Transparency Myanmar

transparency.myanmar@gmail.com

Reuters , 28 -  Nov - 2009

          ရုရှား အရှေ့ဖျားဒေသတွင် ကြီးမားသော စီမံကိန်းများ ဆောင်ရွက်နိုင်မှုကြောင့် ၂၀၀၉ ခုနှစ် ပထမ (၁၀) လ အတွင်း ရွှေထုတ်လုပ်မှု (၁၂.၂%) မြင့်တက်ခဲ့သည်ဟု ရုရှား ရွှေလုပ်ငန်းရှင်များ အသင်းက ယမန်နေ့တွင် ပြောကြားခဲ့ပါသည်။

          ရွှေလုပ်ငန်းရှင်များအသင်း၏ အစီရင်ခံစာတွင် ကမ္ဘာနံပတ် (၅) ရွှေထုတ်လုပ်သူ ရုရှားသည် ဇန်နဝါရီလမှ အောက်တိုဘာလအတွင်း ရွှေတန်ချိန် (၁၇၁.၂) တန် ထုတ်လုပ်နိုင်ခဲ့ပြီး၊ ယမန်နှစ်က ထုတ်လုပ်ခဲ့သော (၁၅၂.၅) တန်ထက် ပိုမို ထွက်ရှိခဲ့သည်ဟု ဖေါ်ပြထားပါသည်။

          အောက်တိုဘာလ ရွှေထွက်ရှိမှုမှာ ယခင်နှစ်ကထက် (၄.၁၇) တန် လျော့နည်းခဲ့သော်လည်း အခြားသတ္တုများ၏ ဘေးထွက်ပစ္စည်းအဖြစ် သန့်စင်ပြီး ရွှေပိုမို ရရှိခဲ့သောကြောင့် စုစုပေါင်း အနေဖြင့် (၁.၈၇) တန်ခန့်သာ  လျော့နည်းခဲ့သည်ဟု ဆိုပါသည်။

          ဒေသခံ ရွှေကျင်သူများထံမှ ရွှေထွက်ရှိမှုမှာ ယခုနှစ် ပထမ (၁၀) လအတွင်း (၁.၂) တန် ကျဆင်းခဲ့ပြီး၊ ရွှေတွင်းများနှင့် ရွှေကျင်သူများအတွက် ကျဆင်းမှုကို ကူညီထောက်ပံ့ ပေးခဲ့ခြင်းမရှိဟု ရွှေအသင်းက ပြောကြားပါသည်။

          ယခုနှစ် ပထမ (၉) လအတွင်း အခြားသတ္တုများ၏ ဘေးထွက်ပစ္စည်းအဖြစ် ရွှေထွက်ရှိမှုမှာ (၁၂.၉၄) တန် (၂၈.၈ % မြင့်တက်) ဖြစ်ပြီး၊ သတ္တုမှုန်များမှ ရွှေသန့်စင်မှုမှာ (၆.၁၅) တန် (၃% မြင့်တက်) ဖြစ်သည်ဟု သိရပါသည်။

          ကမ္ဘာနံပါတ် (၅) ရွှေထုတ်လုပ်သူ ရုရှားသည် ကမ္ဘာရွှေထွက်ရှိမှု၏ (၈%) ကို ထုတ်လုပ်နိုင်ခဲ့ပြီး၊ တောင်အာဖရိက၏ နောက်ဒုတိယနေရာတွင် ရှိနေသော ၎င်း၏ ရွှေထွက် အရံဒေသများကို ဖွံ့ဖြိုးအောင် ဆောင်ရွက်ခြင်းဖြင့် ရုရှား၏ ထုတ်လုပ်မှု ဝေစုကို မြှင့်တင်ရန် စီစဉ် နေပါသည်။

          ယခုနှစ်တွင် ရွှေ (၂၀၅) တန် ထုတ်လုပ်ရန် မျှော်မှန်းထားပြီး၊ ယခင်နှစ်ကထက် (၁၁.၁%) တက်လာမည် ဖြစ်သည်။

          ဝေးလံသော ချူကော့ကာဒေသမှ Kinross Gold's Kupol ရွှေတွင်းနှင့် Karalveyem ရွှေတွင်းများမှ နောက်ဆုံး ထွက်ရှိမှုများ မြင့်တက်ခဲ့သောကြောင့် ဖြစ်သည်ဟု "ရွှေအသင်း"က ကောက်ချက်ချပါသည်။

          Amur ဒေသမှ Petropavlovsk's Pioneer ရွှေတွင်းနှင့် High River Gold's Berezitovy ရွှေတွင်းများ၊ အရှေ့ဖျားဒေသ Kamchatka ကျွန်းဆွယ်မှ Kamgold ကုမ္ပဏီ၏ Aginskoye  ရွှေတွင်းများသည်လည်း ယခု ရွှေအထွက်တိုးမှုတွင် ပါဝင်ခဲ့ကြသည်ဟု "ရွှေအသင်း" က ဆိုပါသည်။

 

 

အများဆုံးထုတ်လုပ်နိုင်ခဲ့သူများ

(၁)     ရုရှား ထိပ်ဆုံးထုတ်လုပ်သူ Polyus Gold ၏ Olympiada ရွှေတွင်းရှိသော Krasnoyarsk ဒေသ

(၂)     ရုရှား ဘီလျံနာ ရိုမန် အေဗရာမိုဗစ်ခ်ျသည် မနှစ်ကအထိ အုပ်ချုပ်ခဲ့သော ချူကော့ကာ Chukotka ဒေသ

(၃)     Amur ၊ Yakutia နှင့် Irkutsk စသော အရှေ့ဖျားဒေသများသည် ဇန်နဝါရီ မှ အောက်တိုဘာလ အတွင်း ရွှေအများဆုံး ထုတ်လုပ်ခဲ့သော ဒေသများ ဖြစ်ပါသည်။

 

 

 

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

0 comments:

Post a Comment