Transparency Myanmar

transparency.myanmar@gmail.com

IPS News

Date: 11 - Nov - 2009

        ဂျပန်ဝန်ကြီးချုပ် Yukio Hatoyama ၏ ယခင်အပတ်က မဲခေါင်ဒေသနိုင်ငံများကို ယန်း (၅၀၀) ဘီလျံ (အမေရိကန်ဒေါ်လာ (၅.၆) ဘီလျံ) ထပ်မံ အကူအညီပေးမည့် ကတိထွက်ပေါ်လာ ခဲ့ပြီးနောက် အများ သတိပြုစရာ ဖြစ်လာခဲ့ပါသည်။

          အာရှစီးပွားရေး အထူးသဖြင့် မဲခေါင်မြစ်ဝှမ်းဒေသကို ဦးတည်သော ဂျပန်နိုင်ငံ၏ ရည်မှန်းချက်များသည် သိသာစွာ ပြောင်းလဲသွားခြင်း မရှိပါဟု Keio University မှ နိုင်ငံခြားရေး မူဝါဒ လေ့လာသူ ပါမောက္ခ တိုမိုဟီကို တာနီဂူချီ ကပြောပါသည်။

          ထိုကဲ့သို့ အခြေအနေများ ပြောင်းလဲသွားခြင်းမှာ ဂျပန်နိုင်ငံ၏ အဓိကပါတီကြီးနှစ်ခု၏ လွှတ်တော် အမတ်များကြားတွင် မဲခေါင်ဒေသသည် တရုတ်နိုင်ငံ၏ "ကစားကွင်း" ဖြစ်လာနေသော အချက်နှင့် ပတ်သက်၍ စိုးရိမ်ကြောင့်ကြမှု ပြဿနာများ ဖြစ်ပေါ်ခဲ့ပြီး၊ အရေးပေါ် ဆောင်ရွက်ခဲ့ခြင်း ဖြစ်ပါသည်။

          စက်တင်ဘာ ရွေးကောက်ပွဲတွင် အပြတ်အသတ် အနိုင်ရရှိခဲ့သော အစိုးရသစ်၏ မဟာဗျူဟာမှာ အာရှအဖွဲ့အစည်းကို ဥရောပသမဂ္ဂကဲ့သို့ တည်ဆောက်သွားရန် ဖြစ်သည်ဟု ၎င်းက ဆိုပါသည်။

          ဂျပန်နှင့်တကွ သဘောထား ကိုက်ညီသူနိုင်ငံများက ဆောင်ရွက်နိုင်ခဲ့ခြင်းမရှိပါက အိမ်နီးချင်း တရုတ်ဘီလူးကြီးက အားလုံးသိမ်းကြုံး ယူငင်သွားလိမ့်မည်ဟု တာနီဂူချီ ကပြောခဲ့ပြီး၊ ဂျပန်နိုင်ငံက ၎င်း၏ ရည်ရွယ်ချက် အစစ်အမှန်ကို ထုတ်ဖေါ် ပြောကြားမည် ဖြစ်ကြောင်းအား မထင်ပါဟု ဆိုပါသည်။

          လွန်ခဲ့သော (၁၀) နှစ်အတွင်း တရုတ်နိုင်ငံသည် မဲခေါင်ဒေသအပေါ် ၎င်း၏အကူအညီနှင့် ရင်းနှီးမြှုပ်နှံမှုများကို တိုးမြှင့်ခဲ့ပြီး လာအိုရှိ သတ္တုတွင်းနှင့် ရာဘာလုပ်ငန်း၊ မြန်မာနိုင်ငံနှင့် ကုန်သွယ်ရေးလုပ်ငန်းများလည်း ပါဝင်သည်။

          ကနေဒါ အခြေစိုက် International Institute for Sustainable Development က ထုတ်ပြန်သော ၂၀၀၈ မူဝါဒ အသေးစိတ်တွင် ဖေါ်ပြထားသည်မှာ တရုတ်နိုင်ငံသည် လာအို၊ ကမ္ဘောဒီးယားနှင့် ဗီယက်နမ်နိုင်ငံများသို့ စဉ်းစားတွေးတောဖွယ် အထောက်အပံ့များကို မကြာခဏ အကြောင်းမရှိဘဲ ပေးဆပ်ကူညီခဲ့ပြီး၊ ယဉ်ကျေးမှုဆိုင်ရာ ဖလှယ်ရေးနှင့် အကူအညီများကိုလည်း အကြိမ်ပေါင်းများစွာ ပြုလုပ်ပေးအပ်ခဲ့သည်ဟု ဆိုပါသည်။

