Transparency Myanmar

transparency.myanmar@gmail.com

Xinhua News ,26 Nov 2009

          တရုတ်အစိုးရအနေဖြင့် မြန်မာအာဏာပိုင်များအား ဖမ်းဆီး ထိန်းသိမ်းထားသော တရုတ်ပြည်မကြီးနှင့် ထိုင်ဝမ်မှ ငါးဖမ်းသမားများ၏ လုံခြုံရေးနှင့် တရားဝင် ရပိုင်ခွင့်များကို အကာအကွယ် ပေးရန် တိုက်တွန်းထားကြောင်း နိုင်ငံခြားရေး ဌာနမှ ပြောခွင့်ရပုဂ္ဂိုလ် Gin Gang က ကြာသပတေးနေ့က ပြောပါသည်။

          ထိုင်ဝမ် သတင်းဌာနများ၏ အဆိုအရ ထိုင်ဝမ် ငါးဖမ်းသင်္ဘောနှစ်စီးကို မြန်မာစစ်တပ်က ဖမ်းဆီးခဲ့ကြောင်း သိရှိရပါသည်။

          အဆိုပါကိစ္စကို ပုံမှန် သတင်းစာ ရှင်းလင်းပွဲတွင် အတည်ပြုနိုင်ရန် မေးမြန်းရာ၌ Qin Gang က မြန်မာ အာဏာပိုင်များသည် အင်္ဂါနေ့ ညနေက မြန်မာနိုင်ငံရှိ တရုတ်သံရုံးသို့ အကြောင်းကြားခဲ့ကြောင်း ၎င်းတို့သည် နိုင်ငံခြား ငါးဖမ်းသင်္ဘော ၁၀ စီးတွင် နိုင်ငံခြားသား ၁၂၈ ဦးကို တရားမဝင် ငါးဖမ်းမှု ကြောင့် ဖမ်းဆီးထားကြောင်း ပြောခဲ့သည်ဟု ဆိုပါသည်။

          ၎င်းတို့သည် ထိုင်ဝမ်မှ သင်္ဘောသား ၄ ဦး၊ ပြည်မကြီးမှ သင်္ဘောသား တစ်ဦး အပါအဝင် သင်္ဘောသားများကို ဖမ်းဆီးထားသည်ဟု ဆိုပါသည်။

          Qin Gang က တရုတ်သံရုံးသည် ဖမ်းဆီးခံထားရသော သူများနှင့် တွေ့ခွင့်ရရန် မြန်မာ အာဏာပိုင်များအား တောင်းဆိုထားသည်ဟု ဆိုပါသည်။

          တရုတ်နိုင်ငံခြားရေးဌာနနှင့် သံရုံးသည် မြန်မာအာဏာပိုင်များအား အဆိုပါကိစ္စကို တရား ဥပဒေနှင့်အညီ သေချာစွာ ကိုင်တွယ်ရန်နှင့် ဖမ်းဆီးခံထားရသူများ၏ လုံခြုံရေးနှင့် တရားဝင် ရပိုင်ခွင့်များကို အကာအကွယ်ပေးရန် တောင်းဆိုထားသည်ဟု Qin က ပြောပါသည်။

          တရုတ်အစိုးရသည် ပြည်မကြီးမှ ဖြစ်စေ၊ ဟောင်ကောင်မှ ဖြစ်စေ၊ မကာအိုမှ ဖြစ်စေ၊ ထိုင်ဝမ်မှ ဖြစ်စေ တရုတ်လူမျိုး အားလုံး၏ လုံခြုံရေးနှင့် တရားဝင် အခွင့်အရေးများကို အကာအကွယ်ပေးရန် အမြဲတမ်း အဆင်သင့်ရှိကြောင်း Qin က ပြောကြားသွားပါသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

0 comments:

Post a Comment