သြစတြေးလျကလည်း ယင်းသို့ စဉ်းစားလာခဲ့ခြင်း ဖြစ်ပါသည်။ အမေရိကန်သည် စစ်အစိုးရကို ဆက်သွယ် စကားပြောရန် ကြိုးစားလျက်ရှိပြီး အခြားနိုင်ငံများ၊ အထူးသဖြင့် အာရှပစိဖိတ်ဒေသတွင်းတွင်လည်း ထိုသို့ လုပ်ဆောင် ကြရန် တိုက်တွန်းလျက် ရှိပါသည်။
အမေရိကန်ပြည်ထောင်စုကဲ့သို့ပင် သြစတြေးလျကလည်း နိုင်ငံရေးအကျဉ်းသားများ လွတ် ပေးရန်နှင့် လာမည့်နှစ်တွင် လွတ်လပ်၍ တရားမျှတသော ရွေးကောက်ပွဲကို မြင်တွေ့လိုကြောင်း မစ္စတာ Smith က ပြောပါသည်။
သြစတြေးလျအစိုးရသည် စစ်အစိုးရအား ဒီမိုကရေစီ ပြုပြင်ပြောင်းလဲမှုများ ခွင့်ပြုရန် တိုက်တွန်း အားပေးနိုင်မည့် နည်းလမ်းသစ်များ ကိုရှာဖွေနေကြောင်း ၎င်းကဆက်ပြောပါသည်။
စစ်မှန်သော ဖွံ့ဖြိုးတိုးတက်မှု အကူအညီများ ပေးနိုင်ရေးကို မိမိတို့ စဉ်းစားနေကြောင်း၊ အထူးသဖြင့် လူမှုရေးပတ်ဝန်းကျင်အချို့တွင် အကူအညီပေးလိုကြောင်း ၎င်းကပြောပါသည်။
သို့သော် မိမိတို့ စွန့်စားရမည် ဖြစ်ကြောင်း၊ စိတ်တူ သဘောတူ မိတ်ဆွေများနှင့် တိုင်ပင်ညှိနှိုင်းပြီးမှ လုပ်ဆောင်ရမည် ဖြစ်ကြောင်း မစ္စတာ Smith က ပြောသွားပါသည်။
--~--~---------~--~----~------------~-------~--~----~
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.
-~----------~----~----~----~------~----~------~--~---