          မည်သို့ပင်ဖြစ်စေ နိုဝင်ဘာ (၆) ရက် မှ (၇) ရက်အတွင်း တိုကျို၌ ကျင်းပသည့် ဂျပန်-မဲခေါင် ထိပ်သီးညီလာခံတွင် ဟာတိုယားမားက အထက်ပါကတိစကားကို ပြောကြားခဲ့စဉ် တရုတ်- ဂျပန်ပြိုင်ဆိုင်မှုကို အနည်းငယ်ပင် ပြောကြားခဲ့ခြင်း မရှိပါ။ ၎င်းက မိမိတို့နှစ်နိုင်ငံ (တရုတ်နှင့်ဂျပန်) သည် အပြန်အလှန် အကျိုးစီးပွားများ ဖြစ်ထွန်းရေးအတွက် အတူတကွ လုပ်ဆောင်နိုင်မည့် နည်းလမ်းများကို ရှာဖွေရန် ဆွေးနွေးညှိနှိုင်းမှုများ၊ ပူးပေါင်းဆောင်ရွက်မှုများ ပြုလုပ်သွားမည်ဟု ပြောကြားခဲ့ပါသည်။

          လွန်ခဲ့သော (၁၀)နှစ်က တရုတ်နိုင်ငံသည် ဂျပန်၏အကူအညီကို အများဆုံးလက်ခံသူ ဖြစ်ခဲ့ပါသည်။ သို့ရာတွင် ၂၀၀၃ တွင် လူလိုက်ပါသော အာကာသယာဉ်ကို တရုတ်နိုင်ငံက ပထမ အကြိမ် လွှတ်တင်ခဲ့ပြီးနောက် ဂျပန်အစိုးရက "တရုတ်နိုင်ငံသည် လူလားမြောက်လာခဲ့ပြီဖြစ်၍ ODA (တရားဝင်ဖွံ့ဖြိုးရေးအကူအညီ) အစီအစဉ်မှ  ကင်းလွတ်သွားပြီ" ဟုပြောကြားခဲ့ကြောင်း တာနီဂူချီ ကဆိုပါသည်။

          သို့သော်လည်း ဂျပန်နိုင်ငံက ပတ်ဝန်းကျင် အခြေအနေ နိမ့်ကျမှုများ အဆုံးသတ်ရေးနှင့် ကွန်မြူနစ်နိုင်ငံ၏ ကျေးလက်ဒေသများတွင် စာသင်ကျောင်းများ ဆောက်လုပ်ရေးနှင့် ပတ်သက် သော အကူအညီများကိုမူ တရုတ်နိုင်ငံသို့ ဆက်လက်ထောက်ပံ့ခဲ့ပြီး၊ ငွေကြေးပမာဏအရမူ လျော့နည်းသွားသည်ဟု သိရသည်။

          မဲခေါင်ဒေသသို့ ပေးအပ်မည့် ဂျပန်၏ ODA အစီအစဉ်သစ်အရ လာမည့် (၃)နှစ်အတွင်း ငွေကြေးအကူအညီများ ဖြန့်ဝေသွားမည် ဖြစ်ပြီး၊ ယခင် ရယူထားခဲ့သည့် တိုးတက်ဖွံ့ဖြိုးရေး မိတ်ဆွေကောင်း အနေအထားကို ပိုမို ခိုင်မာစေရန် ရည်ရွယ်ထားပါသည်။

          ၂၀၀၇ ကပင် ဒေသအပေါ် ပေးအပ်ရန် ကတိပြုထားသော ငွေကြေးရန်ပုံငွေ ယန်း (၄၀၀) ဘီလျံ (ဒေါ်လာ (၄.၅) ဘီလျံ) တွင် ယခု အကူအညီသစ်များကို ထပ်မံဖြည့်တင်းသွားမည် ဖြစ်သည်။

          တရားဝင် ဖွံ့ဖြိုးရေးအကူအညီ (ODA) ဆိုသည်မှာ ဂျပန်ကဲ့သို့သော အလှူရှင်နိုင်ငံများက ဖွံ့ဖြိုးဆဲနိုင်ငံများကို ပေးအပ်သော နည်းပညာနှင့် ရန်ပုံငွေများကို ဆိုလိုပါသည်။

