Transparency Myanmar

transparency.myanmar@gmail.com

Australia Network, ABC News, 27 Nov 2009

          အတိုက်အခံ နိုင်ငံရေးသမားများနှင့် နိုင်ငံရေး လှုပ်ရှားသူ ရဟန်းသံဃာများကို ချုပ်နှောင်ထားသည့် နေရာတစ်ခု ဖြစ်သော မြန်မာ စိတ်ရောဂါကု ဆေးရုံအတွင်းမှ လျှပ်တပြက်ပုံရိပ်များကို လျှို့ဝှက် ကင်မရာတစ်လုံးဖြင့် ရိုက်ကူး ဖော်ထုတ်နိုင်ခဲ့ပါသည်။

          အဆိုပါ ဆေးရုံအတွင်းမှ နိုင်ငံရေး လှုပ်ရှားသူများကို မြန်မာ ဗွီဒီယို သတင်းထောက်တစ်ဦးက ရိုက်ကူးခဲ့ရာတွင် ရာချီသော လူနာများ ရှိနေပြီး လုံလောက်သော ထောက်ပံ့မှုများ မရှိဟု ဆိုပါသည်။

          အဝတ်အစားနှင့် ဖိနပ်များ ပိုမို လိုအပ်လျက် ရှိသည်ဟု သူနာပြု အကြီးအကဲက ပြောကြားပါသည်။

          အလွန် ဆိုးဝါးသော ကျူးလွန်မှုများ ရှိနေသည်ဟု သူမက အသိအမှတ် ပြုခဲ့ပြီး စိတ်ကျန်းမာရေး အခြေအနေကြောင့် ချုပ်နှောင်ထားမှုများ ရှိသည်ဟု ဆိုပါသည်။

          အဆိုပါ ဆေးရုံအတွင်း ချုပ်နှောင်ခံရသူ အချို့မှာ ဘုန်းတော်ကြီးများ ဖြစ်ကြောင်း အဆိုပါ ဗွီဒီယိုသတင်းတို့မှ ပေါ်ထွက်ခဲ့ပါသည်။

          ဗွီဒီယို သတင်းတွင် ဦးခေါင်း ဆံပင်ရိတ်ခြင်းကို ခွင့်ပြုထားသော်လည်း အချို့ ငြင်းဆန်နေသည့်ကြားမှ သင်္ကန်းများ အတင်းအကျပ် ချွတ်ပစ်ခဲ့သည်ကို တွေ့ရှိရပါသည်။

          မြန်မာအစိုးရ၏ ရူးသွပ်သော လုပ်ဆောင်မှုတစ်ခု ဖြစ်သည့် နိုင်ငံရေးစိတ် ပြင်းထန်သော ဘုန်းကြီးများအား စိတ်ရောဂါကု ဆေးရုံ၌ ဖမ်းဆီး ချုပ်နှောင်ထားသည့် ကိစ္စနှင့် ပတ်သက်၍ လေ့လာသူများက အချိန် ကြာမြင့်စွာကပင် သံသယ ရှိခဲ့ပါသည်။

          Saffron Revolution ဟု လူသိများသည့် သံဃာများ ဦးဆောင်သည့် နိုင်ငံရေး အုံကြွမှုတွင် လူပေါင်းမည်မျှကို ဖမ်းဆီးခဲ့သနည်းဟူသော အချက်ကို မသိရှိနိုင်သေးပါဟု AAPP in Burma (မြန်မာနိုင်ငံရေး အကျဉ်းသားများ အကူအညီပေးရေး အဖွဲ့အစည်း) မှ ဘိုကီးက Australia Network သတင်း အစီအစဉ်သို့ ပြောကြားခဲ့ပါသည်။

          အထက်ပါ နိုင်ငံရေး အုံကြွမှုကို စစ်ဖက်အစိုးရက ၂၀၀၇ စက်တင်ဘာတွင် ကြိတ်ခြေပစ်ခဲ့ပါ သည်။ ယင်းသို့ ဖြစ်ပွားခဲ့ပြီး နောက်ပိုင်း ဘုန်းတော်ကြီးအချို့နှင့် နိုင်ငံရေးသမားများကို စိတ်ရောဂါ ကု ဆေးရုံသို့ ပို့ဆောင် ချုပ်နှောင်ခဲ့ခြင်း ဖြစ်သည်။

          ၎င်းတို့ကို တစ်စုံတရာ ရူးသွပ်နေသူများအဖြစ် စစ်အစိုးရက သတ်မှတ်ယူဆခဲ့ပါသည်။

အတိုက်အခံများကို ငြိမ်သက်အောင်လုပ်ဆောင်ခြင်း

          အထက် စိတ်ရောဂါဆေးရုံရှိ ဘုန်းကြီးများအား ရိုက်ကူးထားသော ဗွီဒီယိုသည် အတိုက်အခံ အဖွဲ့များ ယခင်က ရရှိထားခဲ့သော သတင်းများကို အတည်ပြု နိုင်ခဲ့ခြင်းပင် ဖြစ်သည်။

          မိမိတို့ ထိုနေရာသို့ သွားရောက်၍ သတင်းယူရန် မဖြစ်နိုင်ပါဟု ဘိုကီးက ဆိုပါသည်။

          သို့သော်လည်း သံဃာလှုပ်ရှားမှု အပါအဝင် အခြား ဆန္ဒပြပွဲများ၌ ပါဝင်မှုကြောင့် ထိုနေရာတွင် ဖမ်းဆီးထားခြင်းမှာ သေချာသည်ဟု မှတ်ချက်ပေးပါသည်။

          အဆိုပါ နည်းလမ်းသည် ဘုန်းကြီးကျောင်းများမှ ပေါ်ထွက်လာသော အတိုက်အခံ နိုင်ငံရေး လှုပ်ရှားမှုများကို ငြိမ်သက်အောင် အစိုးရက လုပ်ဆောင်ရာတွင် အထောက်အကူ ပြုနေသည်ဟု သိရပါသည်။

          စေတနာအရ လှူဒါန်းမှုများမှာလည်း ခွင့်ပြုချက် ရယူရသည်ဟု ဆိုပါသည်။

          "နိုင်ငံရေး လှုပ်ရှားမှုများတွင် ထပ်မံ ပေါ်ထွက်လာမည့် အခြား ဘုန်းတော်ကြီးများ ရှိသေးသည်" ဟု မကြောက်မရွံ့ အော်ဟစ် ပြောဆိုသော သံဃာတော်များကိုလည်း တွေ့ရှိခဲ့ရပါသည်။

          ၎င်းတို့သည် သေရမည်ကို ကြောက်ရွံ့ပုံ မရပါ။ ထိုနေရာတွင် မည်သည့် ညစ်ပေမှုများ ရှိနေစေကာမူ ထိုညစ်ပေမှုများကို သန့်စင်ပေးမည့်သူ ပေါ်ပေါက်လာမည်သာ ဖြစ်ပါသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

0 comments:

Post a Comment