          ဒေသတွင်း ပိုမိုတိုးတက်လာစေရန် ရည်ရွယ်သော ODA အစီအစဉ်ကို အရှိန်မြှင့်ရေးမှာ ဂျပန်နိုင်ငံ၏ ဦးစားပေးကိစ္စဖြစ်သည်ဟု ဟာတိုယားမားက တိုကျိုမြို့ ဝန်ကြီးချုပ်အိမ်တော်တွင် ပြုလုပ်သော သတင်းစာရှင်းလင်းပွဲတွင် သတင်းထောက်များအား ပြောကြားခဲ့သည်။

          လူဦးရေ သန်း (၂၂၀)ရှိ၍ သယံဇာတရင်းမြစ် ကြွယ်ဝသော မဲခေါင်ဒေသနှင့် ရင်းနှီးသော ဆက်ဆံရေး ထူထောင်ရန် ကြိုးစားသည့်အနေဖြင့် အကူအညီသစ်များပေးရန် ဂျပန်က ကတိပြုခြင်းသည် မဲခေါင်နိုင်ငံများအပေါ် တရုတ်၏ သြဇာ ကြီးထွားလာမှုကို ဟန့်ထားရန် သိသိသာသာ ကြိုးပမ်း အားထုတ်မှုတစ်ရပ် ဖြစ်သည်ဟု ကျွမ်းကျင်သူများက သဘောတူခဲ့ပါသည်။

          ဂျပန်နိုင်ငံသည် တရုတ်နိုင်ငံ၏ စည်းရုံးသိမ်းသွင်းမှုနှင့် လွှမ်းမိုးမှုကြီးထွားလာခြင်းကို လျော့ချနိုင်ရန် ဒေသတွင်း ပိုမိုထိန်းချုပ်နိုင်စွမ်းရှိမည့် အနေအထားတစ်ခု ရရှိရန် ကြိုးစားနေသည် ဟု Temple University Tokyo မှ Jeffrey Kinston က ပြောပါသည်။

          တာနီဂူချီ ၏အဆိုအရ မဲခေါင်ရှိ ODA အခြေခံအဆောက်အဦးမှာ အရေးကြီး၍ အာဆီယံ ၏ မူလအဖွဲ့ဝင်များဖြစ်သော စင်္ကာပူ၊ အင်ဒိုနီးရှား၊ မလေးရှားနှင့် ထိုင်း စသောနိုင်ငံများ၏ ကုန်းတွင်းပိုင်းဒေသသဖွယ် ဖွဲ့စည်းတည်ရှိပြီး၊ ပင်လယ်ရေကြောင်းဆက်သွယ်ရေး၏ အလယ်ခေါင်တွင် တည်ရှိသဖြင့် ဂျပန်စီးပွားရေးအတွက် အသက်သွေးကြောပင် ဖြစ်သည်ဟု သိရပါသည်။

          တည်ငြိမ် အေးချမ်းသော အရှေ့အာရှဒေသ၏ စီးပွားရေးသည် ဂျပန်နှင့် အမေရိကန်တို့၏ အရေးကြီးဆုံး မူဝါဒ ရည်မှန်းချက် ဖြစ်ပါသည်။

          ညီလာခံတွင် ဂျပန်က ဒေသတွင်းရှိ အဝေးပြေးလမ်းများ ရေရရှိရေး၊ အမှိုက်စွန့်ပစ်ရေး၊ ရာသီဥတု ပြောင်းလဲမှုနှင့် နည်းပညာဆိုင်ရာ စီမံကိန်းများအတွက် ၎င်း၏ ဖွံ့ဖြိုးရေးအကူအညီ (ODA) ကို ဆက်လက် တိုးမြှင့်သွားမည်ဟု အလေးအနက် ကတိပေးခဲ့သည်။

          ယခု ညီလာခံကျင်းပရခြင်း၏ ရည်ရွယ်ချက်မှာ အာဆီယံနိုင်ငံများအတွင်း လက်ရှိ ကွာဟနေသော အနေအထားကို လျော့ချခြင်း (သို့) ဖယ်ရှားပစ်ရန် ဂျပန်နှင့် မဲခေါင်နိုင်ငံများ အတူတကွ အကောင်းဆုံး ဆောင်ရွက်နိုင်မည့် နည်းလမ်းများကို ဆွေးနွေးရန် ဖြစ်သည်ဟု ဂျပန်နိုင်ငံခြား ရေးရာ ဝန်ကြီးဌာနမှ ပြောခွင့်ရပုဂ္ဂိုလ် ကာဇူအိုကိုဒါးမား ကပြောကြားသည်။

          အာဆီယံအဖွဲ့ဝင် (၁၀) နိုင်ငံအတွင်းတွင် လာအိုကဲ့သို့ ဖွံ့ဖြိုးမှု အနည်းဆုံးနိုင်ငံမှသည် စင်္ကာပူကဲ့သို့ စီးပွားရေး အလွန်ဖွံ့ဖြိုးသောနိုင်ငံမျိုးအထိ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု အဆင့်အတန်း ကွဲပြားနေသည်ဟု ၎င်းက ဆိုသည်။

          ယခုညီလာခံတွင် ဟာတိုယားမားနှင့်အတူ ကမ္ဘောဒီးယား၊ လာအို၊ မြန်မာ၊ ထိုင်း၊ ဗီယက်နမ် စသော အာဆီယံ အဖွဲ့ဝင် (၅)နိုင်ငံမှ ခေါင်းဆောင်များ တက်ရောက်ကြပြီး၊ အဆိုပါ နိုင်ငံ များသည် တရုတ်နိုင်ငံနှင့်အတူ မဲခေါင်မြစ်ကြောင်းတလျှောက် ဝေမျှ ပိုင်ဆိုင်ထားပါသည်။

          တိဘက် ကုန်းပြင်မြင့်တွင် မြစ်ဖျားခံကာ တရုတ် ယူနန်ပြည်နယ်၊ မြန်မာ၊ ထိုင်း၊ လာအို၊ ကမ္ဘောဒီးယားနှင့် ဗီယက်နမ်နိုင်ငံများကို ဖြတ်သန်း စီးဆင်းသွားသော ကီလိုမီတာ (၄၈၀၀) ခန့် ရှည်လျားသည့် မဲခေါင်မြစ်၏ အောက်ဖျားပိုင်း တလျှောက်တွင် မဲခေါင်မြစ်ဝှမ်းဒေသ တည်ရှိပါ သည်။ အရှေ့တောင်အာရှ၏ အခြားဒေသများထက် ဤဒေသတခုလုံးက ပိုမို နွမ်းပါးပါသည်။

          ယခုကဲ့သို့ ထိပ်သီးအစည်းအဝေးမျိုးကို နှစ်စဉ် ကျင်းပရခြင်းသည် အလွန်ပင် အဓိပ္ပာယ် ပြည့်ဝပြီး၊ နိုင်ငံတကာဝန်းကျင် အနေအထားကို အပြောင်းအလဲများ ဖြစ်ပေါ်စေသည်ဟု ဂျပန်ဝန်ကြီးချုပ်က သတင်းထောက်များကို ပြောကြားခဲ့ပြီး၊ ၎င်းက ဆက်လက်၍ ဂျပန်-မဲခေါင် ထိပ်သီးညီလာခံကို တိုကျိုတွင် (၃) နှစ်လျှင် တစ်ကြိမ် ကျင်းပရန် စီစဉ်ထားပြီး၊ ကြားထဲတွင်မူ အခြားအဖွဲ့ဝင်နိုင်ငံများတွင် ကျင်းပမည်ဟု ပြောပါသည်။

          မဲခေါင်နိုင်ငံများနှင့် ချစ်ကြည်ရင်းနှီးမှုကို ရှေ့ရှုသောအားဖြင့် လာမည့်သုံးနှစ်အတွင်း ကျောင်းသားလူငယ် (၃)သောင်းကို ဂျပန်နိုင်ငံသို့ ဖိတ်ခေါ်မည် ဖြစ်ပြီး၊ ဂျပန်နိုင်ငံအပေါ် ဒေသ၏ ယုံကြည်မှုကို မြင့်မားလာစေရန် အထောက်အကူပြုလိမ့်မည် ဖြစ်သည်။ ဤကိစ္စအားလုံးသည် အလွန် အရေးကြီးပါသည်ဟု ဂျပန်ဝန်ကြီးချုပ်က ဆိုပါသည်။

          ဂျပန်နှင့်တရုတ်အပြင် မဲခေါင်ဒေသကို စိတ်ဝင်စားမှုမရှိခဲ့သော ဘွတ်ရှ်အစိုးရ နှင့် မတူခြားနားစွာပင် ယခု အိုဘားမားအစိုးရလက်ထက်တွင် အမေရိကန်ကလည်း ဤဒေသ အပေါ် အလွန်စိတ်ဝင်စားကြောင်း ပြသခဲ့ပါသည်။

          အမေရိကန်နှင့် တရုတ်သည် မဲခေါင်ဒေသနှင့် ပူးပေါင်းဆောင်ရွက်မှုများ တိုးမြှင့်ရန် ကြိုးစားနေကြခြင်းသည် ဂျပန်အတွက် သိပ်မဆိုးလှပါ။ ရှေ့ဆက်၍ ပူးပေါင်း ဆောင်ရွက်သွားခြင်း ဖြင့် ၎င်းတို့နှင့် သူ့ဖက်ကိုယ့်ဖက် အကျိုးရှိသော ဆက်ဆံရေး (win-win relationship) ကို ဖန်တီးသွားရန် ဆန္ဒရှိပါသည်ဟု ဂျပန်ဝန်ကြီးချုပ် ဟာတိုယားမားက ဆက်လက် ပြောကြားခဲ့ပါ သည်။

          ၎င်းက အမေရိကန်၏ ဒေသတွင်း ဒီမိုကရေစီ ထွန်းကားရေးအစီအစဉ်သည် အလွန်ကောင်းမွန် သင့်မြတ်၍ ကြိုဆိုထိုက်သည်ဟု ထောက်ပြပါသည်။

          ယခု ညီလာခံသို့ မြန်မာနိုင်ငံ ပါဝင်တက်ရောက်လာခြင်းသည် ဂျပန်နှင့်တကွ အခြား NGO အဖွဲ့အစည်းများ၏ စိတ်ဝင်တစား သတိပြုခြင်းကို ရရှိခဲ့သည်။ အခြားနိုင်ငံခေါင်းဆောင်များနှင့် အတူ ညီလာခံသို့ တက်ရောက်ခဲ့သော ဗိုလ်ချုပ်ကြီးသိန်းစိန်သည် ၂၀၀၃ ခုနှစ် နောက်ပိုင်း ဂျပန်နိုင်ငံသို့ ပထမဆုံးလာရောက်သော အရှေ့တောင်အာရှ စစ်ဖက်အုပ်ချုပ်သော နိုင်ငံ၏ ဝန်ကြီးချုပ် ဖြစ်ပါသည်။ ၎င်း၏ရှေ့တွင် ဗိုလ်ချုပ်ကြီးခင်ညွှန့်က ဂျပန်အာဆီယံအစည်းအဝေးသို့ တက်ရောက်ခဲ့ဖူးပါသည်။

          ၂၀၀၉ ဖေဖော်ဝါရီလက ဂျပန်-မဲခေါင် စီမံကိန်းနှစ် ကူးပြောင်းခြင်းကို ရန်ကုန်မြို့တော်တွင် စတင်ခဲ့ပြီး၊ ဂျပန်-မြန်မာ ပူးပေါင်းဆောင်ရွက်ရေးနှင့် မိတ်ဆွေဆက်ဆံရေးကို ပြသခဲ့ပါသည်။

          Kingston ၏ အဆိုအရ မြန်မာနိုင်ငံကို တင်းကြပ်စွာ အရေးယူရန် ထောက်ခံထားသော NGO များ စိတ်ပူနေသောအချက်မှာ အရှေ့အာရှ အသိုက်အဝန်းကို ထူထောင်ရန် ဟာတိုယားမား ၏ ဆောင်ရွက်ချက်များသည် ခွဲခြားပစ်ပယ်ထားရေး မဟာဗျူဟာကို အားပျော့သွားစေနိုင်ပြီး သဘာဝမဲခေါင်ထီးရိပ်ကို ခိုထားသော မြန်မာနိုင်ငံက ၎င်းအပေါ် ရပ်ဆိုင်းထားသည့် အစီအစဉ်များ ပြန်စရန် အာရှဖွံ့ဖြိုးရေးဘဏ် (ADB) ၏ တံခါးကို ဖွင့်ခွင့် ရသွားနိုင်ခြင်းပင် ဖြစ်သ